ကလိုကွယ်တေးဂီတ၏ ၉နှစ်ပြည့်အထိမ်းအမှတ်ပါဝင်တီးခတ်သူအချို့၏ရင်ဖွင့်စကားသံများ

ယခုလ ၂၁ရက်နေ့တွင် ၉နှစ်ပြည့်မြောက်ပြီဖြစ်သည့် ကလိုကွယ် တေးဂီတအဖွဲ့ကို ၂၀၀၁ခုနှစ်တွင် ရန်ကုန်မြို့ ကရင်နှစ်ခြင်းခရစ်ယန်လူငယ်အဖွဲ့မှ ဂီတ၀ါသနာရှင်များက စတင် တည်ထောင်ခဲ့သည်။ ကလိုကွယ်သည် ဘာသာရေးနှင့် ဂီတကို အခြေခံကာ ဖွဲ့တည်လာခဲ့သော်လည်း လူမျိုးရေးအတွက် ရပ် တည်ပေးနေခြင်းဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၄၀နီးပါးရှိသည်။ အဆိုပါအဖွဲ့သည် ဂီတလှုပ်ရှားမှုအပြင် မြန်မာနိုင်ငံအတွင်း၌ ပညာ ရေး၊ လူမှုရေးနှင့် ဘာသာရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်မှုများ ရှိသည်ဟု သိရသည်။

