တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ....

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

RSS Feed ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း

VOA သတင်းမှ.....

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

Read More...

တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး

KIC သတင်းမှ......

မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိလာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။

“တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာဆိုတော့ လောလောဆယ် ရွာသားတွေကို ထိုင်းဘက်ခြမ်းကို ရှောင်ခိုင်းထားတယ်။ အထူး သဖြင့် အမျိုးသမီးနဲ့ ကလေးတွေပေါ့နော်။ ရွာမှာဆို အမျိုးသားတွေ တစ်ယောက်တစ်လေပဲ ကျန်တော့တယ်။”ဟု ပြောသည်။


Read More...

နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့

KIC သတင်းမှ....

မ၀တီမြို့နယ်၊ ရွှေကုက္ကိုကျေးရွာတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၁၈)မှ ဗိုလ်အဆင့်ရှိသူ ပိုးကရင်အဆိုတော် ထူ့လွီးအွာသည် နိုဝင်ဘာလ ၂၂ရက်နေ့တွင် တပည့်ရဲဘော်တစ်ဦး၏ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူ နယ်ခြားစောင့်တပ်မှူးတစ်ဦးက “ဒီလ ၂၂ရက်နေ့ ည ၁၁နာရီ ၁၅မိနစ်မှာ ဗိုလ်ထူ့လွီးအွာကို သူ့တပည့် ရဲဘော်က ပစ်သတ်လိုက်တာ။ သူ အိပ်ပျော်နေတုန်း အဲဒီရဲဘော်က ကင်းစောင့်နေတာ။ အခြားကင်းသမားက အပြင်မှာမို့ မသိ လိုက်ဘူး။ သေနတ်သံကြားလို့ မေးကြည့်တော့ အဲဒီပစ်သတ်တဲ့ရဲဘော်က ကျည်ဆံလွှတ်ထွက်သွားတာလို့ ပြောပြီးနောက် တော့ ထွက်ပြေးသွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။

သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးသွားခဲ့သည့် ဗိုလ်ထူ့လွီးအွာမှာ ပိုးကရင် သီချင်းအတော်များများကို ရေးသား၊ သီဆိုကာ ကိုယ်တိုင် သရုပ်ဆောင်ခဲ့သလို နယ်ခြားစောင့်တပ်ဖွဲ့တွင် ယဉ်ကျေးမှုနှင့် မှတ်တမ်းဌာန၌ တာဝန်ယူခဲ့ပြီး ၎င်း၏ဈာပနကို နိုဝင်ဘာလ ၂၄ရက်နေ့က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Read More...

စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ဘယ်လိုသဘောထားလိုက်တာလဲ...ဒီ နအဖ ဖစ်ဆစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် မိုက်ရိုင်းတာကိုနိုင်ငံတကာခုံရုံးတင်ပို့ မှုကိုဒေါ်စုကလက်မခံဘူးဆို တော့တိုင်းရင်းသားလူမျိုးများအတွက် စဉ်းစားစရာတွေဖြစ်ကုန်ပြီး....အင်မတန်လူမဆန်ကမ်းကုန်မိုက်ကန်းတဲ့ ဒီဖစ်ဆစ် နအဖ ကိုသွားပြီးစေတနာ ဂရုဏာရှိနေတော့ ခံခဲ့ရတဲ့ ခံနေရဆဲ လူမျိုးတိုင်းရင်းသားတွေအတွက်ထည့်စဉ်းစားပါဦး...

Freedom News Group မှ.......
လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအားကုလသမဂ္ဂလက်အောက်ခံနိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကိုလက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း
ခန်းတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက်နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်းပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရဘာပြဿနာမှမရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။

Read More...

မြန်မာအစိုးရ လူသတ်မိုင်း သုံးဆဲ

VOA သတင်းမှ.........

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေကို အစိုးရကိုယ်တိုင်က သုံးစွဲနေတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ကျန်တော့တယ်လို့ မြေမြှုပ်မိုင်း ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံက မြေမြှုပ်မိုင်းဗုံးတွေ အသုံးပြုမှုကို တားမြစ်လိုက်တဲ့နောက် အခုလို အစိုးရကိုယ်တိုင် အသုံးပြုခွင့် ပေးထားတဲ့ နိုင်ငံအဖြစ် မြန်မာနိုင်ငံသာ ကျန်တော့တဲ့အကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) က ဗုဒ္ဓဟူးနေ့ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြလိုက်တာပါ။

Read More...

