ဒီကေဘီအေ အကောက်ဂိတ်များဆုံးရှုံး
မဇ္ဈိမ သတင်းမှ.........
နယ်ခြားစောင့်တပ်ပြောင်းရမည်ဖြစ်သကဲ့သို့ အဓိက ၀င်ငွေရပေါက်ရလမ်းတခုဖြစ်သော မြန်မာ-ထိုင်းနယ်စပ် အကောက်ဂိတ်များကိုလည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) က စစ်တပ်လက်သို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။
ယခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် လူအ၀င်အထွက်နှင့် တရားမဝင်သွင်းသည့် ကုန်ပစ္စည်းများကို အကောက် ခွန်ကောက်ခွင့်ရှိနေသော DKBA ဂိတ်များကို စစ်အစိုးရတပ်များက နေရာယူတိုးချဲ့မှုပြုလုပ်ပြီဟု မြဝတီမြို့ အခြေစိုက် ၉၉၉ လက်အောက်ခံ ဒီကေဘီအေ အရာရှိတဦးကပြောသည်။ ယခုလ ၅ ရက်နေ့က ဒီကေဘီအေ အကောက်အခွန်ရုံးများတွင် လွှင့်ထူထားသည့် ဒီကေဘီအေတပ်ဖွဲ့အလံများကို စစ်တပ်က အဖြုတ်ခိုင်းလိုက်ပြီဖြစ်သည်။
“သောင်းရင်းမြစ်ကြောတလျောက်က ကျနော်တို့ ဂိတ်တွေကတော့ ပိတ်ထားတယ်။ ရှင်းလည်း ရှင်းခိုင်းထားတယ်။ မြဝတီကနေ ဘားအံတကြော ဂိတ်တွေကိုတော့ သူတို့ အရင် စစ်သား ၅ ယောက်လောက်ထည့်ထားတဲ့ ဂိတ်တွေကို အခု ၁၀ ယောက်လောက် ဖြည့်လိုက်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
မြန်မာနှင့် ထိုင်းနယ်နမိတ်ပိုင်းခြားထားသော သောင်းရင်းမြစ်တလျောက် ဒီကေဘီအေ၏ အခွန်ဂိတ် ၂၀ ခန့်ရှိသည်။ ဂိတ်အချို့မှာ မော်တော်ယာဉ်တင်သွင်းခြင်း၊ အ၀တ်အထည်၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့တင်သွင်းမှုပြုနေပြီး အများစုကတော့ လူဖြတ်ကူးသန်းရာဖြစ်သည်။
ထိုကုန်ပစ္စည်းများကို မြဝတီမှ တဆင့် ရန်ကုန်၊ မော်လမြိုင်နှင့် အခြားမြို့များသို့လည်း ဒီကေဘီအေမှ တာဝန်ယူ ပို့ဆောင်ပေးလျက်ရှိပြီး ထိုလုပ်ငန်းကြောင့် ဒီကေဘီအေ တပ်သားများ၏ ဝင်ငွေ လည်ပတ်ခဲ့ကြသည်။
ယခုအခါ ထိုကုန်ပစ္စည်းများ သယ်ဆောင်ရာ လမ်းကြောင်းဖြစ်သည့် မြဝတီ-ဘားအံ လမ်းကြောင်းရှိ ဂိတ်များကိုလည်း စစ်တပ်က နေရာဝင်ယူလိုက်ပြီဖြစ်သည်။
ယခုလ ၂၀ ရက်နေ့ မြိုင်ကြီးငူတွင်ပြုလုပ်မည့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးလုပ်ဆောင်အပြီးတွင် ဂိတ်များကို သိမ်းဆည်း၍ စစ်တပ်က ချုပ်ကိုင်တော့မည်ဖြစ်သဖြင့် အဆိုပါ လက်အောက်ငယ်တပ်အချို့မှ စားဝတ်နေရေး အခက် အခဲဖြစ်ကာ ပစ်ခတ်မှုများ ပေါ်ထွက်လာမည်ဟု ခန့်မှန်းသူများလည်း ရှိနေသည်။
“အခု နယ်ခြားစောင့် လုပ်ဖို့ လက်မှတ်ထိုးလိုက်တဲ့ ၉၉၉ အပါအဝင် အခြားတပ်တွေက တပ်သားတွေက တောထဲဝင် တာတွေ ကျနော်တို့နဲ့လာပေါင်းတာတွေ၊ ကေအန်ယူနဲ့ ဆက်သွယ်တာတွေရှိနေကြတယ်။ တချို့က ပျောက်ကြား ဖွဲ့ပြီး ဖောက်ခွဲမှုတွေ အလစ်ဝင်ပစ်မှုတွေဖြစ်လာဖို့ရှိတယ်” ဟု ဒီကေဘီအေ တပ်မဟာ ၅ စစ်ဘက်အရာရှိက မဇ္ဈိမကိုပြောသည်။