ကျနော်က နဂိုကတည်းက Musician တယောက်အနေနဲ့ ရပ်တည်ခဲ့ပါ။ ဒီ ကလိုကွယ်တေးဂီတ စတည်ထောင်ကတည်းက ကျနော် ပါဝင်ခဲ့တာ အခုဆိုရင် ၉နှစ်ပြည့်နေပါပြီ။ ဒီကာလတလျှောက် အောင်မြင်မှုတွေတော့ အများကြီးရခဲ့ပါတယ်။ ကျနော် တို့တွေ ပေးဆပ်တဲ့ အတိုင်းအတာတခုအထိတော့ အောင်မြင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာနဲ့ချီပြီး အောင်မြင်တဲ့ အတိုင်းအတာက တော့ မရှိသေးပါဘူး။
ဒီ ၉နှစ်အတွင်းမှာ အခက်အခဲတွေက လူတကိုယ် စိတ်တမျိုးဆိုတော့ ရှိတာပေါ့နော်။ ဒါပေမယ့် ကျနော်ကိုယ်၌က ကျနော့်လူ မျိုးအတွက် ဦးစားပေးတဲ့စိတ်တခုနဲ့တင် ဒီစိတ်ချမ်းသာမှုအပေါ်မှာပဲ ဆက်လုပ်သွားမှာပါ။ အဓိကတော့ ကရင်လူမျိုးအတွက် ကို ဦးစားပေးပြီး စိတ်ထဲမှာ ထည့်ထားတော့ အဲဒီအခက်အခဲတွေကို ခဏမေ့ပြီး လုပ်လာလိုက်တာပဲ။
ရှေ့ဆက်ပြီး ကျနော်တို့ရဲ့ Target ပေါ့နော်။ ကျနော်တို့ မျှော်လင့်ထားတာကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ မြင်ချင်ပါတယ်။ ဘယ် နေရာမှာတွေ့တဲ့ ကရင်လူမျိုးတွေပဲဖြစ်ဖြစ် ကျနော်တို့က အားလုံးကို ချစ်ခင်လိုတဲ့ စိတ်ဆန္ဒအမြဲရှိတယ်။ ကရင်လူမျိုးက လည်း တကမ္ဘာလုံးမှာရှိတဲ့အတွက် ကျနော်တို့က လူမျိုးရေးသီချင်းတွေ၊ ဘာသာရေးသီချင်းတွေနဲ့ အသက်ရှင်ရတဲ့အခါကျ တော့ ဒီ ကလိုကွယ်အနေနဲ့ အောင်မြင်ပါတယ်။ Music ဆိုတာက စိတ်နဲ့ပဲ အလုပ်လုပ်ရတယ်ဆိုတော့ စိတ်ချမ်းသာပြီး ကျနော်တို့ စိတ်အောင်မြင်မှုတော့ တော်တော်လေးကို ရှိပါတယ်။ ဒါကြောင့် ကရင်လူမျိုးတွေအားလုံး ညီညွှတ်တဲ့ စိတ်ခံစားမှု တခုနဲ့ အလုပ်လုပ်ကြပါလို့ ကျနော်ပြောချင်တယ်။
ကလိုကွယ် တေးဂီတမှာ ကျနော်က အသက်အငယ်ဆုံးဆိုတော့ Music အတွေ့အကြုံဆိုရင် ကျန်တဲ့အစ်ကိုကြီးတွေထက် နောက်ကျတာပေါ့နော်။ ကျနော်မှတ်မိသလောက် ကျနော်က ကလိုကွယ်မှာ ၂၀၀၂လောက်မှာ စပြီးတော့ ပါဝင်တာပါ။ ကလို ကွယ်ဆိုတာ ကျနော်တို့ အဖွဲ့ဝင်တွေချည်းပဲ မဟုတ်ဘူး။ ကရင်ပရိဿတ်တွေအားလုံးဟာ ကလိုကွယ်ချည်းပဲလို့ ကျနော်တို့ ခံ ယူထားတယ်။ ကလိုကွယ်က ကျနော်တို့ ကရင်လူမျိုးရဲ့ အထိမ်းအမှတ်ပဲ။
၂၀၀၃၊ နိုဝင်ဘာလတုန်းက ကျနော်တို့ ရန်ကုန်ကနေ ပုသိမ်။ ပုသိမ်ကနေ ချောင်းသာ၊ ချောင်းသာကနေ ၀က်သေကိုသွား တော့ ကျနော်တို့ သင်္ဘောက ပင်လယ်ထဲကို မြုပ်တယ်။ အဲဒီမှာ နော်စမောလယ်၊ အကြင်နာသောမတ်စ်၊ ဒေါက်တာရဟာ့ လင်းလင်း အပါအ၀င် ကလိုကွယ်အဖွဲ့အားလုံး (၁၂)ယောက်ပါတယ်။ သင်္ဘောက ကမ်းနဲ့ အဝေးကြီး။ ဘာမှမမြင်ရဘူး။ ကူး လို့လည်း မလွယ်ဘူး။ အဲဒီအချိန် ကျနော်တို့အားလုံး ဆုတောင်းကြတယ်။ ၅နာရီခွဲလောက်က စပြီးဖြစ်တာ ၈နာရီလောက်ကျ မှ ဘုရားသခင်ကျေးဇူးနဲ့ သင်္ဘောလေးတစီးက ကျနော်တို့ကို လာကြိုပေးတော့ ကျနော်တို့ ကုန်းပေါ်ကို ပြန်ရောက်တယ်။ ဒါ က ကလိုကွယ်ခရီးစဉ်မှာ ကျနော်တို့ရဲ့ အခက်အခဲတွေပေါ့။
နောက် အောင်မြင်မှုနဲ့ ပတ်သက်ပြောရမယ်ဆိုရင်တော့ ပြည်တွင်းပြည်ပက ကျနော်တို့ ကရင်တိုင်းရင်းသားတွေ ၀ိုင်းပြီးတော့ ပါဝင်လှုပ်ရှားကြတာပေါ့နော်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ပဲ ပြည်ပခရီးစဉ်အဖြစ် ၂၀၀၅မှာ ကျနော်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ကို စသွားရတာပေါ့နော်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ စင်္ကာပူ၊ မလေးရှား၊ သွားရတယ်။ ဒါ ကျနော်တို့ရဲ့ အောင်မြင်မှုတွေ ပေါ့နော်။ အနာဂတ်မှာတော့ ကျနော်တို့ တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာတွေ ရှိကြမယ်၊ (ပဟူးပပို)စည်းလုံးကြမယ်ဆို ရင် ဒီထက်မက အောင်မြင်မှာပဲ။ ကျနော်တို့ကတော့ ကမ္ဘာသိဖြစ်အောင် အောင်မြင်စေချင်တယ်။
ကျနော့်နာမည်က စောထူးစေးဖောပေါ့နော်။ ဒါပေမယ့် ဘိုတောက်လို့ပဲ အများက သိကြတယ်။ ကလိုကွယ်ထဲမှာ ဆရာတွေက ကျနော့်ကို ခေါ်တီးခိုင်းတော့ ကျနော်လည်း ၀မ်းသာတာပေါ့။ ကလိုကွယ်ထဲမှာ တီးတာက မဲဒီစေးရဲ့ ပထမဆုံး Album မှာပေါ့ နော်။ ကလိုကွယ်ဖွဲ့ကတည်းက ကျနော် ပါလာတာ။ လူကြီးတွေကလည်း ကျနော်တို့ကို ယုံကြည်တယ်။ ကိုယ့်လူမျိုးအတွက် တီးရတယ်ဆိုတော့ ကျနော်တို့လည်း ပျော်တာပေါ့။ ဒါကြောင့် ခုချိန်အထိ ပါလာခဲ့တာ။ ကျနော်ထင်တာကတော့ ကလိုကွယ် ဟာ ဘုရားသခင် အလိုရှိရာပဲ။ ဆရာတွေရဲ့ တည်ဆောက်မှုကလည်း ကောင်းတယ်။ အုပ်ချုပ်မှုနဲ့ ဗျူဟာလေးတွေ ရှိနေလို့၊ လူတွေကလည်း ကြိုးစားကြလို့ (၉)နှစ်ပြည့်တဲ့အထိကို ရောက်လာတာပဲ။ ကျနော် ငယ်ငယ်ကတည်းက ၀ါသနာပါတော့ စိတ် ကျေနပ်မှု ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာရော၊ ပြည်ပမှာရောရှိတဲ့ ကိုယ့်ကရင်တွေကို စိတ်ပျော်ရွှင်အောင် လုပ် ပေးနိုင်တယ်လေ။ သူတို့လည်း ကျနော်တို့ကို လက်ခံတယ်။ အဲဒီလိုဖြစ်တော့ ကျနော်တို့ လူမျိုးစုအတွက် Tradition ပေါ့။ ကျနော်တို့ တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာဟာ ကလိုကွယ်ပေါ်မှာ ကြီးလာတာကိုး။ နောက် တဖြည်းဖြည်း ဒါထက် အောင်မြင်တိုးတက်လာမယ်လို့ ကျနော်မြင်တယ်။
နားထောင်တဲ့သူတွေကတော့ ကျနော်တို့ Music တီးခေါက်တာကို သူတို့ လက်ခံတယ်။ ကျနော်တို့မှာလည်း တတ်သလောက် ကိုယ့်ဟာကိုယ်ပဲ ကြိုးစားပြီးတော့ ရှာခဲ့ရတာပေါ့။ မြင်ဆရာ၊ သင်ဆရာ လူကြီးတွေအနေနဲ့ ကိုဘွိုင်းတို့ ဘာတို့ဆိုရင် ဦး ဆောင်တဲ့ လူကြီးတွေ ကောင်းတဲ့အခါကျတော့ ကျနော်တို့လည်း ဒီလိုမျိုးရောက်တယ်။ ပရိဿတ်ကိုလည်း ကျေးဇူးတင်ရတာ ပေါ့။ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ကျနော်တို့တိုင်းရင်းသားတွေ အကုန်လုံးကလည်း လက်ခံလို့ ကျနော်တို့ ဒီ ၉နှစ်ခရီးစဉ်ကို ရောက်လာတာပဲ။
ကျနော် ၁၂ နှစ်သားအရွယ် ပွဲတခုမှာ Drum တီးမှာကို အဖေ(စောဘွဲ့မှူး)က မပေးတီးဘူး။ ဘုရားကျောင်းမှာ ကျနော် Drum ခိုးတီးလာတာ အဖေ တခါမှ မတွေ့ဘူး။ အိမ်မှာလည်း သူမသိအောင် တီးနေတာကိုး။ သူ့သီချင်းက ကျနော်အကုန် အလွတ်ရ နေပြီဟာ။ တကယ်တီးဖြစ်တော့ သူများရှေ့မှာ ပေါက်ကရ တီးဖြစ်မိစိုးလို့ သူကိုယ်တိုင် လျှောက်လိုက်နေတယ်။ မီးမီးခဲကျ တော့ ၅နှစ်သမီးအရွယ်တုန်းက သီချင်းဆိုတာ သူ့အသံကို သဘောကျတော့ အဖေက ဘာမှမပြောဘူး။ အဖေက သူသာ ဆို တာ။ Control တော့ မလုပ်ဘူး။ ၀ါသနာပါရင် လုပ်။ မပါရင်လည်း ဘာမှမပြောဘူး။ ဒါပေမယ့် မျိုးရိုးပေါ့။ မျိုးရိုးလိုက်တာကိုး။

