ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့

နအဖ စစ်ခွေးတွေကတော့ယုတ်မာတဲ့နေရာမှာ ပြိုင်စံရှားပါပဲဗျာ.........စကောလောက်ဇောက်မနက်တဲ့
စစ်ခွေး နအဖတပ်ပါပဲ......မိုးကောင်းတုန်းရွာ ထားဦးပေါ့.....ကိုယ့်အလှည့်ကျရင်မနွဲ့စတမ်းပေါ့ကွာ...........

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

Read More...

စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ရွာသားများ၏ ၀င်ထွက်သွားလာမှု ကို ပိတ်ဆို့လိုက်သောကြောင့် ယခုအချိန်တွင် ရွာသားများသည် စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ကြုံနေရသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။

ယခုလဆန်းပိုင်းမှစ၍ တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသော အစိုးရတပ် စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၉) လက်အောက်ခံ ခလရ(၇၃)၊ ခမရ(၅၃၉)တပ်ရင်းတို့သည် တိပ်ပု၊ ဘောကလိကြီး၊ ဘောဂလိလေးရှိ ဒေသခံ ရွာသားများ၏ တနေရာနှင့် တနေရာ ၀င်ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်လိုက်သောကြောင့် ရွာသားများသည် စားနပ် ရိက္ခာ အခက်အခဲ ပြဿနာ အလွန်ကြုံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Read More...

DKBA အချင်းချင်း တိုက်ပွဲဖြစ်

ဧရာဝတီ သတင်းမှ...........

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Read More...

ကေအဲန်ယူနှင့် တိုက်ခိုက်မှုကြောင့် BGF တပ်ဖွဲ့ဝင် ၁ဦး ကျဆုံး

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနားတွင် နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KLNA)တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ BGF ဘက်မှ ၁ဦး ကျဆုံးသွားခဲ့သည်ဟု ကေအဲန်ယူဘက်က ပြော သည်။

ယမန်နေ့ နံနက် ၄နာရီတွင် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)၊ (၂၂)တပ်ဖွဲ့ဝင်များနှင့် BGF တပ်ရင်း(၁၀၁၅)တို့ ၁နာရီခွဲအ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ၁ဦး ကျဆုံးကာ လက်နက်ခဲယမ်းအချို့ကို ကေအဲန်ယူဘက်မှ သိမ်းဆည်းရရှိခဲ့သည်ဟု KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ကေအိုင်စီကို ပြောသည်။

Read More...

DKBA လက်နက်ကြီးများဖြင့် အပစ်ခံရ

စောခါးစူးညါး (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် မေတ္တာလင်းမြိုင်ရွာ အနီးရှိ မြန်မာအစိုးရတပ်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကို ယနေ့ နံနက် ၅နာရီခန့်တွင် လက်နက်ကြီးကျည်အလုံး ၂၀ခန့် ပစ်ခတ်ခဲ့သည် ဟု စုံစမ်းသိရှိရသည်။

မြန်မာအစိုးရတပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၃၅၇)နှင့် နယ်ခြားစောင့်တပ် (၁၀၂၂) တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က ၎င်းတို့ကို ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု DKBA (၉၀၇)၏ ဒုတပ်ရင်း မှူး ဗိုလ်မှူးစောကော်ဒို့စိုးက ကေအိုင်စီကို ပြောသည်။

၎င်းက “သူတို့(မြန်မာအစိုးရတပ်)က ကျနော်တို့ကို ၈၁-မမ နဲ့လှမ်းပစ်တာ အချက် ၂၀လောက် ရှိတယ်။ ၁၀လုံးကျော်လောက်ပဲ ပေါက်ကွဲတယ်။ ကျနော်တို့ ရှိတဲ့နေရာကိုတော့ တစ်လုံးမှ ကျတာမရှိဘူး။”ဟု ပြောဆိုသည်။

Read More...

အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး

VOA သတင်းမှ.........

