ရင်ဆိုင်တိုက်ပွဲ နှင့် လူမဆန်မှု သတင်း (၀၆.၀၁.၂၀၁၀)

တပ်မဟာ(၁) သထုံခရိုင်
- ၂၆.၁၂.၂၀၀၉ အချိန် ၁၃:၀၀ နအဖ ခမရ(၇၀၉) ၏တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့ ရဲဘော်(၁)ဦး ဒဏ်ရာရ၊ AKတ လက်၊ ဗုံးသီး(၃၀)လုံး၊ စကားပြောစက်အသေး(၁)လုံး၊ ဆိုလာအပြားသေး(၃)ခု နှင့်အတူ ဘက်ထရီအကြီး(၃)လုံး ဆုံးရှုံး။

တပ်မဟာ(၂) တောင်ငူခရိုင်
- ၃၀.၁၂.၂၀၀၉ ထန်းတပင်မြို့နယ် ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၅) ယောက် ရွာသား (၅) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့ အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း။
- ၁.၁.၂၀၁၀ ၀၉:၀၀ အချိန် နားထီးခို တွင် KNU ရဲဘော်များ၏ပစ်ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။ အဲဒီတ ရက်ထဲမှာဘဲ ၁၂:၁၅ အချိန်တွင် နော်လားကွာဒေး ကော်သေးဒါးဟော် တဝိုက်တွင် ကျွန်တော်တို့ရဲဘော်များ၏ ပစ်ခတ်မှု ကြောင့် ရန်သူ(၁)ယောက်ထပ်မံ ဒဏ်ရာရရှိ။
- ၁.၁.၂၀၁၀ ကလော်မီးဒါးအခြေစိုက် နအဖတပ် စကခ(၇)သည် ကလော်မီးဒါး ကျေးရွာသူ (၂၀) ယောက် ရွာသား (၁၀) ယောက်တို့အားသူတို့၏ ရိက္ခာကို ပလဲဝ စခန်းမှ ကလော်မီးဒါး စခန်းသို့အတင်းအကြပ်သယ် ယူပို့ဆောင်ခိုင်း
အဲဒီတရက်ထဲမှာ တောင်ငူ ခလယ်လာမှ စကခ(၇)မှူး ကျော်အေးသည် ခလယ်လာ၊ ကော်သေးဒါး၊ ကောစိုးခို နှင့် ခလေးစိုးခီး ကျေးရွာ(၄)ရွာမှ တအိမ်(၁)ယောက်နှုန်းဖြင့် သူတို့၏ရိက္ခာကို ကိုးဒေး မှ သအေးထာသို့သယ်ယူပို့ဆောင်ခိုင်း။
- ၂.၁.၂၀၁၀ အချိန် ၁၉:၅၀ ဝါဘောဒေး တဝိုက် ကျွန်တော်တို့ ရဲဘော်များ၏ ပြောက်ကျား ပစ် ခတ်မှုကြောင့် ရန်သူ(၁)ယောက် ဒဏ်ရာရ။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်
- ၁၉.၁၂.၂၀၀၉ စကခ(၇) ခမရ(၂၆၁) ခမရ(၄၄၀) တို့သည် ယူလို ကျေးရွာသူကျေးရွာသား (၆၀) ယောက်အား မိုးပြေ မှ ပြင်စလူ သို့သူတို့၏ရိက္ခာအားအတင်းအကြပ်သယ်ယူခိုင်း။
- ၂၀.၁၂.၂၀၀၉ တွင် (၇၀) ယောက်
- ၂၁.၁၂.၂၀၀၉ တွင် (၄၀) ယောက်
- ၂၂.၁၂.၂၀၀၉ တွင် (၃ရ) ယောက်
- ၂၃.၁၂.၂၀၀၉ တွင် (၈၀) ယောက်
- ၂၆.၁၂.၂၀၀၉ မူကော်ဆာ စကခ(၇) ခမရ(၂၆၁၊၄၄၀) သည် မဲပလာအုပ်စုမှ ၂၈၅ ယောက်၊ တောပုမှ ၂၅၅ ယောက်၊ တလိုင်းအိုင်မှ ၃၅၀ယောက်၊ ကျွန်းပင်သားမှ ၁၁၀ယောက် နှင့် လှည်းကူးလမ်းမှ ၁၄၅ ယောက်တို့အားလုပ်အားပေးထပ်မံတောင်းဆို။

