ဒီမိုကရတ် ပါတီ ဖျက်သိမ်း ပြီး အဘီဆစ် နိုင်ငံရေး လုပ်ခွင့် ငါး နှစ် ပိတ်မည်

တို့ကရင်တွေကို နှိပ်ကွပ် ဒုက္ခသည်ကရင်လူထုကိုမောင်းထုတ်ခဲ့တဲ့ ထိုင်းတွေတော့ မူယယ်ဖဲ ရဲ့ကျိန်စာစပြီးသင့် နေပါပြီး။


ထိုင်း ၀န်ကြီး ချုပ် အဘီဆစ် ၀ိဇ္ဇာ ဇီဝ ၏ ဒီမိုကရက် ပါတီမှာ တရား ၀င် မဟုတ် သည့် ငွေကြေး များ လက်ခံမှု
နှစ် ခု ဖြင့် ဖျက်သိမ်းခံရဖွယ်ရှိကြောင်း ယနေ့  ရွေးကောက်ပွဲကော်မရှင်ကထုတ်ဖော်ပြောကြားသည်။ဒီမိုကရတ် ပါတီသည် ၂၀၀၅ ခုနှစ် ရွေးကောက် ပွဲ ကာလ တွင် ရေနံ ၊ဓာတု နှင့် ထိုင်းဘိလပ် မြေ ကုမ္ပဏီ တစ်ခုဖြစ်သည့် TPI Pollen မှ ထိုင်းဘတ်ငွေ ၂၅၈ သန်း လက္ခံ ရယူထားခြင်း ဖြစ်သည်။
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားသူကြီး ချုပ် မှ ထို အမှုအား ရက် သုံးဆယ် အတွင်း စစ်ဆေးသွားမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ရွေးကောက် အဘီဆစ် ၀ဇ္ဇာဇီဝ အပါအ၀င် ဒီမိုကရတ် ပါတီ ခေါင်းဆောင် များလည်း နိုင်ငံရေး လုပ်ခွင့် လည်း ငါးနှစ် ပိတ်ပင် ခံရမည် ဖြစ်သည်။
ဆန္ဒပြမှု ကိုဖြိုခွဲစဉ် အတွင်း ဂျပန် သတင်းထောက် တစ်ဦး သေဆုံးခဲ့မှုကြောင့် အဘီဆစ် အား ထိုင်း ဘလောက် ဂါများက JUST LIKE A BURMA DICTATOR ဟု ဝေဖန်


ထိုင်းရုပ်သံ လိုင်းများ မှ ဒီမိုကရတ် ပါတီ အား ဖျက်သိမ်းမည့် သတင်းအားကြညာပြီးနောက် သက်ဆင်လို
လားသည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး မှ အနီရောင် ၀တ် အဖွဲ့ ဝင်များက တစ်ခဲနက်
ကောင်းချီးပေးကြသည် ။

စနေ နေ့ က စစ်သားသုံးဦး (ဗိုလ်မှုးကြီး အဆင့်ရှိသူ တစ်ဦး အပါအ၀င်) နှစ်ဆယ့် တစ်ဦး သေဆုံးခဲ့ရ တဲ့ အတွက် နိုင်ငံရေး အရ အကျပ်အတည်း ဆိုက်နေ တဲ့ အဘီဆစ် အနေနဲ့  ရွေးကောက် ပွဲ ကော် မရှင် ရဲ့  ဆုံးဖြတ် ချက်ဟာ အဘီဆစ် ရဲ့  နိုင်ငံရေး ကို ပါ လုံးဝ ကန့် လန့် ကာ ချလိုက် တာ ဖြစ်တယ် လို့  UDD ခေါင်းဆောင် တစ်ဦး က Freedom News Group အားပြောသည်။
UDD နဲ့  အဘီဆစ် အစိုးရ အဖွဲ့  နှစ်ဖက်ရင်ကြားစေ့ရေး မဖြစ် နိုင်တော့ ပေမယ့် ထိုင်းစစ်ဦးစစ်ချုပ် အနုပေါင်
ပိုချင်ဒါ ကတော့ နှစ်ဖက် တွေ့ ဆုံညှို နိုင်းပြီး နိုင်ငံရေး အရ ဖြေရှင်း ဖို့ လိုမယ် လို့ နှစ်ဖက် စလုံးကို ပြောကြား
ခဲ့ပါတယ်။တစ်ဆက် တည်း မှာ ပဲသူက လွှတ်တော် ဖျက်သိမ်းဖို့ လို မယ်ဆို တဲ့ အကြောင်းလဲ ထည့်သွင်းပြောကြား
ခဲ့ပါတယ်။

ယမန်နေ့ က ခြောက်လ အတွင် ပါလီမန် ဖျက်သိမ်းပေးမည် ဆိုသည့် အဘီဆစ်၏ ကမ်းလှမ်းချက်ကို
UDD အဖွဲ့ က ပယ်ချထားပြီး ချက်ခြင်း လွှတ်တော် ဖျက်သိမ်းပေးရန် တောင်း ဆိုထား သည်။

