ကရင်အမျိုးသားအလံကို ပါတီအလံအဖြစ်အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ကရင်တစ်ဦး၏အမြင်

သောသီခို မှကူးယူဖော်ပြသည်။

KPP & UKL

ကျမ မသိပါ သင်တို့ ဘာပါတီ ဘာအဖွဲ့ အစည်းဖြစ်နေပါစေကျမ မသိချင်ပါ စိတ်လည်းမ၀င်စားပါ ။ သို့ သော်ကျမ စိတ်ဝင်စားသော အကြောင်းအရာက သင်တို့ ပါတီအတွက် အလံကို ကိုယ်စားပြုသည်ကိုပါပဲ။ သင်တို့ ရူးနေသလားမသိပါ။ ဒါမှမဟုတ် အာဏာရူးနေတာလာ။ သင်တို့ တွေသည် ထမင်းစားနေ
သော ကရင်လူမျိုးဖြစ်သည်။သင်တို့ သည် ကရင်အလံကို ဘယ်လိုအဓိပါယ် ဘယ်လိုခက်ခက်ခဲခဲ တောင်းယူခဲ့ရသည်ကိုသိပါလိမ့်မည်။ အခုသင်တစ်ဦးတည်းပိုင်ဆိုင်အောင်လုပ်တော့မည်လား................ သင်တို့ ပါတီတစ်ခုတည်းအတွက်နဲ့ တစ်မျိုးသားလုံးရဲ့သိက္ခာကို ချတော့မည်လား................သင့်ပါတီအတွက်သေချာပြီလား..........သင်မျက်စိကန်းနားကန်းနေတာလား.... သင့်မှာဦးနှောက်မရှိဘူးလား....ကရင်လူထုတစ်ခုလုံးကကန့် ကွက်တာကိုတောင်သင်တို့ ဆက်လုပ်သည်ကိုက သင့်မှာအရှက်မရှိတာလား...သင်လူမျိုးတစ်ခုလုံးရဲ့တရားခံဖြစ်ချင်တာလား..သင်တို့  ကိုယ့်ကိုကိုယ်ဘယ်လိုထင်နေကြတာလဲ ...

Read More...

ကန်တော်ကြီး ဗုံး နှင့် ပတ်သက်၍ သံတမန်များ၊ပြည်သူများ၊ အတိုက်အခံ များ နှင့် အစိုးရ ၀န်ထမ်း တို့ ၏ အမြင်နှင့် သုံးသပ်ချက်များ

သင်္ကြန် အတက်နေ့ က ဗုံးပေါက်ကွဲ ခဲ့မှု သည် မြန်မာ စစ်အစိုးရ ၏ လက်ချက် မဖြစ် နိုင်ကြောင်းရန်ကုန် အခြေစိုက် အနောက်တိုင်းသံတမန် တစ်ဦး နှင့် သင်္ကြန် အတက်နေ့  သံရုံးရေကစား မဏ္ဍပ်တွင်တွေ့ ဆုံစဉ် Freedom News Group သို့ ပြောသည်။

ထိုသံတမန်က ကျွန်တော့် အမြင်အရ ပြောရရင် တော့ နိုင်ငံရေး လှည့်ကွက် တစ်ခုလို့ လဲ မထင်မိဘူး
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကရွေးကောက်ပွဲ ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တယ်။သူတို့ ယုံ
ကြည်တဲ့ အယူအဆ အရ နှစ်သစ်မှာ ဘယ်လို မကောင်းတဲ့ အတိတ် နိမိတ် မျိုးတွေ ကို ဖြစ်လာမှာ ကို လိုချင်ပုံ ရှိမှာ မဟုတ်ဘူး။အများထင်သလို ရန်ကုန် သင်္ကြန် မစည်စေချင်ရင် လဲ သူတို့ မှာ မစည်အောင်လုပ်လို့ ရတဲ့ နည်းတွေရှိတာပဲ။ ဗုံးခွဲ မှာမဟုတ်ဘူး ထင်တယ် လို့ အနောက်တိုင်း သံတမန် တစ်ဦးက ပြောသွားခြင်း ဖြစ်သည်

Read More...

