သောက်သုံးကဖြင့် တစက်မှ မကျဘူး။ ပြောတော့ ကရင်လူမျိုးကောင်းစားရေး ကရင်လူမျိုးတိုးတက်ရေး အမျိုးနှင့်သာသ နာကိုကာကွယ်ရေး....ဒီမှာ မောင်ချစ်သူ..မင်းကိုတခုတော့ပြောလိုက်မယ်...မင်းလုပ်နေတဲ့လုပ်ရပ်တွေဟာ အကုန်လုံးနဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် မင်းရဲ့စောက်ဆင့်ကိုဖော်ပြလိုက်တာပဲ။ မင်းလိုကောင်မျိုးကိုလည်းငါတို့ ကရင်တမျိုးသားလုံးက ဇယားထဲတောင်မထဲ့ဘူး။ မင်းသိတာဖို့ကတနေ့ကျရင်မင်းလည်းဆန်ပြုတ်နောက်လိုက်ရမှာဘဲ။ ဒါကြောင့်လောလောဆယ် မင်းရဲ့အသိုက်မှာ စည်းစိမ်ဝအောင်ခံစားထား။ မင်းမိန်းမရဲ့ လယ်တကွက်ကိုလည်း ဝအောင် ထွန်ယက်စားထား။ သဘောပေါက်တယ်နော်။။။။။မကြာခင်အတောအတွင်းမှာပဲ မင်းမိန်းမရဲ့လယ်ကွက်ဟာ သူများပိုင်ဖြစ် တော့မယ်ဆိုတာကိုသိထား.............စောက်ကန်းရဲ့.............။။။။။
ရဲရင့်(ခေတ်ပြိုင်မှ)
တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) (၉၉၉) အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ အိမ်သစ်တက် အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားသည့် ကြော်ငြာပိုစတာများကို မဲဆောက်မြို့အနှံ့တွင် လိုက်လံကပ်ထားသည်။
မြ၀တီခရိုင် အခြေချဗျူဟာ တည်ရှိရာ ရွှေကုက္ကိုမြိုင်ကျေးရွာတွင် ဗိုလ်မှူးကြီး စောချစ်သူနှင့် နန်းခင်လှသူတို့၏ သန်းရာကျော်တန် “ချစ်သူမြိုင်စံအိမ်” ဟု အမည်ပေးထားသည့် အိမ်သစ်တက်ပွဲတွင် နာမည်ကြီး မြန်မာအဆိုတော်များ၊ ကရင်အဆိုတော်များဖြင့် (၃) ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် အခမဲ့ဖျော်ဖြေပွဲများကို လာရောက်ကြည့်ရှုအားပေးရန် ကြော်ငြာထားခြင်း ဖြစ်သည်။
အဆိုပါ အိမ်သစ်ဖွင့်ပွဲနှင့် ပတ်သက်၍ ကုက္ကိုမြိုင်တွင် နေထိုင်သူတဦးက “ဗိုလ်မှူးချစ်သူက ဒီအိမ်ကို စင်ကာပူက အင်ဂျင်နီယာကို ပုံဆွဲခိုင်းပြီး ဆောက်တာဖြစ်တယ်။ အိမ်ကတော့ နန်းတော်လိုပဲ။ အိမ်ရဲ့ လုံခြုံရေးစနစ်အားလုံးကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ဆောက်လုပ်ထားတာဖြစ်တယ်။ သူတို့ရဲ့ အိပ်ခန်းတွေကို ကျည်ကာမှန်တွေနဲ့ တပ်ထားပြီး အခန်းတိုင်းကို သူတို့လက်ဗွေနှိပ်မှ တံခါးဖွင့်တဲ့ နည်းပညာနဲ့လုပ်ထားတယ်။ ရေကူးကန်ပါ ပါတဲ့ ဒီအိမ်မျိုး မြ၀တီမြို့မှာတောင် မရှိဘူး” ဟု ပြောသည်။
(၅) ဧကခန့် ကျယ်ဝန်းသည့် ခြံဝင်းထဲတွင် ဆောက်လုပ်ထားသည့် အိမ်သစ်နှင့် ပတ်သက်၍ မြ၀တီမြို့ခံတဦးက “ကရင်အမျိုးသားတွေ တိုးတက်ကြီးပွားဖို့ လုပ်မယ်ဆိုတဲ့ လူတွေက ကရင်လူမျိုးတွေရဲ့ ဘ၀အနေအထား တိုးတက်အောင် ဘာမှ မလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် သူတို့တွေကျတော့ တိုက်နဲ့ ကားနဲ့ လိုလေသေးမရှိ ကြီးပွားချမ်းသာကြကုန်ပြီ။ ဒီပုံအတိုင်းဆိုရင် သူတို့အတွက်ကော ကရင်လူမျိုးတွေအတွက်ကော ရင်လေးဖို့ကောင်းတယ်” ဟု ပြောသည်။
အဆိုပါ အိမ်သစ်တက်ပွဲ တက်ရောက်ရန် ထိုင်းနိုင်ငံရောက် မြန်မာများအပြင် ထိုင်းလုပ်ငန်းရှင်ကြီးများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။
ဒီကေဘီအေ (၉၉၉) တပ်မဟာ၏ အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် ဒီကေဘီအေအဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏အစီအမံကို လက်ခံကြောင်း ပထမဆုံး တရားဝင် ပြောကြားသည့် ဒီကေဘီအေ တပ်မှူးတဦးဖြစ်သည်။
အိမ်သစ်ဖွင့်ပွဲကို ထိုင်းဘက်ခြမ်းတွင် လာရောက်ကြော်ငြာသဖြင့် ဒီကေဘီအေအဖွဲ့၏ လုပ်ရပ်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ထိုင်းနိုင်ငံသားအချို့နှင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားအချို့က ပြောဆိုသည်။
မဲဆောက်ရောက် မြန်မာနိုင်ငံသားတဦးက “ထင်ပေါ်ကျော်ကြားချင်တယ်။ အများရဲ့ ဂရုစိုက်မှုခံချင်တယ်။ လူထုတွေရဲ့ မေတ္တာကို လိုချင်တယ်ဆိုရင် ဒီလိုနည်းမျိုးကိုမသုံးဘဲ လူထုအကျိုးပြုလုပ်ငန်းတွေလုပ်ပြမှ လူထုလက်ခံမှာဖြစ်တယ်” ဟု ပြောသည်။
ဒီကေဘီအဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် သွားရောက်ပူးပေါင်းခဲ့ကာ အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇနဖြစ်သည်။
အိမ်သစ်တက်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ယခုလ (၂၄၊ ၂၅၊ ၂၆) ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ အခမဲ့ကျင်းပမည်ဟု မဲဆောက်မြို့တွင် ကြော်ငြာထားသည်။
အနီရောင်စာသားသည်blogger၏ပေါက်ကွဲမှုဖြစ်သည်။
ဒီကေဘီအေတပ်မှူး၏ နေအိမ်သစ်ဖွင့်ပွဲ ကြော်ငြာကပ် ဖိတ်ကြား
နယူးဒေလီ မြန်မာသံရုံးရှေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ ဆန္ဒပြမှု မြင်ကွင်း
မိုးမခ သတင်းမှ
စစ်အစိုးရနှင့် ကချင်အကြား တင်းမာမှုပိုလာ
ဖနိဒါ(မဇ္ဈိမ)
ချင်းမိုင်(မဇ္ဈိမ) ။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့၏ တပ်များ၏ ရှေ့ရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ကချင်တို့အကြား အခြေအနေ ပိုမိုတင်းမာလာနေသည်။
ကေအိုင်အိုဘက်က တင်ပြထားသည့်စာကို အကြောင်းမပြန်မချင်း စစ်အစိုးရသို့ နောက်ထပ်တွေ့ဆုံ ဆွေးနွေးမှုများ ကမ်းလှမ်းခြင်းမပြုရန် ဗဟိုကော်မတီဝင် ၂ဝ ဦးခန့်တက်ရောက်သော ယခုလ ၁၇ ရက်နေ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြသည်။
“ကျနော်တို့ တင်ပြထားတာ သူတို့ အဖြေကို စောင့်နေတယ်။ သူတို့ဘက်က အဖြေမရမချင်းတော့ ကျနော်တို့က စောင့်နေရုံဘဲပေါ့။ ကျနော်တို့ဘက်ကတော့ တင်ပြထားပြီ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က သွားဖို့တော့ မရှိဘူး။ သွားဖို့ လမ်းတော့ မရှိတော့ဘူး၊ အကြောင်းမပြန်လာဘူးဆိုရင် တွေ့ဖို့ မရှိဘူးပေါ့”ဟု အမည်မဖော်လိုသူ ဗဟိုကော်မတီဝင် အရာရှိတဦးက ပြောသည်။
ယခုလ ၁၂ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ)တွင် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့် ကေအိုင်အိုအရာရှိများ တွေ့ဆုံစဉ် ကေအိုင်အို၏ ရပ်တည်ချက်ဖော်ပြထားသော စာကို နေပြည်တော်အတွက် ပေးအပ်ခဲ့သည်။
နေပြည်တော် စစ်ဖက်ရေးရာလုံခြုံရေး ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်ထံသို့ လိပ်မူထားသော စာတွင် ကေအိုင်အိုအဖွဲ့မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံဘဲ ယင်းအစား ပြည်ထောင်စု တပ်မတော်တွင် သီးသန့် ကချင်တပ်များအဖြစ် ထဲ့သွင်းစေလိုကြောင်း တင်ပြထားသည်။