ယခုလ ၆ ရက်နေ့ည ၈ နာရီခွဲ့ခန့်က မြဝတီမြို့ ညဈေးထိပ်တွင် ဗုံးတလုံးပေါက်ကွဲရာ လူနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ယောက် ဒဏ်ရာရသွားခဲ့သည်။ ဗုံးလက်သည်ကိုတော့ မဖော်နိုင်သေးပေ။
ဒီကေဘီအေအတွင်း တပ်မဟာ ၅ သည် စစ်တပ်က ပြုလုပ်သည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းမှုကို ငြင်းဆန်ထားသည်။
နောက်တပတ်သောကြာနေ့ နယ်ခြားစောင့်တပ်ပြောင်းအခမ်းအနားနောက်ပိုင်း ယခင်လကထဲက မြန်မာဘက်က ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်မည် ထင်ရကြောင်း ဒီကေဘီအေ တပ်မှူးများက တွက်ဆနေကြသည်။
ကော်သူးလေးအတွက်အသက်ကိုပေးလှူမည်
(၆၀)နှစ်မြောက်ကရင်အမျိုးသားအာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ဒီသီချင်းလေးကိုတင်ဆက်လိုက်ပါတယ်။
စိတ်မနှံ့သူကျေးလက်အမျိုးသမီးအား နအဖစစ်ဗိုလ်မုဒိန်းကျင့်
ယုတ်မာတဲ့နေရာမှာ စစ်ခွေး..........မိုက်ရိုင်းတဲ့နေရာမှာ စစ်ခွေး.........သောက်ကျင့်ယုတ်တဲ့နေရာမှာ စစ်ခွေး......ခုလည်းကြည့် စိတ်မနှံ့တဲ့အမျိုးသမီးတောင် မချန်............တဏှာကြီး လီးသရမ်းတဲ့ စစ်ခွေးနအဖတပ်မှအဖေမရှိ မွေးထုတ်ခဲ့တဲ့ စစ်ဗိုလ်ရဲ့လုပ်ရပ်ကို သျှမ်းသံတော်ဆင့်မှ ကူးယူဖော်ပြထားပေးပါတယ်။
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက်လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းမှ စစ်ဗိုလ်က ၀မ်လောဝ်းအုပ်စုရွာသူ တစ်ဦးအား မုဒိန်းကျင့်ပြီး သတင်းပြန့်ပါကသတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရပါသည်။
ကွန်ဟိန်းအခြေစိုက် ခမရ ၅၂၄ တပ်ခွဲ ၃ မှ ဗိုလ်သိန်းအောင်က အင်အား ၃၀ ကျော်နှင့်အတူ ကွန်ဟိန်းမြို့ တောင်ဘက် ၀မ်လောဝ်းအုပ်စုဖက်သို့ ရှေ့တန်းထွက်လှုပ်ရှားကြောင်း၊ ဂျူလိုင် ၂၄ ရက် ၀မ်လောဝ်းကျေးရွာ သို့ရောက်စဉ် ၂ ညတည်းပြီး စိတ်မနှံ့ရွာသူနန်းလူအား မုဒိန်းကျင့်ကြောင်း ဒေသခံများကပြောပြပါသည်။
“ဒုတိယ၀ါဆိုလပြည့်နေ့ ဘုန်ကြီးကျောင်းတက်တော့ ညကသူ့ကိုမုဒိန်းကျင့်တဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပြတယ်။ အဲဒီဗိုလ်က တခြားသူတွေကိုပြောပြရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့လဲ ပြောပြတယ်” ဟုအမည်မဖော်လို ရွာသားတစ်ဦးက ပြောပြပါသည်။
ထိုသတင်းတစ်ရွာလုံးပျံ့နှံ့သွားပြီး မိဘများလည်း မိမိတို့သမီးလုံခြုံရေးအတွက် စိတ်ပူနေကြကြောင်း ၎င်းကဤကဲ့သို့ ဆက်လက်ပြောပြပါသည်။
“အဲဒီသတင်းကြားပြီးတဲ့နောက် မိဘတွေလဲ သူတို့ရဲ့သမီးကညာတွေကို လယ်ယာသွားမလုပ်ခိုင်းတော့ဘူး။ အိမ်မှာလဲ တစ်ယောက်တည်း မထားရဲတော့ အလုပ်အကိုင်အရမ်းပျက်တာပေါ့”