မြန်မာနိုင်ငံက အကျဉ်းထောင်တွေတွင်း နှစ်ရှည် အကျဉ်းချခံထားရတဲ့ အရင် စစ်ထောက်လှမ်းရေး အကြီးတန်း အရာရှိ ၅ ဦးကို ပြန်လွှတ်ပေးလိုက်တာဟာ အခု မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာမှာ နောက်ကွယ်ကနေ အသုံးချဖို့ ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ အကြောင်းကတော့ အခုလွှတ်ပေးလိုက်တဲ့ အထဲမှာ အရင် စစ်ထောက်လှမ်းရေးအဖွဲ့က တိုင်းရင်းသားရေးရာ ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်နဲ့အတူ ဒု-ဗိုလ်မှူးကြီးဟောင်း သက်တင်စိန်တို့ဟာ အရင် စစ်အစိုးရလက်ထက်က တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ အရေးပါတဲ့ ကဏ္ဍတွေက ပါဝင်ခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသုံးသပ်ချက် အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
နှစ်ရှည်ထောင်ဒဏ်တွေနဲ့ အကျဉ်းကျနေတဲ့ အကြီးတန်း စစ်ထောက်လှမ်းရေး အရာရှိ ၅ ဦးကို ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အရင် တန်ပြန် စစ်ထောက်လှမ်းရေး အရာရှိဟောင်း တဦးလည်းဖြစ်၊ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ လက်ထောက် သံရုံးတာဝန်ခံ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

Read More...

ဦးခင်ညွန့် ပြန်လွတ်တော့မည်လော

ဧရာဝတီ သတင်းမှ..............

စနေနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်တော့မည့် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမှုအား အစိုးရသစ်က မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို နိုင်ငံရေးလေ့လာသူများက စိတ်ဝင်စားနေကြသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် စစ်အစိုးရက နိုင်ငံတော်အာဏာ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု တို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ်ချခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ “ဆိုင်းငံ့ပြစ်ဒဏ်ဆိုတာက အပြင်မှာထားလည်း ရတယ်။ ပုဒ်မ ၁၀ (ခ) သဘောအရ ပြည်ထဲရေး ဗဟိုအဖွဲ့ ကနေ ၆ လ တကြိမ် သက်တမ်းတိုးလို့ရတယ် ဆိုတာ ရှိတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကိုတော့ အစိုးရက သူတို့ လွှတ်ပေးချင်ရင် ပုဒ်မ ၄၀၁ အရလည်း လွှတ်ပေးနိုင်တယ်”ဟု ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

Read More...

မဲ့ကသာကျေးရွာအတွင်း၌ စာသင်ကျောင်း မဖွင့်နိုင်သေး

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသရှိ မဲ့ကသာရွာတွင် တိုက်ပွဲများကြာင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည့် ရွာသူရွာသားများမှာ ယခုအချိန်၌ ရွာတွင် ပြန်လည် နေထိုင်နိုင်ကြပြီဖြစ်သော်လည်း စာသင်ကျောင်းကိုမူ ဖွင့်လှစ်နိုင် ခြင်း မရှိသေးကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

၎င်းရွာရှိ ဘာသာရေးခေါင်းဆောင်တဦးက “ရွာသားတွေ ပြန်နေထိုင်တာ ၁၀ရက်ကျော်သွားပြီ။ အကုန်လုံးတော့ မဟုတ်သေး ပေမဲ့ ထက်ဝက်ကျော်လောက်ရှိပြီ။ ဒါပေမယ့် ပိတ်ထားတဲ့စာသင်ကျောင်းကိုတော့ အခုထက်ထိ ပြန်မဖွင့်နိုင်သေးတဲ့အတွက် ကလေးတွေလည်း မိဘတွေနဲ့အတူ နေ့စားသွားလုပ်တဲ့လူကလုပ်၊ ကျောင်းထွက်ပြီး တခြားရွာကို ပြောင်းသွားတာလည်း ရှိ တယ်။”ဟု ပြောသည်။

Read More...