ကရင်ပြည်နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေဆဲ

စောခါးစူးညား/စောဖိုးမူး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA နှင့် မြန်မာအစိုးရ တပ်ဖွဲ့တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ယနေ့မနက် ၈နာရီကျော်အချိန်၌ ၀ါ့မီထာ့၌ လှုပ်ရှားနေသည့် တပ်မ(၂၂)လက်အောက်ခံ ခလရ(၂၄၅) တပ်ရင်းကို DKBA ၏ ကလို့ထူးဘောဗျူဟာက တိုက်ခိုက်ခဲ့သည်။ နှစ်ဘက်ထိခိုက်မှုနှင့် ပတ်သက်၍ ကေအိုင်စီက ယခုထိ အတည်မပြုနိုင်သေးပေ။

ယမန်နေ့ကလည်း ကွီးတာအုတွင် DKBA တပ်ဖွဲ့က မြန်မာစစ်တပ် ခလရ(၂၀၃)၊ (၂၀၄) တပ်ရင်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ ရာ တပ်ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု DKBA မှ ဗိုလ်မှူးဆန်းအောင်က ကေအိုင်စီသို့ ပြော သည်။

Read More...

မိုင်းစစ်ဆင်ရေးကြောင့် အစိုးရတပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးဒဏ်ရာရရှိ

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် သေ့ဘောဘိုးဒေသရှိ လေးဝေါ်(တောင်နီ)ရွာအနီးရှိ ခမရ(၂၀၃) တပ်ရင်းအား တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)မှ ယမန်နေ့ညနေက မိုင်းစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
DKBA ကလို့ထူးဝါးဗျူဟာမှ ဒုဗိုလ်စောအဆောင် ဦးဆောင်သည့် တပ်ရင်း(၉၀၇) တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၅နာရီ ကျော်အချိန်တွင် လေးဝေါ်ရွာ တံတားထိပ်၌ ခြင်းခတ်နေကြသည့် အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကလို့ထူးဝါးဗျူဟာမှ ဗိုလ်ကြီးသရီးတူးက ယခုလို ပြောသည်။

Read More...

KNLA ကို အစိုးရတပ် ထိုင်းနယ်ဘက်က ၀င်တိုက်

ဧရာဝတီ သတင်းမှ........

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ အခြေစိုက်စခန်းတခု ဖြစ်သည့် မယ်ပေါ်ထာ့ စခန်းကို အစိုးရ စစ်တပ်ကယနေ့ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု KNLA ကရင် တပ်မှူးတဦးက ပြောသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် မယ်ပေါ်ထာ့ စခန်းကို ယနေ့နံနက် ၆ နာရီခန့်က လှိုင်းဘွဲ အခြေစိုက် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၃၃၉ နှင့် နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ ပူးပေါင်းအင်အား ၄၀ ခန့်က ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

Read More...

ရွာသားကို သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်

နော်ဆဲကလယ် (ကေအိုင်စီ)
သျှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီး မန်ဂွတ်ရွာ၌ စစ်စိမ်းရောင်ခါးပတ် ပတ်ထားသော ရွာသားတစ်ဦးအား သူလျှိုဟု စွပ်စွဲကာ ခမရ(၅၂၂)မှ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သူ၏ လက်အောက်ခံ တပ်သားများက ယမန်နေ့မနက် ၈နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကိုယ်တိုင်မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးက “နှစ်ယောက်ကို ကြိုးတုတ်ဖမ်းတာဗျ။ တစ်ယောက်က သူ့ဖာသာ အိမ်ထဲနေနေတာ။ တစ်ယောက်ကတော့ စစ်စိမ်းရောင်ခါးပတ်ကို ပတ်ထားလို့ သူလျှိုလို့ ပြောပြီးဖမ်းတာ။ နှစ်ယောက်စလုံးက အိမ်ထောင်သည် ကလေးအဖေတွေပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

Read More...