အသက် ၃၀ နှစ်ရှိ နန်းလူသည် မိဘနှစ်ပါးစလုံးကွယ်လွန်သွားသောကြောင့် တစ်ယောက်တည်းနေထိုင်ကြောင်း၊ ကျန်းမာရေး မကောင်းမွန်သည့်အပြင် စိတ်ရောဂါလည်း ခံစားနေရကြောင်း သိရှိရသည်။
ကွန်ဟိန်းအခြေစိုက် ခမရ ၅၂၄ လှုပ်ရှားစစ်ကြောင်း(တပ်ခွဲ ၃)သည် ရွာတစ်ရွာလျှင် ပေါ်တာအနည်းဆုံး ၃ ယောက်ဆင့် ခေါ်ပြီး တရွာဝင်တရွာထွက် စစ်ကြောင်းထွက်တိုင်းအစဉ်အလှည့်ကျတာဝန်ယူရကြောင်း၊ တစ်လ အတွင်းရွာသားများ၏ အိမ်မွေးကြက် ၃၇ ကောင်လည်း ဆင့်ယူသွားခဲ့ကြောင်း၊ တွေ့သမျှခြံထွက်သီးနှံနှင့် အစား အစာများလည်းတောင်းရမ်း ခြင်းမပြုဘဲ ယူဆောင်သွားကြောင်း ဒေသခံများက ပြောပြပါသည်။
အနီရောင်စာလုံးမှာ ကျွန်တော့်ရဲ့ပေါက်ကွဲမှုဖြစ်သည်။
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း
တောင်ငူခရိုင်၊ တပ်မဟာ(၂)။
- ထန်းတပင်မြို့နယ်တွင်လှုပ်ရှားသော ခလရ(၇၃)တပ်သည် ၂၇.၇.၂၀၁၀နေ့ ည ၈နာရီ အချိန်တွင် အေးကျော်ကျေးရွာထဲသို့ဝင်ရောက်ပြီး ထိုရွာမှ စိတ်မနှံ့သူ စောမသဲ အသက်(၃၉)နှစ်အားပစ်သတ်ခဲ့ကြောင်းသိရှိရသည်။ ဘာအကြောင်း ကြောင့် ပစ်သတ်ခဲ့ကြောင်းမည်သူမှမသိပါ။
-၃၀.၇၂၀၁၀နေ့၂၀း၃၀အချိန်တွင်လယ်ဒဲအရပ်မှာမိမိတို့၏ပြောက်ကျားတိုက်ခိုက်မှု ကြောင့် ရန်သူ ၁ဦးဒဏ်ရာရ။
ဖားအံ့ခရိုင်၊ တပ်မဟာ(၇)။
- ၁.၈.၂၀၁၀နေ့၀၆း၄၆အချိန်တွင်မောကိုလေးအရပ်မှာမိမိတို့အဖွဲ့၏စောင့်ပစ်မှုကြောင့် ရန်သူခလရ(၆၂)မှ၃ဦးသေပြီး ၄ဦး ဒဏ်ရာရ။
- ၃.၈.၂၀၁၀နေ့၁၂း၀၀အချိန်တွင်စီဖိုးခီးနှင့်မယ်လအားခီးအကြားတွင်မိမိတို့အဖွဲ့၏တိုက်ခိုက်မှုကြောင့် ရန်သူခလရ(၆၂)မှ ၈ဦးသေပြီး ၁၄ဦး ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။
ညီအစ်ကိုDKBAသို့ပေးစာ
မိတ်ဆွေတစ်ဦးဆီကလက်ခံရရှိတဲ့မေးလ်ထဲကစာလေးတစ်စောင်ကိုစာဖတ်သူများသိရှိအောင်တင်ပြလိုက်ပါတယ်။
ဒီကေဘီအေ (၉၉၉)မှ တပ်ဖွဲ့ဝင် ၂၀ဦးခန့် လက်နက်များနှင့်အတူ ဗိုလ်မှူးကြီးစောလားပွယ်ထံ ပူးပေါင်း
နန်းထူးစံ (ကေအိုင်စီ)
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်အရေးကို လက်မခံသည့် ဒီကေဘီအေ (၉၉၉)တပ်မဟာမှ အရာရှိငယ်တစ်ဦး ပါဝင်သည့် တပ်ဖွဲ့ဝင် ၂၀ခန့်သည် ယခုရက်ပိုင်းအတွင်း ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးစီးသော ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဒီကေဘီအေ တပ်မဟာ (၉၉၉)လက်အောက်ခံ ဒုဗိုလ်မှူးကြီးစောကတုံး ဦးစီးသည့် သစ္စာတည်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး စောဘလို့ အပါအ၀င် ၁၆ဦးသည် သြဂုတ်လ ၆ရက်နေ့တွင်လည်းကောင်း၊ နောက်ထပ် တပ်ဖွဲ့ဝင် ၃ဦးသည် ယမန်နေ့ကလည်း