DKBA နှင့် ABSDF ပူးတွဲပြီး ဝေါ်လေ နေရာ ၃ ခုကို တိုက်ခိုက်

ဧရာဝတီ မှ...

ဝေါ်လေရှိ နအဖ စစ်အစိုးရတပ်များ တပ်စွဲထားရာ နေရာ ၃ ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်များ ဒီဇင်ဘာ ၈ ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ပြီး ဝင်ရောက် ရှင်းလင်းရာ နအဖဘက်မှ အရာရှိတဦးနှင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

“ဝေါ်လေ ဒေသက တကော်ကျိုးမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို ကျနော်တို့ဝင်ပြီး ရှင်းလင်းရေး လုပ်တော့ လက်လှည့် အားသွင်းစက် ၂ လုံးနားမှာ တပ်ကြပ်ကြီး အလောင်း တလောင်း တွေ့တယ်။ နောက်ပြီး တပ်သား အလောင်း ၂ လောင်းတွေ့တယ်။ ဆက်လက် ရှင်းလင်းရာမှာ တ၀က်တပျက် ဖုံးအုပ်ထားတဲ့ သုံးပွင့်နဲ့ အရာရှိအဆင့် ဗိုလ်ကြီး အလောင်း တလောင်းကို ထပ်တွေ့တယ်။ သူတို့ ဘက်တံဆိပ်တွေမှာ ဖော်ပြထားတာကတော့ ခမရ ၅၄၇ ကပါ” ဟု ABSDF မှ စစ်ဦးစီးမှူး ဒဿက က ပြောသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံရွာဘက်တွင်လည်း တိုက်ခိုက်ခဲ့ကြောင်း ၎င်းက “မနေ့က ကျိုက်ဒုံရွာက နအဖတပ်တတပ်ဟာ စစ်ကူပေးဖို့ ထွက်ခွာလာတယ်။ အဲဒီတပ်ကို ကျနော်တို့ဘက် ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၁၅ မိနစ်မှာ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တယ်” ဟု ဆိုသည်။

Read More...

တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရ

KIC သတင်းမှ......

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မုလအိတောင်နှင့်ကပ်လျှက် ချူကလီးဒေသသို့ တက်လာသည့် နအဖစစ်ကြောင်း အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)မှ ချုံခိုတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

တပ်အင်အား ၂၀၀ကျော်ရှိ အဆိုပါ နအဖ စစ်ကြောင်းမှာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးရွာ အခြေစိုက် နအဖ စကခ(၁၉) လက်အောက်ခံ ခလရ(၂၉၉)နှင့် ခမရ(၅၆၈) တပ်ရင်းအား ဒီကေဘီအေ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၄)မှ ဆွဲမိုင်းများဖြင့် ချုံခို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုဒေသတွင် လှုပ်ရှားနေသော ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ် စောစမင်းက ပြောသည်။

၎င်းက “ဒီနေ့ မနက် ၁၀နာရီ ၅၅မိနစ်မှာ ချုကလီးကျေးရွာမရောက်ခင် မယ်ကလားဖိုးခီးနေရာမှာ တက်လာတဲ့ နအဖစစ်တပ် ကို ကျနော်တို့လူတွေ ဆွဲမိုင်း(၂)လုံးနဲ့ တခါတည်း သွားဆွဲတော့ နအဖဘက်က ၃ဦး ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ သေတာမရှိဘူး။ ပစ်ခတ်မှုကတော့ ၁၀မိနစ်နီးပါးလောက် ကြာတယ်။ ပြောက်ကျားစစ်ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က တယောက်မှ မထိဘူး။”ဟု ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာမှ.......

KNU တောင်ငူခရိုင်၊ KNLA တပ်မဟာ(၂) ဒေသအတွင်း လှုပ်ရှားလျှက်ရှိသော (DAB) စစ်ဒေသ အမှတ်(၁) စစ်ကြောင်းသည် တောင်ငူ-လွိုင်ကော် ကားလမ်းတွင်တည်ရှိသော လိပ်သိုလ်မြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌါနချုပ် လက်အောက်ခံ ခလရ-၆၀၃ တပ်ရင်းကို၆/၁၂/၂၀၁၀ နံနက် ၀၅း၃၀ မှ ၀၅း၅၀ နာရီအထိ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ပွဲတွင် ရန်သူဘက်မှ တပ်မှူး ၁ ဦးအပါအ၀င် ၅ ဦး ကျဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရခဲ့သည်။ မိမိဘက်မှ စစ်သည် (၂)ဦး အနည်းငယ် ရှပ်ထိ/ဒဏ်ရာရခဲ့သည်။ (ကိုးကား - ဒီအေဘီ)

ဝေါ်လေတိုက်ပွဲ နအဖ ၇ဦး ကျဆုံး

KIC သတင်းမှ.....

