ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၆.၀၁.၂၀၁၀)

တပ်မဟာ(၁) သထုံခရိုင်
- ၂၆.၁၂.၂၀၀၉ အချိန် ၁၃:၀၀ နအဖ ခမရ(၇၀၉) ၏တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ ရဲဘော်(၁)ဦး ဒဏ်ရာရ၊ AKတ လက်၊ ဗုံးသီး(၃၀)လုံး၊ စကားပြောစက်အသေး(၁)လုံး၊ ဆိုလာအပြားသေး(၃)ခု နှင့်အတူ ဘက်ထရီအကြီး(၃)လုံး ဆုံးရှုံး။

တပ်မဟာ(၂) တောင်ငူခရိုင်
- ၃၀.၁၂.၂၀၀၉ ထန်းတပင်မြို့နယ် ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၅) ယောက် ရွာသား (၅) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့ အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း။
- ၁.၁.၂၀၁၀ ၀၉:၀၀ အချိန် နားထီးခို တွင် KNU ရဲဘော်များ၏ပစ်ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။ အဲဒီတ ရက်ထဲမှာဘဲ ၁၂:၁၅ အချိန်တွင် နော်လားကွာဒေး ကော်သေးဒါးဟော် တဝိုက်တွင် ကျွန်တော်တို့ရဲဘော်များ၏ ပစ်ခတ်မှု ကြောင့် ရန်သူ(၁)ယောက်ထပ်မံ ဒဏ်ရာရရှိ။
- ၁.၁.၂၀၁၀ ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၀) ယောက် ရွာသား (၁၀) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း
အဲဒီတရက်ထဲမှာ တောင်ငူ ခလယ်လာမှ စကခ(၇)မှူး ကျော်အေးသည် ခလယ်လာ၊ ကော်သေးဒါး၊ ကောစိုးခို နှင့် ခလေးစိုးခီး ကျေးရွာ(၄)ရွာမှ တအိမ်(၁)ယောက်နှုန်းဖြင့် သူတို့၏ရိက္ခာကို ကိုးဒေး မှ သအေးထာသို့သယ်ယူပို့ဆောင်ခိုင်း။
- ၂.၁.၂၀၁၀ အချိန် ၁၉:၅၀ ဝါဘောဒေး တဝိုက် ကျွန်တော်တို့ ရဲဘော်များ၏ ပြောက်ကျား ပစ် ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။


Read More...

ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၇.၀၁.၂၀၁၀)

တပ်မဟာ(၁) ဒူးသထူခရိုင်

- ၂၆.၁၂.၂၀၀၉ နေ့ ဘီးလင်းမြို့နယ်တွင် DKBA 333 တပ်ရင်း(၃) စခန်းမှုးစိုးအောင် သည် လယ်ကဒယ် ကျေးရွာအား အင်ဖက်(၁၀၀၀)ခက်၊ နိုကနဲ ကျေးရွာ အားအင်ဖက်(၁၀၀၀)ခက် တို့ကို တောင်တက်ကုန်းစခန်းသို့ ၂.၁.၂၀၁၀နေ့တွင် အတင်းအကြပ် အရောက်ပို့ဆောင်ခိုင်း......

တပ်မဟာ(၂) တောင်ငူခရိုင်

- နေ့ ၄.၁.၂၀၁၀ အချိန် ၁၅:၁၈ ကျွှန်တော်တို့ KNU ဘက်မှ ရန်သူအား လယ်ထိုးဘို အနီးတွင် စောင့်ပစ်ရာ နအဖ ၏ ဘက်တော်သား (၁) ယောက် ဘဝပြောင်းသွား

- နေ့ ၅.၁.၂၀၁၀ အချိန် ၁၃:၄၀ ထီးညာပယ်လို စခန်းအနီးတဝိုက်တွင် ကျွန်တော်တို့ KNU ၏ပြောက်ကျားပစ်ခတ် မှုကြောင့် ရန်သူ(၁) ယောက်ဒဏ်ရာရ

- ၄.၁.၂၀၁၀ နေ့ ထန်းတပင်မြို့နယ် နအဖ ၏ စကခ(၇) သည် ကလောမီးဒဲ ကျေးရွာသူ (၃၀)ယောက် ကျေးရွာသား (၄၀) ယောက်တို့ အား ပလက်ဝ မှ ကလောမီးဒဲ သို့ ပေါ်တာ အဖြစ်အတင်းအကြပ်စေခိုင်း....

Read More...