Read More...

နအဖလက်ချက်မှတပါး အခြားမရှိ

ရွှေပြည်စိုး(မိုးမခ)
“သင်္ကြန်အကြတ်နေ့ X20 မဏ္ဍပ်ရှေ့မှာ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်မှာ-

၁။ NLD နဲ့ အခြား ဒီမိုကရေစီ ပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေကို နာမည်ဖျက်ရေး

၂။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားရေး

၃။ ဒီမိုကရေစီ အင်အားစုများနဲ့ ပြည်သူများအကြား အထင်လွဲမှားစေရေး

၎။ ဒီမိုကရေစီ အင်အားစုများအပေါ် နိုင်ငံတကာက အကြမ်းဖက်သမားအဖြစ် အထင်လွဲမှားစေရေး…. တို့ဖြစ်ပါတယ်။ …”

Read More...

အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန်

VOA သတင်းမှ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Read More...

ပြည်သူ့စစ်ပြောင်းရန် မွန်ပြည်သစ် ငြင်းဆို

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆိုနေသော မွန်ပြည်သစ်ပါတီ New Mon State Party (NMSP) က ပြည်သူ့စစ်အဖြစ် ပြောင်းလဲရေးကိုလည်း လက်မခံကြောင်း ပါတီတာဝန်ရှိသူက ယနေ့ ပြောဆိုလိုက်သည်။

Read More...

အပစ်ရပ် ၀တပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်

23 April 2010 (VOA သတင်းမှ)

အပစ်အခတ် ရပ်စဲထားတဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) က မြန်မာစစ်အစိုးရ တောင်းဆိုထားတဲ့အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်ပြီး တောင်ပိုင်း ၀နယ်မြေမှာ နေထိုင်ကြတဲ့ အရပ်သားတွေဟာ ထိုင်း၊ မြန်မာ နယ်စပ်က တောတောင်တွေထဲကို ထွက်ပြေး ပုန်းရှောင်နေကြပါတယ်။ မြန်မာစစ်အစိုးရဘက်က ဒီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ တောင်းဆိုထားတာကို အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေက လက်မခံဘဲ စစ်ရေးအရ ပြင်ဆင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အပစ်ရပ်အဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရအကြား လတ်တလော ဆက်ဆံရေး အခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

Read More...

နယ်ခြားစောင့်တပ်ကိစ္စကြောင့် ဒီကေဘီအေအတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်နိုင်

ရဲရင့်/ ၂၃ ဧပြီ ၂ဝ၁ဝ
လာမည့် ဧပြီ (၂၄) တွင် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့သည် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းမည်ကို တရားဝင် အသိပေးကြေညာတော့မည် ဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအတွင်း လက်ခံသူနှင့် လက်မခံသူတို့အကြား သွေးထွက်သံယိုမှုများ ဖြစ်ပွားနိုင်သည်ဟု အဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

Read More...