ကောင်း လက်နက်ခဲယမ်းများနှင့်အတူ မြ၀တီမြို့နယ်၊ ဝေါ်လေအခြေစိုက် ဗိုလ်မှူးကြီးစောလားပွယ်၏ တပ်မဟာ(၅) တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ဝေါ်လေရှိ ဒီကေဘီအေ တပ်မှူးတဦးက ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “သူတို့တွေက ဒီကေဘီအေ သစ္စာတည်တပ်ရင်းက တပ်သားတွေဖြစ်တယ်။ ၆ရက် နေ့က ၁၆ယောက်နဲ့ သူတို့မိသားစုတချို့ပါတယ်။ မနေ့ကတော့ ၃ယောက် ထပ်ရောက်လာတယ်။ သူတို့က အထက်က လူကြီး တွေနဲ့ ဆက်သွယ်ပြီးတော့ လာတာလို့ပဲ သိရတယ်။ ကျနော်တို့က ရှေ့တန်းမှာဆိုတော့ အသေးစိတ် မသိဘူး။”ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သစ္စာတည်တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကတုံးကို ဆက်သွယ်မေးမြန်း၍ မရသော်လည်း ဒီကေဘီအေ တပ်မဟာ (၉၉၉) လက်အောက်ခံ အထူးတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမောင်ဝင်းက ယခုလို အတည်ပြု ပြောဆိုသည်။
သူက “ဟုတ်ပါတယ်။ ၁၀ယောက်ကျော် သွားတယ်လို့ ကျနော် သိရတယ်။ သူတို့က နယ်ခြားစောင့်တပ် မဖြစ်ချင်ဘူး။ ဘုန်းကြီး တပ်မတော်ပဲ ဖြစ်ချင်ကြတယ်လေ။ ဒါပေမဲ့ အဲဒီလူတွေက နယ်ခြားစောင့်တပ်ဖြစ်ဖို့ အားလုံး နာမည်ပေးထားပြီးသားပဲ။ ဟိုဘက် မှာ သူတို့ ခေါင်းဆောင်ဟောင်းတွေ ရှိတယ်လေ။ သူတို့ကို ခေါ်လို့ သွားတာဖြစ်မယ်။”ဟု ပြောသည်။
သစ္စာတည်တပ်ရင်း၊ တပ်ခွဲ (၂)မှူး ဦးစီးသော ဒီကေဘီအေအဖွဲ့သည် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ငြင်းဆန်လျှက်ရှိသည့် ဗိုလ်မှူးကြီးစောလားပွယ်၏ တပ်ဖွဲ့နှင့် သွားရောက်ပူးပေါင်းရာတွင် ၎င်းတို့နှင့်အတူ လက်နက်ကြီး 60-မမ ၁လက်၊ RPG ၁လက်၊ M-16 ၁လက်၊ M-79 ၁လက်၊ မော်တာ-16 ၂လက် အပါအ၀င် လက်နက်ကြီးငယ် စုစုပေါင်း အလက် ၂၀ကျော်နှင့် ကျည်ဆံများ ပါရှိသည်ဟု သိရသည်။
စစ်အစိုးရတပ်များသည် ယခုလဆန်းပိုင်းမှစ၍ နယ်ခြားစောင့်တပ်ဝင်မည့်သူများကို လက်ခံလျှက်ရှိရာ မြ၀တီမြို့ရှိ ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးစောမုတ်သုန်နေအိမ်နှင့် အခြား နအဖ တပ်စခန်းများ၌ ဒီကေဘီအေ တပ်ဖွဲ့ဝင် များကို နာမည်၊ ကိုယ်ပိုင်နံပါတ်များ မေးမြန်းကာ ဓာတ်ပုံရိုက်ယူပြီး နယ်ခြားစောင့်တပ်အဖြစ် လက်မှတ်ရေးထိုးခြင်းများ လုပ် ဆောင်လျှက်ရှိသည်။