ထို့အပြင် အပစ်ရပ်စဲရေး ဆက်လက်ထိန်းသိမ်းထားလိုကြောင်းနှင့် တက်လာမည့် အစိုးရသစ်နှင့်သာ နိုင်ငံရေးအရ ပြန်လည် ဆွေးနွေးလိုကြောင်းတို့ ပါဝင်သည်။
“ကျနော်တို့ဘက်က The whole KIO အသွင်ပြောင်းဖို့၊ ကျနော်တို့ လိုချင်တာတွေရရင် ကေအိုင်အိုဌာနဆိုင်ရာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကုန်လုံးပြောင်းမယ်။ သူတို့က KIA ကိုဘဲ အသွင်ပြောင်းဖို့ ပြောတယ်။ ကျနော်တို့က အဲဒါကိုတော့လက်မခံဘူး။ ပြောင်းမယ်ဆိုရင် အကုန်ပြောင်း၊ ကေအိုင်အေက နောက်ဆုံးမှ ပြောင်းဖို့ ပြောထားတာ”ဟု ဗဟိုကော်မတီဝင်တဦးက မဇ္ဈိမကို ပြောသည်။
အဖွဲဝင် ၇ ဦးပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းဆွေးနွေးရေး ကော်မတီမှ အဖွဲ့ဝင် တဦးကလည်း “ကျနော်တို့အနေနဲ့တော့ တွေ့ဖို့ မရှိတော့ဘူး။ ကျနော်တို့က ရွေးကောက်ပွဲကို မပျက်ဆီးစေချင်ဘူး၊ ပြည်ထောင်စုကိုလည်း မပျက်ဆီးစေချင်ဘူး၊ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုတာဘဲ”ဟု သူက မဇ္ဈိမကိုပြောသည်။
စစ်အစိုးရ၏ကိုယ်စားလှယ် ညှိနှိုင်းရေးတာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က KIO အနေဖြင့် ယခင်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ နယ်ခြားစောင့်တပ် ကိစ္စကို အဖြေပေးရန် သတ်မှတ်ခဲ့သည်။
ယခုလဆန်းမှ စတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ လိုင်ဇာသွားသည့် ကားလမ်းတလျှောက်တွင်လည်း စစ်ဆေးမေးမြန်းမှုများ ပိုမိုပြုလုပ်လာကာ တံတားများတွင်လည်း ယခင်ကထက် ပိုမို တိုးမြင့်ချထားကြောင်း လိုင်ဇာ ဒေသခံတဦးက ပြောသည်။
“ဒီမြစ်ကြီးနား- ဗန်မော်လမ်း-လိုင်ဇာလမ်းဘက်မှာရှိတဲ့ တံတားတွေမှာ အရင်ကထက် ပိုပြီးတော့ ချထားတာတွေရတယ်။ စောင့်နေတာတွေ့ရတယ်။ စစ်ဆေးတာလဲ။ အရင်တုန်းကတော့ မစစ်ဘူး။ ခုမှ စစ်ဆေးလာကြတာလေ” ဟု အဆိုပါ ဒေသခံက မဇ္ဈိမကို ပြောသည်။
အလားတူ အပစ်ရပ်ဆဲအဖွဲ့တခုဖြစ်သော မွန်ပြည်သစ်ပါတီသည်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့် အဖြေပေးရန် အရှေ့တောင်းတိုင်းစစ်ဌာနချုပ်(ရတခ)တွင် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် ခေါင်းဆောင်များ ယခုလ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြကြောင်း မွန်ပြည်သစ်ပါတီရုံးချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
ဒုဥက္ကဌ အပါအဝင် ဗဟိုအလုပ်မှုဆောင်များဖြစ်သော စစ်ဦးစီးချုပ်အဖွဲ့ ၅ ဦးတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
၁၉၉၅ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီသည် ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ငြင်းဆိုထားသည်။
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်
19 March 2010 (VOA သတင်းမှ)
ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းရဲ့ တောင်းဆိုချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း နယူးယောက်မြို့မှာ ခေါ်ယူကျင်းပသွားတော့မှာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရအောင် တမင် ရည်ရွယ်ထုတ်ပြန်ခဲ့တဲ့ မတရားတဲ့ ဥပဒေတွေဖြစ်တာကြောင့် ဗြိတိသျှဝန်ကြီးချုပ်က ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အတွင်းရေးမှူးချုပ်ထံ စာရေးသား တောင်းဆိုခဲ့တာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရ ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုလိုက်တာဖြစ်တယ်၊ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပစ်မှတ်ထားပြီး စာနာမှု ကင်းမဲ့စွာနဲ့ တဖက်သား အထိနာအောင် လုပ်တာဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဒီကိစ္စကို အရေးပေါ်စည်းဝေးပွဲ ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက တောင်းဆိုခဲ့တာပါ။
ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းတောင်းဆိုတဲ့စာကို ကုလသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ လက်ခံရရှိခဲ့တဲ့အတွက် မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲကို ရှေ့သီတင်းပတ်အတွင်း ကျင်းပဖြစ်မယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ တွဲဖက် ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"ဂေါ်ဒွန်ဘရောင်းဆီက စာကို ကျနော်တို့ လက်ခံရရှိတဲ့ မှတ်တမ်းအရဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ရက် အင်္ဂါနေ့က ဖြစ်ပါတယ်။ ကျနော် ပြောနိုင်တာကတော့ မြန်မာ့မိတ်ဆွေများ အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ ဒါကိုတော့ မတ်လ ၂၅ ရက်နေ့မနက်ပိုင်းမှာ လုပ်သွားမှာဖြစ်ပါတယ်။"
ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း အနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးကို ကိုယ်တိုင် စိတ်ပါဝင်စားစွာ ကြိုးစား လုပ်ဆောင်နေသူတဦး ဖြစ်ပြီး စစ်အစိုးရက အခုလို မတရားတဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာ ပေါ်လွင်လာတယ်လို့ ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ယူဆပါတယ်။
မစ္စတာ ဂေါ်ဒွန်ဘရောင်း ခေါ်ခိုင်းတဲ့ အရေးပေါ်စည်းဝေးပွဲ လုံခြုံရေးကောင်စီမှာ မလုပ်ဖြစ်အောင် တရုတ်ဖက်က အတွင်းရေးမှူးချုပ်ကို ဖိအားပေးလာတယ် ဆိုတဲ့အသံတွေ ထွက်လာတာကြောင့် မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ စည်းဝေးမနေတော့ဘဲ မြန်မာ့မိတ်ဆွေနိုင်ငံများ စည်းဝေးပွဲအဆင့်နဲ့သာ အတွင်းရေးမှူးချုပ်က ချွေးသိပ်ဖို့ကြိုးစားတာလားဆိုတဲ့ မေးခွန်ပေါ်ထွက်လာတာနဲ့ ပတ်သက်လို့တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို သုံးသပ်ပါတယ်။
