မြန်မာစစ်တပ် စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း ကေအန်ယူကြေညာချက်ထုတ်ပြန်

ကောင်းဝါ သတင်းဌာန မှ....

မြန်မာစစ်အစိုးရသည် အရပ်သားအစိုးရအဖြစ် ပြောင်းလဲသော်လည်းတိုင်းရင်းသားလူထုများအပေါ် အုပ်ချုပ်မှုနှင့် စစ်အာဏာကြီးစိုးမှုကပြောင်း လဲခြင်းမရှိသည့်အပြင်နိုင်ငံတကာ ရာဇ၀တ်မှုနှင့် စစ် ရာဇ၀တ်မှုများကို ဆက်လက် ကျူးလွန်နေ ကြောင်း ကေအန်ယူခေါ်ကရင်အမျိုးသား အစည်းအရုံးမှ မေလ (၂၆) ရက်နေ့ စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေ (၅) ခုအတွင်းရှိလှုပ်ရှားနေသည့် မြန်မာ စစ်တပ်များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ ထောင်ကျော်အား အကာအကွယ်အဖြစ်အသုံး ပြုကြောင်းထုတ်ပြန်ထားသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှစ၍ ဧပြီလကုန်ထိ လူ့အခွင့်အရေးချိုးဖေါက်ခံရ သည့် ရွာသားပေါင်း (၂၀၅၁) ဦးထဲတွင် အမျိုး သမီး (၁၂၂၀)ဦးလည်းပါဝင်သည်။ထိုရွာသူရွာသားများ သည် စစ်တပ်အတွက် အကာအကွယ်အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်းပေးရန်အတွက်သော်လည်းကောင်း အသုံးပြုခံရသည်ဟု ကြေညာချက်ထဲတွင်ဖော်ပြထားသည်။

Read More...

အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော

မဇ္စျိမ သတင်းမှ

ယခုနှစ် ပထမ လေးလပတ်အတွင်း အစိုးရ စစ်တပ်က ရှေ့တန်း စစ်မျက်နှာများတွင် အမျိုးသမီးများ အပါအဝင် အရပ်သား ၂ဝ၅၁ ဦးကို အကာအရန်အဖြစ် အသုံးပြုခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ကြာသပတေးနေ့တွင် ပြောသည်။

ဇန်နဝါရီမှ ဧပြီလအတွင်း ကရင်ပြည်နယ် ခရိုင် ၅ ခုမှ အမျိုးသမီး ၁၂၂ဝ ဦးအပါအဝင် ရွာသား ၂ဝ၅၁ ဦးကို စစ်သားများရှေ့တွင် အဓမ္မ ချီတက်စေခြင်း၊ မိုင်းရှင်းလင်းခိုင်းခြင်းများ ပြုလုပ်ကြောင်း KNU ကြေညာချက်တွင် ဖော်ပြထားသည်။

“ရှေ့တန်းမှာက သူတို့ ခရီးတခု သွားရမယ့် တရက်ခရီးဆိုရင် တပတ်လောက် သွားရမယ်။ အဲဒီတော့ သူတို့က ရွာသားကို ခေါ်လိုက်ပြီးတော့ ရှေ့ကသွား လမ်းပြပေါ့။ သူတို့စခန်းကနေ ရေဆင်းခတ်ရင် သူတို့ကို စောင့်ပစ်တယ်။ အဲဒီအခါကျတော့ သူတို့က ရွာသားကို ခေါ်ထားပြီးတော့ ရေဆင်းခတ်ခိုင်းတယ်။ အဲဒီလို ရွာသားကို မိုင်းရှင်း ကိရိယာနဲ့ အကာအကွယ် ထားလိုက်တာပဲ” ဟု KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္စျိမကို ပြောသည်။

Read More...

