KNLA တပ်ဖွဲ့ဝင်များ စောင့်ကြို ပစ်ခတ်မှုကြောင့် ခမရ(၅၄၇) တပ်ရင်းမှူးကျဆုံး

ကေအိုင်စီ မှ............


ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ခလယ့်ဒေးကားလမ်းအတိုင်း တက်လာသည့် အစိုးရစစ်တပ်အား ယနေ့မွန်းလွဲပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က တပ်ရင်းမှူး တစ်ဦး အပါအ၀င် ၂ဦး ကျဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ယနေ့ မွန်းလွဲ ၁း၂၀နာရီအချိန်တွင် ခလယ့်ဒေးကျေးရွာ ကားလမ်းအတိုင်း ချီတက်လာသည့် အစိုးရ စစ်တပ် ခမရ(၅၄၇) စစ် ကြောင်း(၁)အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇)တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်ခဲ့မှု ကြောင့် ယခုလို အစိုးရစစ်ဘက်က ထိခိုက်ကျဆုံးခြင်းဖြစ်သည်ဟု KNLA တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲ က ပြောသည်။

Read More...

ဓါးစာခံရွာသား ၁၀၀ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်ပေးခဲ့

ကေအိုင်စီ မှ........

ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အဇင်းရွာသား ၁၀၀ကျော်ကို အစိုးရစစ်တပ်က ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

ထိုဒေသရှိ ကရင်တပ်ဖွဲ့များက ၎င်းတို့ အရှင်ဖမ်းဆီးရမိသည့် စစ်တပ်မှ ဒုတပ်ကြပ်တဦးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး နောက် စစ်တပ်ဘက်မှလည်း ဓါးစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားများကို ယခုလို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Read More...

ကရင်နယ်ခြားစောင့်ချင်း တိုက်ပွဲ ဖြစ်၊ တပ်ရင်းမှူး တဦးကျ

ဧရာဝတီ သတင်းမှ...........

ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံးသွားသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာအနီးရှိ တခွက်ဖိုးရွာ တွင် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်နှင့် သစ္စာမခံသည့်တပ်များ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။

ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)ဗဟိုမှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃၊ ၁၀၁၄ စသည့် တပ်ရင်းများအခြေစိုက်ပြီး လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေလိုသဖြင့်၊ တပ်ရင်း ၁၀၁၁ မှလွဲ၍ ကျန်တပ်ရင်း ၃ ရင်းမှာ ယခင်လကစ၍ DKBA အဖြစ် ဘက်တံဆိပ်များကိုပြန်လည် တပ်ဆင်ခဲ့ကြပြီး မကျေနပ်မှုများကို အရေးဆိုခဲ့ကြသည်။

Read More...

ကရင်တပ်ဖွဲ့ဝင်များက စစ်တပ်သွားလာ နိုင်သည့် တံတား ၃စင်းကို ဖျက်ဆီးခဲ့

ကေအိုင်စီ

နယ်ခြားစောင့်တပ်ရင်း (၁၀၁၂)မှ ဗိုလ်မှူးစောဘိ၏ တပ်ဖွဲ့ဝင်များနှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ တံတား ၃စင်းကို ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

ကမမောင်းနှင့် ရွှေဂွန်းကျေးရွာကြားရှိ တခေါ့ဖိုးနေရာမှ တံတား ၂စင်းနှင့် မင်းဇီကျေးရွာရှိ တံတား ၁စင်းကို ဖျက်ဆီးပစ်ခဲ့ ကြောင်း ဗိုလ်မှူးစောဘိက ဆက်သွယ်ပြောဆိုလာသည်ဟု ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်များက ပြောသည်။

Read More...

