စစ်ခွေးများ၏ လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင် ခရိုင်။

မူကော်ဆာ KNU တပ်ရင်း(၈)နယ်မြေ။
ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ ခလရ(၄၈) တပ်မှ တပ်ခွဲမှူးခင်မောင်ကျော်နှင့်အ ပေါင်းအပါ (၁၂)ယောက်တို့သည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင်မလှဒေါစခန်းမှထွက်ပြီးဒယ်ကွယ်လေခိုရွာသိုဝင်ရောက်ပြီးမလှဒေါရွာသား များကိုနွားတင်းကုပ်တွင်ပုန်းအောင်းနေတာတွေ့သောအခါ လူမဆန်စွာရက်ရက် စက်စက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (၁၁)နှစ်ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေ။
တစ်ဆက်တည်းမှာပဲမလှဒေါရွာသိုပြန်ပြီးသေဆုံးသူအလောင်းနှင့်ဒဏ်ရာရသူကိုမလှဒေါရွာသားများအားသွားရောက်သယ်ယူခိုင်းခဲ့သည်။ ဒဏ်ရာသူအား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းခဲ့သည်။

၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည်မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင်ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုခဲ့သည်။
မလှဒေါ၊ကျော်ထား၊ဆောဝါးဒဲ၊သပြေညွန့်တွင်တပ်ခွဲမှူးခင်မောင်ကျော်တို့အုပ်စုသည်(အင်အား၃၀ခန့်မလှဒေါစခန်းထိုင်ပါအပါအဝင်)မလှဒေါရွာသားများအားအစားအသောက်များသယ်ယူစားသောက်ခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါ ကပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်းသိရှိရသည်။

ကရင်ဘာသာဖြင့်ဖတ်လိုလျှင် http://kanyawkaw.blogspot.com တွင်ဖတ်နိုင်သည်။

0 comments:

Post a Comment