လက်ပစ်ဗုံးကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ

ကေအိုင်စီ သတင်းမှ........
မြ၀တီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ယနေ့မနက် စောစောတွင် လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်ခြင်းကြောင့် လုံခြုံရေးတာဝန်ယူ ထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးက ပြောပြသည်။
သူက “မနက်က ၂နာရီလောက် မေတ္တာလင်းမြိုင်ရပ်ကွက်မှာ စစ်တပ် လုံခြုံရေးနေရာကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခံရလို့ ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ဆေးရုံကို ရောက်လာတာတော့ မနက် ၆နာရီလောက်မှလေ။”ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြ၀တီဆေးရုံမှ ဆရာဝန်တစ်ဦးက “ဗုံးထိလူနာတော့ ဒီနေ့ နှစ်ယောက်ရောက်တာတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်မပြင်းပါဘူး။ ရှပ်ထိရုံသဘောမျိုးလောက်ပါပဲ။ ကျမတို့ အရေးပေါ်ဆောင်ကို ပို့လိုက်ပါတယ်။ သိချင်ရင် ကိုယ်တိုင်သွားကြည့်နိုင်ပါတယ်။”ဟု အတည်ပြု ပြောဆိုသည်။

Read More...

စစ်ခွေးများ၏ လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင် ခရိုင်။

မူကော်ဆာ KNU တပ်ရင်း(၈)နယ်မြေ။
ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ ခလရ(၄၈) တပ်မှ တပ်ခွဲမှူးခင်မောင်ကျော်နှင့်အ ပေါင်းအပါ (၁၂)ယောက်တို့သည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင်မလှဒေါစခန်းမှထွက်ပြီးဒယ်ကွယ်လေခိုရွာသိုဝင်ရောက်ပြီးမလှဒေါရွာသား များကိုနွားတင်းကုပ်တွင်ပုန်းအောင်းနေတာတွေ့သောအခါ လူမဆန်စွာရက်ရက် စက်စက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (၁၁)နှစ်ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေ။
တစ်ဆက်တည်းမှာပဲမလှဒေါရွာသိုပြန်ပြီးသေဆုံးသူအလောင်းနှင့်ဒဏ်ရာရသူကိုမလှဒေါရွာသားများအားသွားရောက်သယ်ယူခိုင်းခဲ့သည်။ ဒဏ်ရာသူအား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းခဲ့သည်။

Read More...

သိလျှက်နဲ့ဆက်ပြီး ငုတ်တုတ်ခံနေဦးမှာလား.......?

သူမသိတာထက်ကိုယ့်ကိုယ်ကို မသိတာခက်တယ်။တစ်ကယ်တော့ ကျွန်တော်တို့ အားလုံးဟာတိကျမှန်ကန်တဲ့ အစိုးရ အုပ်ချုပ်မှုအောက်မှာ သက်ရှင်နေထိုင်တာမဟုတ်ပဲနဲ့ မတိကျမသေချာတဲ့ ယာယီ ဟိတ်ဟန် ကောင်းနေတဲ့ စစ်ဘီလူးရဲ့ နှိပ်ကွပ် အုပ်ချုပ်မှုအောက်မှာ နေထိုင်သက်ရှင်နေရတာပါ။ အဲ့ဒီတော့ ဒီစစ်ဘီလူးတွေဟာ ဘယ်လောက်ပဲ လူရှေ့သူရှေ့ ဟန်ဆောင်ဘုရားကန်တော့ အလှူရေစက်ချနေလည်း ဒီလူတွေရဲ့သက်တန်း မူစံနစ်မကုန်ဆုံး သ၍ဆက်လက်မင်းမူနေအုံးမှာပဲ။ သစ်ပင်မရှိတဲ့တောမှာ ကြက်ဆူပင်မင်းမူသလို တနိုင်ငံလုံး ကြက်ဆူပင် စိုက်ခိုင်းသလို၊ တနိုင်ငံလုံးမှာရှိတဲ့ တန်ခိုးကြီးပေ့ ဆိုတဲ့စေတီပုထိုး မှန်သမျှ တွေမှာလည်း သူတို့ ရဲ့ကိုယ်စား ပုံတူတွေ ဇာတာတွေ နာမည်တွေ သူတို့  ရဲ့တန်ခိုးအာဏာတွေ လူတကာ ဒူးညွတ်ခစား ၀ပ်တွား နေရတယ် ဆိုတဲ့အယူအဆနဲ့သာသနာပ သူယုတ်မာတွေကို တို့ တစ်တွေ အားလုံး သိရှိ တွန်းလှန်နိုင်ဖို့  အချိန်တန်နေပါပြီး။

Read More...