"အဲဒါကတော့ လမ်းကြောင်းမတူဘူးခင်ဗျ။ လမ်းကြောင်းက Friends of Burma က အထွေထွေညီလာခံက ချထားတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားတဲ့ mandate ပေါ့၊ လုပ်ပိုင်ခွင့်အာဏာအခြေခံပေါ်မှာ ဖွဲ့ထားတဲ့ mechanism တခုပေါ့။ လုံခြုံရေးကောင်စီလမ်းကြောင်းက နောက်တခုပေါ့။ လုံခြုံရေးကောင်စီ agenda အပေါ်မှာ မြန်မာပြည်နိုင်ငံရေးကိစ္စက ရရှိနေတဲ့အပိုင်းမှာပေါ့။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ ဒါဟာ တခုပြီးမှတခု လုပ်တယ်တော့ မဟုတ်ဘူးပေါ့။ ရရှိလာတဲ့အနေအထားနဲ့ ဖြစ်နိုင်တဲ့ အနေအထားတွေမှာ ဖြစ်တာကိုတော့ ကျနော်တို့ စလုပ်ရမယ်။ ကျနော်တို့ ရည်မှန်းချက်တွေကတော့ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးစေချင်တယ်။ ကျနော်တို့ကိုယ်တိုင် လိုက်လံပြီးတော့ ဆော်သြနေတဲ့အပိုင်းက သာမန် သံအမတ်ကြီးအဆင့်တင်မဟုတ်ဘဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ လုပ်စေချင်တယ်။ လုပ်တဲ့အခါမှာလည်း နယူးယောက်မှာတင် လုပ်တာမဟုတ်ဘဲနဲ့ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ကို ကမကထလုပ်ပြီးတော့ လုပ်စေချင်တဲ့အပိုင်းပေါ့။"
ဒါပေမဲ့ မကြာသေးခင် ရက်ပိုင်းလေးကပဲ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မြန်မာ စစ်အစိုးရအပေါ် ဝေဖန်ပြောဆိုမှုတွေကို တရုတ်ကိုယ်စားလှယ် လုချမ်းက ကာကွယ်ပြောဆိုသွားပြီး စစ်အစိုးရ အနေနဲ့ နိုင်ငံရေးအရ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေမှုတွေကိုလည်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါက်တာ သောင်းထွန်းရဲ့ အမြင်ကတော့ -
"အကျိုးစီးပွားအနေအထားအရ တရုတ်အနေနဲ့ multilateral level မှာ လူ့အခွင့်အရေး ကောင်စီအစည်းအဝေး၊ အကျိုးစီးပွားအရရော သူ့နိုင်ငံရဲ့ ယူနစ် အနေအထားပေါ့။ သူ့နိုင်ငံရဲ့ ယူနစ်အနေအထား ဆိုတာက သူ့နိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ရှိတယ်။ ဆိုတော့ အဲဒီအခါမှာ position ယူတာ၊ သဘောထားယူတာ တပိုင်းပေါ့နော်။ ဒါက တကန့် စဉ်းစားရမှာဖြစ်သလို တဘက်မှာ သူ့အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ နယ်စပ်ပြဿနာ၊ နယ်စပ်တည်ငြိမ်ရေး ပြဿနာ၊ ဒါက သူ့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်တဲ့ကိစ္စ ဖြစ်တယ်။ ဒီအပိုင်းမှာတော့ သူ့ရဲ့ ပေါ်လစီ အတိအကျ ရှိတယ်ဆိုတာ တွေ့ရတယ်။ အဲဒီအကျိုးစီးပွား အပေါ်မှာ အခြေခံနေတဲ့ သီးခြားတည်ရှိနေတဲ့ ပေါ်လစီချဉ်းကပ်မှုတွေကို တကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ မြန်မာပြည်နိုင်ငံရေး တစုံလုံးဆိုင်ရာ ဖြေရှင်းဖို့ကြိုးစား ဆောင်ရွက်မှုတွေနဲ့ ဘယ်လိုဆက်စပ်ပေးမလဲ။ ဆက်စပ်မှုအပေါ်မှာ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ကျနော်တို့ဘက်က ကြိုးစားဖို့လိုသလို ကျနော်တို့ မိတ်ဆွေနိုင်ငံတွေကလည်း ချဉ်းကပ်ပြီးတော့ ခေါ်ဆောင်ဖို့ လိုတယ်ပေါ့။"
အဝေးရောက် ညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာပါ။ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ထဲမှာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ အပါအ၀င် အာရှနဲ့ ဥရောပတိုက်က အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် အတိုက်အခံများ လှုပ်ရှားမှု စတင်
မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် စတင်သည့် သတင်းစာရှင်းလင်းပွဲတရပ်ကို ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ယနေ့ကျင်းပသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) မှ နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခင်ဥမ္မာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) ၏ အတွင်းရေးမှူး ဦးသိန်းဦး၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့က ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းထောက်များနှင့် သံတမန်များကို ရှင်းလင်းပြောကြားကြသည်။
ဒေါ်ခင်ဥမ္မာက “၂၀၁၀ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ သူတို့ထုတ်တဲ့ဥပဒေတွေက သက်သေပြလိုက်တယ်။ အဲဒီအပေါ်မှာ နိုင်ငံတကာအစိုးရတွေကို နအဖရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချကြဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြဖို့ ကျမတို့ ဒီကမ်ပိန်းကနေ တောင်းဆိုပါတယ်။ ဒီကမ်ပိန်းကို နိုင်ငံအရပ်ရပ်မှာရှိတဲ့ မြန်မာအင်အားစုတွေနဲ့ မြန်မာ့အရေး ထောက်ခံအားပေးတဲ့ အင်အားစုအဖွဲ့ပေါင်း (၁၅၀) ကျော်က ထောက်ခံတောင်းဆိုထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ပြည်သူလူထုကလည်း သူတို့အစိုးရတွေက ဒီရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြဖို့အတွက် တောင်းဆိုတာတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ရှင်းလင်းပြောကြားသည်။
နိုင်ငံတကာတွင် ရောက်ရှိနေကြသည့် မြန်မာ့အရေးဆောင်ရွက်နေသူများနှင့် နိုင်ငံတကာမှ မြန်မာ့အရေးဆောင်ရွက်နေသည့် အဖွဲ့များကလည်း ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချမှုများ စတင်လှုပ်ရှားဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ၏အဆက်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသားအင်အားစုများအနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်၏ဖိနှိပ်မှု ခံလာရကြောင်း၊ ရွေးကောက်ပွဲလုပ်လျှင် အသက်ဝင်လာမည့် ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားပြည်သူများကို ပိုမို၍အဖိနှိပ်ခံဘ၀သို့ ရောက်စေမည်ဖြစ်ကြောင်း စသဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။
ထို့အပြင် စစ်အစိုးရက တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အတင်းအဓမ္မ သစ္စာခံစေခြင်းသည် မဖြစ်နိုင်ကြောင်း၊ စစ်အင်အားအလုံးအရင်းသုံးပြီး ကိုးကန့်ကို တိုက်သကဲ့သို့လုပ်ပါက ပြည်တွင်းစစ်ကြီးပြန်ဖြစ်ပြီး ဆိုးဝါးသည့်အနေအထားများသာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း နော်စီဖိုးရာစိန်က ပြောကြားသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ဒုက္ခသည်ပြဿနာများအရေးနှင့် အခြားအခြေအနေဆိုးများကို ထောက်ပြပြောဆိုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ပြေလည်စေမည်မဟုတ်ဘဲ အခြေအနေဆိုးများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဦးက “ဒီလှုပ်ရှားမှုက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တရားမျှတမှုမဖြစ်နိုင်ဘူး၊ ၀ိုင်းဝန်းရှုတ်ချကြဖို့၊ ထွက်လာတဲ့ရလဒ်ကို အသိအမှတ်မပြုကြဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်တယ်။ နိုင်ငံတကာ လှုပ်ရှားမှုကို စတင်ပြီး ခေါ်တာဖြစ်တယ်။ သက်ဆိုင်ရာနိုင်ငံတွေမှာ ရှိတဲ့အစိုးရတွေကိုလည်း လော်ဘီလုပ်ပြီးတော့ ဒီရွေးကောက်ပွဲကို ရှုတ်ချဖို့၊ အသိအမှတ်မပြုဖို့ လုပ်တဲ့ပွဲဖြစ်တယ်” ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ထိုင်းအခြေစိုက် နိုင်ငံတကာသံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာ့အရေး ဆောင်ရွက်နေသည့်အဖွဲ့များ၊ အစိုးရမဟုတ်သည့်အဖွဲ့များ၊ နိုင်ငံတကာမှ သတင်းဌာနများ တက်ရောက်ခဲ့ကြသည်။
