လူမဆန်မှုသတင်း

၁၀.၀၄.၂၀၁၀

သထုံခရိုင်။
- ၇.၄.၂၀၁၀ နေ့၊ DKBAသောမနသည် သူ့လူစောဆာလားအား ပလောဖိုးတိုးရွာသား စောမောင်မြအောင်၏ကျွဲအားခိုးယူခိုင်းပြီး တမိုယာရွာ သို့သွား ရောင်းစားခဲ့သည်။ ကျွဲပိုင်ရှင်သည် DKBA၏လက်ချက်မှန်းသိသဖြင့် သွားပြန်မယူရဲ။

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ် ၂.၄.၂၀၁၀နေ့ ခမရ(၄၂၇) တပ်သည် ကော်သေးဒဲရွာသား စောမင်း နိုင်(ခ)တော်သူ အားအပြစ်မရှိပဲ ဖမ်းဆီးပြီး စကခ(၇)သို့ပို့ခဲ့သည်။ ရွာလူ ကြီးများ သွား ရောက်အာမခံဖို့အတွက်လုံးဝအခွင့်မပေးခဲ့။

Read More...

နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်

ရဲရင့်/ ၉ ဧပြီ ၂ဝ၁ဝ
နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “လာမယ့် ဇွန်လကုန်မှာ ကရင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အပြီးအသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ဌေးမောင်ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ထားတာနဲ့ပတ်သက်ပြီးတော့ နအဖဘက်က ဒီအဖွဲ့ကို ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ ဗိုလ်ဌေးမောင်က အသာတကြည် လက်မခံလို့ကတော့ ဒီကိစ္စ သွေးမြေကျမှုတွေ အများကြီးဖြစ်ဖို့ရှိတယ်” ဟု ပြောသည်။

Read More...

ရန်ကုန်သင်္ကြန် အခွင့်ထူး ဖိုးလပြည့် ရမည်

ယခုနှစ် ရန်ကုန် သင်္ကြန်တွင် မဏ္ဍပ် ဆောက်လုပ်ခွင့်ကို ကန့်သတ် ထားသော်လည်း နှစ်သက်ရာ နေရာတွင် မဏ္ဍပ် ဆောက်နိုင်သည့် အခွင့်ထူး ရသူများထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်လည်း ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ - မိုးမခ)

Read More...

ကေအဲန်ယူနှင့် သုံးရက်တိုက်ပွဲတွင် နအဖ ဗိုလ် ၂ဦး ကျဆုံး

ဧပြီလ ၉ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ဧပြီလ ၇ရက်နေ့မှစ၍ ယနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ် (၂)ဦး အပါအ၀င် ၄ဦး ကျဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ (၇)မှ ထိပ်တန်းအရာရှိတဦးက ကေအိုင်စီကို ပြောသည်။

ယခုလ ၇ရက်နှင့် ၈ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ ခလယ်ဒေးဂွင်၌ လှုပ်ရှားနေသော အင်အား (၈၀)ကျော်ရှိ နအဖ စကခ(၁၉) လက်အောက်ခံ ဒုဗိုလ်မှူးကြီးမြင့်တိုး ဦးဆောင်သည့် ခမရ(၅၈၈)တပ်ရင်းနှင့်တကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့မနက်၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ အင်အား (၁၀၀)ကျော်ရှိ ဒုဗိုလ်မှူးကြီးခင်မောင်ကို ဦးစီး သော ခလရ(၂၇၅)တပ်ရင်းနှင့်တကြိမ် ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Read More...

ရွေးကောက်ပွဲရက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မပြောနိုင်

(VOA သတင်းမှ)
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင်ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ထူးထူးခြားခြား ဝေဖန်ပြောဆိုတာတွေ၊ ဆုံးဖြတ်ချက် ချမှတ်တာတွေတော့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

Read More...

ထိုးစစ်များကြောင့် ကလေးငယ် နှစ်သိန်း နီးပါး ခိုလှုံရာမဲ့

ဘစောတင် (ဧရာဝတီ မှ)
စစ်အစိုးရ၏ ထိုးစစ်များကြောင့် လွန်ခဲ့သည့် ၇ နှစ်တာ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး နေကြရသူ များတွင် ကလေးငယ် တသိန်း ကိုးသောင်းကျော် ပါဝင်ကြောင်း အစီရင်ခံစာ တစောင်က ဖော်ပြသည်။
Free Burma Rangers (FBR) နှင့် Partners Relief & Development တို့ ပူးတွဲပြုစု ထုတ်ဝေ လိုက်သည့် “ခိုလှုံရာမဲ့ ကလေး သူငယ်များ ဘဝ” (Displaced Childhoods) တွင် စစ်မက် ဖြစ်ပွားရာ ဒေသများရှိ ထွက်ပြေး ပုန်းရှောင် နေရသော ကလေး ငယ်များ၏ လူ့အခွင့် အရေး ချိုးဖောက် ခံရမှုများ၊ မလုံခြုံသော ဘဝများကို မီးမောင်းထိုး ဖော်ပြ ထားသည်။

Read More...