လူငယ်တစ်ဦးကို BGF က ဖမ်းဆီးသတ်ဖြတ်

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကတိုင်တိကျေးနယ်အုပ်စုအတွင်းရှိ ဘောကျို့လယ်ကျေးရွာနေ လူငယ်တစ်ဦးကို နယ် ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်း လက်လက်အောက်ခံတပ်ခွဲ အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် အပတ်က ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဘောကျို့လယ်ကျေးရွာအနီးအနားတ၀ိုက်တွင် လှုပ်ရှားနေသည့် အင်အား ၂၀ ခန့်ရှိ တပ်ခွဲမှူး ဗိုလ်စောမောင်စိုးမြင့် ဦးဆောင် BGF တပ်ဖွဲ့သည် မေလ ၂၀ရက်နေ့က အသက် ၁၈နှစ်အရွယ် စောတာပိုးလိုကို ဘောကျို့လယ်ရွာအ ပြင်တနေရာတွင် ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်ပြီး ထိုနေ့၌ပင် ရိုက်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြော သည်။

ရိုက်သတ်ခံရသည့် စောတာပိုးလို၏ မိခင်ဖြစ်သူက “ကျမသားဟာ သိပ်ပြီးဦးနှောက် အလုပ်မလုပ်တာ ဒီကျေးရွာက လူတွေနဲ့ ဒီအနီးအနားက ရွာတွေ အားလုံးအသိပဲ။ သူက ရွာပြင်ထွက်လိုက် ၀င်လိုက်အမြဲလုပ်တယ်။ ဒါကို BGF က တွေ့တော့ သူတို့အတွက် ဘယ်လိုထူးခြားလည်း မသိဘူး။ သတ်လိုက်တာပဲ။ ကျမအနေနဲ့ စိတ်မကောင်းပေမဲ့ ဘာမှ ထွေထွေထူးထူးတော့ မပြောလိုပါဘူး။ သူ့ထိုက်နဲ့ သူ့ကံလို့ပဲ ပြောရမှာပေါ့။”ဟု ပြောသည်။

Read More...

မြိုင်ကြီးငူ ဒေသရှိ BGF တပ်ဖွဲ့များ DKBA တံဆိပ် ပြန်တပ်ပြီး ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းဆီးထား

ကေအိုင်စီ သတင်းမှ...

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသရှိ နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင်များသည် ယမန်နေ့က ၎င်းတို့၏ တံဆိပ်များကိုချွတ်၍ DKBA တံဆိပ်များကို ပြန်ဝတ်ဆင်ကာ ယခင် DKBA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကျော်သန်းကိုလည်း ဖမ်းဆီးထိန်းသိမ်းထားလိုက် သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၁၀၁တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစော ဖောဒိုက “ကျော်သန်းကို သူ့လူတွေ ဖမ်းထားလိုက်ပြီ။ မြိုင်ကြီးငူမှာ ဘီဂျီအက်ဖ်မရှိ တော့ဘူး။ ဒီကေဘီအေ ပြန်ဖြစ်ကုန်ပြီ။ ဘီဂျီအက်ဖ်ကို မလုပ်တော့ဘူး။ ဒီကေဘီအေကို ပြန်ပြီးတော့ ကူးပြောင်းတာ”ဟု ပြောသည်။

Read More...

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

နေ့သစ်မှ........

ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့ ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိမှုတွေကိုတော့ မသိရှိရသေးပါ။
မေလ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

ကရင်ပြည်သူ ၂ထောင်ကျော်အား စစ်တပ်က အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU ထုတ်ပြန်

စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ၅ခုအတွင်းရှိ လှုပ်ရှားနေသည့် မြန်မာစစ်တပ်များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ထောင်ကျော်အား အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU က ယနေ့ မေလ ၂၆ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလမှစ၍ ဧပြီလကုန်အထိ အဆိုပါ ခရိုင် ၅ခုမှ မြန်မာစစ်တပ်၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံနေရသူများသည် စစ်တပ်အတွက် အကာအကွယ်အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်းပေးသူ အဖြစ်သော်လည်းကောင်း အသုံးပြုခံရကာ ထိုအထဲ၌ ရွာသားပေါင်း ၂,၀၅၁ဦး ပါဝင်ပြီး ၁,၂၂၀ဦးသည် အမျိုးသမီးများဖြစ်သည်ဟု ကြေညာချက်ထဲ တွင် ဖော်ပြထားသည်။

Read More...

