DKBA တို့၏ကိုယ့်လူမျိုးကိုယ်ချစ်တဲ့လုပ်ရပ်

ဇွန်လ ၁ရက်နေ့ ကွယ်ကလူသတင်းကို ကညောဖိုးမှ ဘာသာပြန်ဆိုထားသည်


DKBA တပ်(၉၉၉) မှ စောမော်လာဝါး ဦးစီးပြီးတော့ အင်အား၂၀ခန့်ရှိတဲ့သူတို့အဖွဲ့သည် ဖားအံ့ခရိုင်တွင်းရှိ ကလော်လူရွာ ကိုပြာကျတဲ့အထိ မေ၃၁နေ့ကမီးရှို့ခဲ့ကြောင်းသတင်းရရှိသည်။ ဖားအံ့ခရိုင် free Burma ranger တာဝန်ခံ စောတာမလာ ၏အဆိုရ ထိုရွာသည် DKBA တို့၏မီးရှို့ခြင်းကို ၃ကြိမ်တိုင်တိုင်ခံခဲ့ရတယ်။

စုစုပေါင်းလူဦးရေ ၃၀ခန့် အိမ်ခြေ ၅လုံးခန့်ရှိတဲ့ထိုရွာမှ ရွာသူရွာသားများသည် ယခုတောထဲတွင်ပုန်းအောင်းနေကြရပါ တယ်။ ၂၀၀၈ခုနှစ် အောက်တိုဘာလ မှစပြီး ထိုအရပ်ဒေသတဝိုက်ရှိရွာသူရွာသားများသည် DKBA၏အတင်းအဓမ္မခိုင်းစေမှု အပြင် အတင်းအကျပ် စစ်သားစုဆောင်းမှုတို့ကြောင့် မိမိတို့နေရပ်ကိုစွန့်ခွာပြီးထွက်ပြေးခဲ့ရပါတယ်။ ထို့အပြင် စောတာမလာ၏ထပ်မံပြောပြချက်အရ အရင်ကထိုရွာသားများသည်လယ်ပယ်ဟောအနီးရှိတောတောင်ထဲသို့ပြေးလွှားပုန်း အောင်းခဲ့ပြီး ထိုင်းနိုင်ငံထဲသို့ ၂၀၀၉ ဇန်နဝါရီလတွင်းသို့ထွက်ပြေးခဲ့သောဒုက္ခသည်များဖြစ်သည် ဟုပြောပြခဲ့ပါသည်။
မီးရှို့ခံခဲ့ရသောရွာမှ တချို့ရွာသားများသည် နိုဘိုးရွာ၊ တန့်ဆောင်ယန်း၊ တပ်ခရိုင်တွင်းသို့ဝင်ရောက်ခိုလှုံခဲ့ပြီး ထိုင်းဘက်မှ ပြန်ပို့ခြင်းခံရသောရွာသားများဖြစ်ကြောင်းလည်းသိရှိရပါသည်။

0 comments:

Post a Comment