ဒီကေဘီအေ တပ်ဖွဲ့အတွင်း ဗိုလ်မှူးကြီး စောလားပွယ် ဦးစီးသော တပ်မဟာ(၅)မှလွဲ၍ ကျန်သည့် ဒီကေဘီအေ တပ်မဟာများ သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်ခံကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး လာမည့် သြဂုတ်လ ၂၀ ရက်နေ့တွင် ဒီကေဘီအေဌာနချုပ် မြိုင်ကြီးငူအထူးဒေသ၌ နယ်ခြားစောင့်တပ် တံဆိပ်တပ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်တော့မည် ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ရက်နေ့က ဒီကေဘီအေ (၉၀၂)တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ဦး လက်နက်များနှင့်အတူ ကော့ကရိတ်မြို့နယ် အခြေစိုက် ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း (၁၈)ထံ သွားရောက်ပူး ပေါင်းခဲ့သလို ဇူလိုင်လ ၁၁ရက်နေ့၌လည်း ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲ့စရီဂွင်အတွင်း လှုပ်ရှားနေသည့် ဒီကေ ဘီအေ တပ်မဟာ(၉၉၉)၊ အထူးတပ်ရင်းမှ တပ်စုမှူးဦးဆောင်သည့် ၇ဦးအဖွဲ့သည် လက်နက်အပြည့်အစုံနှင့်အတူ ကေအဲန်အယ် လ်အေ တပ်မဟာ(၇) ထံ ပူးပေါင်းခဲ့သေးသည်။
လက်ရှိ အင်အား ၄၀၀၀ကျော်ရှိသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)တွင် တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၆၆)၊ (၇၇၇)၊ (၉၉၉)နှင့် တပ်မဟာ(၅)တို့ရှိပြီး နယ်ခြားစောင့်တပ်ကို လက်မခံသည့် တပ်မဟာ(၅)မှာ ဒုတိယ အင်အားအများဆုံးဖြစ်သည်။
အာဇာနည်သစ္စာ
လင်္ကာဒီပ ( ကေအိုင်စီ) မှ.......
လက် ပြောင်တဲ့ကြယ်စင်
နက် နဲအလင်းတွေ ပေးခဲ့သူ
ချ ထားမူတွေအတိုင်းရယ်
စ လယ်ဆုံး မနားတမ်းအကြား
ကား ပြန့်သွားဝင်္ကဘာထဲလေ
အ ဖြေရှာ လျှောက်လှမ်းသွားရင်း
လျဉ်း လျဉ်းလေးစိမ့်ဝင်သွားထင့်
မ မျှော်လင့်သဘောတရား
ပြော သွားခဲ့မူသစ္စာများ
ရ ထားသက္ကရာဇ်များနှင့်အတူ ကိုင်စွဲထားဆဲပါသခင်။
က လူကျီစယ်လိုက်တဲ့
ရင် ဘတ်မဲ့ဇာတ်ဆရာ
ပြည် ပျက်ရာသူဖန်တီး
ပြီး မဆုံးသေး အမှုအရေး။
ပြည့် စုံမှု ဆောင်ကြဉ်းနိုင်ခွင့်တွေ
စုံ ရေရှာဆန်ခရီးမှာဖြင့်
ရ သင့်တဲ့ တန်းတူရေး
မည်(မြည်) သံကြွေးရယူ သက်ပေးခဲ့ကြရှာပေါ့။
က နဦးစနုနု
ရင့် ကျက်မှုမရှိခင်များ
လက် ဖ၀ါးသွယ်သွယ်ဟန်
နက် မှောင်ဆံကောသာဖြန့်ကာ
က ခုန်ကာသီဆိုရင်း
ရင့် ကျက်ခြင်းများ ရှာဖွေခဲ့ကြ
လက် တွေ့ဘ၀အခန်းတွင်
ထဲ ထဲဝင်ဝင် ကြင်ကြင်နာနာ
တွင် တွင်ရှာ သူလိုလူတွေ
ရှိ ပါလေအုံးမလား ဖွေရှာ
ရ(ယ) ထာဘူတကျကျ တွေးနေဆဲ
မည်(မြည်) မြဲကျွဲချိုသံလည်း မသာယာတော့။
က ဆုန်ပေါက်ပြေးလွှား
ရင့် သီးခါးတူးခြင်းဟာ
ကြ မ္မာမုန်တိုင်းများနှင့်အတူပါ
မာ ထန်ကာ ရောမွှေနေ
က ချေသည်မျက်စောင်း
ရင် ခေါင်းကိုထိုးသွင်းလာလေလားတဲ့
ဖန် လာခဲ့ကံအငြိုးမုဆိုး
တီး ထိုးလိုက်ဖားစည်သံအောက်
ရ ပိုင်ခွင့်လျှောက်လဲချက်တွေလည်း
မည်(မြည်) သံစွဲ၊ ရန်ကာမြဲတိုက်နေဆဲပါ အာဇာနည်တို့။ ။