စစ်တပ်ရဲ့အဆင့်အတန်း

မောင်ဒိုင်းဘလော့ မှ....

ဤပုံကို ကြည့်ပါ။
စစ်တပ်၊ စစ်သားသည် စစ်သားလိုမနေ၊ စစ်သားလို မကျင့်။

သခင်အပါး၌ နေသော ကျွန်ကဲ့သို့ ကျင့်၏။

ပြောတော့ တိုင်းပြည်အတွက်တဲ့။

လုပ်တော့ စစ်ဖိနပ်တိုက်၊ ဖိနပ်ကြိုးချည်၊ ဖိနပ်သုတ်။

ဓာတ်ပုံ-DID

Read More...

လိင်တူခြင်းဆက်ဆံသော စစ်ခွေးနအဖ၏ ဗိုလ်လောင်းများအကြောင်းသိကောင်းစရာ

Brokeback ဗိုလ်လောင်း(နောက်ကျောကို___နဲ့ထိုးခြင်း)

မောင်ဒိုင်းBlogမှကူးယူဖော်ပြသည်။

”….မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၀)တွင် တက်ရောက်နေသော ဗိုလ်လောင်း (၂)ဦးသည် ၂၀၀၇ ဒီဇင်ဘာလတွင် လိင်တူချင်း ဆက်ဆံခဲ့ကြကြောင်း…”
”ထိုဗိုလ်လောင်းနှစ်ဦး၏ အမည်မှာ ဗိုလ်လောင်း သက်နိုင်ဦးး (တတိယနှစ်)နှင့် ဗိုလ်လောင်း ရဲရင့်ဇော် (ပထမနှစ်) တို့ဖြစ်ကြသည်။ …ဗိုလ်လောင်း သက်နိုင်ဦးသည် မေမြို့ စစ်တက္ကသိုလ် အနီးရှိ မိုးကြိုးပစ်ရွာသို့ သွား၍ အရက်ခိုးသောက်ပြီး အဆောင်သို့ ပြန်ရောက်ချိန်တွင် ပထမနှစ် ဗိုလ်လောင်းတက်နေသူ ဗိုလ်လောင်း ရဲရင့်ဇော်အား ရွေချည်ထိုး ဦးထုပ်တံဆိပ် ပေးမည်ဟု လိမ်ညာသွေးဆောင် ဖျားယောင်း၍ မနက် သုံးနာရီခန့်တွင် ခေါ်ယူပြီး ဗိုလ်လောင်းသက်နိုင်ဦး၏ အိပ်ရာပေါ်တွင် ဗိုလ်လောင်း ရဲရင့်ဇော်အား ယောက်ျားခြင်း မဖွယ်မရာ စတင်ပြုလုပ်ခဲ့….”

Read More...

နအဖ ဗမာစစ်တပ် မှ ရွာသားနှစ်ဦးပစ်သတ် အမျိုးသမီးတစ်ဦးဒဏ်ရာရ

၁၉၊ ၀၄၊ ၂၀၁၀ ရက်နေ့ တွင် နအဖ ဗမာစစ်တပ် ခမရ(၄၂၁) မှ တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ရှားစီးဘို ရွာသားနှစ်ဦးဖြစ်သော စောမြ၀င်းနှင့် စောရှာပေါ တို့ အား အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း သတင်းရရှိပါသည်။

၀၇၊ ၀၄၊ ၂၀၁၀ ရက်နေ့ တွင်လည်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ နယ် အတွင်းလုပ်ရှားနေသော နအဖ ဗမာစစ်တပ်များသည် ပယာဆဲဒါး ရွာသားများအား ပယာဆဲဒါးရွာနှင့် ကနူထာ အကြားတွင် ပစ်ခတ်ရာ ရွာသူ နော်အားမွီ (၂၇)နှစ် ထိခိုက်ဒဏ်ရာ ရှိကြောင်းသတင်းရရှိပါသည်။

သောသီခို ဘလော့မှ ကူးယူထားသည်

နယ်ခြားစောင့် လက်မခံဟု နောက်ဆုံးရက်မှာ KIO တုံ့ပြန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရရာဇသံ၏ နောက်ဆုံးရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ထပ်လောင်း တုံ့ပြန်လိုက်သည်။

Read More...

ဗုံးပေါက်ကွဲမှု အဓိကတာဝန်ရှိသူ နအဖဟု ဆိုနေကြ

ဧပြီ (၁၅) ရက် (သင်္ကြန်အကြတ်နေ့)၊ ကန်တော်ကြီးပတ်လမ်း X20 မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူမှာ နအဖသာလျှင်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတို့က ဝေဖန်ပြောဆိုကြသည်။

ထိုနေ့က သေဆုံးသူ (၈) ဦးတွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှ (၅) ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများ၏ ထက်ဝက်ခန့်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်တခုတည်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Read More...