ခေတ်ပြိုင်သတင်း မှ
ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း
March 19, 2010
တပ်မဟာ(၂) တောင်ငူခရိုင်။
- ၅.၃.၂၀၁၀နေ့ ရှားစီးဘို နေ ခမရ(၄၄၀)တပ်သည် (၁)စောမောင်ဆား၏ကြက်၅ကောင်၊ (၂)စောလှဝင်း၏ ကြက်၆ကောင်၊ ဓားမ၃ချောင်း၊ပေါက်တူး၂လက်၊အိုး၂လုံး၊ (၃)စောတီးလီးဝီး၏ ကြက်၃ကောင်နှင့် ဓားမ၂ချောင်း တို့ကိုအတင်းလုယက်ယူဆောင်ခဲ့သည်။
- စကခ(၇) လက်အောက်ခံ ခမရ(၄၂၅၊၄၂ရ) သည် မတ်လ၁၇ရက်နေ့မှ ၁၉ရက်နေ့ ဒွယ်လက်ကား လမ်းမဘေးတွင်မီးရှို့သောကြောင့် ရွာသူရွာသားများ၏ပစ္စည်းများပိုင်ဆိုင်မှုများပျက်စီးခဲ့ရသည်။ မီးဒဏ် သင့်သောရွာများမှာ မော်ဖားဒဲ၊ ကလေစိုးခီး၊ ဒဲဒို၊ကော်သေးဒဲတို့ဖြစ်သည်။အဆိုပါရှို့မီးကြောင့် ဒူးသီ ဖာ လာခြံ၊ ကွမ်းသီးခြံများမီးလောင်ခံရပြီး ယခုထက်တိုင်ပိုင်ရှင်များမီးမငြိမ်းသတ်နိုင်သေးကြောင်းသတင်းရရှိ ပါသည်။
တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၃.၃.၂၀၁၀နေ့ KNU ပြောက်ကျားအဖွဲ့နှင့် နအဖတပ်များသည် ဘောပေါ်ကလိုး သေးကျိုးအရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖဘက်မှ ၂ဦးသေ ၁ဦးဒဏ်ရာရ။
- ၈.၃.၂၀၁၀နေ့ ဆာလော်ကျိုးခေးပူအရပ်တွင်မိမိတို့ပြောက်ကျားအဖွဲ့သည်ရန်သူတို့ကိုတိုက်ခိုက်ခဲ့၊ အဆိုပါတရက်ထဲမှာဘဲ မိမိတို့အထူးပြောက်ကျားအဖွဲ့နှင့် ရန်သူတို့သည် ပနာလော်ကူးခီးသေသားမူ အရပ်တွင် ရင်ဆိုင်တိုက်ပွဲ၂ကြိမ်ဖြစ်ပွား။ ကြူးလူအနီးတခေါ့တိုဘောအရပ်တွင်ရန်သူနှင့်တိုက်ပွဲတကြိမ် ဖြစ်ပွားရာ ရန်သူ၃ဦးဒဏ်ရာရ။
- ၉.၃.၂၀၁၀နေ့ တွင် ထိုကို့ထာကားလမ်းမ စောမူပလောအရပ်တွင် မိမိတို့လူနှင့် ရန်သူတို့ရင်ဆိုင်တိုက် ပွဲ ဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာဘဲ ရန်သူနှင့်မိမိတို့အထူးပြောက်ကျားများ တလယ်လူ လေးဂေါအရပ်တွင်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ။
- ၁၅.၃.၂၀၁၀နေ့ ဖြတ်ခိုအုပ်စု သူ့ဒေးအရပ်တွင်လှုပ်ရှားသောနအဖတပ်သည် သူးဒေးရွာသား စောကပြေ အသက်၄၅နှစ်ကို နံနက် ၀၉း၄၀နာရီတွင်ပစ်သတ်သွား။
မီးသတ်ကား
(မိုးမခ သတင်းမှ)
မီးသတ်ကားတွေဆိုတာ ဆန္ဒပြသမားတွေကို နှိမ်နင်းတဲ့ နေရာမှာလည်း အတော် အသုံးတည့်ပေတာပဲ။ အခု အဲဒီကားနီနီတွေ ကြံ့ခိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီးတွေက လုပ်သားပြည်သူများထံ အကူအညီ တောင်းနေပါတယ်။ မယုံရင် သတင်းစာ နောက်ကျောဖုံးမှာ ပါတဲ့ ကြော်ငြာကို ရှုတော်မူပါ။မြင်တဲ့အတိုင်းပါပဲ မီးသတ်ကားအတွက် လှူကြပါ တဲ့ ကြော်ငြာ အောက်ဆုံးမှာ ရေးထားတယ်။
မီးသတ်ကားအတွက်တောင် အလှူခံနေရတယ်ဆိုတော့ ပိုက်ဆံတွေ သေနတ်ဝယ်ရ၊ အိတ်ထဲထည့်ရနဲ့ လောက်ငကြပုံ မပေါ်ဘူး။ ဗိုလ်ချုပ်ကြီးတို့ စိတ်ချမ်းသာမှ တိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယူဆပြီး လှူကြတန်းကြမယ် ထင်ပါရဲ့။ ဘယ်သူပြောနိုင်မလဲ။
ကဲ - ဒါဆိုရင် ဘယ်သူတွေက လှူကြမလဲ။ မြန်မာပြည်ရဲ့ မာဖီးယား သူဌေးကြီးတွေ လှူကြမယ် ထင်တယ်။ အင်း - ဒီလူကြီးတွေက ဒီပမာဏလောက်တော့ မလှူချင်ဘူးဆိုရင်တော့ ဒုက္ခ။ ကာတွန်းထဲကလို ကားတွေကို မီးလောင်တဲ့နေရာအထိ တွန်းသွားရတော့မှာပေါ့။ အဲသလို တွန်းနေချိန်မှာ ကာတွန်းထဲက ဒရိုင်ဘာက ဘာပြောသလဲ ဆိုတော့ - ဟေ့ကောင်တွေ ဖြည်းဖြည်းတွန်းပါဟ၊ ဒီမှာ ဘရိတ် မမိဘူး တဲ့။
ရွေးကောက်ပွဲ ဥပဒေ အာဆီယံနှင့် နိုင်ငံတကာ ဝေဖန်
ရန်ပိုင်(ဧရာဝတီ)
စစ်အစိုးရ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနှင့် အရေးပေါ် အစည်းအဝေး တရပ်ပြုလုပ် ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံသို့ ဗြိတိန်ဝန်ကြီးချုပ်က ယမန်နေ့တွင် စာရေး တောင်းဆို လိုက်ကြောင်း သိရသည်။
“စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင်လုပ်ထားတာဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆိုချက်တွေကို လျစ်လျူရှုထားခြင်းဖြစ်တယ်”ဟု မစ္စတာဂေါ်ဒွန်ဘရောင်းကဆိုသည်။
ကနေဒါနိုင်ငံမှ လွှတ်တော်အမတ်များကလည်းစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ထံသို့ ယမန်နေ့က စာရေးတောင်းဆိုခဲ့သည်။
မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်နိုင်ခြင်း မရှိသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လက်မခံနိုင်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလိုက ပြီးခဲ့သည့် အင်္ဂါနေ့ကပြောဆို လိုက်သည်။
“ဒီရွေးကောက်ပွဲ ဥပဒေက အာဆီယံနဲ့ နိုင်ငံတကာကို ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် ကတိပေးထားတဲ့ ဒီမိုကရေစီလမ်းပြမြေပုံနဲ့ ဆန်ကျင်ဘက် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်နေသည့် ဘက်မလိုက်နိုင်ငံများအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း လည်း တက်ရောက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyahကလည်း“အားလုံးမပါဝင်နိုင်အောင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းကို မရရှိနိုင်ပါဘူး”ဟု စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ဝေဖန်ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသည် ယခင်က စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်နိုင်ငံဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းလဲတွင် နမူနာကောင်းတရပ်ဖြစ်ကြောင်း The Econimist စာစောင်မှ မကြာခဏဝေဖန်ရေးသားခဲ့သည်။
အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ ၊ဗီယက်နမ် နှင့် တခြားသော အာဆီယံနိုင်ငံများကမူ စစ်အစိုးရ၏ ရွေး ကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မည်သို့မျှ ပြောဆိုခြင်း မရှိပေ။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မှာ တပါတီစနစ်ကို ကျင့်သုံးနေသည့် ဗီယက်နမ်နိုင်ငံဖြစ်သည်။