နှစ်သစ်မှာ ဘဘသန်းရွှေတို့အုပ်စုအားဂုဏ်ပြုသီချင်းကိုတင်ဆက်လိုက်ပါတယ်။

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ

မြန်မာနိုင်ငံ ရန်ကုန်မြို့က ရိုးရာ အတာသင်္ကြန် ဆင်နွှဲနေတဲ့ နေရာမှာ ဗုံးတွေပေါက်ကွဲခဲ့လို့ သေကျေထိခိုက်မှုတွေ ကြုံရတဲ့အတွက် အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မနေ့တုန်းက အတာသင်္ကြန် အကြတ်နေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစား မဏ္ဍပ်အနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေအတွင်း လူ ၈ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ အပေါ် ရှုတ်ချခဲ့ကြတာပါ။

Read More...

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု သတင်း

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်ထားသော X2O ရေကစားမဏ္ဍပ်၌ မွန်းလွဲပိုင်း (၃) နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကာ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း (၁၅-၄-၂၀၁၀) (၁၇း၀၀) ချိန်ခန့်တွင် စစ်ဖက် နီးစပ်သူများက သတင်းပေးပို့လာပါတယ်။

Read More...

ကရင်အလံသုံးမည့် ရွေးကောက်ပွဲဝင်ကရင်ပါတီ အားKNUမှဆန့်ကျင်ကြောင်းထုတ်ပြန်ချက်

KNU Statement About Karen Flag

ပြည်တွင်း ဂျာနယ် များမှ သတင်းထောက် သုံးဦး နှင့် လူ တစ်ရာကျော် ကိုဖမ်းဆီးထား

သင်္ကြန်အကြတ်နေ့ က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ် လမ်းရှိ မျှော်စင်ကျွန်း ၀င်ပေါက်အနီး X2O မဏ္ဍပ်အနီးတွင်
လက်ပစ်ဗုံး ဟု ယူဆရသည့် ဗုံးသုံးလုံးပေါက်ကွဲမှု ကြောင့် လူ၂၄ ဦးသေဆုံးမှု သည် စစ်အစိုးရ၏ လက်ချက်ဖြစ်သည်
ဟု ရန်ကုန် မြို့ ခံ အများစုက ယူဆကြသည်။
ဗုံးပေါက်ကွဲခဲ့သည့် X2O မဏ္ဍပ်ရှိရာနေရာသို့ သွားရောက်ကြည့် ရှုသူများ နှင့် ဓာတ်ပုံမှတ်တမ်း ရိုက်ကူးမှု
ပြုသူများကို ဖမ်းဆီးထားပြီး ထိုအထဲတွင် ပြည်တွင်း ဂျာနယ်များမှ သတင်းထောက် သုံးဦးလည်း ပါဝင်သည်
ဟု သိရသည်။

Read More...

ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်သင်္ကြန် အခြေအနေ

ရန်ကုန်က သင်္ကြန်မှာ ဒီနှစ် အစည်ကားဆုံးလို့ ပြောကြတဲ့ ကန်တော်ကြီးမှာ မနေ့က ဗုံးပေါက်ကွဲခဲ့လို့ လူ ၉ ယောက် အနည်းဆုံး သေဆုံးသွားခဲ့ပါတယ်။ ရေပက်သူတွေနဲ့ စည်ကားနေချိန် နေ့လယ် ၃ နာရီလောက်မှာ ဗုံးတွေ ပေါက်ကွဲခဲ့လို့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း တော်တော်များများ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုရဲ့ နောက်ဆုံးသိရတဲ့ အခြေအနေကို မစုမြတ်မွန်က စုစည်း တင်ပြပေးထားပါတယ်။

Read More...

ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီခန့်၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ မြို့နယ် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ ဗုံးများပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးကာ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း အပါအ၀င် ဒဏ်ရာရရှိသူ ၆၃ ဦးအား ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။

Read More...

ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၉၄ ဦး ဒဏ်ရာရ (VOA)

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစားမဏ္ဍပ် အနီးမှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

Read More...

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ ၉ ဦးသေ ၆၀ ကျော် ဒဏ်ရာရ

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ ထိခိုက် သေကျေမှုတွေ ရှိခဲ့ပါတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန် အကြတ်နေ့အဖြစ် ဆင်နွှဲနေချိန် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးအနီးက X 2 Oရေကစား မဏ္ဍပ်မှာ ဗုံး ၃ လုံး ပေါက်ကွဲခဲ့တာပါ။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာအနီးရှိ X2O သင်္ကြန်မဏ္ဍပ်။ ဧပြီ ၁၅၊ ၂၀၁၀။(Photo-blog.nyilynnseck.com)

Read More...

Bombs kill 9 at Myanmar New Year water festival

YANGON, Myanmar – Three bombs ripped through traditional New Year festivities in Myanmar's biggest city of Yangon Thursday, killing nine people and injuring 75 others, officials and state television said.

There was no indication who was behind the blasts, which occurred at about 3 p.m. near some 20 pavilions erected for the celebrations at the sprawling Kandawgyi Lake. Myanmar is celebrating the annual four-day water festival, when people drench each other with water to usher in the Myanmar New Year on Saturday.

Read More...

လူမဆန်မှုသတင်း

April 14, 2010
သထုံခရိုင်။
- ဘီးလင်းမြို့နယ်၊ ၇.၄.၂၀၁၀နေ့ DKBA 333 တပ်ရင်း(၃)မှူး ဘိုလွဲသည် ညာဆှူထာကျေးရွာ လူကြီး ဖိုးတင်လှ(၆၀)နှစ်အား အပြစ်မရှိဘဲဖမ်းဆီးချုပ်နှောင်ပြီး အစားအသောက် မစား နိုင် တဲ့အထိ နှိပ်စက်ရိုက်နှက်ခဲ့သဖြင့်ထိုရွာသူကြီးမှာ ဝေမူကျေးရွာဆေးရုံသို့သွားရောက်ပြီးဆေး ကုသမှုခံနေရသည်။ ထို့ပြင် ဇီးကုန်းကျေးရွာသူကြီးအားKNUနှင့်ဆက်သွယ်သည်ဟုစွပ်စွဲပြီး သေနတ်ငယ်ဒင်ဖြင့် ဦးခေါင်းကို(၁၀)ချက် ရိုက်နှက်နှိပ်စက်သေးသည်။

Read More...

ဒီမိုကရတ် ပါတီ ဖျက်သိမ်း ပြီး အဘီဆစ် နိုင်ငံရေး လုပ်ခွင့် ငါး နှစ် ပိတ်မည်

တို့ကရင်တွေကို နှိပ်ကွပ် ဒုက္ခသည်ကရင်လူထုကိုမောင်းထုတ်ခဲ့တဲ့ ထိုင်းတွေတော့ မူယယ်ဖဲ ရဲ့ကျိန်စာစပြီးသင့် နေပါပြီး။


ထိုင်း ၀န်ကြီး ချုပ် အဘီဆစ် ၀ိဇ္ဇာ ဇီဝ ၏ ဒီမိုကရက် ပါတီမှာ တရား ၀င် မဟုတ် သည့် ငွေကြေး များ လက်ခံမှု
နှစ် ခု ဖြင့် ဖျက်သိမ်းခံရဖွယ်ရှိကြောင်း ယနေ့  ရွေးကောက်ပွဲကော်မရှင်ကထုတ်ဖော်ပြောကြားသည်။ဒီမိုကရတ် ပါတီသည် ၂၀၀၅ ခုနှစ် ရွေးကောက် ပွဲ ကာလ တွင် ရေနံ ၊ဓာတု နှင့် ထိုင်းဘိလပ် မြေ ကုမ္ပဏီ တစ်ခုဖြစ်သည့် TPI Pollen မှ ထိုင်းဘတ်ငွေ ၂၅၈ သန်း လက္ခံ ရယူထားခြင်း ဖြစ်သည်။
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားသူကြီး ချုပ် မှ ထို အမှုအား ရက် သုံးဆယ် အတွင်း စစ်ဆေးသွားမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ရွေးကောက် အဘီဆစ် ၀ဇ္ဇာဇီဝ အပါအ၀င် ဒီမိုကရတ် ပါတီ ခေါင်းဆောင် များလည်း နိုင်ငံရေး လုပ်ခွင့် လည်း ငါးနှစ် ပိတ်ပင် ခံရမည် ဖြစ်သည်။