ကချင်ဒေသ ပေါက်ကွဲမှုအပြီး အဖမ်းအဆီးရှိ

မြစ်ကြီးနားမြို့ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဒေသ၌ ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲ မှုများနှင့် ပတ်သက်၍ တနင်္ဂနွေနေ့တွင် အာဏာပိုင်တို့က ဒေသခံ ၅ ဦးကို ဖမ်းဆီးကာ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

Read More...

ထွက်ပြေးလာသောအသက်မပြည့်စစ်သားအား KNU မှနေရပ်သို့ပြန်လည်ပို့ဆောင်

ပယီၖသုးဖိစံၗဖ်ိးဘၗတၓဆွၔကဒါက့ၖ
ကွယ်ကလူသတင်းမှ

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှု အမေရိကန် ဆက်လုပ်မည်

VOA သတင်းမှ
မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ရုတ်တရက် ပြောင်းလဲဖို့ အလားအလာ မရှိသေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးရုံး ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ တနှစ်အတွင်းမှာ ဖြစ်ပေါ်လာတာ မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကိုလည်း တနှစ်တည်းမှာပဲ ဖြေရှင်းလို့ မရဘူးလို့ ပြောခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

Read More...

Air Bagan မဏ္ဍပ်မှာ ပျော်ပါးသည့် ဦးတေဇ သား ပုံများ ပျံ့နှံ့

စောက်ချိုး ကမျောက်လိုးမဲ့ရုပ်မျိုးနဲ့ မသေခင် စောက်ကမြင်းကျောထထားပါ။

ဧရာဝတီ သတင်းမှ
မကြာသေးခင်က ကျင်းပခဲ့သော ရန်ကုန် သင်္ကြန်ပွဲတွင် နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ Air Bagan (အဲပုဂံ) မဏ္ဍပ်၌ ဒီဂျေနှင့် အနောက်အတိုင်း အကများ ဖျော်ဖြေသည့် နိုင်ငံခြားသားများ၊ နောက်ဆုံးပေါ်ကားများဖြင့်မဏ္ဍပ်လာ ထိုင်သူများနှင့် ကျပ် သိန်းပေါင်း များစွာ အကုန်အကျခံ၍ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။




ယင်း Air Bagan မဏ္ဍပ်တွင် ဦးတေဇ၏ သားများက အပေါင်းအပါများဖြင့် ပျော်ပါးနေကြသည့် ဓာတ်ပုံများမှာလည်း အင်တာနက် ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

၎င်းဓာတ်ပုံများကို နာမည်ကြီး ဘလော့တခုဖြစ်သည့် နစ်နေမန်းဘလော့တွင် ဖော်ပြထားသည်။

Air Bagan မဏ္ဍပ်တွင် ယခင်နှစ်များက စိုင်းစိုင်းခမ်းလှိုင်နှင့် ဒီဂျေ သော်သော်အား ပင်တိုင်ထားရှိသော်လည်း ယခုနှစ်တွင် ဒီဂျေနှင့် အနောက်တိုင်းအကများဖြင့်ဖျော်ဖြေသူများမှာ နိုင်ငံခြားသားများဖြစ်ကြောင်း၊ နာမည်ကြီး အဆိုတော်များနှင့် သရုပ်ဆောင်များ မပါဝင်ဘဲ သီချင်းတက်ဆိုသူများမှာ အင်္ဂလိပ် သီချင်းကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူများဖြစ်ကြောင်း သိရသည်။

“အရင်နှစ်တွေက ဒီဂျေသော်သော်ကိုငှားနေကျလေ။ ဒီနှစ်ကို မငှားတော့ဘူးဆိုတော့ အံ့သြနေတာ။ နောက်တော့မှ သြစတြေးလျ က ဒီဂျေလို့သိရတယ်။ နောက်ပြီး မဏ္ဍပ်မှာ ရေပက်တဲ့သူတွေထဲမှာလည်း နိုင်ငံခြားသားတွေပါတယ်"ဟု Air Bagan ၀န်ထမ်းတဦး က ဧရာဝတီသို့ ပြောသည်။

အဆိုပါ မဏ္ဍပ်တွင် ရေကစားသည့် လူငယ်တဦးကလည်း“မဏ္ဍပ်မှာ သူတို့ အသိုင်းအ၀ိုင်းတွေပဲများတယ်။ အဲပုဂံက ၀န်ထမ်းတွေ ရယ်၊ နောက် ဦးတေဇပိုင်တဲ့ကုမ္ပဏီက လူတွေများတယ်။ အပြင်လူကနည်းတယ်"ဟု ဆိုသည်။

၎င်းမဏ္ဍပ်သို့ လာရောက် ရေကစားကြသည့် လူငယ်များမှာ နောက်ဆုံးပေါ်ကားများဖြင့် အပြိုင်အဆိုင် လာရောက်ကြခြင်း ဖြစ်ကြောင်းသိရသည်။

“ကားနံပါတ်တွေက နောက်ဆုံးပေါ် နံပါတ်တွေနဲ့ မှန်တွေကလည်း နေကာမှန် အမည်း တွေတပ်ထားတဲ့ကားမျိုးတွေနဲ့ မဏ္ဍပ် လာထိုင်ကြတာ"ဟု Air Bagan မဏ္ဍပ်ကို သွားရောက်ကြည့်ရှုခဲ့သည့် ရန်ကုန်မြို့ခံတဦးကဆိုသည်။