စင်ပြိုင် အာဆီယံ အဖွဲ့၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဒက်ဘီစတူးဟပ်က“မြန်မာပြည်ရဲ့ရွေးကောက်ပွဲ ဥပဒေကြောင့် အာဆီယံ နိုင်ငံတွေ အတော်တုန်လှုပ်သွားတယ်၊ ရွေးကောက်ပွဲမှာ အာလုံးပါဝင်ဖို့ အာဆီယံနိုင်ငံတွေရဲ့ တိုက်တွန်းချက်ကို ဒီ ဥပဒေက ပယ်ချလိုက်တာပဲ၊ သူတို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်နေကြတယ်”ဟုပြောသည်။
အမေရိကန်နိုင်ငံအနေနှင့် စစ်အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို အပြုသဘော ဆောင် ချဉ်းကပ်ဆွေးနွေးခဲ့ကြောင်း၊ မကြာခင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကိုကြည့်လျှင် တွေ့ဆုံဆွေးနွေးရေး လမ်းစမမြင်ကြောင်း အာဆီယံနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က ပြီးခဲ့သည့် သောကြာနေ့တွင် ပြောဆိုခဲ့သည်။
“ကျနော်တို့ အလွန်ပဲ စိတ်ပျက် စိုးရိမ် မိပါတယ်၊ ဒါဟာ မျှော်လင့်စရာမရှိလောက်အောင် ၀မ်းနည်းဖွယ်လည်း ဖြစ်ပါတယ်”ဟု မစ္စတာ ကမ်းဘဲလ် က ပြောကြားသည်။
အိန္ဒိယလွှတ်တော်အမတ်များကလည်း မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ယမန်နေ့က ပြစ်တင်ရှုတ်ချခဲ့သည်။
ရွေးကောက်ပွဲကို ပြည်သူများ မယုံကြည်
လင်းနိုင်ဦး (ခေတ်ပြိုင်)
နအဖစစ်အစိုးရအနေဖြင့် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေး၍ အနိုင်ရပါတီတခုခုအား အာဏာလွှဲပြောင်းပေးပြီး အစိုးရ အပြောင်းအလဲ ဖြစ်မည်ဆိုခြင်းကို ပြည်သူအများစုက ယုံကြည်မှုမရှိကြောင်း စုံစမ်းသိရသည်။
ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ ထားဝယ်မြို့တို့တွင် ခေတ်ပြိုင်မှ စုံစမ်းမေးမြန်းချက်များအရ နအဖက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ထားပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာတည်မြဲရေး လုပ်ရိုးလုပ်စဉ် လုပ်ငန်းစဉ်တခုအဖြစ်သာ အောက်ခြေ သာမန်ပြည်သူအများစုက ရှုမြင်ကြပြီး မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ဟု ထင်မြင်ယူဆနေကြသည်။
စစ်အစိုးရ အာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ရန်ကုန်မြို့ခံ အိမ်ခြံမြေ လုပ်ငန်းရှင်အမျိုးသမီးတဦးက “ကျမတို့ ကြားတာကတော့ ဘယ်ဝန်ကြီးဌာနကို ဘယ်သူတွေ တာဝန်ယူမယ် ဆိုတာတွေကအစ ပြင်ဆင်ပြီးနေပြီလို့ သိရတယ်။ ဆိုတော့ ရွေးကောက်ပွဲလုပ်လည်း လုပ်တာပဲ ရှိမယ်၊ ဘာအပြောင်းအလဲမှ ရှိမယ်လို့ မထင်ဘူး” ဟု ပြောသည်။
မော်လမြိုင်မြို့ခံ ဆရာဝန်တဦးက “ဒီမြို့မှာတော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ သတင်းစာတောင် ဖတ်ကြတာ မဟုတ်ဘူး။ ကိုယ်က ဈေးထဲ၊ အလုပ်ခွင်ထဲ သွားလို့ ရွေးကောက်ပွဲကို ဘယ်လို ထင်လဲလို့ စပ်စုမိတယ်။ အများစု နားလည်နေကြတာကတော့ ရွေးကောက်ပွဲဆိုတဲ့ အသံတွေ ထွက်လာပေမယ့် ဘာအပြောင်းအလဲမှ ရှိမှာမဟုတ်ဘူးဆိုတာပဲ” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီးတဦးက “မြန်မာပြည် ပြည်သူတွေဟာ နိုင်ငံရေးအရ အလွန်ပါးနပ်တဲ့ လူမျိုးတွေ ဖြစ်တယ်။ ခု အခြေအနေမှာလည်း စစ်အစိုးရ ဘာလုပ်မယ်ဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မတရား အတည်ပြုခဲ့တဲ့ အတွေ့အကြုံ သူတို့မှာ ရှိနေတယ်။ စစ်အစိုးရဟာ လက်ရှိ စစ်တပ်နဲ့ ပြောင်ပြောင်တင်းတင်း အုပ်ချုပ်နေရာကနေ ဒီမိုကရေစီနိုင်ငံ ခေါင်းစဉ်ပြောင်းတပ်ပြီး သူတို့ပဲ ဆက်အုပ်ချုပ်ဖို့ လုပ်နေတယ် ဆိုတာကိုလည်း ပြည်သူတွေ ကောင်းကောင်းသိတယ်။ တကယ်တော့ ဒီလို မတရားတဲ့ မမျှတတဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတွေ ထွက်လာတာကိုမြင်ပြီး မမျှော်လင့်မိပါဘူး၊ အံ့သြမိပါတယ်လို့ ပြောတဲ့ နိုင်ငံရေးသမားတွေကမှ ညံ့တာ။ ပြည်သူတွေလောက်တောင် အကင်းမပါးဘူးလို့ ပြောချင်တယ်” ဟု ရှင်းပြသည်။
လက်ရှိ နအဖစစ်အစိုးရက ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွင် ပါတီဝင် တယောက်ချင်းစီ၏ စာရင်းကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်သဖြင့် သာမန်ပြည်သူအများစုကြီးက အစိုးရအလိုတော်ရိ မဟုတ်သည့် ပါတီများသို့ ဝင်ရောက်ဝံ့ကြမည် မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။
ယင်းသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သည့်အနှစ် (၂ဝ) ကျော် တလျှောက်လုံး စစ်အစိုးရသည် အန်အယ်လ်ဒီအပါအဝင် အစိုးရနှင့် သဘောထားချင်း မတိုက်ဆိုင်သည့် ပါတီတို့မှ ခေါင်းဆောင်များ၊ ပါတီဝင်များကို အစိုးရနှင့်ဆက်နွှယ်သော အလုပ်နှင့် သာမန်စီးပွားရေးကအစ မလုပ်နိုင်ရန် နည်းအမျိုးမျိုးသုံး ဖိနှိပ်ကန့်သတ်ထားရုံမက နိုင်ငံရေးသမားတို့၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မောင်နှမ၊ မိဘများကိုလည်း စီးပွားရေး၊ လူမှုရေး နယ်ပယ်တို့တွင် မဝင်ဆန့်နိုင်ရန် အမျိုးမျိုး ဖိနှိပ်ခဲ့ခြင်း၊ ဖိနှိပ်နေဆဲ ဖြစ်သည်ကို ပြည်သူများ မြင်တွေ့ ကြားသိ နေကြရ၍ဖြစ်သည်။
သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ
သျှမ်းသံတော်ဆင့်သတင်း
မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။
စစ်ကြောင်းမှူး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်သည့် ခမရ ၅၂၅ နှင့် ခမရ ၉၉မှ အင်အား ၄၂ ဦးပါ ပူးပေါင်းလှုပ်ရှား စစ်ကြောင်းအား သျှမ်းတပ်က နေ့လည် ၁၁ နာရီခွဲခန့်တွင် ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွား ချိန် ၃ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ်များဖြစ်သော MA1 တစ်လက် ၊ MA2 နှင့် M79 လောင်ချာတွဲ သေနတ် ၂ လက် ၊ MA 2 နှစ်လက် ၊ ဆက်သွယ်ရေး ရေဒီယိုစက်တစ်လုံး နှင့် ခဲယမ်းအမြောက်အမြားကို သျှမ်းတပ်ဖွဲ့ကသိမ်းဆည်း ရမိကြောင်း ဖေါ်ပြထားသည်။
ထို့အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများထဲတွင် ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်တပ်ကြပ်ကြီး နှစ်ဦး ဒုတပ်ကြပ် တစ်ဦးပါဝင်ကြောင်းသိရသည်။
သျှမ်းတပ်ဘက်မှ အကျအဆုံးမရှိကြောင်း Taifreedom.com တွင် ဖေါ်ပြထားသည်။
ကျွတ်ကျွတ်.....သနားစရာကောင်းလိုက်တဲ့စစ်ခွေးတွေရယ်...ခုလည်းကြည့်ပါဦး..ရှမ်းကနှိပ်ကွပ်လိုက်လို့အယောက်၂၀ သေနန်းစံသွားပြီး။KNUကသမလိုက်ရှမ်းကဆော်လိုက်နဲ့..နောက်ဆိုဝပါဆွဲစားဦးမှာ...စစ်ခွေးနောက်လိုက်တွေရေ ရှေ့တန်းမထွက်ခင်မိန်းမကိုမှာခဲ့လိုက်တော့...“ကိုယ်တော့ဒီတခါနောက်ဆုံးပဲ...မိန်းမပဲကြိုက်သလိုရှာစားပါတော့” လို့..