ကမမောင်းရှိ အစိုးရစစ်တပ်အား နယ်ခြားစောင့်တပ်များ ၀င်ရောက်ပစ်ခတ်

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကမမောင်းကျေးရွာရှိ အစိုးရစစ်တပ်စခန်းတခုအား ဗိုလ်မှူးစောဘိဦးသည့် နယ်ခြားစောင့်တပ် (ဘီ ဂျီအက်ဖ်)တပ်ဖွဲ့များက ယမန်နေ့ည ၁၂နာရီအချိန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းသွား သလို တံတားတစင်း ပျက်စီးသွားသည်ဟု ကမမောင်းရွာသူတဦးက ယခုလို ပြောသည်။

Read More...

တောင်ငူတွင် ဗုံးကွဲ

မဇ္ဈိမ သတင်းမှ.........

တောင်ငူမြို့တွင် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းကအင်အားပြင်းထန်သောဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်းလူအသေအပျောက် မရှိကြောင်းသိရသည်။

ပဲခူးတိုင်းအရှေ့ပိုင်းတောင်ငူခရိုင်တောင်ငူမြို့ ၂ဝရပ်ကွက်မိတ္တဗလလမ်းပေါ် မြက်ခင်းတွင်မွန်းလွဲ၁နာရီခန့်ကပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးချိန်ကိုက်ဗုံးဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့က ပြောသည်။

“ ဗုံးကတော့ ချိန်ကိုက်ဗုံးလို့ ယူဆရပါတယ်။ ပြင်းအားကတော့ တော့်တော့ကို ပြင်းပုံရတယ်။ ဗုန်း ဆို တမြို့လုံးကို ဟီးသွားတာပဲ။ သတင်းရပြီး သွားကြည့်တော့ မြက်ခင်းပဲ စုတ်ပြတ်သွားတာ အဲဒီနားမှာ အဆောက်အဦးကလည်း ကပ်လျက် မရှိဘူးလေ။” ဟု ဗုံးကွဲသည့် နေရာအား သွားရောက် သတင်းကောက်ယူခဲ့သူ တောင်ငူမြို့နယ် စည်ပင်သာယာ ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကြံ့ဖွတ်အစိုးရသစ်က မင်းသမီး မစ်ရှဲယို ကို လေဆိပ်က ပြန်မောင်းထုတ်

နေ့သစ်မှ.......

မကြာမီရုံတင်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ထားတဲ့ ဟောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်မင်းသမီး မစ်ရှဲယိုကို ကြံ့ဖွတ်အစိုးရတဖြစ်လဲ မြန်မာစစ် အစိုးရက လေဆိပ်ကနေ မောင်းထုတ်လိုက်ပြီး နာမည်ပျက်စာရင်း (ဘလက်လစ်စ်) သွင်းလိုက်တယ်လို့ အရာရှိ တဦးက အင်္ဂါနေ့က ပြောပါတယ်။

Read More...

ကျောက်ကြီးမြို့နယ်မှ ဒေသခံ ရွာသား ၃၀၀နီးပါးကို စစ်တပ်က နေ့စဉ် လုပ်အားခိုင်းစေ

စောသိန်းမြင့် (ကေအိုင်စီ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံရွာသား ၂၀၀ကျော်သည် ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အချိန်ထိ အစိုးရတပ်များ၏ လုပ် အားပေး ခိုင်းစေမှုကို နေ့စဉ် ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောက်ကြီးမြို့ အနောက်ဘက် (၆)မိုင်အကွာအဝေးရှိ ၀က်လာတော၊ ပတ္တလား၊ အေးနယ်၊ သာလဲ စသည့် ကျေးရွာအုပ်စု များမှ ဒေသခံရွာသူရွာသား ၂၉၀ဦးကို ဘုရားကုန်းရှိ အစိုးရတပ် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ (၃၄၅)တပ်ရင်းက ဇွန်လ ၁၉ရက်နေ့မှ ယနေ့အထိ နေ့စဉ် လုပ်အားခိုင်းစေနေကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

Read More...

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ

VOA သတင်းမှ.........

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာ​ကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်အစိုးရက ခုလို တုံ့ပြန် ပြောကြားခဲ့တဲ့ အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။

Read More...