အဆိုပါ Air Bagan မဏ္ဍပ်တွင် အပြင်လူများအနေဖြင့် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်ရေကစားမည်ဆိုလျှင် ကျပ် ၃၀၀၀၀ ပေးရပြီး မဏ္ဍပ်၏ အပြင်အဆင်နှင့် အသုံးပြုထားသော စက်ပစ္စည်းများမှာ အလွန်ကောင်းမွန်ကြောင်း၊ မဏ္ဍပ်၏ အကျယ် အ၀န်းမှာ ပေ ၁၀၀ ခန့်ကျယ်ဝန်းကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

မဏ္ဍပ်၏ ကုန်ကျစရိတ်အား အတိအကျမသိရသော်လည်း နစ်နေမန်းဘလော့တွင် သိန်း ၅၀၀ ခန့် အကုန်အကျခံ ဆောက်လုပ် ထားခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ရန်ကုန်မြို့ရှိရေကစားမဏ္ဍပ်များ၏ မဏ္ဍပ်ထိုင်ခ နှုန်းထားများမှာ ၄ ရက်လျှင် ကျပ် ၄ သောင်းခန့်ရှိပြီး တချို့မဏ္ဍပ်များမှာ ကျပ် ၅ သောင်း အထိရှိကြောင်းသိရသည်။

ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အင်လျားကန်စောင်းအား ကျောပေး ဆောက်လုပ်ထားသော မဏ္ဍပ်များထဲမှ မဏ္ဍပ် ၆ ခုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်နှင့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ တို့၏ အသိုင်းအ၀ိုင်းများထဲမှ ၎င်းတို့၏ အမည် ကိုအသုံးပြုကာဆောက်လုပ်ထားခြင်းဖြစ်သည်။ ထိုမဏ္ဍပ်များသည် အင်လျားကန်ထဲမှ ရေသွယ်ယူခဲ့ကြောင်း၊ မဏ္ဍပ်၏ အနောက်ဘက်တွင် အခန်းများပြုလုပ်ထားကာ ညအိပ် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။

“အဲ့ဒီမှာ ဆလိုက်မီးတွေအများကြီး သုံးထားတယ်။ ညဘက်မှာ နိုက်ကလပ်လို ပုံစံမျိုးနေလို့ရအောင် လုပ်ထားတယ်။ မဏ္ဍပ် ကုန်ကျငွေက အနည်းဆုံး ကျပ်သိန်း ၁၀၀ အထက်မှာရှိတယ်"ဟု အဆိုပါ မဏ္ဍပ်တွင် ရေကစားသည့် လူငယ်တဦးက ပြော သည်။

အာဏာပိုင်များက၂၀၁၀ သင်္ကြန် မဏ္ဍပ်များ၏ နောက်ခံအပြင်အဆင်များကို မြန်မာ့ရိုးရာ ပန်းချီဒီဇိုင်းများနှင့် ပြုလုပ်ရန်၊ သင်္ကြန် မဏ္ဍပ် အမည်များကို မြန်မာဆန်ဆန် ပေးကြရန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်မအပ်စပ်သော ၀တ်စားဆင်ယင်မှု ကခုန်မှု သရုပ်ပျက်မှုများအား လုံးဝ ခွင့်မပြုရန်၊ မဏ္ဍပ်တွင် မြန်မာ့ရိုးရာ အစားအစာဖြင့်သာ ဧည့်ခံကျွေးမွေးရန် စသည်ဖြင့် သင်္ကြန်မတိုင်ခင် စည်းကမ်းချက်များ ထုတ်ပြန်ထားသည်။

သို့သော် ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းတွင်ရှိသည့် ရေကစားမဏ္ဍပ်များအား ပေးထားသည့် အမည်များမှာ မြန်မာဆန် သည့် အမည်များမဟုတ်ကြောင်းလည်း သိရသည်။

“ပြောတော့သာ မြန်မာဆန်တဲ့ အမည်ပေးရမယ်ဆိုပြီး တချို့ဆို ငရဲပြည် လို့တောင် ပေးထားသေးတယ်။ ကျမအထင် သူတို့တွေ စည်ပင်ကိုတင်တော့ မြန်မာနာမည်နဲ့တင်ပြီး နောက်မှ သူတို့ပေးချင်တဲ့ နာမည်ပေးလိုက်တာလို့ထင်တယ်"ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ထို့အပြင် အဆိုပါ ကန်တော်ကြီး ကန်ပတ်လမ်းမှ မဏ္ဍပ်များကို အမည်းရောင်များဖြင့် တန်ဆာဆင်ထားသဖြင့် အတိတ်နိမိတ် မကောင်းကာ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်များနှင့် ကြုံတွေ့ကြရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်မြို့ခံများက ဝေဖန်ပြောဆို နေကြသည်။

ပြီးခဲ့သည့် သင်္ကြန်အကြတ်နေ့က ရန်ကုန် ကန်တော်ကြီး ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်အနီး ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲ မှုကြောင့် လူ ၈ ဦး သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၇၀ ရှိကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားသည်။

ယခုနှစ် သင်္ကြန်ရေသဘင်ပွဲကို မြန်မာနိုင်ငံတွင် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပခြင်းဖြစ်သည်။

Read More...

