နအဖ တပ် ကို KNU ခြုံခိုတိုက်၊ ၁၂ ဦး ကျဆုံး ၂၂ ဦး ဒဏ်ရာရ

ဧရာဝတီ မှ...............

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ ဝင်များ မကြာသေးခင်က တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူရပ်မြို့ နယ်အတွင်း၌ နအဖ စစ်တပ် ယဉ်တန်းတခုကို ဇွန်လ ၁၀ ရက်နေ့ က KNU တပ်ဖွဲ့ ဝင်များက ခြုံခို တိုက်ခိုက်လိုက် သောကြောင့် နအဖ တပ်ဖွဲ့ ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကြောင်း KNU ပြောသည်။

Read More...

ကော့ကရိတ်တွင် KNU နှင့် နအဖ တပ်တို့ ၏ တိုက်ပွဲများပြင်းထန်

Freedom News Group မှ........................

ကရင်ပြည်နယ် ကော့ကရိတ် မြို့ နယ် အနီးတွင် နအဖ စစ်ကြောင်း နှင့် DKBA တပ်များစခန်း
ချရာ အနီးသို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU စစ်ကြောင်းများက ၀င်
ရောက် တိုက်ခိုက်ရာ မှ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။

စစ်ဖြစ်ပွားနေသည့် ကော့ကရိတ် မြို့ တွင် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ ပြတ်တောက်
နေသည်။မြ၀တီ-ဘားအံ ပြေးဆွဲ နေသည့် ခရီးသည် တင် နှင့် ကုန်တင် ကားများ အပြင်
DKBA ပို့ ဆောင် ရေးကားများ လည်း အတက်-အဆင်း ပြေးဆွဲမှု ရပ်နားထားရသည် ဟု
မြ၀တီ မြို့ မှ ကုန် သည် တစ်ဦး က Freedom News Group သို့ ပြောသည်။

DKBA နှင့် နအဖ စခန်းချရာတွင် အင်အား လေးဆယ်ခန့် ရှိသည် ဟု သိရသည်။

ALP တွင် လက်နက်ချသွားသူ စစ်သား ၆ ဦးကို ရှင်းပစ်ရန် ထောက်လှမ်းရေးများကို ဘင်္ဂလာဒေခ်ျ့သို့ စေလွတ်ထား

သတင်း - နိရဉ္စရာ

ရခိုင်ပြည်လွှတ်မြှောက်ရေး ပါတီ ALP တွင် လက်နက်ချသွားသော စစ်သား ၆ ဦးကို ရှင်းပစ်ရန်အတွက် အရပ်ဝတ် ထောက်လှမ်းရေးများကို စေလွှတ်ထားကြောင်း အမည်မဖေါ်လိုသူ စစ်တပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“သူတို့က စစ်ရေး အရ အရေးယူနိုင်အောင် အိန္ဒိယ နယ်မြေထဲထိ ၀င်ရောက်လူပ်ရှားမူတွေ အများကြီး လုပ်ခဲ့တယ်။ ALP ဌာနချုပ်ကို သူတို့ စီးနှင်း တိုက်ခိုက်ဖို့ထိ သူတို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် စစ်ရေးအရ ၀င်းရှင်းဖို့ မလွယ်ကူတဲ့ အတွက် အခုအခါ ထောက်လှမ်းရေးတွေကို အရပ်ဝတ်နဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲကို စေလွတ်ထားတာ ဖြစ်တယ်။”

Read More...

နျူကလီးယားလက်နက် မကြိုးပမ်းဟု စစ်အစိုးရတုံ့ပြန် (ဗြောင်လိမ်ပြန်ပြီး)

(ဗြောင်လိမ် မျက်စိမှိတ်ပြီးလိမ်...နောက်ဆုံးလိမ်စရာမရှိရင် မုန့်ကြိုးလိမ်ကိုစားပြီး ကိုယ့်ပေါင်ကိုယ်ဆွဲလိမ်ပါတော့ နအဖရယ်........

မဇ္ဈိမသတင်းဌာန မှကူးယူထားသည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိကြောင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ညတွင် သတင်းထုတ်ပြန်လိုက်သည်။
နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် သောကြာနေ့ည ၈ နာရီသတင်းထုတ်ပြန်ချက်တွင် ” နျူကလီးယားလက်နက် ပိုင်ဆိုင်သော စစ်အင်အားကြီးနိုင်ငံအဖြစ် ရည်ရွယ်ချက်မရှိ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်ကို ဖတ်ကြားသွားသည်။

Read More...