မှတ်ချက် ။ ။ ကြွေလွှင့်သွားကြသည့် ပန်းပျိုးဥယျာဉ်မှူးကောင်းများသဖွယ်ဖြစ်သော ကရင့်အာဇာနည် သူရဲကောင်းများကို ဦးညွှတ်လျက် သြဂုတ်လ (၁၂)ရက်နေ့၌ ကျရောက်သော နှစ် ၆၀မြောက် အာဇာနည် နေ့ကို ဤကဗျာလေးဖြင့် မှတ်တမ်းတင်အပ်ပါသည်။
နယ်စပ်ရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ရှင်းလင်းထားရန် ညွှန်ကြားခံရ
စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ မြန်မာဘက်ခြမ်းရှိ တရားမဝင်ဂိတ်များမှ ကုန်ပစ္စည်းများကို ယခုလ (၁၅)ရက်နေ့ နောက်ဆုံး ထား၍ အကုန်ရှင်းလင်းထားရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြ၀တီမြို့ရှိ စစ်အစိုးရ အာဏာပိုင်များက ဂိတ်တာဝန်ခံများကို ယနေ့ ပြောဆိုလိုက်သည်ဟု သိရှိရသည်။
အမည်မဖော်လိုသူ ဂိတ်မှူးတစ်ဦးက “ဒီနေ့ မြ၀တီမှာ စရဖ(စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့)က ဂိတ်က တာဝန်ရှိသူတွေကို စရဖ ဂိတ်မှာ ခေါ်တွေ့တယ်။ ဂိတ်မှာ ကျန်နေသေးတဲ့ ကုန်ပစ္စည်းတွေကော၊ နောက်ထပ်ဝင်လာမယ့် ကုန်ပစ္စည်းအသစ်တွေ ကိုပါ ရှင်းထားခိုင်းတယ်။ မရှင်းထားရင် နစက(နယ်စပ်ကုန်သွယ်ရေး)က အကုန်သိမ်းပစ်မယ်လို့ ပြောတယ်။”ဟု ဆိုသည်။
ယင်းသို့ ခေါ်ယူတွေ့ဆုံရာတွင် ကုန်ပစ္စည်းရှင်းလင်းရေးကိစ္စများအပြင် နယ်စပ်ကုန်သွယ်ရေးက ၎င်းဂိတ်များကို ယခုလ ၁၅ရက်နေ့တွင် အပိုင်သိမ်းယူသွားမည်ဖြစ်ပြီး ဂိတ်တာဝန်ခံများအနေဖြင့်လည်း လက်နက်ကိုင်ဆောင်ခွင့်မရှိသည့်အပြင် မိမိ တို့၏ အဖွဲ့အစည်း ယူနီဖောင်းကို ၀တ်ဆင်ခွင့်မရှိဘဲ အရပ်ဝတ်ဖြင့်သာ ဂိတ်စောင့်ခိုင်းကြောင်းလည်း ၎င်းက ဆက်ပြော သည်။
“ဒီလိုဖြစ်မယ်ဆိုတာ သိထားပြီးသားပဲ။ ဒါကြောင့် ကျနော်တို့က ဒီ့မတိုင်ခင်က ဂိတ်စောင့်တိုင်း ယူနီဖောင်းကို အပြည့်ဝတ် ထားတယ်။ နောက်ဆို မ၀တ်ရတော့ဘူးလေ။”ဟု ဒီကေဘီအေ ဂိတ်မှူးတစ်ဦးက ပြောသည်။
တရားမ၀င်ဂိတ်မှ ကုန်ပစ္စည်းတင်သွင်းနေသည့် ကုန်သည်တဦးက “ပြောတာက ဒီလ (၁၅)ရက်နေ့နောက်ဆုံး ပစ္စည်းတွေကို အကုန်ရှင်းခိုင်းတယ်ပေါ့နော်။ ကျမတို့ကလည်း ဒီ တစ်ရက်နှစ်ရက် အတောအတွင်းမှာ အကုန်ရှင်းထုတ်ရမှာပေါ့။ မဟုတ်ရင် ဘယ်လောက်အထိ တင်းကြပ်လာမလဲတော့ ကျမတို့ မသိရသေးဘူးပေါ့နော်။”ဟု ကေအိုင်စီကို ပြောသည်။
မြန်မာပြည်ဘက်ခြမ်းမှ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား၏ အထက်ပိုင်းနှင့် အောက်ပိုင်းတွင် ဒီကေဘီအေနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ စသည့် အပစ်ရပ်တပ်ဖွဲ့များမှ ဖွင့်လှစ်ထားသော တရားမ၀င် ဂိတ်ပေါင်း ၃၀နီးပါးရှိပြီး တံတားမပိတ်ခင်အချိန်ကပင် မြန်မာနိုင်ငံသို့ တင်သွင်းနေခဲ့သည့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းအများစုမှာ ၎င်းဂိတ်များမှပင် ၀င်ရောက်နေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ မြ၀တီခရိုင် အာဏာပိုင်များက အကြောင်းပြချက် တစုံတရာမပေးဘဲ ချစ်ကြည်ရေး တံတားကို အနည်းဆုံး ၄ကြိမ်ခန့် ဖွင့်လိုက်ပိတ်လိုက် ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် (၁၈)ရက်မှစ၍ မြန်မာစစ်အစိုးရဘက်မှ ယနေ့ အချိန်ထိ တံတားကို ပိတ်ထားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်တွင် ကုန်စည်စီးဆင်းမှု အများဆုံးဖြစ်သည့် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ လစဉ် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဘတ်သန်း လေးထောင်ခန့် တရား ၀င် တင်ပို့လျှက်ရှိသည်ဟု နယ်စပ်ကုန်သည်ကြီးများ၏ ပြောဆိုချက်များအရ သိရသည်။
ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော၏ (၆၀)ကြိမ်မြောက် အာဇာနည်နေ့ သို့ ပြောကြားသော မိန်းခွန်း(ကရင်ဘာသာဖြင့်)
ကေအဲန်ယူ - ကရင့်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော၏ (၆၀)ကြိမ်မြောက် အာဇာနည်နေ့ သို့ ပြောကြားသော မိန်းခွန်း
သုံးလောင်းပြိုင် လူသတ်မှု ကနေဒါရောက် ကရင်မိသားစုတွင် ဖြစ်ပွား
အင်မတန်မှ သနားစရာ စိတ်မကောင်းဖြစ်စရာ သတင်းတစ်ပိုဒ်ပါ....ကျွန်တော်ချစ်တဲ့ ကရင်မိသားစုများ ဒီလိုအဖြစ်ဆိုး များမှ ကင်းဝေးပါစေ..........လို့.......
နော်ဖြူဖြူသင်း (ကေအိုင်စီ)
ကနေဒါနိုင်ငံ REGINA မြို့မြောက်ပိုင်းရှိ ကရင်ဒုက္ခသည်မိသားတစုတွင် ပြီးခဲ့သည့်အပတ်က သုံးလောင်းပြိုင် လူသတ်မှု ဖြစ် ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဒေသဆိုင်ရာရဲများက စစ်ဆေးစုံစမ်းလျှက်ရှိကြောင်း သိရသည်။
သေဆုံးသူများသည် မြန်မာပြည်မှ ကရင်ဒုက္ခသည်တစ်ဦးဖြစ်ပြီး အမျိုးသားမှာ Crown Shred & Recycling Company တွင် ၂နှစ်ခန့် အလုပ်လုပ်နေသူဖြစ်ကြောင်း ၎င်းကုမ္ပဏီမှ ကြီးကြပ်ရေးမှူး Jack Shaw က ထိုမြို့ရှိ Leader Post သတင်းဌာနကို ပြောပြသည်။
သူက “ဒီလူက ကရင်ဒုက္ခသည်လေ။ သူက ခင်ဖို့လည်းကောင်းသလို အလုပ်ကြိုးစားသူလည်း ဟုတ်တယ်။ သူက အလုပ်မှာ ခွင့်တစ်ပတ်ယူထားပြီး အင်္ဂါနေ့မှာ အလုပ်ပြန်ဆင်းတာ မတွေ့ဘူး။ ဒါနဲ့ သူ့ကို အလုပ်ပြန်ဝင်ဖို့ ဆက်သွယ်ပေမဲ့ မရဘူး။ အခု လို မထင်မှတ်ဘဲ ဖြစ်သွားလိမ့်မယ်လို့လည်း မထင်ထားမိဘူး။ သူက လူကောင်းတစ်ယောက်ပါ။”ဟု ပြောသည်။
အိမ်နီးချင်းတစ်ဦးက အသတ်ခံရသူများ၏ အိမ်မှ အပုပ်နံ့ဆိုးဆိုး ထွက်ရှိလာသည့်အတွက် ပြီးခဲ့သည့် သောကြာနေ့တွင် သွား ရောက်ကြည့်ရှုရာ ၎င်းတို့ကို ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိပြီး ရဲကို တိုင်ကြားရာမှ လူသတ်မှု ပေါ်ပေါက်သွား ခြင်း ဖြစ်သည်။