ရွေးကောက်ပွဲကို သြစတြေးလျ ပြည်နယ်တခု ဆန့်ကျင်

၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည် မသုံးသပ်သည့် အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ဟု သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး (New South Wales) ပြည်နယ်လွှတ်တော်တွင် ယမန်နေ့က ကန့်ကွက်သူ မရှိ ဆုံးဖြတ်လိုက်သည်။

Read More...

မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား

စစ်အစိုးရနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါက ထိပ်ပိုင်း ခေါင်းဆောင် တချို့ အပါအ၀င် မွန်ပြည်သစ် ပါတီဝင်များ တောတွင်း အခြေစိုက် စခန်းသို့ ပြန်ရန် လျှို့ဝှက်နှုတ်ဆက်ပွဲများ ကျင်းပနေကြကြောင်း သိရသည်။

Read More...

တိုက်ပွဲခေါ်သံ

ရဲဘော်……..
ဇွဲကောင်းလိုက်ကြတာ
မွန်ဂို သဲချောင်းကလာကြတယ်
နယ်မြေတွေ ရေကြည်ရာမြက်နုရာ
ရှာဖွေ လာလမ်းတလျောက်
သံပေါက် ကဗျာများထားခဲ့ကြတယ်
ဇွဲကပင်တောင်က သက်သေပေါ့ကွယ်။

Read More...

အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို ရရှိသော ဗုံးဒဏ်ရာ များအား စင်ကာပူတွင် သွားရောက် ကုသရန် ကြိုးပမ်းနေ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ် ရှေ့၌ သင်္ကြန် အကြတ်နေ့ ဧပြီ (၁၅)ရက်၊ မွန်းလွဲ ၃ နာရီ ခန့်တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့မှုကြောင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ အမှတ် (၄)စစ်ဒေသမှူး ၊ ဗိုလ်မှူးကြီး အုန်းချို သည် မျက်နှာ နှင့် ၀မ်းဗိုက် တို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရသော အခြေ အနေတွင် ရှိကြောင်း အမှတ် (၁) တပ်မတော် ဆေးရုံကြီး ၊ ကုတင် (၁၀၀၀) မှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦး ထံမှ စုံစမ်း သိရှိ ရပါသည်။

Read More...

ဝတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က စစ်ရေး ပြင်ဆင်မှုများ အပါအ၀င် မဟာမိတ်များနှင့် နီးကပ်စွာ ဆက်ဆံမှုများကို ယခု ရက်ပိုင်း အတွင်း ပိုမို ပြုလုပ် လာသည်။
လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။

Read More...

ပလောင်ပြည်သူ ပညာရေးအခြေအနေ အလင်းမဲ့ဘ၀ ကျရောက်နေ

ဧပြီလ ၂၀ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
စစ်အစိုးရ၏ တာဝန်မဲ့မှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း ကင်းမဲ့နေမှုများကြောင့် တအာင်း(ပလောင်) ပြည်သူတို့၏ ဘ၀များ လည်း အလင်းကင်းမဲ့နေကြောင်း တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (TSYO)က ယနေ့ပြုလုပ်သည့် “အလင်းမဲ့ဘ၀” အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။

Read More...

ဗုံးပေါက်ကွဲသတင်း ကျယ်ပြန့်ရန် နအဖ လုပ်ဆောင်နေ

နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။

Read More...

နအဖ ပေးသည့် ဒက်လိုင်း အဖြေပေးဖို့ ၀ တပ်ဖွဲ့အစီအစဉ်မရှိ

ဧပြီ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရန် နအဖ ပြောသည့် အတိုင်း အဖြေမပေးနိုင်ဟု ၀ တပ်မှူးတဦးကပြောကြောင်း - ခိုင်လုံသည့် ပန်ဆန်းမြို့သတင်းရပ်ကွက် က ပြောပါသည်။

Read More...

မြစ်ဆုံဗုံးပေါက်ကွဲမှု နအဖလုပ်ကြံ - KIA တပ်မှူးပြော

ပြီးခဲ့သည့်စနေနေ့က ဧရာဝတီမြစ်ဆုံ ဗုံးပေါက်ကွဲမှုတွင် နအဖ ကိုယ်တိုင် လုပ်ကြံစီစဉ်ခြင်းဖြစ် နိုင်သည်ဟုအမည်မဖေါ် လိုသည့် KIA တပ်မှူးတဦးက ပြောပါသည်။

“၁၆ ရက်နေ့က KIO ဦးစီးကျင်းပတဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ KIO ရဲ့ရပ်တည်ချက်ကို လူထုကထောက်ခံ တယ်။ ဆို တော့ နအဖက မကျေနပ်လို့ တမင်လုပ်ကြံတာဘဲဖြစ်နိုင်တယ်။ ကျနော်တို့လက်ချက်တော့ လုံးဝ မဟုတ်ဘူး” - ဟု KIA တပ်မှူးတဦးပြောကြားခဲ့သည်။

Read More...

