ကြားဖြတ်သတင်း

တပ်မဟာ(၇) ဖားအံ့ခရိုင်။

၁.၉.၂၀၁၀နေ့ ၂၁း၀၀အချိန်တွင် BGFသို့ဘဝပြောင်းသွားခဲ့သော ဖားတကြီးသည္တရိဖိုးကြီးရြာသား ဖားတီဘလယ္ဝါး(၆၇)နှစ်ကို မန်းမှုတ်တတ်သည်ကိုအကြောင်းပြပြီး ပစ်သတ်ခဲ့သည်။

သောင်းနှင့်ချီသည့် ကရင်လူထု စစ်အစိုးရတပ်၏ တိုက်ခိုက်မှု ခံနေရ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ကရင်ပြည်နယ် အရှေ့ခြမ်း၊ ဖာပွန်ခရိုင် လုတောမြို့နယ်ရှိ ကျေးရွာများမှ သောင်းနှင့်ချီ သည့် ကရင်ပြည်သူများ သည် စစ်အစိုးရတပ်၏ တိုက်ခိုက်မှုခံနေရကြောင်း ကရင်လူ့အခွင့် အရေးလှုပ်ရှားမှုအဖွဲ့(KHRG)က ယနေ့ အစီ ရင်ခံစာတစောင်ထုတ်ပြန်သည်။

“တင်းကြပ်သည့် အခြေအနေအောက်တွင် မိမိကိုယ်ကို ကာကွယ်ခြင်း” အမည်ဖြင့် ထုတ်ပြန်သော ယင်း အစီရင်စာတွင် စစ်ပွဲကြောင့် တောတောင်များ အတွင်းပုန်းအောင်းနေသည့် ကရင်ရွာသားများကို စစ်အစိုးရ တပ်က ၎င်းတို့ထိန်းချုပ်ရာဒေသများသို့ ပြောင်းရွှေ့ရန် စစ်ဆင်ရေးများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

Read More...

ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ဖိတ်ကြားခြင်း

ညီအစ်ကိုများ အားလပ်မယ်ဆိုရင် အရောက်လှမ်းလာကြဖို့တိုက်တွန်းလိုက်ပါတယ်။ ကျွန်တော်တို့ကရင်လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုပွဲတော်ကို မမြင်ဘူး မသိသေးသူများ၊ သိပြီးသားသူများအားလုံးသို့................

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။
- ၂၇.၀၈.၂၀၁၀နေ့တွင် သောမန မှတကော်ဘိုးအုပ်စုရှိအောက်ပါရွာများကိုအတင်းအဓမ္မငွေတောင်းခံခဲ့သည်
(၁) ကိုးဒါးကြီး ၅၀၀၀၀ကျပ် (၂)စိန်ကျော် ၃၀၀၀၀ကျပ် (၃)လယ်ပါဒါး ၂၀၀၀၀ကျပ် (၄)မယ်ပူ ၃၀၀၀၀ကျပ် (၅) ကြို့ပင်ဆိပ် ၆၀၀၀၀ကျပ် (၆)မယ်လဲထာ ၄၀၀၀၀ကျပ် (၇)မယ်လခီး ၃၀၀၀၀ကျပ် (၈)သိုးအေ၂၀၀၀၀ကျပ်(၉)မယ်ရဲ ၂၀၀၀၀ကျပ် (၁၀)ဝဲပြင်ချောင်း ၃၀၀၀၀ကျပ် တို့ဖြစ်သည်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊၂၄.၀၈.၂၀၁၀နေ့တွင်နအဖတပ်မှမာလာကုန်းရွာသားစောမူးသောနှင့်စောခိုခလယ်ထူး ၂ ဦးအားအကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ၂၈.၈.၂၀၁၀နေ့ပြန်လွတ်ပေးခဲ့သည်။

ဒီကေဘီအေ ရဲ့နယ်ခြားစောင့်တပ်သို့ပြောင်းလဲတဲ့ပွဲကိုဘာသာမပြန်တော့ပါ။ အင်မတန်စိတ်နာလွန်းလို့ပါ။ ထိုသ တင်းကိုကရင်လိုဖတ်ချင်လျင် kanyawkaw.blogspot.com တွင်ဖတ်နိုင်ပါသည်။

အဓမ္မ အခွန်စနစ်ကြောင့် ပြည်သူ ဆင်းရဲတွင်းပိုနက်

VOA သတင်းမှ...

မြန်မာစစ်အစိုးရက ပြည်သူတွေကို နည်းမျိုးစုံနဲ့ အခွန်တွေ အတင်းအကျပ် ကောက်ခံနေလို့ မြန်မာပြည်သူတွေ ဆင်းရဲတွင်း ပိုမို နက်ရှိုင်းလာရတဲ့အကြောင်း အစီရင်ခံစာတစောင်ကို ထိုင်းအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တခုက ဒီနေ့ ထုတ်ပြန်ပါတယ်။ အခွန်စနစ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ နားလည်အောင် အစိုးရက ရှင်းမပြဘဲ ငွေညှစ်သလို အခွန်ကောက်ခံမှုတွေဟာ မြန်မာပြည်သူတွေအပေါ် စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က ဘန်ကောက်မြို့မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ပြီး သတင်းပေးပို့ထားပါတယ်။

Read More...

မရေမရာဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးများရဲ့အနာဂတ်

Burma Today News

နယ်ခြားစောင့်တပ် ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို

ဧရာဝတီ သတင်းမှ.............

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က နယ်ခြား စောင့်တပ် ဖွဲ့စည်းမည် မဟုတ်ဟု အပြီးသတ် ငြင်းဆို လိုက်သည်။

“အခုက အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီဆိုတော့ နောက်တက်မယ့် အစိုးရအဖွဲ့နဲ့ကျမှ ကျနော်တို့ရဲ့ရပ်တည်မှု အပေါ်ကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။
KIOအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် စစ်အစိုးရက ယနေ့ နောက်ဆုံး ရက်အဖြစ် သတ်မှတ် ပေးထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။
နယ်ခြားစောင့်တပ် မဖွဲ့သဖြင့် နအဖ အစိုးရ စစ်ရေးအရ တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဟု မမျှော်လင့်ကြောင်း KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါ က ဆိုသည်။

Read More...

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ခေတ်ပြိုင် မှ...

နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေးသည်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်းပြန်ကြားလိုက်သည်ဟု အဖွဲ့၏တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံးသတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်းပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

Read More...

ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရသော် လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ ၏ အာဏာကို ဆက်ခံ မည် မဟုတ် ဟု ဆို

ရဟတ်ယာဉ်ပျက်ကျပြီး တမလွန်ကိုမြန်မြန်ရောက်ပါစေလို့ နွားလပြည့်မွေးနေ့ဆုမွန်ကောင်းကို ကညောဖိုးမှ ဆုတောင်းပေးလိုက်ပါတယ်..............

Freedom News Group မှ...

ဗိုလ်ချုပ်မှုးကြီး ဘ၀ ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုး ထုတ်သွားမည် မြန်မာ
စစ်ခေါင်းဆောင်၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာလွှဲပေးရန်
အကြောင်းဖန်လာ ပါလာ ပါက လည်းသူ့ အနေ ဖြင့်လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း
ယခု သီတင်းပတ် အတွင်း က သူငယ်ချင်း ဖြစ်သူ များ အား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်း
အနား ကို မင်္ဂလာဒုံ လေယာဉ် ကွင်း တွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။
အသက် ၇၈ နှစ် အရွယ်ရှိ သူ ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ က အသက် ၂၀ အရွယ် အရွယ်မြေးအား အာ
ဏာလွှဲပေး နိုင်သည် ဟု သတင်းများ ထွက်ပေါ်နေချိန် တွင် ဖိုးလပြည့် က ထို ကဲ့ သို့ ငြင်းဆန်ခဲ့ ခြင်း
ဖြစ်သည်။

Read More...

ဒုက္ခသည်များစွာ ထိုင်းသို့ထွက်ပြေးလာနိုင်ဟု ကရင်ကောင်စီသတိပေး

မဲဆောက် (မဇ္ဈိမ) ။ ။ ရက်အနည်းငယ်အတွင်းတွင် မကြုံစဖူးများပြားလှသော ကရင်ဒုက္ခသည်များ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိခိုလှုံလာနိုင်သည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီက သတိပေးလိုက်သည်။

ယခုအပတ်အတွင်း ကရင်ငြိမ်းချမ်းရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာသို့ ပန်ကြားချက်ထဲတွင် ဒုက္ခသည် ၆,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်အထိ ဘေးကင်းရာသို့ ပြောင်းရွှေ့ခိုလှုံကြဖွယ်ရှိနေပြီး အကယ်၍ မြန်မာစစ်အစိုးရသည် ဒေါနတောင်တန်း အနောက်ဘက်ရှိ ငြိမ်းချမ်းရေးကောင်စီ၏မြို့ ထို့ကော်ကိုး ကိုပါ စစ်ဆင်ရှင်းလင်းရေး လုပ်လာခဲ့လျှင် ဒုက္ခသည်အရေအတွက်သည် တသိန်းခန့်အထိ ရှိသွားနိုင်သည်ဟု ဖော်ပြထားသည်။

Read More...

ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မနက်ဖြန် နောက်ဆုံးရက်အဖြစ် စစ်အစိုးရက ရာဇသံပေးခဲ့သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကမူ အသွင်ပြောင်းမည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်ကြသည်။

နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် အသွင်ပြောင်းရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးနောက် စစ်အစိုးရဘက်က စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ ထပ်မံဖြေကြားရန် တောင်းဆိုခဲ့ခြင်းကို ၎င်းတို့နှစ်ဖွဲ့က ထပ်မံငြင်းဆန်လိုက်ကြသည်။

Read More...