ဖဖော်ဝါရီလ ၂၆ ရက်နေ့ က ထိုင်း တရားရုံးက သက်ဆင် ရဲ့ ပိုင်ဆိုင်မှုတွေထဲက နိုင်ငံပိုင်ငွေကြေး အလွဲသုံးစား လုပ်မှု ၊အခွန်ရှောင်မှု စွဲချက်တွေ နဲ့  သူပိုင် ထိုင်းဘတ်ငွေ ရ၆ မီလျှံ (အမေရိကန် ဒေါ်
လာ ၂.၃ ဘီလျှံ ကိုသိမ်းယူလိုက်တယ် လို့ စီရင်ချက် ထွက် ပြီး ကတည်းက UDD အဖွဲ့ ဝင်တွေက
ဘန်ကောက်ကို စုရုံးပြီး ချီတက် လာခဲ့ပြီး လွှတ်တော် ဖျက်သိမ်းပေးရေ နဲ့ အဘီဆစ် နှုတ် ထွက်ပေးရေး ဆန္ဒပြ
ခဲ့ ဖြင်း ဖြစ်သည်။

ထပ်မံရရှိသော သတင်းများအရာ ရွေးကောက် ပွဲ ကော် မ ရှင် မှ အခြေခံဥပေဒေဆိုင်ရာ တရာရုံးအား ဒီမိုကရတ် ပါတီ၏ တရားမ၀င် ငွေကြေး လက်ခံခြင်း ကိစ္စအား အမြန်ဆုံး ဆုံးဖြတ်ပေးပါရန် ထပ်မံလျှောက်
ထားသည် ။

ဒီမိုကရတ် ပါတီ
ဒီမိုကရတ် ပါတီ ကို ၁၉၄၆ ခုနှစ် ဧပြီ လ ၆ ရက်နေ့ တွင် ပရီဒီ ဖနိုမြောင် နှင့် နိုင်ငံရေး ရန် ဘက် စတင်တည်ထောင်ခဲ့ပြီး ခွမ် အဖိဝေါင် က စတင် တည်ထောင် ခဲ့သည်။ (၎င်း ၏ ညီဖြစ်သူ မြူအဖီဝေါင်
သည် ဘန်ကောက် ရှိ ဒီမိုကရေစီ အမှတ်တရ ကျောက် တိုင် ၏ ဒီဇိုင်း )ကို ထုတ်ခဲ့သူ ဖြစ်သည်။

၁၉၇၄ ခုနှစ် တွင် ကူကစ် ပါရာမော့ က ဒီမိုကရတ် ပါတီ မှ ခွဲ ထွက် ပြီး Social Action ပါတီ ကို ထူထောင်ခဲ့သည်။ ၎င်း သည် ထိုင်း နိုင် ငံ၏ ၁၃ ဦးမြောက် ၀န်ကြီးချုပ် လည်း ဖြစ်သည်။

၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ လ ၂၃ ရက်နေ့  ၀န်ကြီးချုပ် ချတ်ချိုင်း ချူနာဝန် အာဏာသိမ်းခံရသည် ။ ၁၉၉၂ ခုနှသ် အမည်းရောင် မေလ (BLACK MAY) မေလ ၁၇ မှ ၂၀ ထိ ဖြစ်ပွားခဲ့သည့် လူ ၅၂ ဦးသေဆုံးခဲ့သည့်အရေး
အခင်း နောက် ပိုင်း တွင် ဒီမိုကရတ် ပါတီ ပြန်လည် အာဏာရရှိလာ သော် လည်း စိုက်ပျိုးရေးဝန်ကြီး ဆုထေ့ ယခု ဒုဝန်ကြီးချုပ် ဖြစ်နေသူ နှင့် ပါတီ ခေါင်းဆောင် အချို့ သည် ငွေကြေး လာဘ်စားမှုများ ဖြင့် စုံစမ်း စစ်ဆေး
ခံရသည်။

၁၉၉၇ မှ ၂၀၀၁ ခုနှစ် ထိ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သူ ချွမ်လီပိုင် မှာ ထင်ရှား သော ဒီမိုကရတ် ပါတီ
ခေါင်းဆောင် တစ်ဦးဖြစ်သည်။

၂၀၀၆ ခုနှစ် တွင် ဒီမိုကရန် ၏ ပါတီ ၏ ခေါင်းဆောင် အဖြစ် အင်္ဂလန် အီတန် ကျောင်းထွက် နှင့် စီးပွားရေးပညာရှင် အဘီဆစ် ခေါင်းဆောင် ဖြစ်လာပြီး နောက် ထိုစဉ်က အာဏာရရှိထားသည့် ထိုင်းရတ်
ထိုင်း ပါတီ ခေါင်းဆောင် နှင့် ၀န်ကြီး ချုပ် ဖြစ်သူ သက်ဆင် အား ရာထူးမှ ဖယ်ရှားရန် ဘုရင် ကို တိုက်တွန်း
ခဲ့သူ ဖြစ်သည်။

၂၀၀၈ ခုနှစ် PAD အဖွဲ့ ဝင် များ သုဝဏ္ဏ ဘူမိ လေဆိပ် ကို သိမ်းပိုက် ဆန္ဒပြမှု အပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ
လတွင် ခြောက်ပါတီ ညွှန့် ပေါင်းဖွဲ့ ကာ ထိုင်း နိုင်ငံ၏ ၂၇ ဦးမြောက် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။

freedomnewsgroup မှကူးယူတင်ပြထားသည်။

0 comments:

Post a Comment