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ရေး အမေရိကန် တိုက်တွန်း

VOA သတင်းမှ..........

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနယ်နိမိတ်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ မြန်မာဒုက္ခသည် ၁၄၀,၀၀၀ နဲ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် အစိုးရ ထိပ်တန်း သံတမန်တဦးက ပြောပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုရင် မြန်မာဒုက္ခသည်တွေ မြန်မာပြည် ပြန်ပို့ဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုက္ခသည်၊ နိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်သူနဲ့ လူဦးရေဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဲရစ် ရွှာ့ဇ် (Eric Schwartz) က မနေ့က ဘန်ကောက်မြို့တော်မှာ ရောက်နေတုန်း ပြောခဲ့တာပါ။

Read More...

ရွေးကောက်ပွဲ စည်းရုံးရေးအတွက် ပြည်သူများကိုပါ စစ်အစိုးရတပ် အသုံးချ

သတင်း - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် အမှတ် ၂ ခရိုင်အတွင်းရှိ ကျေးရွာများတွင် မြန်မာစစ်အစိုးရတပ်များက ၂၀၁၀ ရွေးကောက်ပွဲအတွက် စည်းရုံးရေးများ လိုက်လံလုပ်ဆောင်နေပြီး ဒေသခံ ပြည်သူများကိုပါ အသုံးချကူညီစေခိုင်းသည်ဟု ဒေသခံများက ပြောသည်။

ယခုနှစ်အတွင်းတွင် မြန်မာစစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သောကြောင့် တိုင်းရင်းသား ပြည်သူများအား ပါဝင်ထောက်ခံစေချင်သည့် အနေဖြင့် စည်းရုံးရခြင်း ဖြစ်သည်ဟု ယူဆကြောင်း အမှတ် ၂ ခရိုင်မှ ပြည်တွင်းလုပ်သားတဦးက ပြောသည်။

Read More...

နအဖစစ်တပ် ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ ကေအဲန်အယ်လ်အေ သိမ်းဆည်းခဲ့

စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်၌ လှုပ်ရှားနေသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ် မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များသည် ယမန်နေ့က အဆိုပါဒေသအတွင်း သယ်ဆောင်လာ သည့် နအဖ စစ်တပ်၏ ရိက္ခာနှင့် ဆေးဝါးပစ္စည်းများကို ကြားဖြတ်ဝင်ရောက်သိမ်းဆည်းခဲ့သည်ဟု သတင်း ရရှိသည်။
ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ကနဲလေးရှိ နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈) လက်အောက်ခံ ခမရ ၄၀၅နှင့် ထိုဒေသအတွင်း အသစ်ဝင်ရောက်လှုပ်ရှားမည့် ခမရ (၄၀၈) တပ်ရင်း၏ ရိက္ခာနှင့် ဆေးဝါးပစ္စည်း များ တင်ဆောင်လာသော ထော်လဂျီကားနှစ်စီးကို ကနဲလေးနှင့် မော်ဖိုးကလိုးကြား အူးဖူးထာ့ကားလမ်း တွင် ရောက်ရှိစဉ် ကြားဖြတ်ဝင်ရောက်သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ကေအဲန်အယ်လ် တပ်ရင်း (၂၀၁) တပ်ကြပ်ကြီး စောထီးခုက ပြောသည်။

Read More...

ရန်ကုန်မြို့ လယ်နေရာအချို့ တွင် စစ်အစိုးရဆန့် ကျင်စာများ ဝေငှ ပြီး ဆန္ဒပြပွဲ ငယ်များပြုလုပ်

Freedom News Group မှ...........

ယနေ့ မွန်းလွဲ တစ်နာရီ အချိန် ခန့် က ရန်ကုန် မြို့ ပန်းဘဲတန်း မြို့ နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ်
ဝိုက် တွင် လူငယ် ၁၁ ဦးခန့် က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကျော် အော်ဟစ်ပြီး
စစ်အစိုးရ ဆန့် ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။

လူငယ်များ ၏ စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှု ကို တွေ့ လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။
စစ်အစိုးရ အလို မရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို့ အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ် ကား တစ်စီး
လာတော့ တက်သွား တယ် ။ ဘယ် သူမှ တော့ အဖမ်းမခံ ရဘူး ၊ကျန် ခဲ့တဲ့ စာရွက် အချို့ ကိုတော့ အခု စည်ပင်
ရဲ နဲ့  ပန်းဘဲတန်း ရဲစခန်း က လိုက်သိမ်းနေတယ် ဟု Freedom News Group သို့ ပြောသည်။

Read More...