ထိုအမှုကို စစ်ဆေးနေဆဲဖြစ်သည့် REGINA ရဲများက သေဆုံးသူများသည် မည်သူမည်ဝါဖြစ်ကြောင်း မပြောနိုင်သော်လည်း ၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် မယ်လအူးဒုက္ခသည်စခန်းမှ ၂၀၀၈ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ထွက်ခွာသွားကြသည့် စော နေကော်မူး ၃၆နှစ်၊ ဇနီး နော်မော် ၂၃နှစ်နှင့် သားငယ် စောဆဲဗင်းဂျူး ၃နှစ်တို့ဖြစ်ကြသည်ဟု ထိုသူများနှင့် ရင်းနှီးခဲ့သူတစ်ဦး ဖြစ်သည့် စောအယ်ဒိုဝါးက ပြောသည်။
“စောနေကော်မူးက နယ်စပ်မှာတုန်းက ကျနော်နဲ့ အရမ်းခင်တယ်။ သူတို့ကို ဗုဒ္ဓဟူးနေ့မှာ ဓားနဲ့ထိုးပြီး သွားလုပ်ကြံတယ်လို့ သိရတယ်။ ဖြစ်ဖြစ်ချင်းတော့ ဘယ်သူမှ မသိလိုက်ဘူး။ ဒါပေမဲ့ အိမ်ဘေးနားက အင်္ဂလိပ်တစ်ယောက်က ယင်ကောင်တွေ ပျံ တယ်။ အနံ့လည်း မကောင်းဘူး။ အနံ့ဆိုးတော့ ပုလိပ်ဆီကို တိုင်တယ်။ အဲတော့ သောကြာနေ့ညမှာ ပုလိပ်တွေက အိမ်ကိုဝင် ပြီး သွားကြည့်လိုက်တော့ သူ့မိန်းမကော၊ သူ့ကလေးကော အကုန်လုံး အသတ်ခံရတာပါ။ သူ့မိန်းမမှာ ကိုယ်ဝန်ရှိတယ်။”ဟု ဆက်လက် ပြောဆိုသည်။
သေဆုံးသူများသည် REGINA မြို့၊ Oakview Drive အိမ်ဂေဟာတွင် နေထိုင်သူဖြစ်ပြီး အိမ်ရှင်အမျိုးသားမှာ အပြင်မထွက်ခင် ၎င်း၏နေအိမ်တံခါးကို အသေအချာပိတ်ကာ အပြန်ပြန်စစ်ဆေးပြီးမှ သွားလေ့ရှိကြောင်းနှင့် ၎င်းတို့တွင် တစုံတရာကို ကာ ကွယ်ရမည့် စိုးရိမ်စရာ အကြောင်းအရာ ရှိနိုင်ကြောင်း အမည်မဖော်လိုသည့် အိမ်နီးချင်း အမျိုးသမီးက ရဲကို ပြောသည်။
စောအယ်ဒိုဝါးက “ကျနော် သိရသလောက်က သူတို့သွားနေတဲ့မြို့က ကရင်လူမျိုးတွေ မရှိဘူး။ များသောအားဖြင့် နိုင်ငံခြား သားတွေနဲ့ လူမည်းတွေပဲ များတယ်လို့ ကနေဒါက သူငယ်ချင်းတွေက ပြောပြတယ်။ နောက်ပြီး သူတို့က ကျန်တဲ့ကရင်လူမျိုး တွေနဲ့လည်း အဆက်အသွယ် မလုပ်တော့ အလှမ်းဝေးတာပေါ့။”ဟု ဆိုသည်။
ယင်းသို့ဖြစ်ပွားခဲ့မှုအပေါ် မဲဆောက်မြို့ရှိ စောနေကော်မူး၏ ညီအစ်ကို တဝမ်းကွဲတော်သူက “သူတို့မိသားစု ဒီလိုလုပ်ကြံခံရ တယ်ကြားတော့ ကျနော်လည်း စိတ်မကောင်းဖြစ်တာအမှန်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က နိုင်ငံခြားရောက်နေပေမဲ့ ဒီ ဘက်မှာကျန်ခဲ့တဲ့ မိသားစုကို တတ်နိုင်သလောက် ပြန်ပြီး ကူညီတယ်လေ။ ဒီလိုဖြစ်တာ ဆွေမျိုးတစ်ယောက်အနေနဲ့ တကယ် စိတ်မကောင်းဘူး။ ဝမ်းနည်းမိတာအမှန်ပဲ။”ဟု ပြောသည်။
ယခုအချိန်တွင် သေဆုံးသူများ၏ အလောင်းများကို REGINA မြို့မှ ရဲများက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး မနက်ဖြန်တွင် ကနေ ဒါရောက် ကရင်လူမှုအသိုင်းအ၀ိုင်းထံ အပ်နှံကာ ၎င်းတို့အတွက် ၀တ်ပြုဆုတောင်းကာ သင်္ဂြိုလ်သွားမည်ဟု သိရသည်။