ဆန္ဒပြမှု ကိုဖြိုခွဲစဉ် အတွင်း ဂျပန် သတင်းထောက် တစ်ဦး သေဆုံးခဲ့မှုကြောင့် အဘီဆစ် အား ထိုင်း ဘလောက် ဂါများက JUST LIKE A BURMA DICTATOR ဟု ဝေဖန်

Read More...

ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်နိုးဆော်ခြင်း

၁၈၈၁ တွင်စတင်ဖွဲ့စည်းသော် ဒေါကလူ အဖွဲ့ကြီးမှ ဦးဆောင်၍ ကရင်တစ်မျိုးသား
လုံးနှင့်သက်ဆိုင်သော (၁) ကရင်နှစ်သစ်ကူး (၂) ကရင်အမျိုးသားသီချင်း
(၃) ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ ခုနှစ်တွင် သဘာပတိ ဆရာစံဘော်
လက်ထက်တွင် လွှတ်တော်သို့်တင်သွင်းတောင်းဆိုခဲ့ပါသည်။ ၁၉၃၇ တွင် ဥပဒေမူ
ကြမ်းအမှတ် ၂၆၊ ၁၉၃၇ ဖြင့် ၄င်းတောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီး ကရင်နှစ်သစ်
ကူးနေ့ကို အများနှင့်သက်ဆိုင်သော အစိုးရ ရုံးပိိတ်ရက်အဖြင့် သတ်မှတ်ခဲ့ပါသည်။

Read More...

နအဖ ချီးကုန်းဒုတ်တွေဖွဲ့ထားသောပါတီနှင့် DVB interview

DVB interview

DVB သတင်းမှပြန်လည်တင်ပြထားသည်

ရွေးကောက်ပွဲဝင်ပြိုင်ရန် ကရင်ပါတီနှစ်ဖွဲ့ မှတ်ပုံတင်လျှောက်ပြီ

ချစ်တဲ့ကရင်ညီကိုမောင်နှမအားလုံးများ ဒီအတိုင်းကြည့်နေကြတော့မှာလားဗျာ? တခုခုတော့ ကျွန်တော်တို့အမြန်ဆုံး ဆုံးဖြတ်ကြပြီးတော့ ဒီလူတွေကို တားဆီးကန့်ကွက်ရတော့မယ်။ ဒီလိုလူမျိုးတွေရှိနေလို့လည်း စစ်ခွေးတွေကကျွန်တော်တို့ကရင်တိုင်းရင်းသားများကိုဆက်လက် ပြီးအနိုင်ကျင့်နှိပ်စက်နေဦးမှာဘဲ။ဒါကြောင့်ပညာ တတ်ပြီးသောက်ဦးနှောက်မရှိတဲ့
နအဖချီးကုန်းတုတ်ကရင်ဇတ်ပျက်တွေရဲ့လုပ်ရပ်ကို ညီညီညွတ်ညွတ်ဝိုင်းဝန်းကန့်ကွက်ကြပါစို့။