အနီရောင်စာသားသည်Blogger၏အာဘော်ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ကေအန်ယူ တိုက်တွန်း
ရဲရင့်/ ၁၇ မတ် ၂ဝ၁ဝ(ခေတ်ပြိုင်)
လူထုခေါင်းဆောင်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ခွင့်မရှိသည့် နအဖပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ချုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သောကြောင့် နိုင်ငံတကာနှင့်ပြည်သူတရပ်လုံးက ဆန့်ကျင်တိုက် ဖျက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။
နိုင်ငံတကာနှင့်ပြည်သူများ၏ ထောက်ခံမှုမရရှိပါက တရားမ၀င်သည့် ရွေးကောက်ပွဲသာဖြစ်မည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ်သကဘောက ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက “နအဖထုတ်တဲ့ ရွေးကောက်ပွဲဥပဒေက မတရားတဲ့ဥပဒေဖြစ်တယ်။ ကန့်သတ်ချက်တွေနဲ့ လူထုခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ပါဝင်ခွင့်မရအောင် ပိတ်ပင်ထားတယ်။ စစ်အာဏာရှင်စနစ် တည်တံ့ဖို့ ဆက်လုပ်နေတာ ဖြစ်တော့ နိုင်ငံတကာကလည်း ထိရောက်တဲ့ သံတမန်နည်းလမ်းနဲ့အတူ၊ လူထုကလည်း တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားတာ ဖြစ်တယ်” ဟု ပြောသည်။
နိုင်ငံတကာက စောင့်ကြည့်နေသည့်ကြားမှ နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ၎င်းတို့စိတ်ကြိုက် မဖြစ်မနေကျင်းပခဲ့ပါက နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိမည်မဟုတ်သည့်အပြင် တိုင်းပြည်အတွင်း အခြေအနေများ ဆိုးဝါးလာမည်ဟုလည်း ၎င်းက ပြောသည်။
“နိုင်ငံတကာနဲ့ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေကို မသိကျိုးကျွန်ပြုရင်တော့ တိုင်းပြည်မှာ ငြိမ်းချမ်းတည်ငြိမ်မှု ဘယ်လိုမှ မရှိလာနိုင်ဘူးဆိုတာကို နိုင်ငံတကာကလည်း ထောက်ပြထားပြီးဖြစ်တယ် စစ်အာဏာရှင်စနစ် တည်မြဲစိုးမိုးရေးအတွက် လုပ်နေတဲ့ လုပ်ရပ်တွေကို လုံးဝဆန့်ကျင်တိုက်ပွဲဝင်ရမယ်” ဟုလည်း ပဒို ဒေးဗစ်သကဘောက ဆက်ပြောသည်။
လူထုကိုကိုယ်စားမပြုသည့် ၂၀၀၈ ဖွဲ့စည်းပုံ၏အဆက်ဖြစ်သည့်၂၀၁၀ ရွေးကောက်ပွဲကို လုံးဝအယုံအကြည်မရှိသည့်အတွက် ဆန့်ကျင်တိုက်ဖျက်မှုများ စီစဉ်ဆောင်ရွက်နေသည်ဟု ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) က ပြောသည်။
အဖွဲ့၏အတွင်းရေးမှူး နန်းဒါးအဲ့ကလယ်က “ဒီရွေးကောက်ပွဲက ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားတာမဟုတ်ဘူး။ လူထုကိုလည်း ကိုယ်စားမပြုတဲ့အတွက် လုံးဝအယုံအကြည်မရှိဘူး။ ကျမတို့အမျိုးသမီးထုကတော့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
နအဖကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအားလုံး ပါဝင်နိုင်ခြင်းမရှိသည့်အပြင် လွတ်လပ်မှု၊ တရားမျှတမှုများ ရှိမည်မဟုတ်ကြောင်း ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများက ထောက်ပြဝေဖန်လျက်ရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့မှစတင်ပြီး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲလာခဲ့သည်မှာ နှစ် (၆၀) ရှိပြီဖြစ်သည်။
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း
(VOA သတင်းမှ)
17 March 2010
မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက် မလွဲမသွေ အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေတဲ့ Human Rights Watch အဖွဲ့က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒီကော်မရှင်ကို အချိန်ဆွဲမနေဘဲ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ချမှတ်လုပ်ဆောင်နေတဲ့ မူတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ ဖြစ်စေတာကြောင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းစစ်ဆေးပေးဖို့ မတ်လ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ထည့်သွင်း အဆိုပြုခဲ့တာပါ။
မစ္စတာ ဘရက်ဒ် အဒမ်စ် (Brad Adams) ဟာ HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ရဲ့ အာရှဒေသရေးရာ အမှုဆောင် ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက မစ္စတာ ကင်တားနားရဲ့ အဆိုပြုခဲ့တဲ့ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင် သေချာပေါက် ဖွဲ့စည်းနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေအတွက် ကျနော် မျှော်လင့်ပါတယ်။ ကော်မရှင် ဖွဲ့ဖြစ်ရင် သူတို့ပဲ အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်။ ဒီကော်မရှင် အမြန်ဖွဲ့ဖြစ်မလား ဆိုရင်တော့ မဖွဲ့ဖြစ်ဘူးလို့ပဲ ကျနော် ဖြေရမှာပဲ။ ဒါဟာ နိုင်ငံတကာမှာ နိုင်ငံရေးအရ တူညီတဲ့ သဘောတူညီမှု ရရှိရေးအတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။ ဒီကော်မရှင် ခပ်မြန်မြန် ဖွဲ့ဖြစ်ရင်တော့ ကျနော့်အနေနဲ့ အံ့အားသင့်မိမှာပဲ။
“ဘာဖြစ်လို့လဲဆိုတော့ အစိုးရ တော်တော်များများက ရွေးကောက်ပွဲမှာ မြန်မာစစ်အစိုးရ ဘာလုပ်မလဲ ဆိုတာကို စောင့်ကြည့်ကြလိမ့်ဦးမယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် စိတ်ပျက်မှုတွေ ရှိခဲ့ရင်တော့ ဒီကော်မရှင် ဖွဲ့စည်းရေးကို တိုင်းပြည်အများစုက ထောက်ခံကြလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
နယ်စပ် တိုင်းရင်းသား ဒေသတွေ အပါအ၀င် မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တရားလက်လွန် ဖြစ်ပေါ်နေတာကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းပေးဖို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့အနေနဲ့ တောင်းဆိုလာခဲ့တာ ကြာပေမဲ့ ကြေညာချက်တွေ ထုတ်ပြန်၊ အပြန်အလှန် ပြောဆို ဆွေးနွေးနေကြရုံထက် ပိုမလာခဲ့တဲ့အတွက် လက်တွေ့ လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။
“ဘာမှ ထူးခြားပြောင်းလဲမှု မရှိတဲ့ အစီရင်ခံစာတွေ ရေးနေကြမယ့်အစား နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပြီလို့ ကျနော်တို့ ထင်တယ်လေ။ ကုလသမဂ္ဂက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးလို့ ရလာတဲ့ အချက်အလက်တွေကတဆင့် သက်ဆိုင်သူတွေကို အရေးယူ အပြစ်ပေးတာ အပါအ၀င် ဘာလုပ်သင့်တယ် ဆိုတာကို တင်ပြသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။”
လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူးတဦး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ တရားဝင် အဆိုပြုတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတဲ့ နေရာမှာလည်း နိုင်ငံရေးအရ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိရင် ကော်မရှင်ဖွဲ့နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်လို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ထောက်ပြပါတယ်။
“ဒီကော်မရှင်ဖွဲ့ဖို့က နိုင်ငံရေးအရ လုပ်ဆောင်လိုစိတ် ရှိဖို့ပဲ လိုပါတယ်။ မစ္စတာ ဘန်ကီမွန်း တဦးတည်းလည်း ဆုံးဖြတ်ချက် ချလိုက်လို့ ရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ အရင် အဲဒီလို လုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို ထောက်ခံ အားပေးကြတဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ၊ ဂျပန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေ အနေနဲ့လည်း လူ့အခွင့်အရေး ကောင်စီ၊ ဒါမှမဟုတ် အထွေထွေ ညီလာခံက တဆင့် ဒီကော်မရှင် ဖွဲ့စည်းရေးကို တောင်းဆိုနိုင်ပါတယ်။”
ဒါမှမဟုတ်လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဖွဲ့စည်းပေးဖို့ ဖိအားပေးလို့ ရနိုင်သလို ဂျနီဗာမြို့မှာ ရုံးထိုင်တဲ့ လူ့အခွင့်အရေး မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) တဦးတည်းကလည်း ဆုံးဖြတ်ပြီး ဖွဲ့စည်းလို့ ရနိုင်ပါတယ်လို့ သူက ဆက်ပြောသွားပါတယ်။ ဒါကြောင့် ဒီကော်မရှင် ဖွဲ့ရေး၊ မဖွဲ့ရေး ဆိုတာထက် ဘယ်တော့ဖွဲ့မလဲဆိုတဲ့ မေးခွန်းက အဓိက ကျပါတယ်လို့ ဆိုပါတယ်။
တကယ်လို့ အတွင်းရေးမှူးချုပ် ကိုယ်တိုင်၊ ဒါမှမဟုတ် လူ့အခွင့်အရေး မဟာမင်းကြီးက စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့ရင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေလည်းဖြစ်၊ စစ်အစိုးရနဲ့ ရင်းနှီးတဲ့ မဟာမိတ် နိုင်ငံတွေလည်းဖြစ်တဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေနဲ့လည်း ကန့်ကွက်ပိုင်ခွင့် မရှိဘူးလို့ မစ္စတာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းတုန်းက တရားဝင် သွားရောက်လည်ပတ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဂျနီဗာမြို့မှာရှိတဲ့ လူ့အခွင့်အရေး ကောင်စီကို သူတွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကင်တားနား တင်သွင်းခဲ့တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို ထောက်ခံကြောင်း သြစတြေးလျနိုင်ငံကတော့ တရားဝင် ထုတ်ဖော်ပြောဆိုပြီး ဖြစ်ပါတယ်။
စစ်ခွေးများ၏ယုတ်မာမှု
ဥယျာဉ်ခြံ ဧက (၂၀)ကျော် မီးရှို့ဖျက်ဆီးခံရ
မတ်လ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မတ်လဆန်းပိုင်းမှစ၍ တိပ်ပုကျေးရွာအုပ်စုမှ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုဆိုလျှင် ဧက (၂၀)ကျော်ရှိပြီဟု ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့ ပြောသည်။
ဥယျာဉ်ခြံများ မီးရှို့ဖျက်ဆီးနေရသည့် ကျေးရွာများမှာ တိပ်ပု(ဖလေးဆာလို)၊ ပါတာလားမြောင်(တာဘာခီး)၊ မျောက်ချောင်း (ယယ်လို)၊ ဟန်သို(ကလောဘောဒဲ)၊ ဘီဘဲ(ပေါ်ဖာ့)၊ ကန်ဘဲ့မြောင်(လေးဝန်လို)၊ ရေတံခွန်(ဘလောမီးဒဲ) စသည့် ကျေး ရွာများဖြစ်သည်ဟု သိရသည်။
တိပ်ပုကျေးရွာအုပ်စု၌ လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ)(၇)လက်အောက်ခံ ခလရ (၂၆၁) တပ်ရင်း သည် ပြီးခဲ့သည့် မတ်လ ၄ရက်တွင် တိပ်ပုရွာအနီး ခလိုးဒေါခိုလူရွာ လူနေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများ၏ ဥယျာဉ်ခြံများကိုလည်း ထိုနေ့၌ပင် စတင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရွာသားက ယခုလို ပြောသည်။
“မီးရှို့ဖျက်ဆီးခံရတဲ့ ဥယျာဉ်ခြံတွေကတော့ ကွမ်းပင်၊ ကွမ်းရွက်ခြံ၊ ဖာလာခြံ၊ ဖက်ခြံ၊ ဒူးရင်းခြံ၊ ဓညှင်းခြံနဲ့ အခြားသစ်သီးခြံ စတာတွေပဲ ဖြစ်တယ်။ ဒီခြံတွေ ဖျက်ဆီးတဲ့အခါကျတော့ ရွာသားတွေအတွက် စားစရာနဲ့ အသက်မွေးဝမ်းကျောင်းအတွက် တော်တော်ထိခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေဟာ သူတို့ခြံထဲကထွက်တဲ့ အသီးအရွက်တွေကို ရောင်းပြီး ၀င်ငွေရှာကြတယ်လေ။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ပစ်ခတ်စားသောက်တယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် အဆိုပါ နအဖ တပ်ဖွဲ့သည် လဆန်းပိုင်းက အိမ်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆား၊ ဆီ၊ ငါးပိတို့ကို ယူဆောင်သွားခြင်း၊ အ၀တ်အစားများကို မီးရှို့ခဲ့သည့်အပြင် တွေ့သမျှ ရွာသားများ၏ စပါးကျီများကိုလည်း မီး ရှို့ပစ်ခဲ့ရာ ယခုလို လုပ်ဆောင်မှုကို ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ ပြုလုပ်လျှက်ရှိသည်။
၎င်းဒေသတွင် နအဖ စကခ (၇)လက်အောက်ခံ ခလရ(၂၆၁)၊ ခမရ(၄၂၁)၊ ခမရ(၄၂၇) တပ်ရင်းများနှင့် ကေအဲန်ယူ တပ် မဟာ (၂)လက်အောက်ခံ ကေအဲန်အယ်လ်အေ တပ်ရင်း (၆)၊ တပ်မဟာ စစ်ဆင်ရေးတပ်ဖွဲ့တို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။
ရင်ဆိုင်တိုက်ပွဲသတင်း
March 2010
တပ်မဟာ(၁) သထုံခရိုင်။
- တပ်ရင်း(၁) ၈.၃.၂၀၁၀ နေ့၊ ၁၉း၄၅နာရီ၊ ဝဲပြန်ကုန်းအရပ်ရှိ နအဖတပ်၏ လမ်းပြင်ကား (2B-634) တစီးကို မိမိ တို့ရဲဘော်များ မီးရှို့ဖျက်ဆီးနိုင်ခဲ့။
- ဘီးလင်းမြို့နယ်၊ ၈.၃.၂၀၁၀နေ့ DKBA ၉၉၉ မှ အောက်ပါတပ်သားများမိခင်KNU ထံသို့ပြန်လည်ခိုလှုံခဲ့၊
(၁) ပိုးလိုးကို ၂၈နှစ်၊ (၂) စောကျော်လေး ၂၆နှစ်၊ ထိုသူတို့နှင့်အတူ အေကေ၂လက်၊ကြယ်အိပ်၂ခု၊ ကျည်ဆံ ၁၀၀တောင့်။
- တပ်ရင်း(၁) ၁၄.၃.၂၀၁၀နေ့ ၂၀း၀၀နာရီ၊ နိုဖိုးမိုကားလမ်းမပေါ်ရှိ နအဖတပ်၏လမ်းကြိတ်စက်ကားတစင်း ကိုမိမိတို့ရဲဘော်များဖျက်ဆီးနိုင်ခဲ့။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၉) ၁၀.၃.၂၀၁၀နေ့ ထီးဘယ်ခါပလောတွင် မိမိရဲဘော်များနှင့်ရန်သူတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦး ဒဏ်ရာရ။
- ၁၁.၃.၂၀၁၀နေ့ ပနွယ်ထာအရပ်တွင်ရန်သူနှင့်မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၂ဦး ဒဏ်ရာရ။
- ၁၂.၃.၂၀၁၀နေ့ ဒိုဒေါ်ခီးအရပ်တွင်မိမိရဲဘော်များနှင့်ရန်သူရင်ဆိုင်တိုက်ပွဲ၂ကြိမ်ဖြစ်ပွားရာ ရန်သူ၃ဦး ဒဏ် ရာရ။
