အမျိုးသားအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ကရင်ပြည်သူများ ကြိုဆို

စောသိန်းမြင့်(ကေအိုင်စီ)
နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လုံးဝငြင်းဆန်ကြောင်း ဒီကေဘီအေတပ်မဟာ(၅) ကလိုထူးဘောဗျူဟာ ဗျူ ဟာမှူး ဗိုလ်မှူးကြီး စောလားပွယ်၏ ဆုံးဖြတ်သည် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အပြည့်အ၀ ထောက်ခံသည် ဟု ပြည်တွင်း၊ ပြည်ပရှိ ကရင်ပြည်သူများက ပြောဆိုနေကြသည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ ဒီကေဘီအေ စစ်ဦးစီးချုပ် ကျော်သန်းအပြင် နအဖစစ်တပ်မှ ထိပ် ပိုင်းအရာရှိများက ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်း)ကို အကြိမ်ကြိမ် ဖိအားပေးခဲ့သော်လည်း ဗိုလ်မှူးကြီး စောလားပွယ် သည် ဆုံးဖြတ်ချက်အတိုင်း ပြောင်းလဲသွားခြင်းမရှိဘဲ ယနေ့အချိန်ထိ လူထုဘက်ကို ရပ်နေလျှက်ရှိသည်။

Read More...

စစ်အစိုးရပြစ်မှုစုံစမ်းရေး အမေရိကန်လွှတ်တော် အမတ်များတောင်းဆို

VOA သတင်းမှ..........

မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်ပြစ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သမ္မတ အိုဘားမား အစိုးရက ထောက်ခံဖို့ အမေရိကန် အထက် လွှတ်တော်အမတ် ၃၂ ယောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ဆီကို စာရေးသား ပေးပို့ တောင်းဆိုလိုက်ကြပါတယ်။

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ဥပဒေတရပ်ကို အမေရိကန် သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး သက်တမ်းတိုးလိုက်ပြီးလို့ ၂ ရက်အကြာမှာပဲ အခုလို အထက်လွှတ်တော်အမတ် ၃၂ ယောက် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်ထံကို စာရေးသားခဲ့ကြတာပါ။

Read More...

လှေမှောက်၍ ထွက်ပြေးတိမ်းရှောင် လာသည့် ကလေးငယ် သုံးဦး သေဆုံး

စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွဲလယ့်ထုကျေးရွာမှ လူထု(၄၂)ဦးသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင် ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းသို့ ၀င်ရောက်ခိုလှုံရန် ယမန်နေ့က ရေလမ်းခရီးဖြင့် သူမွဲချောင်းအတိုင်း ဆင်း လာစဉ် စက်လှေမှောက်ခဲ့သဖြင့် ကလေးငယ်သုံးဦး သေဆုံးသွားသည်ဟု စုံစမ်းသိရှိရသည်။
လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ် လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သည့်အပေါ် ၎င်းတို့ဒေသကို စွန့်ခွာထွက်ပြေးလာခဲ့ရာ သူးမွဲချောင်းဆုံဆင်းရာအတိုင်း ကွဲဝေါ့လေးတွင်ရောက်ရှိစဉ် စက်လှေမှောက်ခဲ့ရာ သုံးနှစ်ကျော် ကလေးနှစ်ဦးနှင့် ၈လကျော် ကလေးယောက်ျားတစ် ဦး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မော်လီချိုင်းကျေးရွာမှ အမျိုးသမီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

Read More...

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်သူများကို နအဖ ဦးတည် စစ်ဆင်လာ

စောခါးစူးညား (ကေအိုင်စီ)
၂၀၁၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ နအဖ စစ်အစိုးရတပ်များသည် ကရင်ပြည်နယ်၊ ကေအဲန်ယူ နယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများကို ဦးတည်စစ်ဆင်မှုများ စတင်လုပ်ဆောင်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)က ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ရွေးကောက်ပွဲကလည်း နီးလာပြီလေ။ ကေအဲန်ယူက ဒါကို လက်မခံဘူးဆိုတော့ ကေအဲန်ယူနယ်မြေမှာရှိတဲ့ ပြည်သူတွေကို သူတို့(နအဖ)က တိုက်ခိုက်လာတာဖြစ်ပါ တယ်။ နောက် သူတို့က ဒီမိုကရေစီအသွင်ပြောင်းမယ်လို့ပြောပေမဲ့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ ဆက်လုပ်နေတာပဲ။ ဒီရွေးကောက်ပွဲပြီးလို့လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။ အခု သူတို့က အပြစ်မဲ့ပြည်သူ တွေအပေါ် ဒီလို တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတကာသိအောင် လုပ်ရမယ်”ဟု ကေအိုင်စီကို ပြောသည်။

Read More...