နအဖ တပ်၏လူမဆန်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်။

တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ဒေသရှိ လှုပ်ရှားနေသော နအဖ စစ်တပ် ခလရ(၁၀၂) တပ်များသည် ၂၈၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် ကလောမီးဒဲ ရွာသားများ (၂၀) ဦး အား ပလက်ဝ စစ်စခန်းသို့ ရိက္ခာများကိုပို့ ရန် ပေါ်တာဖမ်း အတင်းအကျပ် စေခိုင်းပါသည်။

သံတောင်မြိုနယ်ရှိ သဘားဖိုရွာ(လိပ်ပြာကလေးရွာ) သားတစ်ဦးဖြစ်သော စောဘိုကာ (၂၀)နှစ် အဘအမည် စောရွှေဝင်း သည် ရွာနံ့ ဘေးတွင် ထောင်ထားသော နအဖ၏ မိုင်းကို နင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း သတင်းရရှိပါသည်။

“အရပ်ဝတ် လဲထားပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပဲ”၊ အမေရိကန် ဝေဖန်

VOA သတင်းမှ....

မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။

Read More...

စစ်ခွေးတွေကို တို့KNU ကဆုံးမလိုက်ပြန်ပြီး

BBC Burmese News

တပ်ရင်းမှူး(၈)ယောက်အဖမ်းခံရ

BBC Burmese

မြန်မာစစ်ခေါင်းဆောင် အပြောင်းအလဲ အင်ဒိုပုံစံဟောင်းဟု လေ့လာသူတွေ ဝေဖန်

VOA သတင်းမှ.....

မြန်မာ စစ်ဘက် ခေါင်းဆောင်ပိုင်းတွေကို အပြောင်းအလဲတွေ လုပ်ခဲ့တာနဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲမှု ရှိလာတာတွေဟာ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ လက်ထဲမှာပဲ အာဏာဆက်ရှိနေအောင် ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေက ပြောနေပါတယ်။ အဲဒီလို လုပ်နေတာဟာ ၁၉၆၀ ခုနှစ် ၀န်းကျင်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတဟောင်း ဆူဟာတို (Suharto) လုပ်ခဲ့တဲ့ လုပ်နည်းလုပ်ဟန်အတိုင်း လိုက်လုပ်နေတာလို့ ဝေဖန် သုံးသပ်သူတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) သတင်းပေးပို့ထားတာကို မခွာညိုက တင်ပြပေးထားပါတယ်။

Read More...

ထိပ်တန်း စစ်ခေါင်းဆောင်များ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အမိန့် ဖြင့် ရာထူးမှ ဖယ်ရှားခံရ

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊
ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး
သူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကို
ရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များ
ကို လွန်ခဲ့သည့် နှစ်နှစ် ကျော်က စပြီးလူသိမခံ ပဲ လက်သပ်မွေး ထားသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာန
ချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏
အကူအညီဖြင့် ကြာသပတေးနေ့ နှင့် သောကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်
ဟု ၎င်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယခုကဲ့သို့ သွေးထွက်သံယို ရှိမည် ဟု မထင်ရသည့် ဖြုတ်၊ထုတ်၊ရှင်း ပွဲ
ကိုစီစဉ်ရခြင်း အဓိက အကြောင်းအရင်း မှာ ကုလ သမဂ္ဂ မှ ကြီး မှုး ပြီး စစ်ရာဇ၀တ်မှု များ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ စည်းခြင်း ကြောင့် နှင့် အမေရိကန် တပ်များ အာရှ ရေပိုင် နက် တွင် ပိုမို နေရာယူ လာခြင်းကြောင့်ဖြစ်သည် ဟု Freedom News Group ၏ စစ်ရေး အကဲခတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ဗိုလ်မှုး တင်အောင် က သုံးသပ် ပြောကြားသည်။

Read More...

နအဖတပ်၏လူမဆန်မှုနှင့် အမြင်မှန်ရပြီးပြန်လည်ပူးပေါင်းမှု သတင်း

တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ရှားစီးဘိုရွာတွင် နေထိုင်သော စောဆာနေတရေ(၄၀ နှစ်) အဘအမည် စောဖေါထူး၊ တာပယ်ခီးရွာတွင်နေထိုင်သော စောတာတူကို(၃၂ နှစ်) အဘအမည် စောဖိုးထောင်တို့  သည် ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ ထန်းတပင်မြို့ သို့  စားသောက်ဖွယ်ရာများ သွားဝယ်ပြီး အပြန်လမ်းခရီးတွင် ဗမာ့တပ်မတော် ခလရ ၇၃ မှ လှုပ်ရှားတပ်ဖွဲ့ တစ်ဖွဲ့ သည် သူတို့ နှစ်ဦးအား ဘုရားရွာအရောက်တွင် ဖမ်းဆီးပြီး ထိုးကြိတ် ရိုက်နက် ခြိမ်းခြောက်မှုမျိုးစုံလုပ်ပြီး စောဆာနေတရေ၏ ငွေ ၂၀၀၀၀ ကျပ်နှင့် စောတာတူကို၏ငွေ ၃၀၀၀၀ ကျပ်ကို အတင်းလုယူပြီးမှ လူကိုပြန်လွတ်ပေးပါသည်။

Read More...