ဒီ ခွေးနအဖတွေ မတရားမှုကို ထပ်ကျူးလွန်ပြန်ပြီး

ကျွန်တော် အရင်ဆုံး Request လုပ်ချင်တာက တော့ ကရင်ညီကိုမောင်မယ် များအားလုံး ခရစ်ယာန်ဘာသာဝင် ဖြစ်ဖြစ် ဗုဒ္ဒဘာသာ ဝင်ဖြစ်ဖြစ် ကိုယ်ရဲ့ ယုံကြည်ကိုးကွယ် ရာဘုရားရှင်ဆီ မှာဆုတခုကို အမြဲတမ်း တောင်းပေးပါလို့..........အပြစ်မဲ့တဲ့ ကျွန်တော်တို့ရဲ့ ကရင်လူမျိုးများ ဒီလို မတရား အစော်ကား အနိုင်ကျင့် ဖိနှိပ်ခံ ရတဲ့ဘဝ ကအမြန်ဆုံး ကင်းဝေးလွတ်မြောက်ပါစေ......သတိရတဲ့အခါတိုင်း နေရာတိုင်း အချိန်တိုင်းမှာ တောင်းပေးကြ ပါဗျာ။

ကျွန်တော် သတင်း website တွေကို လိုက်ကြည့်ရင်းနဲ့ ခေတ်ပြိုင် ဂျာနယ်မှာ သတင်းလေးတပိုဒ်ကိုဖတ် လိုက်ရတယ်.....ဖတ်ရင်းနဲ့ အင်မတန်ခံပြင်းမိတယ်....KNU ကိုတိုက်လို့မရတိုင်း ဘာမှ မဆီမဆိုင် အပြစ်မဲ့တဲ့ ကရင်လူမျိုး များကို အနိုင်ကျင့်စော်ကားနှိပ်စက် သတ်ဖြတ်တဲ့ ဒီစစ်ခွေး နအဖ တွေကို အဆုံးအစွန် နာကျည်းရွံရှာမိတယ်..ဒီလောက ကြီးမှာ လူဖြစ်ပြီးတော့ လူလိုမသိတတ်တာ ဒီအကောင်တွေပါပဲ...စိတ်ထဲမှာလည်း တနေ့ကျရင် မင်းတို့အလှည့်ရောက်ဦးမှာ ပါလို့........ဒါပေမဲ့ လတ်တလောအခြေအနေ မှာတော့ ကျွန်တော်တို့ စည်းလုံးညီညာစွာ နဲ့ အဖိနှိပ်ခံ နေရတဲ့ မိဘညီကိုမောင်နှမ များကိုအကူအညီ ပေးနိုင်မဲ့နည်းလမ်း များကို ရှာဖွေဖို့လို နေပြီ လို့ကျွန်တော်သုံးသပ်မိတယ်.....ချစ်တဲ့ညီကိုမောင်နှမ များအားလုံး အကြံအစည်ကောင်းများ နည်းလမ်း ကောင်းများ ရှိခဲ့ရင် လည်း voice out လုပ်နိုင်ပါတယ်.............................
ဆက်လက်ပြီးတော့ ခေတ်ပြိုင်ဂျာနယ် မှအောက်ပါ သတင်းကိုဖတ်ရှူ့ပါလို့............


သိသင့်သိထိုက်သော သတင်းများ

လူမဆန်မှု နှင့် ရင်ဆိုင်တိုက်ပွဲ သတင်း

မောင်သန်းရွှေ ရဲ့ အနီရောင် ရေစိမ်စက္ကူ က Benjamin Franklin ထက်သာသွားခြင်း

လုပ်ချလိုက်ပြန်ပြီး.........ချီးကုန်းစက္ကူလောက်တောင်အသုံးမတည့်တဲ့ စက္ကူစုတ်က တကမ္ဘာလုံးလက်ခံသုံးစွဲနေတဲ့ အစိမ်းထက် ဈေးနှုန်းမြင့်တက် သွားတယ်ဗျာ......တော်တော်ရယ်ဖို့ကောင်း တဲ့ နအဖ အုပ်ချုပ်တဲ့ တိုင်းပြည်ကြီး...................ညီကို တို့မယုံ ရင်အောက်မှာသာ ဆက်ပြီး ဖတ်ပါတော့ဗျို့...

လူမျိုး နှင့် သာသနာ ကိုချစ်သော ဒီကေဘီအေ ၏လုပ်ရပ်အကြောင်းသိကောင်းစရာ

ကျေးရွာ ရပ်မိရပ်ဖ အမျိုးသမီးကြီး (၃) ဦးအား ဒီကေဘီအေ တပ်၉၀၈မှဖမ်း ဆီးထားခြင်း သတင်းအကျဉ်းချုပ်

ဖမ်းထားရတဲ့အကြောင်းရင်းကတော့ သေနတ် ၁၁လက် ဖိုးတောင်းစား တာဖြစ်ပါတယ်…လို့အဖမ်းခံရတဲ့အမျိုးသမီးကြီးများနဲ့တရွာတည်းနေတဲ့အမည်မဖော်လိုရွာသားတဦးကကွယ်ကလူကို၁.၁.၂၀၁၀တွင်တင်ပြထားပါတယ်၊၊
အသက် ၄၀ ကျော်ဝန်းကျင် ကရင်အမျိုးသမီးကြီး ၃ ဦးအား ယခုထက် တိုင်ဖမ်းထားပြီးအဆိုပါအမျိုးသမီးကြီးများ၏ကျေးရွာအား ငွေညစ်တောင်းဆို နေဆဲပါ………