ထွက်ပြေးပုန်းအောင်းနေရသော ကျောင်းသူကျောင်းသား ၂၀၀ကျော် ကျောင်းမတက်နိုင်သေး

စောသိန်းမြင့်(ကေအိုင်စီ)
စာသင်ကျောင်း မီးရှို့ဖျက်ဆီးခံရသောကြောင့် တောထဲတောင်ထဲ ထွက်ပြေးပုန်းအောင်းနေရသည့် ဖာပွန်ခရိုင်၊ လူသော မြို့နယ်မှ ကျောင်းသူကျောင်းသား ၂၀၀ကျော်သည် ရက်သတ္တပတ်ကြာမြင့်ပြီဖြစ်သော်လည်း ယနေ့အချိန်ထိ ကျောင်းမတက် နိုင်သေးကြောင်း ကရင် ကျောင်းဆရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Karen Teacher Working Group)က ပြောသည်။

(KTWG)မှ ပြည်တွင်းကျောင်းတာဝန်ခံ စောသူးမွဲထူးက “ရွာထဲမှာ နအဖက မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့အတွက် အခုချိန် ထိ ရွာသားတွေ ပြန်နေလို့ မရဲကြသေးတဲ့အပေါ်မှာ ကျောင်းသားတွေလည်း ကျောင်းမတက်နိုင်သေးဘူး။ ကျောင်း ပြန်တက် နိုင်ဖို့အတွက် အရင်ဆုံး ကျောင်းသစ် ထပ်ဆောက်ရအုံးမယ်ဆိုတော့ တလကျော်ကျော်လောက် အချိန်ယူရမယ် ထင်ပါတယ်။ လောလောဆယ်တော့ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကူညီဖို့ ကျနော်တို့ တိုင်ပင် ဆွေးနွေးနေပါတယ် ”ဟု ပြောသည်။

Read More...

စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော် စားနပ်ရိက္ခာ အရေးပေါ်လို

မဇ္ဈိမ မှ.........

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်ရှိ သဲဒါဒါးရွာကို စစ်အစိုးရတပ်များက မီးရှို့သဖြင့် နီးစပ်ရာ တောထဲသို့ ထွက်ပြေးပုန်းအောင်းနေသော ကရင်စစ်ပြေးဒုက္ခသည် ၇ဝဝ ကျော်သည် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောသည်။

ခြေမြန်တပ်ရင်း ၃၇ဝ နှင့် ၃၆၁ က ယခုလ ၂၃ ရက်နေ့တွင် မော်တာအလုံး ၄ဝ ခန့်ပါ အသုံးပြု တိုက်ခိုက်သလို ဘုရားကျောင်း၊ အလယ်တန်းကျောင်းနှင့် လူနေအိမ်ခြေ ၅ဝ ကျော်ကို ဖျက်ဆီးသွားသည်ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသော KNU က ဆိုသည်။

Read More...

ခမရ တပ်ရင်းတွေကို ရဲဘော်စွန့်ခွာ

BBC Burmese News

ကရင်တိုင်းရင်းသား ဒေသမှာ စစ်တပ် ထိုးစစ်ဆင်

VOA မှ.........

ဒီနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က ဖိအားပေးမှုတွေ ရှိနေသလို အပစ်အခတ် မယူသေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ အရပ်သား ကျေးရွာတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်အတွင်းရှိ ကရင်ကျေးရွာတချို့ကို မြန်မာစစ်အစိုးရ တပ်ရင်း ၃ ရင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ရွာသူရွာသားပေါင်း ၉၀၀ နီးပါး အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

Read More...