ဧပြီလ ၁၂ရက်။ ကေအိုင်စီ
လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည့် ပါတီမှတ်ပုံတင်ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ မတ်လကုန်နှင့် ဧပြီလဆန်းပိုင်း၌ ကရင်ပါတီနှစ်ဖွဲ့က မှတ်ပုံတင်လိုက်ပြီးဖြစ်သည်။
အမှုဆောင် ၁၇ဦးပါဝင်သည့် ကရင်ပြည်သူ့ပါတီ(ကေပီပီ)သည် မတ်လ ၃၁ရက်နေ့တွင် ပါတီမှတ်ပုံတင်ခဲ့ပြီး ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်(ယူကေအယ်လ်)က ဧပြီလ ၈ရက်နေ့တွင် မှတ်ပုံတင်ရန် လျှောက်ထားကြောင်း စစ်အစိုးရ၏ နေ့ စဉ်ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

Read More...

၂၀၁၀ ရွေးကောက်ပွဲ နှင့်ကျနော်အမြင်

ရေးသားသူ - ဖူးဒို

၂၀၁၀ ရွေးကောက်ပွဲ နီးလာနှင့်အမျှ နအဖ သည် မိမိအနာဂတ်ရေးတွက် အားသွန်ခွန်စိုက် ကြိုးစားနေပါသည်။ အချိန်
ဆွဲပြီး ၁၇ နှစ်ကြာ စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေ ကို အသက်သွင်းရန် ပွဲချိန် နီးလာလေ နအဖ ဗိုလ်ချုပ်များ
ရင်ခုန်လေ ဖြစ်နေမှာမလွဲပါ။ ရွေးကောက်ပွဲအတွင်း (တရားသောနည်းဖြင့်သော၎င်း၊ မတရားနည်းဖြင့်၎င်း) သေချာစွာ အနိုင်ရရှိအောင် ကြိုးစားပြင်ဆင်နေသလို၊ ကံအကြောင်းမလှလို့ ရှုံးခဲ့လျှင် သူတကျုံးငါတစ်ပိုက် ပိုင်ဆိုင်နိုင်ရန် ဌာနဆိုင် ရာ လေလံပစ်ခြင်း၊ ဌာနပိုင် မြေကွက်/ အဆောက်အဦးများရောင်းချခြင်း၊ ပါမစ်များ စီပွါးလုပ်ကွက်များကို အပြိုင်အဆိုင်
ချပေးသလို နယ်ရောက် တပ်မတော်အရာရှိများလည်း မှောင်ခိုလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင်ကြိုးစားရှာဖွေနေပုံမှာ
“ တိုင်းပြည်တာဝန်နှင့် နှင့်လူမျိုးပေါ် မည်မျှတန်ဖိုထားနေကြောင်း” ပေါ်လွင်ထင်ရှားနေပါသည်။

အတိုက်ခံအဖွဲ့များကြား နှင့် တိုင်ရင်းသားအဖွဲ့များမှ နှစ်ရှည်လများ မြုပ်ထားသော မိမိလူများကိုပင် အဖေါ်ခံပြီး ရွေး ကောက်ပွဲ ဖြစ်မြောက်ရေးတွက် ကြိုးပမ်းနေပုံကို ထောက်ခြင်းဖြင့် ရွေးကောက်ပွဲသည် နအဖဗိုလ်ချုပ် တွေအတွက်
အလွန်ရေးကြီးကြောင်းပေါ်လွင်နေပါသည်။

Read More...

