တောင်ငူတွင် ဗုံးကွဲ

မဇ္ဈိမ သတင်းမှ.........

တောင်ငူမြို့တွင် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းကအင်အားပြင်းထန်သောဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်းလူအသေအပျောက် မရှိကြောင်းသိရသည်။

ပဲခူးတိုင်းအရှေ့ပိုင်းတောင်ငူခရိုင်တောင်ငူမြို့ ၂ဝရပ်ကွက်မိတ္တဗလလမ်းပေါ် မြက်ခင်းတွင်မွန်းလွဲ၁နာရီခန့်ကပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးချိန်ကိုက်ဗုံးဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့က ပြောသည်။

“ ဗုံးကတော့ ချိန်ကိုက်ဗုံးလို့ ယူဆရပါတယ်။ ပြင်းအားကတော့ တော့်တော့ကို ပြင်းပုံရတယ်။ ဗုန်း ဆို တမြို့လုံးကို ဟီးသွားတာပဲ။ သတင်းရပြီး သွားကြည့်တော့ မြက်ခင်းပဲ စုတ်ပြတ်သွားတာ အဲဒီနားမှာ အဆောက်အဦးကလည်း ကပ်လျက် မရှိဘူးလေ။” ဟု ဗုံးကွဲသည့် နေရာအား သွားရောက် သတင်းကောက်ယူခဲ့သူ တောင်ငူမြို့နယ် စည်ပင်သာယာ ဌာန အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

0 comments:

Post a Comment