ကရင်ပြည်နယ် မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် ယမန်နေ့ညက နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၇ဦး ကျဆုံးခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယမန်နေ့ည ၈နာရီအချိန်တွင် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၁)နှင့် (၄၀၉)တပ်ဖွဲ့ဝင်များအား ဒီကေဘီအေတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောစတီးက ပြောသည်။

သူက “မနေ့ ည ၈နာရီအချိန်မှာ ကျနော်တို့တပ်ဖွဲ့က ဝေါ်လေ၊ သုခမြိုင်ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ကို သွားပစ်တယ်။ တိုက်ပွဲက မိနစ် ၃၀ကြာတယ်။ နအဖဘက်က ၇ယောက်သေတယ်။ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူး။”ဟု အတည်ပြု ပြောကြားသည်။

Read More...

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုက်

KIC မှ.....

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောနယ်မြေတ၀ိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျားတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂၀၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

Read More...

နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့

KIC မှ.....

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းရွာအကြားရှိ နအဖတပ်များ ရိက္ခာသယ်ယူနေသည့် သစ်သားတံတားငယ် ၇စင်းကို နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်တပ်ဖွဲ့(KNLA)တပ်များက နိုဝင်ဘာလဆန်းပိုင်းက မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ရက်နေ့မှစ၍ အဆိုပါ တံတားငယ် ၇စင်းကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဟိနောလော်၊ နိုခဲလော်၊ ထွိသီးအုလော်၊ ခုလာ့လော်၊ ခွချိလော်၊ ခေါလော်ကလိုး၊ မောမောလော်တံတားတို့ ဖြစ်သည်ဟု ဖာပွန်ခရိုင် တပ်မဟာ(၅) KNLA ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

သူက “ကျနော်တို့ဖျက်တဲ့ တံတားတွေက ဖာပွန်နှင့် ကမမောင်းရွာကြားမှာရှိတဲ့ ကတဲတိ(ကတိုင်တိ)ရွာအောက်က တံတား ၂စင်း၊ ကတိုင်တိရွာအထက်က ၄စင်း၊ မာ့ထောင်းနဲ့ ကူးဆိပ်ရွာကြားက ၁စင်းပေါ့နော်။ ကျနော်တို့ ဒီလိုဖျက်ရတာလည်း ဒီလို မျိုး ဆောင်းတွင်း စပါးရိတ်သိမ်းချိန်မှာ နအဖ တပ်တွေ တက်လာပြီး အဲဒီမှာရှိတဲ့ တောင်ယာနဲ့ လယ်ယာစပါးခင်းတွေကို မီးရှို့ ဖျက်ဆီးတာ ရှိတယ်။ နောက် သူတို့ လိုအပ်တဲ့ ရိက္ခာတွေ ဒီလမ်းကြောင်းကနေပဲ သုံးတယ်လေ။ ဒါကြောင့် ကျနော် ဖျက်ပစ်ရ တာပါ။”ဟု ပြောသည်။

Read More...

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ

KIC မှ....

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။

Read More...

ဖိုးလပြည့် မျက်နှာမငယ်ရအောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မန်/ယူ ကလပ်အား ၀ယ်ပေးချင်

myanmarwikileaks မှ...

US embassy cables: Burma regime crony picks general's grandson for football team
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အင်္ဂလန် ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာယူနိုက်တက် ဘောလုံးကလပ် အသင်း ကို ၀ယ်ယူရန် စီစဉ် ခဲ့ကြောင်း Wikileaks၏ Embassy of Rangoon တွင် ယနေ့ ထပ်မံ ပေါက်ကြား မှု ဉ် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီးက အင်္ဂလန် ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်အသင်းကိုဝယ်ယူလိုသည် မှာ၎င်း၏ မြေးဖြစ်သူ ကို နေရွှေသွေးအောင် အတွက် ဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက သံအမတ်ကြီး အဆင့်သံရုံးယာယီတာဝန်ခံ Larry M. Dinger က ၀ါရှင်တန်သို့ ပို့ သည့် ကြေးနန်းတွင် ဖော်ပြထားသည်။

Read More...

မြ၀တီမြို့နယ်အတွင်း နအဖ တပ် လက်နက်ကြီးများဖြင့် ပစ်ခတ်

ဧရာဝတီ မှ..

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ မင်းလက်ပံရွာအနီး မေတ္တာ လင်းမြိုင်တွင် ယနေ့ နံနက် ၅ နာရီခန့်က နအဖ စစ်တပ်က လက်နက်ကြီးများဖြင့် အချက် ၂၀ ခန့် ပစ်ခတ်ကြောင်း သိရသည်။ ကရင် ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ ဘက်ကို တိမ်းရှောင်လာရသည့် စစ်ပြေး ဒုက္ခသည် လက်ရှိ ၁၀၀၀ ကျော်ရှိနေပြီး ထပ်မံ ရောက်ရှိလာနိုင်ကြောင်း ထိုင်း သတင်းထောက်များနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

မာနယ်ပလောတွင် KNLA တပ်စခန်းပြန်ထိုင်

ဧရာဝတီ မှ.....

ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။