ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၇.၀၁.၂၀၁၀)

တပ်မဟာ(၁) ဒူးသထူခရိုင်

- ၂၆.၁၂.၂၀၀၉ နေ့ ဘီးလင်းမြို့နယ်တွင် DKBA 333 တပ်ရင်း(၃) စခန်းမှုးစိုးအောင် သည် လယ်ကဒယ် ကျေးရွာအား အင်ဖက်(၁၀၀၀)ခက်၊ နိုကနဲ ကျေးရွာ အားအင်ဖက်(၁၀၀၀)ခက် တို့ကို တောင်တက်ကုန်းစခန်းသို့ ၂.၁.၂၀၁၀နေ့တွင် အတင်းအကြပ် အရောက်ပို့ဆောင်ခိုင်း......

တပ်မဟာ(၂) တောင်ငူခရိုင်

- နေ့ ၄.၁.၂၀၁၀ အချိန် ၁၅:၁၈ ကျွှန်တော်တို့ KNU ဘက်မှ ရန်သူအား လယ်ထိုးဘို အနီးတွင် စောင့်ပစ်ရာ နအဖ ၏ ဘက်တော်သား (၁) ယောက် ဘဝပြောင်းသွား

- နေ့ ၅.၁.၂၀၁၀ အချိန် ၁၃:၄၀ ထီးညာပယ်လို စခန်းအနီးတဝိုက်တွင် ကျွန်တော်တို့ KNU ၏ပြောက်ကျားပစ်ခတ် မှုကြောင့် ရန်သူ(၁) ယောက်ဒဏ်ရာရ

- ၄.၁.၂၀၁၀ နေ့ ထန်းတပင်မြို့နယ် နအဖ ၏ စကခ(၇) သည် ကလောမီးဒဲ ကျေးရွာသူ (၃၀)ယောက် ကျေးရွာသား (၄၀) ယောက်တို့ အား ပလက်ဝ မှ ကလောမီးဒဲ သို့ ပေါ်တာ အဖြစ်အတင်းအကြပ်စေခိုင်း....

- ၅.၁.၂၀၁၀ နေ့ အထက်က နအဖ တပ် စကခ(၇)သည် ကလော်မီးဒဲ ကျေးရွာသူရွာသား စုစုပေါင်း (၇၀) ယောက်၊ မော်ဖါးဒဲ ကျေးရွာ မှ (၄၀) ယောက် နှင့် လမ်းတွင် ဖမ်းဆီးသော တခြားရွာ မှ (၁၈) ယောက် တို့အား ပလက်ဝ မှ ကလော်မီးဒဲ စခန်း သို့ ပေါ်တာ အဖြစ် သူတို့ရိက္ခာ ကိုသယ်ဆောင်ခိုင်း......

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်

-၂.၁.၂၀၁၀ နေ့ ကျွန်တော် တို့ရဲဘော်များ နှင့် နအဖ ရင်ဆိုင်တိုက်ပွဲ ထီးလယ်ဘောထာ အနီးတဝိုက်တွင် ဖြစ်ပွား ရာ စစ်ခွေး(၁)ကောင်သေ ပြီး (၁) ကောင်ဒဏ်ရာ


တပ်မဟာ(၆) ဒူးပလာယာ ခရိုင်

- ၄.၁.၂၀၁၀ အချိန် ၀၉:၄၈ မောင်မောင်မျိုး ဦးဆောင်သော ခမရ(၄၀၂) စစ်ကြောင်း(၂) ကို ကျွန်တော်တို့၏ တပ်ခွဲ(၁၆) က ပြောက်ကျား ဝင်ရောက် ပစ်ခတ်ရာ စစ်ခွေး(၁)ကောင် ဘဝပြောင်းသွား.......

ကိုင်း.....စစ်ခွေးတွေရေ
မင်းတို့ထမင်းဝအောင် သာစားထားကြ...မကြာခင်မင်းတို့လည်းဘဝပြောင်းခံထိတော့မယ်...တခုသတိထပ်ပေးလိုက် ဦးမယ်...ဘုရားတရားသံဃာ ကိုလည်းမမေ့နဲ့နော်....ဒါမှ ကောင်းရာသုဂတိလားမှာ......

0 comments:

Post a Comment