DKBA တပ်သားများ မိခင် ကေအဲန်ယူထံသို့ တဖွဲ ဖွဲ ကူးပြောင်းလာ

KNLA တပ်မဟာ(၇)လက်အောက်ခံသို့ ပြန်ဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များမှာ

(၁) ၉၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၅၅၅ မှ တပ်သား ကျော်သီဟ
(၂) ၁၀၊ ၈၊ ၂၀၁၀ ဒီကေဘိအေ ၉၉၉ အထူးတပ်ရင်းမှ တပ်သား အောင်အောင်
(၃) ၁၁၊ ၈၊ ၂၀၁၀ တပ်သား အယ်ထီး
(၄) ၁၂၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား မာယော်
(၅) ၁၃၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား အယ်စေး
(၆) ၁၄၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းမှ တပ်စုမှူး အေးလှိုင် (ကာဘိုင်တလက်၊ ကျည်ကပ်(၂)ချပ်၊ ကျည့်တောင့်(၄၀)
(၇) ၁၅၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ တပ်ရင်း(၅)မှ တပ်စုမှူး တာပဲ (၉ မမ တလက်၊ ကျည် ၆ ထောင့်) စသည်တို့ ဖြစ်ပါသည်။

သောသီခိုဘလော့မှပြန်လည်ကူးယူဖော်ပြထားသည်။
ကရင်ဘာသာဖြင့် အောက်တွင်ဆက်လက်ဖတ်ရှု့နိုင်ပါသည်။

Read More...

ခြေမြန်တပ်ရင်း၂ရင်းနှုတ်ထွက်

BBC Burmese News

နယ်ခြားစောင့်တပ် ဖွဲ့ရန် DKBA နေပြည်တော်သွား

လူစင်စစ်ကနေ..နဖားကြိုးအထိုးခံလိုက်တဲ့ ညီအစ်ကိုတွေ အတွက်အထူးဝမ်းနည်းကြောင်း...

ဧရာဝတီ သတင်းမှ.............

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး အတွက် နေပြည်တော်၌ အစိုးရ အာဏာပိုင်များကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော်သို့ ဗိုလ်မှူးကြီး စောချစ်သူ အပါအ၀င် တပ်ရင်းမှူး မောင်ဝင်းနှင့် ဗိုလ်မှူး ဆန်းလေးတို့က သြဂုတ် လဆန်းပိုင်းမှ စတင်၍ ၁၀ ရက်ခန့် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၁)။
သထုံခရိုင်၊ ဖားအံ့ အနီးရှိ ရွာများတွင် လှုပ်ရှားသော နအဖ တပ်များသည် အမျိုးစုံ သောအကြောင်းများကိုပြပြီး ထိုရွာများကို အတင်းအဓမ္မငွေကြေးတောင်းဆိုခဲ့သည်။
ဒါ့အပြင် ဘီးလင်းတွင် လှုပ်ရှားသော DKBA 333 မှ စောဒါးဝေ ဦးဆောင်တဲ့အုပ်စုက လည်း ထိုအနီးတဝိုက်ရှိ ရွာများကို တစ်ရွာလျှင်ဝါးရိုင်း၂၀ချောင်းစီ ၁၅.၈.၂၀၁၀နေ့ တွင်အရောက်ပို့ခိုင်းတဲ့အပြင် အိမ်ထောင်စုစာရင်းများကိုလည်းတောင်းဆိုခဲ့သည်။

တပ်မဟာ(၆)။
ဒူးပလာယာခရိုင်၊ DKBAတပ်ရင်း၃ မှ အကြည် ဦးဆောင်ပြီး အင်အား၁၅ယောက် ခန့်ရှိတဲ့အုပ်စုသည် သူတို့လှုပ်ရှားသောရွာမှ ဝက်တစ်ကောင်ကိုပစ်သတ်စားပြီး နိုနယ်၊နိုတကော၊ရွာတာရှည်၊နိုရွှေမိုရွာများကိုအလျော်ပေးခိုင်းတဲ့အပြင်၉.၈.၂၀၁၀ နေ့တွင်ထိုရွာများမှရွာသူကြီးများကိုဆင့်ခေါ်ပြီးပေါ်တာကြေးတရွာလျှင်၂၅၀၀၀ကျပ်ကိုအတင်းအဓမ္မ တောင်းဆိုကြောင်းသတင်းရရှိသည်။

မြန်မာဘာသာကိုဆီလျော်အောင် ကညောဖိုးမှ အကျဉ်းချုပ်ပြန်ဆိုထားသည်။
မူလသတင်းကိုကရင်ဘာသာဖြင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည်။

Read More...

ဘုရားသုံးဆူမြို့အနီး ပေါက်ကွဲမှု ဖြစ်ပေါ်သည့်အပြင် မပေါက်ကွဲသေး လက်ပစ်ဗုံးတစ်လုံးလည်း တွေ့ရ

ကောင်းဝါ သတင်းဌာန မှ........

ယနေ့နံနက် (၀၃း၃၀) ခန့်အချိန်၌ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ အနီးတွင် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည့်အပြင် မြေစာရင်းရုံးရှေ့တွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ဝန်ထမ်းတစ်ဦး ပြောသည်။

ထိုပေါက်ကွဲသံကို ထိုင်းနယ်မြေရှိ ဘုရားသုံးဆူရွာ၊ ဘုရားကုန်းရပ်ကွက်နေ ရွာခံများလည်း ကြားသိရကြောင်း အတည်ပြုပြောကြားသည်။
“အသံအကျယ်ကြီး ကြားရပါတယ်၊ လက်နက်ကြီး အသံလား၊ မိုင်းဗုံးသံလားတော့ မပြောတတ်ဘူး” ဟု ရွာခံတစ်ဦး ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် ထိခိုက်မှုသတင်းများ မကြားသိရသေးပေ။

Read More...