ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Read More...

စစ်အစိုးရတပ်မှ တပ်သားတစ်ဦး ကေအဲန်ယူထံ လက်နက်ချ

ကောင်းဝါ သတင်းဌာန မှ.........

မြ၀တီမြို့နယ် သင်္ကန်းညီနောင် ကျေးရွာ အခြေချသည့် စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၆) မှ တပ်သားတစ်ဦးသည် ဖေဖေါ်ဝါရီ(၁၃) နေ့လည်ပိုင်းတွင် သေနတ် တစ်လက်နှင့်အတူ ကေအဲန်ယူထံသို့ လက်နက်ချခဲ့သည်ဟု ကေအဲန်ယူ စစ်ဘက်အရာရှိ တစ်ဦးမှ ပြောပါသည်။

ခမရ (၃၅၆)တပ်ရင်းမှ တပ်သားသက်နိုင်ဝင်း(၁၉)နှစ် ကိုယ်ပိုင်အမှတ် (တ ၊ ၃၄၈ ၈၄၄)သည် (၂၀၀၆)ခုနှစ်တွင် စစ်တပ်ထဲသို့ ၀င်ရောက်ခဲ့ပါသည်ဟုပြောပါသည်။ အဖအမည် ဦးစိန်တင် အမိအမည် ဒေါ်အုန်းတင်ဖြစ်ပြီး ပဲခူးတိုင်း ပဲခူးမြို့ဇာတိဖြစ်ကာ အသက်(၁၄)နှစ်ကျော်ကျော်တွင် တပ်ထဲသို့ ၀င်ရောက် ခဲ့သည်ဟု တပ်သားသက်နိုင်ဝင်း မှပြောပါသည်။ ကလေးအရွယ်ဖြစ်သော်လည်း တပ်သားသစ်စုဆောင်းရေး စခမ်းမှ ငြင်းဆန်ခြင်းမပြုဘဲလက်ခံခဲ့သည်ဟုဆိုသည်။

Read More...

လူမဆန်မှုနှင့်တိုက်ပွဲသတင်း

25.2.2011

လူမဆန်မှုနှင့်တိုက်ပွဲသတင်း

24.2.2011

မြ၀တီ မြို့နယ်ခွဲ အသစ် DKBA တိုက်မည်ဟု သတိပေး

ဧရာဝတီ မှ..............

ကရင်ပြည်နယ် မြ၀တီခရိုင် အတွင်း မကြာမီ ဖွင့်လှစ်မည့် ချူးကလိ မြို့နယ်ခွဲကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က တိုက်ခိုက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် တာဝန်ကျ ဌာနဆိုင်ရာ
ဝန်ထမ်းများ ကြိုတင် ရှောင်တိမ်းနိုင်ရန် သတိပေးထားသည်။
DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “မကြာခင် နအဖ က မြ၀တီမြို့နယ်ခွဲ ဆိုပြီး ချူးကလိမှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီမြို့သစ် ဖွင့်ဖို့အတွက် အင်္ဂါနေ့က မြ၀တီမြို့ထဲ စစ်ကားကြီးအစီး ၄၀ ကျော်ဝင်လာ တယ်၊ မြို့သစ်မှာ တာဝန်ကျတဲ့ ဆေးရုံ ၀န်ထမ်းတွေ၊ ပညာရေးဌာနက လူတွေ၊ အခြားဌာနက လူတွေကို ကျနော်တို့ ကြိုပြီး သတိပေးတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

Read More...

နှစ်ရက်တာတိုက်ပွဲအတွင်း နအဖ ၁၀ဦးကျော် ထိခိုက်သေဆုံး

စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကနဲလေးဂွင်ရှိ ဖို့ခဲတဒို့နှင့် ခီးကုဒေါ့်ခီးဂွင်ဖောမု ဘောထာ့နေရာတွင် ကရင်တပ်ဖွဲ့နှင့် နအဖ တပ်များအကြား နှစ်ရက်တာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ဘက်မှ ၁၀ဦးကျော် ထိခိုက်သေဆုံးခဲ့သည်ဟု သိရှိရသည်။

DKBA-KNLA ပူးပေါင်းတပ်နှင့် နအဖ စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)၊ စကခ(၈) လက်အောက်ခံ ခမရ(၄၀၄)တပ်ရင်း တို့ ယမန်နေ့နှင့် ယနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုများ မရှိသော်လည်း နအဖဘက်မှ ၇ဦး ကျဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မှူးတဦးက ကေအိုင်စီကို ယခုလို အတည်ပြု ပြောဆိုသည်။

Read More...

နအဖတပ် ၏ လူမဆန်မှုသတင်း

23.2.2011 News

DKBA နယ်ခြားစောင့် တပ်ပြေးများကို မက်လုံးပေး စည်းရုံး

ဧရာဝတီ မှ...........

ကရင်ပြည်နယ် အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများနှင့်အတူ ထွက်ပြေးမှု အရေအတွက် များပြားလာသည့်အတွက် ပြန်လည် စည်းရုံးမှုပြုလုပ်နေ ရသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။
DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တာဝန်ရှိသူများက ပြောဆိုသည်။

Read More...

အကျဉ်းသားပေါ်တာများ စစ်မြေပြင် ဆက်ပို့ရန် စီစဉ်

ဧရာဝတီ မှ...........

နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ပေါ်တာ (စစ်ဆင်ရေးလုပ်သား) အဖြစ် မကြာမီရက်ပိုင်း၌ ရန်ကုန် အင်းစိန် အကျဉ်းထောင်မှ တဆင့် စစ်မြေပြင်သို့ ပို့ရန် စီစဉ်လျက်ရှိကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ထောင်မှူးတဦးက ပြောသည်။
အကျဉ်းသားများကို ရဲဘက် စခန်း ထုတ်သည်ဟု အကြောင်းပြ ပို့ဆောင်မည်ဖြစ်ပြီး မည်သည့်ထောင်၊ အကျဉ်းသားဦးရေ မည်မျှ ၊ ပို့ဆောင်မည့် နေ့ရက် အသေးစိတ် အချက်အလက်များကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာ လလယ်ခန့်က ဧရာဝတီတိုင်း ပုသိမ်၊ မအူပင်၊ မြောင်းမြ အကျဉ်းထောင်များမှ အကျဉ်းသား ၂၀၀ သည် အင်းစိန် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး မြ၀တီ ရှေ့တန်း စစ်မြေပြင်သို့ ပေါ်တာ အဖြစ် ပို့ဆောင်ခဲ့သည်ဟု မကြာမီ ရက်ပိုင်းက လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် အကျဉ်းသား တဦး က ပြောသည်။

Read More...