တပ်မဟာ(၅) ဖာပွန် ခရိုင်
ကျွန်တော်တို့ရဲဘော်များ၏ ဆုံးမမှုကြောင့်………..
- ၂၁.၁၂.၂၀၀၉ ထွီသီးအူ နှင့် မာထောကြားတွင် ရန်သူ့ကားကြီးတစင်း ပျက်စီး
- ၂၃.၁၂.၂၀၀၉ ကုန်းဆဲ့ နှင့် မာထော အကြားတွင် ရန်သူ့ကားငယ် အနည်းအကျဉ်းပျက်စီး
- ၂၄.၁၂.၂၀၀၉ သွေးသောက်ရဲဘော်များနှင့် နအဖ တို့ထီးလိုဃခီး တွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖ (၁) ယောက်ဒဏ်ရာရ။
- ၂၅.၁၂.၂၀၀၉ ထီးဂေထာ မားထော နှင့် ကုန်းဆဲ့ အကြားတိုက်ပွဲကြောင့် နအဖ(၂)ယောက် ဒဏ်ရာရ။
-၂၆.၁၂.၂၀၀၉ တယ်လဲခို ဘောလေးဒါးတဝိုက်တွင် ရဲဘော်များ၏ ပြောက်ကျားပစ်ခတ်မှု ကြောင့် ရန်သူနအဖ (၂)ယောက် ဒဏ်ရာရ။
- ၂၇.၁၂.၂၀၀၉ ရဲဘော်များ၏လက်သံပြောင်မှုကြောင့်မဲ့ပေါမူထာတွင်ရန်သူနအဖ(၁)ယောက် ဒဏ်ရာရ ပြီး အဲဒီတရက်ထဲမှာဘဲ ထီးစီးထာလယ်မူပလောတွင် ရန်သူ့မြင်း(၁)ကောင်သေ။
- ၂၈.၁၂.၂၀၀၉ သေဘေလူနှင့်မဲ့ထိုးထာအကြားတွင်ကျွန်တော်တို့ရဲဘော်များ၏ဆုံးမမှု
ကြောင့် DKBA(၂)ယောက်ဒဏ်ရာရ။
- ၂၉.၁၂.၂၀၀၉ မဲ့ထိုးထာတွင် DKBA (၁)ယောက်နှင့် ရွာသား(၁)ယောက်ဒဏ်ရာရ၊ တရက် ထဲမှာဘဲ မူနွယ်ဒေး တွင် DKBA(၄)ယောက်နှင့် ဝါဘောကျိုးတဝိုက်တွင် DKBA(၂)ယောက် ထပ်ပြီးတော့ဒဏ်ရာရ။
- ၃၀.၁၂.၂၀၀၉ တာဂေါ်လေပလောတွင် ရန်သူ(၁)ယောက်ဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ လယ်မူပလောတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ(၂)ယောက်ဒဏ်ရာရ။
- ၃၁.၁၂.၂၀၀၉ တိုလူခို၊ထီးညာမိုးထာ တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန်သူ (၁)ယောက်သေ၊ ရိက္ခာသယ်မြင်း(၆)ကောင် သေ(၃)ကောင်ဒဏ်ရာရ။
- ၂.၁.၂၀၁၀ တိုလူခိုတာခဲဒဲဟော်တဝိုက် တွင်ရဲဘော်များ၏ သွားရောက်ပစ်ခတ်မှုကြောင့် ရန် သူ့မြင်း(၅)ကောင် ထိခိုက်၊ တရက်ထဲမှာဘဲ ၀၈:၂၀ နာရီ တွင် DKBA ၏ကားတစီးကို ပနာလို နှင့် ဝါသိုကလျား အကြားတွင် ဖျက်ဆီးနိုင်၊ အရပ်သား(၂)ဦးသေ (၂)ဦးဒဏ်ရာရ၊ DKBA (၂) ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာဘဲ နယ်မြေရှင်းလင်းတဲ့ DKBA အဖွဲ့ကို မျိုးချစ်ရဲဘော်များက ဆုံးမလိုက်ရာ (၁)ယောက်သေ (၁)ယောက်ဒဏ်ရာရ ပြီး .22 တလက်ကိုရရှိခဲ့ပါတယ်။

တပ်မဟာ(၆) ဒူးပလာယာ ခရိုင်
- ၂၉.၁၂.၀၉ ကျော်သက် မောင်ညိုရွှေ တို့ဦးဆောင်သော DKBA (908,999) အုပ်စုသည် ခူဒို ကျေးရွာမှ ရွာသားများကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး ကျေးရွာ၃ရွာမှ ရွာသူမကြီး ၃ဦးအား ဖမ်းဆီးခေါ်ဆောင်သွား
- ၃၀.၁၂.၂၀၀၉ ကျော်ကျော်၊ ကျော်သက်၊ မောင်ညိုရွှေ၊ အကြည် တို့ဦးစီးသော DKBA (908,999) အကျူ ပနွယ်ပူ ကျေးရွာသား အခွာဖိုး (၄၂) နှစ်အားပြင်းထန်စွာ နှိပ်စက် ဒါ့အပြင် ဦးအေးကျော်(၅၅)နှစ် ၏ကြက်တစ်ကောင် ဦးပိုင်လှိုင်(၆၀)နှစ်၏ ကြက်တစ်ကောင် ဦးနိုင်စိန် (၅၂)နှစ်၏ ကြက်တစ်ကောင် နှင့် ဗူးသီး၃လုံး ဦးချစ်သိန်း(၇၀)နှစ် ၏ကြက်တစ်ကောင် ဘဲသုံး ကောင် ဦးထင်အောင်(၆၀)နှစ်၏ ကြက်တစ်ကောင်တို့အားအတင်းအဓမ္မယူဆောင်သွား။
- ၁.၁.၂၀၁၀ DKBA မောင်ညိုရွှေ ဦးစီးတဲ့အဖွဲ့ ရွာသားများကိုပစ်ရာ တစ်ဦး ဒဏ်ရာရ၊ အကျူ ကျေးရွာနေ စောတာလူ(၃၂)နှစ် လက်ဖဝါးပေါက်ထွက်၊ ထပ်ပြီးတော့ ကော်ကသောကျေးရွာနေ ဆရာ မ မအုန်းရွှေ(၂၈)နှစ် နေအိမ်အားပစ်ခတ်။
- ၃.၁.၂၀၁၀ တွင်DKBA 908 မှ မောင်ညိုရွှေ နှင့် မြင့်ဇော်ဦး တို့သည် အကြူကျေးရွာနေ မကြည် ၏ ဘဲ၎ကောင်၊ မငြိမ်းသိမ်း၏ ဘဲ၁ကောင်၊ မူးယာခင်၏ ဘဲ၂ကောင် နှင့် နော်မူးအေ ၏ကြက်၁ကောင် တို့အားပိုင်ရှင် ခွင့်ပြုချက်မယူပဲ ပစ်ခတ်စားသောက်၊၊



0 comments:

Post a Comment