နယ်ခြားစောင့်တပ် အချင်းချင်း ပစ်ခတ်မှု ထပ်မံဖြစ်ပွား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းက နယ်ခြားစောင့်တပ် (BGF) အချင်းချင်းပစ် ခတ်မှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခုလ မေလ ၂၄ရက်နေ့ ညအချိန်တွင် ဗိုလ်ဘိဦးဆောင်သည့် BGFတပ်ရင်း ၁၀၁၂မှ တပ်ဖွဲ့တချို့ သည် လှိုင်းဘွဲမြို့နယ် ထီးလိုနေရာရှိ ရာဘာခြံတစ်ခြံတွင် ဗိုလ်ဘသိန်း တပ်ဖွဲ့ကို သွားရောက်ပစ်ခတ် ခဲ့ရာ ဗိုလ်ဘသိန်းတို့တပ်ဖွဲ့မှ ထိခိုက်မှုများရှိသည်ဟု KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေးက ပြော သည်။

“၂၄ရက်နေ့ညက ထီးလိုက ရာဘာခြံမှာရှိတဲ့ ဗိုလ်ဘသိန်းတပ်ဖွဲ့ကို ဗိုလ်ဘိတပည့်တွေ သွားချောင်းပစ် တာဖြစ်တယ်။ ဗိုလ်ဘသိန်းကိုတော့ မထိဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ သူ့လူ နှစ်ယောက် ထိ မှန်သွားတယ်”ဟု ပဒိုစောအောင်မော်အေးက ကေအိုင်စီကို ပြောသည်။

Read More...

၎လအတွင်းKNU၏ တိုက်ခိုက်မှုကြောင့် နအဖတပ် ထောင်ကျော်ထိခိုက်သေဆုံး

ပြီးခဲ့သော ၄လ အတောအတွင်း(ဇန်နဝါရီ မှ ဧပြီ လအထိ) KNU ၏တိုက်ခိုက်မှုကြောင့် နအဖတပ်မှ ၆၆၁ ယောက်သေ၊ ၈၄၈ယောက်ဒဏ်ရာ ရကြောင်း သိရှိရသည်။ ထို၎လလုံး တိုက်ပွဲများ KNU၏ တပ်မဟာ(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)နှင့်(၇) များတွင်တိုက်ပွဲကြီးငယ်များ ၆၅၄ကြိမ် ဖြစ်ပွားခဲ့ရာ တပ်မဟာ(၅)တွင်တိုက်ပွဲများပြင်းထန်ခဲ့တဲ့အပြင် နအဖတပ်အများဆုံးသေကြေ ဒဏ်ရာရကြောင်း KNUမှ ထုတ်ပြန်သောသတင်းများအ ရသိရှိရသည်။

ကရင်လွတ်မြောက်ရေးတပ်(KNU/KNLA) မှ ၆ဦးကျဆုံးပြီး ၇ဦးဒဏ်ရာရရှိကြောင်းကိုလည်းဖော်ပြထားသည်။

အဆိုပါ ၄လအတောအတွင်းမှာ နအဖတပ်မှလာရောက်လက်နက်ချခဲ့သူ စုစုပေါင်း၁၂ဦး အပြင် KNU ဘက်မှ လက်နက်ငယ် ၄၀လက်၊ စကားပြော စက် ၉ လုံး၊ မိုင်း လက်ပစ်ဗုံးနှင့် ကျည်ဆံများကိုလည်းရရှိကြောင်းကိုလည်းဖော်ပြထားသည်။

ထို့အပြင် နယ်ခြားစောင့်တပ်သို့ပြောင်းသွားသော DKBA နှင့် အဆိုပါ ၄လအတွင်းတိုက်ပွဲများဖြစ်ပွားရာနယ်ခြားစောင့်တပ်မှ ၂၀ဦး သေ၊၄၇ဦးဒဏ် ရာရပြီး ၁၃ဦးအရှင်လက်ရဖမ်းမိခဲ့သည်။ဒါ့အပြင် မိခင်KNU နှင့်ပြန်လည်ပေါင်းစည်းခဲ့သော နယ်ခြားစောင့်တပ်ဦးရေမှာ ၈၄ဦးဖြစ်သည်။

ဒါတင်မကသေးပါ....လက်နက်ငယ် ၈၇လက်နှင့် RPG၊မော်တာ အစရှိသောလက်နက်ကြီး ၁၄လက်၊ စကားပြောစက် ၁၃လုံး တို့အပြင် လက် ပစ်ဗုံး ကျည်ဆံများ စသည်တို့ကိုရရှိခဲ့ကြောင်းသတင်းရရှိခဲ့သည်။

Kwekalu သတင်းကိုကညောဖိုးမှဘာသာပြန်ထားသည်။

ကရင် နယ်ခြားစောင့် အချင်းချင်း ပစ်ခတ်

ဧရာဝတီ သတင်းမှ.......