ဖိုးလပြည့်ကို ရည်ရွယ်ဗုံးခွဲခဲ့ဟုဆို

သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုမှာ ဖိုးလပြည့်နှင့် အာဏာပိုင်များကို ရည်ရွယ်ဟန် ရှိကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟု သိရသည်။
ဗုံးပေါက်ကွဲမှု မဖြစ်ခင် သင်္ကြန်အကျနေ့က ရန်ကုန် ကန်တော်ကြီး ကန်ပတ်လမ်းထဲသို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် လာရောက် လည်ပတ်သွားသည်ဆိုသည့် သတင်း ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ် အသိုင်းအ၀န်းမှ သိရသည်။

Read More...

စခန်းသစ်ဆောက်လုပ်ရန် ရွာသားများ လုပ်အားခိုင်းခံရ

ဧပြီလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၇) လှုပ် ရှားတပ်သည် ၎င်းတို့၏ စေဖိုးလူတပ်စခန်းသစ် ဆောက်လုပ်ရေးအတွက ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ မယ်ကဲရွာသား များကို ယနေ့ အတင်းအဓမ္မ လုပ်အားပေးခိုင်းနေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

Read More...

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံး ခဲ့သူ များ၏ မိသားစုဝင် များ၏ ခံစားမှုများ

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ဦးခင်မောင်လေး ၆၁ နှစ် ၏ မိသားစုဝင် တစ်ဦး
'အဖေက ရပ်ကွက်ထဲက ရာအိမ်မှူးပါ၊ သင်္ကြန် အကြတ် နေ့က ဆရာဝန် အသင်း မဏ္ဍပ်မှာ တာဝန်ကျ ပါတယ်။ မနက် ၇ နာရီက သွားပြီး မွန်းလွဲ ၁၂ နာရီ ခွဲမှာ ခဏ လာနားတယ်။ ပြီးတော့ ၂ နာရီ လောက်မှာ ပြန်သွားတယ်။ ၃ နာရီ ၀န်းကျင် လောက်မှာ အိမ်ကနေ အသံ ကျယ်ကြီး နှစ်သံ ကြားလိုက်ရပါတယ်။ နောက် သိပ်မကြာခင်မှာ တစ်သံ ထပ်ကြား ရတယ်။ ကျွန်မရဲ့ အဖေ ဗုံးမှန်လို့ ဒဏ်ရာ ရသွားတယ် ဆိုတာကို မိတ်ဆွေ တစ်ယောက် လာပြော တယ်။ ဖြစ်တဲ့ အခါမှာ အဖေက ခွေကနဲ လဲကျ သွားတယ်။ အဲဒီ အချိန် တုန်းက နှလုံးခုန်နေ သေးတယ်။ ဒါပေမယ့် မျက်လုံး ကတော့ မပွင့် တော့ဘူး။ တူလေးက အလုပ်သမား ဆေးရုံကြီးကို ခေါ်သွားတယ်။ ဆေးရုံ အရောက်မှာတော့ အသက် မရှိတော့ ပါဘူးလို့ တူလေးက ပြန်ပြောပြ ပါတယ်။ သင်္ကြန် အတက် နေ့မှာ သက်ဆိုင်ရာ တာဝန် ရှိသူ တွေက မနက် ၆ နာရီကနေ ၈ နာရီအတွင်း အလောင်း ထုတ်ပေးမယ် ဆိုလို့ အရောက် သွားတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ ရေဝေး သုသာန်မှာပဲ ကျွန်မတို့ အစ္စလာမ် ဘာသာဝင်ရဲ့ ထုံးစံ အတိုင်း သဂြုင်္ိဟ်ခဲ့ ပါတယ်' ဟု ဗုံးပေါက်ကွဲ မှုဖြင့် ကွယ်လွန် သွားခဲ့သူ မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဦးခင်မောင်လေး ၏ သမီးဖြစ်သူ မတင်မာလတ်က ပြောပြ ပါသည်။

Read More...

ဗုံးကွဲမှုတွင် တိုင်းစစ်ဒေသမှူး ပြင်းထန်စွာ ဒဏ်ရာရ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ကန်တော်ကြီးရှိ X2O ရေပက်မဏ္ဍပ်တွင် ယခုလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့) က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွင် တိုင်းစစ်ဒေသမှူးတဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read More...

ပြည်ပအခြေစိုက် အဖွဲ့ အစည်းများ အား သင်္ကြန်တွင်း ဗုံးကွဲမှု ၏ လက်သည် ဟု စွပ်ဆွဲ

Freedom News Group မှ။

ဧပြီလ ၁၅ ရက်နေ့ ညနေ သုံးနာရီ ရန်ကုန် မြို့ ကန်တော်ကြီး အနီးရှိ သင်္ကြန်ရေကစား နေသည့်
မဏ္ဍပ် တစ်ခု အနီးတွင် ဗုံးပေါက်ကွဲမှုသည် နယ်စပ် အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်လွတ်
မြောက်နယ်မြေ ၊NCUB ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရတ်တစ် တပ်ဦး(ABSDF)
နှင့် အမျိုးသား ညွှန့် ပေါင်းအစိုးရ တို့ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာ တွင် စွပ်ဆွဲ ဖော်
ပြထားသည်။

Read More...

အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)

ကလန်သံဗျင်
မီဒီယာ၊ ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။

ဗိုလ်ချုပ်မှုးကြီး၊ ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့  ပဲကြည့်တယ်လေဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်လေ ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ

Read More...