နအဖတပ်၏လူမဆန်မှုနှင့် အမြင်မှန်ရပြီးပြန်လည်ပူးပေါင်းမှု သတင်း

တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ရှားစီးဘိုရွာတွင် နေထိုင်သော စောဆာနေတရေ(၄၀ နှစ်) အဘအမည် စောဖေါထူး၊ တာပယ်ခီးရွာတွင်နေထိုင်သော စောတာတူကို(၃၂ နှစ်) အဘအမည် စောဖိုးထောင်တို့  သည် ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ ထန်းတပင်မြို့ သို့  စားသောက်ဖွယ်ရာများ သွားဝယ်ပြီး အပြန်လမ်းခရီးတွင် ဗမာ့တပ်မတော် ခလရ ၇၃ မှ လှုပ်ရှားတပ်ဖွဲ့ တစ်ဖွဲ့ သည် သူတို့ နှစ်ဦးအား ဘုရားရွာအရောက်တွင် ဖမ်းဆီးပြီး ထိုးကြိတ် ရိုက်နက် ခြိမ်းခြောက်မှုမျိုးစုံလုပ်ပြီး စောဆာနေတရေ၏ ငွေ ၂၀၀၀၀ ကျပ်နှင့် စောတာတူကို၏ငွေ ၃၀၀၀၀ ကျပ်ကို အတင်းလုယူပြီးမှ လူကိုပြန်လွတ်ပေးပါသည်။

၂၄၊၀၈၊၂၀၁၀ ရက်နေ့ တွင်လည်း စကခ(၇) လက်အောက်ခံ ခလရ(၁၀၂) ဖလေးဆာလို အခြေစိုက် နအဖ စစ်တပ်သည် ဖလေးဆာလို ဒေသရှိရွာသားများကို ၀ါးလုံးကြီး အရှည်(၉ တောင်) အချောင်း ၂၀၀ လည်းကောင်း၊ ၂၅ ၊၀၈၊ ၂၀၁၀ ရက်နေ့ တွင် ၀ါးလုံးကြီး အချောင်း ၁၀၀ ကိုလည်းကောင်း စစ်စခန်း ဆောက်လုပ်ရာအတွက် အတင်းအကြပ်ခိုင်းစေ ခုတ်ခိုင်းပါသည်။ ယခင်က ကွင်းဒေသနှင့်တောင်ခြေဒေသတို့ ကို နအဖ စစ်တပ်က ပိတ်ထားပြီး ယခုအခါ ပြန်ဖွင့်ပေးပါသည်။ ဤသို့ ဖွင့်ပေးပြီးနောက် မြေပြန့် မှ တောင်ခြေ ခေးယူ ဒေသသို့  ကွမ်းရွက် လာဝယ်သော မြေပြန့် အရပ်သားဗမာလူမျိုးများကို တစ်ဦးလျှင် ၅၀၀ ကျပ် ငွေကောက်ခံပါသည်။ ပလဲဝ နှင့် ကလောမီဒဲ ဒေသဖက်တွင် လမ်းများကို မဖွင့်ပေးပဲ ဆက်လက်ပိတ်ထားကြောင့် သတင်းရရှိပါသည်။

၂၆၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် တာကိုတာဂေါ် အဖွဲ့ မှ တပ်ရင်းအမှတ်(၇၀၃) တပ်ခွဲ(၃)မှူး ကျော်လေး M 16 တလက် ကျည်ကပ် ၄ ချပ် ကျည်တောင့် ၂၁၁ တောင့်၊ ကာဘိုင်တလက် ကျည်ကပ် နှစ်ချပ် ကျည်တောင့် ၈၇ တောင့်၊ ၃၈ ဆုံလည်ကျည်တောင့် ၄၉ တောင့်၊ စကားပြောစက် တစ်လုံး နှင့်အတူ ကေအဲန်အယ်အေ တပ်မဟာ ၇ ထံသို့ လက်နက်ချ ၀င်ရောက်လာကြောင်းသတင်းရှိပါသည်။

သည့်ပြင် BGF နယ်ခြားစောင့်တပ်ဖြစ်သားများဖြစ်သော စောဖိုးလို(၄၂နှစ်)၊ ကျော်အဲဂေ (၂၃နှစ်)၊ စောလါးမူးသား (၃၄နှစ်) သုံးဦးသည် ကေအဲန်အယ်လ်အေ တပ်ရင်းအမှတ် (၁၀၁)ထံသို့  လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။

၂၇၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် ယခင် ဒီကေဘီအေ ၅၅၅ တပ်ရင်း(၁)၏ တပ်သားတစ်ဦးဖြစ်သူ စောဖိုးတရို AR 79 တလက်နှင့်အတူ AR ကျည်က တချပ် ကျည်တောင့် ၁၀၀၊ 79 ကျည်သီး ၁၇ လုံးဖြင့် ကေအဲန်ယူ တပ်မဟာ ၇ ထံသို့ လက်နက်ချဝင်ရောက်လာကြောင်း သတင်းရရှိပါသည်။

သောသီခို မှပြန်လည်ကူးယူဖော်ပြသည်။

0 comments:

Post a Comment