ကော့ကရိတ်အရှေ့ဖက် တစ်နာရီကြာ တိုက်ပွဲတွင် မြန်မာစစ်သည် ၁ဦးကျဆုံး

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အရှေ့ဘက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တိုးတက်သော ဗုဒ္ဓ ဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့များနှင့် အစိုးရဘက်မှ တပ်ရင်း(၉၇)တို့ ယနေ့ တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရစစ်သည် ၁ဦး ကျဆုံးသွားခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။

ယနေ့ မွန်းတည့် ၁၂နာရီတွင် ကော့ကရိတ်မြို့မှ ၂မိုင်အကွာအဝေးရှိသည့် တတန်ကူးရွာအနားတွင် ဗိုလ်ကြီးစောကညော ဦး ဆောင်သည့် KNLA တပ်ရင်း(၁၀၁)နှင့် ဗိုလ်စောနော့မု ဦးဆောင်သည့် DKBA ကလိုထူးဝါးစစ်ဗျူဟာ တပ်ရင်း(၉၀၇) ပူးပေါင်း တပ်ဖွဲ့ဝင်များသည် စကခ(၁၂) လက်အောက်ခံ ခလရ(၉၇)တပ်ရင်းနှင့် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DKBA ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က ကေအိုင်စီကို ပြောသည်။

Read More...

ကော့ကရိတ်မြို့နယ် တတန်ကူးရွာနဲ့ ဝါ့မီထအနီးမှာ ကြံ့ဖွံ့စစ်စိုးရတပ်ကို ကေအန်ယူနဲ့ ဒီကေဘီအေ ပူးပေါင်းစစ်ဆင်

နေ့သစ် မှ.........

ကြံ့ဖွတ်စစ်အစိုးရ စစ်တပ် ခလရ ၉၇ ကော့ကရိတ်မြို့စောင့်တပ်ကို KNU ၁၀၁ တပ်ဖွဲ့၊ ဒီကေဘီအေ ၉၀၇ တပ်ဖွဲ့ ပူးပေါင်းအင်အားနဲ့ ကော့ကရိတ်မြို့နယ် တတန်ကူးရွာမှာ ဒီကေနေ့ နေ့လည် ၁၂ နာရီ မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်လောက်ကြာခဲ့တယ်။ ကြံ့ဖွတ်စစ်အစိုးရဘက်မှ ၁ ယောက်သေဆုံးတယ်လို့ သတင်းရရှိတယ်။

Read More...

ပျောက်နေသည့် မန်းငြိမ်းမောင်အတွက် မိသားစု စိုးရိမ်

ဧရာဝတီ မှ....

နှစ်လကျော် ပျောက်ဆုံးနေသော ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင်အတွက် မိသားစုနှင့် လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။ ယခုအခါ ပဒိုမန်းငြိမ်းမောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း သတင်းများ ထွက်ပေါ်နေသည်။

Read More...

နိုင်ငံပြောင်းလဲမည့် အခြေအနေရောက်နေပြီဟု ဒေါ်စုပြော

ဒီသတင်းကိုဖတ်ရတော့..အန်တီစုကိုယုံကြည်မှုသိပ်မရှိတော့ဘူး...သန်းရွှေကြိုးကိုင် သိန်းစိန်အစိုးရရဲ့ ဘာဆေးများစားမိသွားလဲလို့ မေးချင်ပါ တယ်....တကယ်ပဲဖြစ်ပျက်ခဲ့တာတွေကိုနည်းနည်းထည့်စဉ်းစားပြီး မြန်မာနိုင်ငံကြီးကိုထပ်ပြီးတော့ဆွဲမချပါနဲ့ဗျား....မဟာဗမာဝါဒီကိုလည်းထပ်ပြီး အသက်ဆက်မသွင်းပါတော့ အန်တီစုရေ......

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ကြာသပတေးနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပထမဆုံးအကြိမ် ကျင်းပရာ၊ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲ
ဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁ဝ မိနစ်ကျော်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။

Read More...

မူးယစ်တရားခံများမှာ မြန်မာအစိုးရ၏ ပူးပေါင်းကြံစည်မှုဟု KNU ရှင်းလင်းချက်ထုတ်ပြန်

နန်းဖော့ဂေ (ကေအိုင်စီ)

ထိုင်း ASTV နှင့် Manager online မဂ္ဂဇင်းပါ သတင်းအရ ထိုင်းအာဏာပိုင်များ ဖမ်းဆီးမိသူ မူးယစ်တရားခံနှစ်ဦးက မိမိတို့ သည် KNU များဖြစ်သည်ဟု ထွက်ဆိုချက်မှာ မြန်မာအစိုးရနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ ညစ်ညမ်း သည့် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း KNU ဗဟိုဌာနချုပ်က ယနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ရှင်းလင်းပြောဆိုလိုက်သည်။

အသက် ၃၀ကျော်အရွယ်ရှိ အဆိုပါ မူးယစ်တရားခံနှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲ့ကုကျေးရွာအနီးတွင် ကျေးရွာလူကြီးများနှင့် နယ်စပ် ထိုင်းရဲအချို့က စက်တင်ဘာလ ၉ရက်နေ့တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး မိမိတို့သည် “မင်းကြီးမိန်း”တပ်ရင်းမှ KNU အဖွဲ့ဝင်များ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ထုတ်ဖော်ပြောဆိုချက်မှာ မမှန်ကန်ကြောင်းနှင့် KNU တွင် ၎င်းတပ်ရင်း အမည်မရှိ ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More...

အစိုးရစစ်တပ် ရိက္ခာများကို ကေအဲန်ယူ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီး

စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မြစ်တန်းမြို့ ရှေ့တန်းတနေရာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ် ခမရ(၄၃၂)အတွက် တပ်ရိက္ခာများကို သယ်ယူလာသည့် ယာဉ်တစ်စီးပေါ်မှ ရိက္ခာများအား ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့က စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၁)၊ နည်းဗျူဟာ(၃) လက်အောက်ခံ ရှေ့တန်းရှိ ခမရ (၄၃၂)တပ်ရင်း စစ်ကြောင်း(၁)အတွက် ရိက္ခာများကို ထီးထာမှ ဆင်ဖြူဒိုင်သို့ သယ်ဆောင်လာစဉ် ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များက အလစ်ငိုက်ဝင်ရောက်ပြီး ကားပေါ်ရှိ တပ်ရိက္ခာမျိုးစုံကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Read More...

9/11

9/11 ကိုပြန်သတိရပြီး ခံစားကြည့်လိုက်တဲ့အခါ မှာဘာသာရေးအယူသီးတဲ့ လူတစုကြောင့်အပြစ်မဲ့သူများသေဆုံးခဲ့ရတဲ့အပြင် ကျန်ရစ်သူမိသားစု များလည်း အခုထက်ထိဒုက္ခရောက် ကြေကွဲနေရဆဲပါပဲ.....9/11မှာဆုံးသွားသောသူအားလုံးကောင်းရာသုဂတိလားပါစေ.....