ပုဂ္ဂလိက ကျောင်းအပ်ခ တစ်နှစ် (၂၇) သိန်း

ရန်ကုန်တိုင်း အတွင်းရှိ အခြေခံ ပညာ အဆင့် ပုဂ္ဂလိက ကျောင်းများ ကို ၂၀၁၀-၁၁ ပညာ သင်နှစ်မှ စ၍ စတင် ဖွင့်လှစ်ခွင့် ပြုထားပြီး ဖြစ်ရာ အဆိုပါ ပုဂ္ဂလိက ကျောင်းတွင် အပ်နှံ လိုသူ များသည် ဧပြီလ ၁၈ ရက် (နှစ်ဆန်း နှစ်ရက်နေ့) မှစ၍ ကျောင်းအပ် လက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ပညာရေး ကျောင်းများ ထံမှ စုံစမ်း သိရှိ ရသည်။ “မူလတန်းက နေစပြီး တက္ကသိုလ် ဝင်တန်း အထိ ကျောင်းအိပ် ကျောင်းစား ဘော်ဒါကို နှစ်ဆန်း နှစ်ရက်နေ့က စပြီး သတ်မှတ် လူဦးရေ မပြည့် မချင်း လက်ခံ သွားပါမယ်။ သက်ဆိုင်ရာေ ကျာင်းက ကျောင်းထွက် လက်မှတ် ယူလာရမယ်” ဟု မဟာမြကျွန်းသာမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မဟာမြကျွန်းသာတွင် တက္ကသိုလ် ဝင်တန်း စာသင်နှစ် တစ်နှစ် အတွက် ကျောင်း လခနှင့် နေထိုင် စားသောက် စရိတ် ကျပ် နှစ်ဆယ့်ခုနစ်သိန်း ငါးထောင် သတ်မှတ် ထားပြီး Grade I မှ Grade X ကို တစ်နှစ်အတွက် ကျပ် ၂၆သိန်း သတ်မှတ် ထားကြောင်း၊ နှစ်ကြိမ်ခွဲ သွင်းနိုင်ကြောင်း၊ Grade တစ်ခု ချင်းစီ အတွက် ကျောင်းသား ဦးရေ ၅၀ ဝန်းကျင်သာ လက်ခံမည် ဖြစ် ကြောင်း ၎င်းကဆိုသည်။

Read More...

အတိုက်အခံခေါင်းဆောင်ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒီ/ချုပ်ရဲ့ ဒီ/လှုပ်တွေရဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး

မတ်လ ၂၉ ရက် အင်န်အယ်ဒီပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအလိုအတိုင်း ပါတီကို ထပ်ပြီး မှတ်ပုံတင်နေစရာမလိုဘူးလို့ ဆုံးဖြတ်တယ်။ အဲသည်တော့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အင်န်အယ်ဒီက စစ်အစိုးရ ထပ်မံကျင်းပဦးမှာ ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။
အဲသည်နောက်မှာ မိုးမခမှာ မောင်ရစ်က မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ သဘောထားဟာ တထပ်တည်းကျတယ်။ လူထုရဲ့ သဘောထားကို ထင်ဟပ်တယ်။ အဲသည် မတ် ၂၉ ဆုံးဖြတ်ချက်ဟာ ဦးဝင်းတင်ပြောသလို မြန်မာပြည်ဒီမိုကရေစီရေးအတွက် အောင်ပွဲတခုဖြစ်တယ်လို့ ဆိုတာကို ကောက်နုတ်တယ်။ ပြီးတော့ ဒေါ်စု၊ ပါတီ၊ ပါတီဝင်နဲ့ ပြည်သူတွေရဲ့ အများစုဆန္ဒကို ကြားထဲကနေပြီး ၀င်နှောက်နေစရာ၊ သံသယသွေးထိုးစကားတွေ ပြောနေစရာမလိုဘူး ဆိုပြီး ဆောင်းပါးက ရေးထားပါသေးတယ်။


Read More...

ဝ တောင်းဆိုချက်အသစ် နအဖ ကိုယ်စားလှယ်ပယ်ချ

သျှမ်းသံတော်ဆင့် သတင်းမှ
ယမန်နေ့က နအဖ ကိုယ်စားလှယ်ဖြစ်သည့် ဂျီဝမ်းများ နှင့် ၀ ခေါင်းဆောင်တို့ ဌာနချုပ် ပန်ဆန်း၌ တွေ့ဆုံခဲ့ ရာ ‘ BGF ရာနှုန်းပြည့်လက်ခံရမယ်လို့ တဘက်သတ်ပြောတယ်ဆိုတော့ ကျနော်တို့ တောင်းဆိုချက်ကို လုံးဝ ပယ်ချတဲ့သဘော’- ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦးကပြောပါသည်။

Read More...