ဖမ်းဆီးခံရသော ရွာသား ၃ဦး အသတ်ခံရ

ဇူလိုင်လ ၂၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် မြောက်ပိုင်း ထန်းတပင်မြို့နယ်ရှိ ပယ်တော်ဒေးနှင့် ဘုမ္မတီးရွာသား ၃ဦးသည် ပြီးခဲ့သည့်အပတ်က ထိုဒေသ၌ လှုပ် ရှားနေသော နအဖစစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု အသတ်ခံလိုက်ရပြီဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်နေ့တွင် ထန်တပင်မြို့နယ် ပယ်တော်ဒေးဂွင်အတွင်း လှုပ်ရှားသည့် နအဖ စစ်ကွပ်ရေးဌာနချုပ်-စကခ (၇) လက်အောက်ခံ ခလရ(၇၃)တပ်ရင်းက ပယ်တော်ဒေးရွာသား စောတာမလာဒို ၃၉နှစ်နှင့် စောဝါးနေစေး ၂၈နှစ်တို့နှစ်ဦးအပြင် ဘုမ္မတီးရွာသား ဦးမန်းတင် ၅၀နှစ်ကိုလည်း ၎င်းတို့၏တပ်စခန်းရှိရာ ဇရပ်ကြီးသို့ ခေါ်ဆောင်သွားခဲ့ရာ လမ်းတ၀က်အရောက်တွင် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ (FBR) ကပြောသည်။

Read More...

စစ်ရေးတင်းမာ၍ ကရင်ဒုက္ခသည်များ ထိုင်းဘက်ထွက်ပြေး

ဧရာဝတီ မှ.......

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ထိန်းချုပ်သည့် ဒေသအတွင်းရှိ ကရင်ရွာသား ၇၀၀ ခန့် သည် DKBA နှင့် စစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ယမန်နေ့ကစ၍ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။

ထွက်ပြေးလာသော ကရင်ရွာသားများသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ လေးဝေါ်၊ ဝါ့မီထာ့၊ ဆုံဆည်းမြိုင်နှင့် သေဘောဘိုး ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ ထွက်ပြေး လာကြခြင်း ဖြစ်သည်။

Read More...

ကရင်လူထု ၅၀၀ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရောက်ရှိလာ

စောခါးစူးညား (KIC မှ............)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ကျေးရွာလေးရွာမှ ဒေသခံလူထု ၅၀၀ကျော်သည် မိမိတို့ဒေသတွင် တိုက်ပွဲများ ဖြစ်လာနိုင် သည့် အခြေအနေများကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် မောကဲထာ့နှင့် မော်လီချိုင်းကျေးရွာသို့ ယနေ့နံနက်တွင် ထွက်ပြေးရောက်ရှိလာကြသည်။
ဝါ့မီထာ့၊ လေးဝေါ်၊ ဆုံဆည်းမြိုင်နှင့် သေ့ဘောဘိုးကျေးရွာမှ ရွာသူရွာသားများသည် ဒီကေဘီအေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်အကြား ယခုရက်ပိုင်းအတွင်း အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားကြောင့် ထိုင်းနိုင်ငံသို့ ယခုလို တိမ်းရှောင်ထွက်ပြေးလာခြင်းဖြစ်ကြောင်း ရွာသူတစ်ဦးက ပြောသည်။

မောကဲထာ့ကျေးရွာစာသင်ကျောင်းတွင် တွေ့ရသည့် ဆုံဆည်းမြိုင်ရွာသူရွာသားများ (ဓါတ်ပုံ - ကေအိုင်စီ)

Read More...

ပြန်လည်တိုက်ခိုက်ရန် ဒီကေဘီအေ စစ်ရေးအဆင်သင့်ဖြစ်နေပြီ

စောသိန်းမြင့် (ကေအိုင်စီ မှ....)

နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို လုံးဝငြင်းဆန်သည့် ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်း မွှေး) ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်ထားမှုများ အဆင်သင့်ရှိပြီ ဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက “နယ်ခြားစောင့်တပ်ကို ကျနော်တို့ လုံးဝ ငြင်းဆန်တဲ့အပေါ်မှာ နအဖဘက်ကတော့ တစုံတရာလုပ်မှာ သေချာပါတယ်။ အဲဒါကြောင့် ကျနော်တို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တာ အား လုံး လုပ်ထားပါတယ်။ အထက်က အမိန့်ပေါ်မှာပဲ မူတည်ပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

Read More...