လူမဆန်မှုသတင်း

တပ်မဟာ ( ၁ )
သထုံခရိုင်

တကော်ဘိုးကျေးရွာအုပ်စုဘားအံမြို့ နယ် မှ ရွာသားများ BGF စခန်းဆောက်ရန်၉-၁၁-၂၀၁၀ ရက်နေ့ မှစပြီး ယနေ့ ထိ သစ်ခုတ် ၊ ၀ါးခုတ်၊ ကတုတ်ကျင်းများတူးပေးနေရသော ကျေးရွာများမှာ( ၁ ) တကော်ဘိုး (၂) ထီးမယ်ဘိုး ( ၃ ) လယ်ဃဲ့ဃော့ ( ၄) ကွီးတခေါ့ ( ၅ )နိုတရေး ( ၆ ) ဘောတပြူ ( ရ ) မဲ့ပူ ( ဂ ) ကုန်းတန်းကြီး ( ၉ )စိန်ချောင်း ( ၁၀ ) ကုလားကုန်းဖြစ်သည်။

တပ်မဟာ ( ၂ )
တောင်ငူခရိုင်

၁၆-၁၁-၂၀၁၀ ရက်နေ့  ထန်းတပင်မြို့ နယ် ပလောဘောဒဲ ရွာသား ၂ ယောက်၊ယာလို ရွာသား ၄ ယောက်ကို ဖလေးဆာလို မှ ရန်သူ ( ခလရ-၁၀၂ ) တပ်သည် ထီးညာပယ်လို သို့ ပေါ်တာ ဆွဲ အဓမ္မ ခေါ်သွားပါသည်။

ရှားစေးဘို စခန်းထိုင် ရန်သူ ( ခလရ-၇၃ ) သည် ရှားစေးဘို ရွာသးများအား ၁၈-၁၁-၂၀၁၀ နေ့ တွင် ၀ါး ၁၅၀ ပို့ ပေးရန် အဓမ္မ စေခိုင်းပါသည်။ တနေ့ တည်းတွင် ထန်းကုန်း ၊ ရှားစေးဘို ရေရှာ ရွာတွင်းလည်းတ အိမ် ၀ါး တလုံး ဖြင့် စခန်းသို့ ပို့ ခိုင်းပါသည်။ ယ္ခု တွင်လည်း လိပ်သို ၊ ဘူဆာခီး ကားလမ်းတွင်လည်း ကလေးစိုး၊ ကော်သေးဒဲ မှရွာသားများသည်လည်း လမ်းခုတ်ထွင်ချင်း ၊ မိုင်းရှင်းချင်း များလုပ်နေရပြီး မိမိတို့ ၏ ကိုယ်ပိုင်အလုပ် များမလုပ်နိုင်ဘဲ နအဖ ၏ စေခိုင်းချင်းများကိုသာ လုပ်ပေး နေရလျက်ရှိသည်။

Kaaren United မှကူးယူဖော်ပြသည်။

ဘုရားသုံးဆူတွင် ညမထွက်ရ

ဧရာဝတီ သတင်းမှ....

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၌ လုံခြုံရေး အကြောင်းပြ၍ ဒေသ အာဏာပိုင်များက ယမန်နေ့က စတင်ပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အာဏာပိုင်များက ည ၈ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် မြို့ထဲတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာထား ကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“ဘုရားသုံးဆူမြို့မှာ အမိန့်ထုတ်ထားတယ် စစ်သားတွေက၊ ည ၈ နာရီ လုံးဝသွားလာခွင့်မပြုဘူး။ ကျနော်တို့ အရပ်သားတွေ သွားလာလို့ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”ဟု ၎င်းက ဆိုသည်။

ညပိုင်းတွင်လည်း စစ်သားများနှင့် ရဲ တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူထားကြောင်း သိရသည်။ ယင်းသို့ ညမထွက်ရ အမိန့် ထုတ်သည့် အကြောင်းအရင်းကိုမူ ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

Read More...

လုမဆန်မှုသတင်း

တပ်မဟာ(၁) သထုံခရိုင်။

- ဖားအံ့မြို့ နယ် ၉.၁၁.၂၀၁၀ မှစပြီး တကော်ဘိုးအုပ်စုရှိရွာများသည် နားရက်မရှိပဲ BGF တပ်စခန်းအတွက်သစ်ခုတ်ဝါးခုတ်ကျင်းတူးယခုထက် တိုင်ဆောက်လုပ်ပေးနေရ ကြောင်းသိရှိရသည်။ ထိုသို့ ဆောက်လုပ်ပေးရသောရွာများမှာ-(၁)တကောဘိုး (၂)ထီးမဲ့ဘော (၃)လယ်ဃဲ့ဃော် (၄)ကွီးတခေါ့ (၅)ထီးဖိုးနက် (၆)နိုတရေး (၇)ဘောတပြု့ (၈)မက်ပူ (၉)ကုန်းတန်းကြီး (၁၀)စိန်ချောင်း (၁၁)ကုလားကုန်း ရွာများဖြစ်ကြောင်းသ တင်းရရှိသည်။