စစ်အစိုးရ နိုင်ငံတကာဥပဒေ ချိုးဖောက်မှု စုံစမ်းရေး စလိုဗက်ကီးယား ထောက်ခံ

VOA သတင်းမှ.....

မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂက ကော်မရှင်တစ်ခုဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမယ့် ကိစ္စကို Slovakia နိုင်ငံက ထောက်ခံမယ်လို့ ပြောကြားလိုက်ပါတယ်။

ယမန်နေ့၊ ဇွန်လ ၈ ရက်နေ့က Geneva မှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၁၄ ကြိမ်မြောက် ညီလာခံမှာ အခုလို ပြောကြားလိုက်တာပါ။

Read More...

ကရင်အပစ်ရပ်အဖွဲ့များအား နအဖ ခေါ်ယူသတိပေး

ခေတ်ပြိုင် မှ..............

ကရင်အပစ်ရပ်အဖွဲ့အချို့၏ လိုင်စင်မဲ့ကားများနှင့် တရားမ၀င် လက်နက်သယ်ဆောင်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်အာဏာပိုင်များက ကရင်ငြိမ်းအဖွဲ့တာဝန်ရှိသူများကို ဆင့်ခေါ်၍ စည်းကမ်းတင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။

Read More...

လေးလံတဲ့ စစ်တပ်ရိက္ခာတွေကို အဓမ္မ ထမ်းပို့ခဲ့ရတယ်

ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - နှောင်းလှိုင်

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပေါ်တာထမ်း စေခိုင်းမှုများကို စစ်တပ်များက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာပါ။ ကျား၊ မ မရွေး၊ အသက်အရွယ် မရွေး အဓမ္မ စေခိုင်းတဲ့ အလေ့အထက အတော်ကြာခဲ့ပါပြီ။

နှစ်ပေါင်း ၄၀ ကျော်အတွင်း ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အသက် ၆၂ နှစ် အရွယ် နော်သားခုဟာ ၂၀၀၉ ခုနှစ်အတွင်းမှာ မြန်မာစစ်သားတွေရဲ့ အဓမ္မ စေခိုင်းမှုနဲ့ စစ်တပ်ရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ အလေးအပင်တွေကို အသက်အရွယ်နဲ့ မမျှအောင် သူတို့ တပ်စခန်းတွေရှိရာ နေရာတွေအထိ သယ်ပို့ပေးခဲ့ရပါတယ်။

Read More...

ကေအဲန်ယူနှင့် မဆက်သွယ်ရန် ရွာသားများ အမိန့်ထုတ်ခံရ

ကေအိုင်စီ သတင်းမှ................
ရေးသားသူ - စောသိန်းမြင့်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသော နအဖနှင့် ဒီကေဘီအေတပ်တို့က ပြီးခဲ့ သည့်လမှစ၍ ယနေ့အချိန်ထိ ဒေသခံ ရွာသူရွာသားအား ကေအဲန်အယ်လ်အေနှင့် ဆက်သွယ်မှုများ မလုပ်ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၅ရက်နေ့က ထိုဒေသတွင် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)နှင့် ဗိုလ်ကြီးစိုးမင်းထွန်း ဦးစီးသော နအဖတပ် စကခ(၁၉) လက်အောက်ခံ ခမရ(၅၈၈)တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုလို အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နယ် မြေခံတစ်ဦးက ပြောသည်။

Read More...

နယ်ခြားစောင့်တပ်ဖွဲ့ရေး ဒီကေဘီအေ ကိုရာဇသံပေး

BBC Burmese News.