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာတွင် နယ်ခြားစောင့်တပ် လက်ခံထားသည့် DKBAတပ်ဖွဲ့ဝင်များ အချင်းချင်း ပြီးခဲ့ သည့် အင်္ဂါနေ့ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှု ဖြစ်ပွားသူများသည် နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၁၂ မှ ဗိုလ်ဘိ ဦးဆောင်သော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှုများကြောင့် ယင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း KNU ဘား အံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ပြောသည်။

မြဝတီမြို့ အနီးမှာလက်နက်ကြီးသံတွေ ကြားနေရ

နေ့သစ်မှ........

ဒီကနေ့ မြဝတီမြို့ ပတ်ဝန်းကျင်မှာ လက်နက်ကြီးသံတွေ ကြားရနေရတယ်လို့ မြို့ခံတွေ ပြောပြချက်အရ သိရပါတယ်။

“နေ့လည်က ကြားတာ ၁၀ ချက်လောက်ရှိတယ်။ ကျောက်လုံးကြီးဘက်ကလည်း သေနတ်သံတွေ ကြားနေရတယ်။ မြို့ထဲမှာတော့ လူရှင်းနေတာပဲ။ မြို့ကလူတွေ ထိခိုက်တာတော့ မကြားရသေးဘူး။ ဒီနေ့ ကြံ့ဖွံ့ရုံးကို ဝင်တိုက်မယ် ဘာညာနဲ့ ကြားထားတာတယ်လေ။ ဒီနေ့က ကလေးတွေ ကျောင်းသွားအပ်တယ်လေ၊ အဲဒါ အသံတွေကြားတာနဲ့ အိမ်မှာ ပြန်နေကြရတယ်” ဟု ဒေသခံကုန်သည်တဦးက ပြောပြပါတယ်။
မြဝတီမြို့မှာ မေလ ၂၅ ရက် မနေ့ကတည်းက မြို့ထဲမှာ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ခံပြည်သူများ အနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရပါတယ်။

မြဝတီမြို့က ကြံ့ဖွံ့ရုံးကို ဒီကေဘီအေတပ်ဖွဲ့ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်

နေ့သစ်မှ.........

“၂၆ ရက်နေ့ ဝင်တိုက်မယ်လို့တော့ ကြားတာပဲ ဟုတ်မဟုတ်တော့မသိဘူး။ ခုပဲ ရပ်ကွက် ၅ မီးသတ်ပိုင်းက ဖုန်းဆက်သတိပေးတာ။ မီးသတ်နားမှာက ကြံ့ဖွံ့ရုံး ရှိတယ်လေ။ အဲဒီ ရုံးကို တိုက်မယ်လို့ ကြားတာ။ ဒီရုံးနားနီးတဲ့ လူတွေကတော့ စိတ်ပူနေကြတယ်။ ကျနော်တို့ နေတဲ့ နေရာနဲ့ တော့ နဲနဲလှမ်းတယ်။ တကယ်လို့ ဖြစ်လာရင်တော့ အိမ်အောက်က ကျင်းထဲ ဝင်ပုန်းကြမှာပေါ့။ ဟုတ်။ ဒီလိုပဲ ဝင်တိုက်မယ် ဝင်တိုက်မယ် ဆိုတဲ့ သတင်းတွေကတော့ ခဏခဏ ကြားတာပဲ၊ ဗုံးတွေလည်း မကြာမကြာကွဲတယ်၊ အမြောက်ပစ်သံခတ်သံတွေလည်း မကြာခဏဆိုသလို ကြားနေရတာပဲ။ စိုးရိမ်းတာတော့ ဖြစ်တာပေါ့၊ ပြေဟယ်လွှားဟယ် ရွှေ့ရယ်ပြောင်းရယ်တော့ မရှိကြပါဘူး။ ဈေးရောင်းဈေးဝယ်တွေလဲ ပုံမှန်ပါပဲ။ ဒီနေ့က ကားတန်း အတက်နေ့လေ။ ကားတွေလည်း လူသိပ်မပါပါဘူး။ သတင်းတွေ ကြားထားပုံရတယ်”

Read More...

အစိုးရ သတင်းစာ ရေးသားဖော်ပြ ချက် KNU ငြင်းဆို

စောသိန်းမြင့်(ကေအိုင်စီ)

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များသည် ခရီးသည်တင်မှန်လုံယာဉ်များ ပစ်ခတ်၊ ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာ ဖြစ်သည်ဟု ကေအဲန်ယူက တုန့်ပြန်ပြောဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မလိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

Read More...