IDPs ကလေးငယ်များ ခိုလှုံရာကင်းမဲ့နေ

ဧပြီလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
စစ်အစိုးရမှ သတ်မှတ်ခံရထားသော အနက်ရောင်နယ်မြေအတွင်းရှိ ဌာနေမဲ့ ပြည်သူ(အိုင်ဒီပီ) ကလေးငယ်များသည် အကူအညီ ကင်းမဲ့လျှက်ရှိကြောင်း Free Burma Rangers နှင့် Partners အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုင်ငံခြားသတင်းထောက်များကလပ်တွင် Free Burma Rangers နှင့် Partners တို့ ပူးတွဲထုတ်ဝေသည့် “ခိုလှုံရာမဲ့ကလေးများ( Launch of Displaced Childhoods)”အမည်ရှိ အစီရင်ခံစာကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read More...

လူသေအလောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွားနေ

ဧပြီ ၈ရက်။ ကေအိုင်စီ
သန်လျင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အလောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးသည့် အနေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွားနေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ကြောင်း ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။

Read More...

စိတ်ကူးယဉ်မနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်

ကျော်ဗလ (သုံးသပ်ချက်) ခေတ်ပြိုင် မှ
အခုအခါမှာ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး/မ၀င်ရေးဆိုတဲ့ ပြဿနာကို မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး စဉ်းစားကြရမှာ ဖြစ်သလို အန်အယ်လ်ဒီအနေနဲ့လည်း အဆုံးအဖြတ်ပေးရတော့မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အဓိကရွေးချယ်ရမှာက ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်ခံမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ချထားနိုင်ဖို့ပါပဲ။ ဒါ နိုင်ငံရေးပါတီတိုင်း အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့တွေမှာ ကြုံရတတ်တဲ့ ပါတီတွင်း အတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲသာဖြစ်ပါတယ်။
ဒီအတွေးအခေါ် (၂) ရပ်၊ လမ်းစဉ် (၂) ရပ် တိုက်ပွဲအတွင်းမှာ အပြုသဘောဆောင်တဲ့ ဒီမိုကရေစီနည်းကျ ဆွေးနွေးငြင်းခုန်ကြရင်း ပါတီအတွက် လမ်းစဉ် လုပ်ငန်းစဉ်တွေ ပီပြင်စွာချမှတ်နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေပါ ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် ပါတီတွင်း လမ်းစဉ်နှစ်ရပ်တိုက်ပွဲကို ဒီမိုကရေစီနည်းကျစွာ စည်းလုံးမှုရှိစွာ ဆင်နွှဲနိုင်မှ ပါတီတွင်းညီညွတ်ရေးကို တဆင့်တိုး တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်။ ပါတီစည်းလုံးညီညွတ်မှုရှိမှလည်း ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

Read More...

သံလွင်အရှေ့ခြမ်း နအဖစစ်တပ် ဂိတ်စခန်းတိုးချ ခရီးသွားများအား တားဆီးစစ်ဆေး

သျှမ်းသံတော်ဆင့် သတင်းမှ

သံလွင်အရှေ့ခြမ်း တာချီလိတ် - မိုင်းဆတ် လမ်းမပေါ် နအဖ စစ်တပ် ကင်းစခန်းများတိုးချထားပြီး ခရီးသွားများအား တားဆီးစစ်ဆေးမှု ပြုလုပ်နေသည်ဟု ခရီးသွားများပြောပြချက်အရ သိရပါသည်။
မတ်ခ်ျ ၂၇ ရက် ဖက်ဆစ်ဂျပန်တော်လှန်ရေး (နအဖတို့၏ တပ်မတော်နေ့) နှောင်းပိုင်း တာချီလိတ်အခြေစိုက် နအဖ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်စိုးကိုယ်တိုင်လည်း နယ်လှည့်စစ်ဆေးမှု ပြုလုပ်နေသည်ဟု စုံစမ်းသိရှိရပါသည်။

Read More...

အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ လွှတ်တော်အမတ် ၁၀၀ ကျော် ဖိအားပေး

(VOA သတင်းမှ)
07 April 2010

မနက်ဖြန် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေကို ဆွေးနွေးပြီး အာဆီယံ အသင်းကြီး အနေနဲ့ ထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုမျိုး လုပ်ဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတယ်။ မြန်မာစစ်အစိုးရဟာ အာဆီယံ အသင်းကြီးကို ပေးထားတဲ့ ကတိက၀တ်တွေ ချိုးဖောက်ခဲ့တယ်လို့ AIPMC ခေါ် မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့ကလည်း ပြောပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း အာဆီယံက မြန်မာ့အရေးကို ကိုင်တွယ် ဆောင်ရွက်ဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

Read More...

အထူးအယူခံ တင်ရေး ဒေါ်စုနဲ့ ရှေ့နေတွေ ဆွေးနွေး

(VOA သတင်းမှ)
နေအိမ်မှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ဆက်လက် ဖမ်းဆီးခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ် နောက်ထပ် တနှစ်ခွဲ ကျခံနေရတဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ သူ့ရဲ့ ရှေ့နေ ၂ ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းတို့နဲ့ တိုင်ပင်ခဲ့ပါတယ်။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဒီနေ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး ဦးကြည်ဝင်းက အခုလို စပြောပြပါတယ်။

Read More...

မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန်

(VOA သတင်းမှ)
ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။ ဟားဗာ့ဒ် (Harvard) တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက် မပြန့်ပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း (Matthew Bunn) က ဗွီအိုအေ အမေရိကန်အသံမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Read More...

မြန်မာရွေးကောက်ပွဲ ဥပဒေကို ဂျပန်အစိုးရ ဝေဖန်ပြစ်တင်

(VOA သတင်းမှ)
မြန်မာစစ်အစိုးရက မတ်လ ပထမပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး၊ အထူးသဖြင့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရေး ဥပဒေအရ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းခဲ့သလို လွတ်လပ်ပြီး တရားမျှတဖို့အပြင် သက်ဆိုင်တဲ့ အုပ်စုတွေ အားလုံး ပါဝင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဂျပန်အစိုးရ အနေနဲ့ စိတ်ပျက်မိတယ်လို့ ဒီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျပန် သံအမတ်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

Read More...

ထိုင်းသစ်ကုန်သည်ကြီးများ ငွေမချပေးသဖြင့် သစ်လုပ်ငန်းရှင်တချို့ အလုပ်ရပ်ဆိုင်းလိုက်ရပြီ

စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ်တ၀ိုက်မှ သစ်လုပ်ငန်းရှင်တချို့သည် ထိုင်းသစ်ကုန်သည်ကြီးက ငွေမချပေးသဖြင့် သစ်ထုတ်လုပ်မှု ရပ်ဆိုင်းနေရသည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်ကြောင်း သစ်လုပ်ငန်းရှင်များက ပြောသည်။
ဘုရားသုံးဆူမြို့ရှိ သစ်လုပ်ငန်းရှင်တဦးကလည်း “သူဌေးကြီးက ငွေမချပေးတာ တလ နှစ်လနီးပါးလောက် ရှိပြီ။ အခုဆိုရင် သစ် လုပ်ငန်းရှင်ကြီး တယောက်နှစ်ယောက်လောက်ပဲ ကျန်မယ်။ လုပ်ငန်းရှင်အငယ်တွေဆို တစ်ကားနှစ်ကောင်းရောင်းပြီး လုပ်ငန်းရပ် လိုက်ပြီ။ ဒီကေဘီအေနဲ့ ကေပီအက်ဖ်အဖွဲ့လည်း သူတို့ဖာသာ သူတို့ ထလုပ်ကြတယ်။ ကေအဲန်ယူရဲ့ မိသားဝင်အချို့လည်း ကား နဲ့ လေး၊ ငါး၊ ဆယ်စီးစာ ရောင်းလို့ ဆီဖိုး၊ ဆားဖို့ရရင် သူတို့ နားလိုက်တယ်။ အဲလိုပဲ လုပ်နေကြတယ်”ဟု ပြောသည်။၎င်းအပြင် ထိုဒေသရှိ သစ်တောကြိုးဝိုင်းထဲကို ကြာအင်းဆိပ်ကြီးမြို့ရှိ မြန်မာသစ်ကုန်သည်ကြီးများက ၎င်းတို့အစီအစဉ်ဖြင့် သွား ရောက်လုပ်ကိုင်နေကြသော်လည်း အခုချိန်တွင် အလုပ်ရပ်ဆိုင်းလိုက်ရပြီဟု အဆိုပါ သစ်လုပ်ငန်းရှင်က ပြောသည်။

Read More...

တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင်ထပ်မံစာရေး

(သျှမ်းသံတော်ဆင့် သတင်းမှ)

၂၀၀၉ နိုဝင်ဘာ ၁၀ ရက် နေ့ရက်စွဲဖြင့် နအဖထံတောင်းဆိုထားသည့် အချက် ၉ ချက်အားပယ်ဖျက်ပြီးနယ်ခြားစောင့် တပ်အသွင်ရေးဆိုင်ရာ အဓိကအကြောင်းအရာ ၈ ချက်ပါ တောင်းဆိုချက်အသစ်ဖြင့် မတ်ခ်ျ ၃၁ ရက်နေ့ က ၀ ခေါင်းဆောင် ပေါက်ယူချမ်းမှ ထပ်မံ စာရေးတောင်းဆိုခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

Read More...

၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲကော်မတီ ဖွဲ့စည်း

ရဲရင့် (ခေတ်ပြိုင် မှ)

နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုတိုက်ပွဲအပါအ၀င် တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့် လှုပ်ရှားနေပြီဖြစ်သောကြောင့် လူထုတရပ်လုံး ပါဝင်ဆန့်ကျင်ကြရန် နယ်စပ်တွင် ဖွဲ့စည်းလိုက်သည့် လူထုတိုက်ပွဲကော်မတီ-၂၀၁၀ က ယနေ့ပြောကြားသည်။

Read More...

ဗိုလ်ချုပ်ကြီး သိန်းစိန် ပါတီ ခေါင်းဆောင် လုပ်မည်ဟုဆို

သောက်ရူးကြီးက ဘာတွေထပ်ပြီးလုပ်ဦးမလဲ။ အရူးထပြီးရင်းထ..တိုင်းသူပြည်သားတွေကတော့ ဒီအရူးအုပ်စုကြားထဲမှာ ဘဝပျက်ပြီး အဖတ်ဆယ်လို့မရတော့ဘူး။ အောက်ကသတင်းကိုဆက်လက်ဖတ်ရှု့ကြပါတော့ဗျာ။

(ဧရာဝတီ သတင်းမှ)
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရာထူးမှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း (ကြံ့ဖွံ့) က တည်ထောင်မည့် ပါတီကို ခေါင်းဆောင် ရမည်ဟု စစ်အစိုးရ အသိုင်းအ၀န်း ကြားတွင် ပြောဆိုနေကြကြောင်း သိရသည်။

ပြီးခဲ့သည့်လက နေပြည်တော်တွင် ထိပ်သီး စစ်ခေါင်းဆောင်များနှင့် အတူ တွေ့ရသော ဗိုလ်ချုပ်ကြီးသိန်းစိန် (ဓာတ်ပုံ - daylife.com)

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူကို တောင်းပန်

06 April 2010 (VOA သတင်းမှ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မူလရည်မှန်းချက်တွေ အတိုင်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က တုံ့ပြန်မှု မရှိတဲ့အတွက် အောင်မြင်မှု မရရှိခဲ့တာကို ဒီနေ့ ပြည်သူထံကို ပန်ကြားချက်တစောင် ထုတ်ပြန်ပြီး တောင်းပန်လိုက်ပါတယ်။ ဒါ့အပြင် ဘယ်လို အခြေအနေမျိုးကိုပဲ ရောက်ရောက် ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ပြည်သူကို အသိပေးလိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းတဲ့အခါ အချက် ၇ ချက် ပါဝင်တဲ့ ပန်ကြားချက်ရဲ့ အနှစ်ချုပ်ကို အခုလို စရှင်းပြပါတယ်။

Read More...

မဒတ၏ထုတ်ပြန်ချက်

NDF Stat on SPDC's Threat

လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ဗီယက်နမ် တိုက်တွန်း

(VOA သတင်း)
နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး ပြုလုပ်မယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် အသေအချာလုပ်ဖို့ ဗီယက်နမ် ဝန်ကြီးချုပ်က မြန်မာကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားခဲ့တဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဇွန်း (Nguyan Tan Dung) က မြန်မာစစ်အစိုးရကို အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

Read More...

ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့များသို့စောကျော်ခွီး၏ပေးစာ

ညီအစ်ကို ရဲဘော်တို့......
မင်းတို့ အထင်ကြီးလေးစားနေတဲ့ ဗမာစစ်ရာဇဝတ်ကောင်တွေဟာ ဘယ်အချိန်၊ ဘယ်အခါမှကတိတည်တဲ့ အတန်းအစားတွေ မဟုတ် ဖူးဆိုတာ မင်းတို့သဘောပေါက်သင့်တယ်။ တို့ ကရင်တွေကို စည်းလုံးညီညွတ် မှု ပျက်ပြားအောင် သွေးထိုးလှုပ်ဆော်၊ ရာထူးဌာနတွေနဲ့မျှား၊ ငွေကြေးမက်လုံးတွေနဲ့မျှား၊ ဘာသာရေး နဲ့ ခွဲထုတ်၊ စီးပွားရေး လုပ်ကွက် တွေနဲ့ဘမ်းပြပြီး ငါတို့ ကရင်တွေကို အယုံသွင်းပျက်စီးစေနေတာ ငါ့ညီ
အစ်ကို ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေလဲ အသိပါ။ မသိရင် ထပ်ပြောပြမယ်။

Read More...

ပြည်ပရောက် မြန်မာများ ပြည်တော်ပြန်လျှင် ထောင် ၁၀ နှစ် ကျနိုင်

မိုးမခတောထဲက သတင်းအပိုင်းအစများ

ပြည်ပရောက် မြန်မာတွေ မြန်မာပြည်ပြန်ရင် ဧည့်စာရင်းတိုင်ကြပါ၊ မတိုင်ရင် ထောင် ၁၀ နှစ် ကျနိုင်ပါတယ်။
မတ်လ ၂၃ ရက်နေ့ထုတ် FLOWER NEWS ဂျာနယ်မှာ သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ မသူဇာအကြောင်း သတင်းတပုဒ် တွေ့ရတယ်။ သူက ရန်ကုန်ပြန်တော့ သာကေတမြို့နယ်မှာ ရှိတဲ့ သူ့ညီမ မနီလာအိမ်မှာ တည်းသတဲ့။ ဧည့်စာရင်းမတိုင်ဘဲ ၃၆ ရက် တည်းတဲ့အတွက် အရေးယူခံရတယ်လို့ ဆိုပါတယ်။
သူက တခြားနိုင်ငံတခုမှာ နိုင်ငံသား ခံယူလိုက်တဲ့အတွက် မြန်မာနိုင်ငံသား မဟုတ်တော့ဘူး ဆိုပဲ။ အင်း - သတိထားစရာပေပ။

Read More...

မဲခေါင်မြစ် ထိမ်းသိမ်းရေး လှုပ်ရှား သူများ တရုတ် သံရုံး ရှေ့တွင် ဆန္ဒပြ

ဟံသာဝတီ သတင်းမှ

မဲခေါင် မြစ်ရေ ခမ်းခြောက် မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီမှု များကြောင့် ဒေသတွင်း ပြည်သူများ အခက် အခဲ ကြုံတွေ့ နေခြင်း များကို သိရှိစေရန် နှင့် မဲခေါင်မြစ် အထက် အပိုင်း တွင် ရေကာတာကြီးတွေ တည်ဆောက် ထားသော တရုတ် အစိုးရ အား ကန့်ကွက် စာတစ်စောင် အား မဲခေါင် သဘာဝ ထိမ်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ က ဘန်ကောက်မြို့ရှိ တရုတ် သံမှူး ထံသို့ ပေးအပ် ခဲ့သည်။ ယနေ့ စောစော ပိုင်းက ဘန်ကောက်မြို့ ၊ တရုတ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ တရပ် ကျင်းပခဲ့ ကြပြီး ကန့်ကွက် စာအား သံရုံး တာဝန်ခံမှ တစ်ဆင့် တရုတ် အစိုးရ ထံသို့ ပေးပို့ ခဲ့ခြင်း ဖြစ်သည်။ ထိုင်း ၊ လာအိုနိုင်ငံတို့မှ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှား သူများ ယမန် နေ့ က ဘန်ကောက် မြို့ တွင် စည်းဝေးပွဲ တခု ကျင်းပခဲ့ပြီး ယနေ့ ဆန္ဒပြပွဲကို အကောင် အထည် ဖေါ်ခြင်း ဖြစ်သည်။

Read More...