ကရင်အချင်းချင်း အထင်မြင်လွဲမှားစေသည့် လုပ်ကြံဝါဒဖြန့်မှုများ ထွက်ပေါ်

စောအဲခေါင် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)တို့ကြား အချင်းချင်း အထင်အမြင်လွဲမှားစေရန် ရည်ရွယ် လုပ်ကြံရိုက်ကူးထားသည့် ဗီဒီယိုဇာတ်ကားများ၊ စာများကို ယခုရက်သတ္တပတ်အ တွင်း ရန်ကုန်မြို့နှင့် အခြားနေရာများတွင် ထွက်ပေါ်လာနေကြောင်း ရန်ကုန်မှလာသည့် သတင်းအရ သိရှိရသည်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးသတ်မှတ်ချိန် ဧပြီလ ၂၈ရက်နေ့ နောက်ပိုင်း ဒီကေဘီအေတပ်ဖွဲ့အတွင်း သဘောထားတိုက်ဆိုင်မှုမရှိကြောင်း သတင်းများ ထွက်ပေါ်လာချိန်တွင် ကရင်အချင်းချင်း ကြား ပဋိပက္ခအသွင်ဆောင်သည့် ဇာတ်ကားများ ရည်ရွယ်ဖြန့်ဝေခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပရှိ ကရင်အသိုင်းအ၀ိုင်းများက ဝေဖန်ပြောဆိုကြသည်။

Read More...

နယ်စပ်ဒုက္ခသည်စခန်းတွင် ကျောင်းသားဦးရေ ယခင်နှစ်ထက် ပိုများလာ

စောခါးစူးညား (ကေအိုင်စီ)
သံလွင်မြစ်ကမ်းနံဘေးရှိ အီတိုးထာ့ပြည်တွင်းဒုက္ခသည်စခန်း၌ ယခုနှစ် ကျောင်းဖွင့်ချိန်တွင် ပြည်တွင်းမှ လာရောက်ကျောင်း တက်သူ ကျောင်းသူကျောင်းသားဦးရေ ၃၀၀ကျော်ရှိသည့်အတွက် ယခင်နှစ်ထက် ပိုများလာသည်ဟု သိရှိရသည်။
တောင်ငူနှင့် ညောင်လေးပင်ခရိုင်များရှိ အသက် ၁၁နှစ်မှ ၁၆နှစ်အရွယ် ကလေးများသည် ၎င်းတို့ဒေသအတွင်း နအဖစစ်တပ်၏ ပုံမှန် လှုပ်ရှားမှုများကြောင့် စားဝတ်နေရေးခက်ခဲကာ အချို့မှာ ပညာသင်ကြားရန် ကျောင်းမရှိတော့သည့်အတွက် နယ်စပ်ရှိ အီတိုးထာ့စခန်းသို့ ယခုလို လာရောက်၍ ကျောင်းနေကြခြင်းဖြစ်သည်ဟု စခန်းကေဒဗလျူအို လူမှုရေး တာဝန်ခံ နော်ဟဲလေ ထူးက ပြောသည်။

Read More...

ကော့ကရိတ်မြို့နယ်အတွင်း နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ ၀င်များ အင်အား ၁၅၀ကျော် တိုးချဲ့လာ

စောသိန်းမြင့် (ကေအိုင်စီ)
အင်အား ၁၅၀ကျော်ရှိ နအဖနှင့် ဒီကေဘီအေ ဗဟိုလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် နယ်ခြားစောင့်တပ်အစီအစဉ်ကို ငြင်းဆန် ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)အဖွဲ့ကို ဖိအားပေးရန် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဝေါ်လေဂွင်သို့ တပ်အင်အားတိုးချဲ့လာသည်ဟု သိရသည်။

Read More...

ဆေးခန်းအချို့ HIV/AIDS မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေးနေ

ဟံသာဝတီ သတင်း မှ.....................

အချို့သော ဆေးခန်း များသည် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိကြောင်း လက်မှတ် အတုများ ထုတ်ပေး နေကြောင်း Marie Stopes International (Myanmar) မှ ပြော သည်။ အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် ဖြစ်လျှင် အပြစ်တင် ခံရခြင်း များနှင့် သိက္ခာ ကျမှု အဖြစ် လူမှု ပတ်ဝန်းကျင် သတ်မှတ် မှုများကြောင့် ယင်းကဲသို့ လိမ်လည်မှုများ များပြား လာနေသည်။ မင်္ဂလာ ဆောင်ရန် အတွက် အိတ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် မရှိ ကြောင်း လိမ်ညာ မှုများနှင့် သမီးရည်း စားချင်း လိမ်ညာ ဆက်ဆံ ခြင်းများသည် ကာယကံရှင် တို့နှင့် ၎င်းတို့၏ လူမှုအဖွဲ့ အစည်း အတွက် ထိခိုက်မှုများ ဖြစ်ပေါ် စေပြီး ရောဂါ ဘယ ပြန့်ပွား မှုများ ဖြစ် ပေါ်စေသည်။

Read More...

နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ

သျှမ်းသံတော်ဆင့် မှ..................

နအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။

Read More...

အီတူးထာ ဒုက္ခသည်စခန်း ရိက္ခာပြတ်လတ်

ခေတ်ပြိုင် မှ...........

ထိုင်းနိုင်ငံဘက်မှ သံလွင်မြစ်ကြောအတိုင်း စားနပ်ရိက္ခာနှင့်ကုန်စည် သယ်ဆောင်မှုများကို အကန့်အသတ်မရှိ ပိတ်ပင်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်းရှိ အီတူးထာပြည်တွင်းဒုက္ခသည်စခန်းမှ ဒုက္ခသည် (၄,၅၀၀) ခန့် ရိက္ခာပြတ်လတ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက ပြောသည်။

Read More...

ကွမ်းခြံကုန်း ဓားပြမှု KNU နှင့် ပတ်သက်ခြင်း မရှိဟု ငြင်းဆို

ၕၕဧရာဝတီ မွ............
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒရယ်လူး ကျေးရွာတွင် ဓားပြတိုက်မှုနှင့် ဆက်စပ်၍ စွပ်စွဲ ဖမ်းဆီးခံရ သူများသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့နှင့် ပတ်သက်ခြင်း မရှိကြောင်း KNU က ငြင်းဆိုလိုက်သည်။

ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲချုပ်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဓားပြတိုက်ခဲ့သော အဖွဲ့မှာ KNU အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၏ စွပ်စွဲချက်ကို ယခုကဲ့သို့ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

Read More...

DKBA တို့၏ကိုယ့်လူမျိုးကိုယ်ချစ်တဲ့လုပ်ရပ်

ဇွန်လ ၁ရက်နေ့ ကွယ်ကလူသတင်းကို ကညောဖိုးမှ ဘာသာပြန်ဆိုထားသည်


DKBA တပ်(၉၉၉) မှ စောမော်လာဝါး ဦးစီးပြီးတော့ အင်အား၂၀ခန့်ရှိတဲ့သူတို့အဖွဲ့သည် ဖားအံ့ခရိုင်တွင်းရှိ ကလော်လူရွာ ကိုပြာကျတဲ့အထိ မေ၃၁နေ့ကမီးရှို့ခဲ့ကြောင်းသတင်းရရှိသည်။ ဖားအံ့ခရိုင် free Burma ranger တာဝန်ခံ စောတာမလာ ၏အဆိုရ ထိုရွာသည် DKBA တို့၏မီးရှို့ခြင်းကို ၃ကြိမ်တိုင်တိုင်ခံခဲ့ရတယ်။

Read More...

ရိက္ခာသယ်ယူမှု ပိတ်ပင်ထား၍ ပြည်တွင်းဒုက္ခသည်များ ဆန်ပြုတ်သောက်နေရ

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း သံလွင်မြစ်ကမ်းနံဘေးရှိ အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် ထိုင်း နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ (ထာ့ဟမ်ဖန်း)၏ ဆန်သယ်ယူရန် ပိတ်ပင်ထားမှုကြောင့် ရိက္ခာပြတ်လပ်ကာ ဇွန်လ ၃ရက်နေ့မှ စ၍ ဆန်ပြုတ်သောက်နေရသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို)က ပြောသည်။
အီတိုးထာ့စခန်းရှိ ကေဒဗလျူအို လူမှုရေးတာဝန်ခံ နော်ဟဲလေထူးက “စခန်းထဲမှာ လူတွေက ဆန်ရိက္ခာမရောက်လာတော့ ဒီလ ၃ရက်နေ့ကတည်းက ထမင်းအစား ဆန်ပြုတ်ချက်သောက်ရတယ်။ ဒီလို ဆန်ပြုတ်သောက်နေတာတောင် ဆန်က သုံး လေးရက်စာလောက်ပဲ ကျန်တော့တယ်လေ”ဟု ပြောသည်။

Read More...