- ၁၄.၃.၂၀၁၀နေ့ ရန်သူနှင့်မိမိတို့ပြောက်ကျားတပ် ဒိုဒေါခီးအရပ်တွင်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ ထီးထိုကော့ထာအရပ်တွင်မိမိတို့ရဲဘော်များဆက်လက်တိုက်ခိုက်၊ အဲဒီတညနေထဲ မှာဘဲ ဒိုဒေါခီးတွင်ထပ်ပြီးတိုက်ပွဲဖြစ်ရာ ရန်သူ၂ဦးဒဏ်ရာရ။
- ၁၅.၃.၂၀၁၀နေ့ ဒိုဒေါ်ခီးအရပ်တွင်မိမိတို့နှင့်ရန်သူတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၈) ၁၃.၃.၂၀၁၀နေ့ ရန်သူနှင့်မိမိတို့ပြောက်ကျားတပ် စောခါဒဲအရပ်တွင်၂ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၂ဦးဒဏ်ရာရ။
နို့ဘိုးမှ ဒုက္ခသည် ၂၇၅ ဦး နေရပ်ပြန်ပို့
ကျော်ခ (မဇ္ဈိမ)
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ နို့ဘိုးယာယီစခန်းမှ ဒုက္ခသည် ၂၇၅ ဦးကို မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလပိုင်းအထိ စာရင်းများအရ စခန်းရှိ ဒုက္ခသည်ပေါင်း ဦးရေ ၉ဝဝ ကျော် ဖြစ်သော်လည်း နယ်မြေခံ ထိုင်းနယ်ခြားစောင့်တပ်မှ နေရပ်ရင်း ပြန်ကြရန် ဖိအားပေးသဖြင့် ၄ဝဝ ဦးခန့်မှာ ယခင်လ ၅ ရက်နေ့ မတိုင်မီ စခန်းအတွင်းမှ ထွက်သွားကြပြီးနောက် ပြန်ပို့ခံရသူများ ဖြစ်သည်။
စခန်းတွင်းမှ ထွက်သွားသူများသည် မြန်မာနိုင်ငံဘက်တွင် ရွာပုန်းရွာရှောင်များအဖြစ်လည်းကောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဆွေမျိုးများထံသို့လည်းကောင်း ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။
ကျန်ခဲ့သည့် ဒုက္ခသည် ၅ဝဝ ကျော်ကိုလည်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်လ ၅ ရက်နေ့မှ စတင်ပြန်ပို့သူ ယမန်နေ့အထိ မိသားစုပေါင်း ၅ဝ (၂၇၅ ဦး) ရှိပြီဖြစ်ပြီး စခန်းအတွင်း၌ မိသားစု ၅၁ စု (၂၇၇ ဦး) ကျန်နေသေးကြောင်း သိရသည်။
“တချို့ကလည်း ထိုင်းဘက်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားကြတယ်။ စိတ်ညစ်ပြီး ပြန်တာတွေလည်း ရှိတယ်။ ဟိုဘက်ရော၊ ဒီဘက်မှာ ပြန်လို့မရတဲ့ မိသားစုတွေကတော့ နေရာလွတ်တွေမှာ စုနေကြတယ်” ဟု စခန်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
နေရာလွတ်များတွင် စုနေကြသူ မိသားစု ၁၃ စု လူဦးရေ ၇၄ ဦး ရှိပြီး၊ သူတို့သည် ပြန်ပို့ခံရပြီးမှ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိုင်းနိုင်ငံတွင်း ပြန်ဝင်လာသော်လည်း စခန်းသို့ ဝင်ရောက်ခွင့်မရသဖြင့် နို့ဘိုးစခန်းနှင့် မနီးမဝေး၌ အခြေချနေကြခြင်း ဖြစ်သည်။
ယင်းဒုက္ခများသည် ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းက နအဖနှင့် DKBA ပူးတွဲ ထိုးစစ်ကြောင့် ကရင် အမျိုးသား အစည်းအရုံး -KNU တပ်မဟာ ၇ ပိုင် ဘားအံခရိုင်၊ ပိုင်ကျုံနှင့် လှိုင်းဘွဲ့မြို့နယ်များမှ မဲ့လာအားခီး၊ မဲ့လာအားထာ၊ ဝါ့မီကလား၊ ထီးကဟော အစရှိသည့် ကျေးရွားများမှ ဒေသခံ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။
ယင်းဒုက္ခသည်များကို ပြန်ပို့မည့်အစီအစဉ် စတင်စဉ် ယခုနှစ် ဇန်နာဝါရီလ၌ အန်ဂျီအိုများ၊ လူ့အခွင့်အရေး အဖွဲ့များ၊ လွှတ်တော်အမတ်များ၊ ကရင်အမျိုးသားအစည်းအရုံး၊ DKBA တို့က မိုင်းအန္တရာယ် ရှိသဖြင့် ပြန်သုံးသပ်ရန် နယ်မြေခံတပ်နှင့် ထိုင်းအစိုးရကို တိုက်တွန်းခဲ့ကြသေးသည်။
မြန်မာနိုင်ငံဘက်သို့ ပြန်ကြရန် ဒေသခံနယ်ခြားစောင့်တပ်က စီစဉ်ခဲ့သောကြောင့် လယ်ဘော်ဟဲ ဒုက္ခသည်စခန်းဟောင်းတွင် တဲအိမ်များ ပြန်ဆောက်နိုင်ရန် တောရှင်းပေးထားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်ရှိနေကြောင်း DKBA ၉၉၉ တပ်ရင်း အရာရှိတဦးက ပြောသည်။
“အပြင်ထွက် စားစရာရှာမယ်။ ဟိုသွားဒီသွားမယ်ဆိုရင်တော့ မြေမြှုပ်မိုင်း အန္တရာယ်ရှိတယ်။ ကျနော်တို့တောင် နယ်မြေအပြင်ကို ရမ်းပြီး သွားရဲတာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
နို့ဘိုး ဒုက္ခသည်စခန်းနည်းတူ ပြန်ပို့ခံနေရသည့် အူးသူးထ ယာယီစခန်းနေ ဒုက္ခသည် ၁၄ဝဝ ဦးအနက် အိမ်ထောင်စု ၁၁၆ စု လူဦးရေ ၇၃၆ ဦးကို ယခင်လ ၈ ရက်နေ့မှ ယခုလ ၁၂ ရက်နေ့အတွင်း ပြန်ပို့လိုက်ပြီဟုလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။
ဘားအံခရိုင်အတွင်းရှိ ဝါ့မီကလား၊ တာအူးကေထ၊ ပို့ဖေါ်လေး၊ ပနွဲ့ပူ၊ မဲ့လာအားခီး၊ မဲ့လာအားထ စသည့် ရွာများသို့ ပြန်သွားကြခြင်းဖြစ်ပြီး၊ ဝါ့မီကလားသို့ ပြန်သွားသူ အများဆုံးဖြစ်ကြောင်းနှင့် မပြန်သေးသည့် ဒုက္ခသည်များကိုလည်း စခန်းအတွင်းအပြင် ဝင်ထွက်ခွင့်ပိတ်ထားပြီး နေရပ်သို့ ပြန်ရန် နေ့စဉ်ဖိအားပေးနေကြောင်း သိရသည်။
KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါကမူ “ထိုင်းဘက်က ဖိအားအမျိုးမျိုးပေးတော့ ပြန်ကြတာပေါ့လေ။ စားဝတ်နေရေး ဒုက္ခတွေ ရင်ဆိုင်ကြရမှာပေါ့။ မိုင်းအန္တရာယ်လည်း ရှိတာပဲ။ KNU အနေနဲ့တော့ ဘာမှ မကူညီနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကြောင်းကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲကျေးရွာမှ နေအိမ် ၁၃ လုံး ကို မီးရှို့ခဲ့ပြီး ရွာသားများကို ပစ်ခတ်သဖြင့် ထိုဒေသရှိ ရွာသား ၃ဝဝဝ ကျော်သည် အိုးအိမ်စွန့်၍ တောထဲ၌ ပုန်းရှောင်နေထိုင်ခဲ့ကြရသည်။
သူတို့သည်လည်း မိုင်းအန္တရယ်ကြောင့် နေရပ်ရင်းသို့ မပြန်ရဲပဲ တောထဲ၌ ယခုချိန်ထိ ပုန်းရှောင်နေကြရသည်ဟု ဒုက္ခသည်များကို ကူညီနေသည့် THE COMMITTEE FOR INTERNALLY DISPLACED KAREN PEOPLE (CIDKP) မှ အဖွဲ့ဝင် စောစတိဗ်က မဇ္ဈိမကို ပြောသည်။
ဆွဇ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပနေသည့် ကုလလူအခွင့်အရေးကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးသံ မစ္စတာကွင်တာနားက စစ်အစိုးရ၏ လူအခွင့်အရေး ချိုးဖောက်မှုများအတွက် ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းရန် အကြံပြုထားသည်။
(ကိုဝိုင်း တည်းဖြတ်သည်။)
မြန်မာနိုင်ငံမှာ သိသာတဲ့ လူ့အခွင့်အရေး တိုးတက် ဖော်ဆောင်မှု မတွေ့ရ
VOA သတင်း
ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ် အဆိုပြုချက်တွေကို မကြာခင်ကပဲ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။ မစ္စတာ ကင်တားနားရဲ့ အစီရင်ခံ တင်ပြမှုမှာ ဘာတွေ အဓိက ဇောင်းပေး ပြောဆိုသွားပါသလဲ။ သူ့ရဲ့ အစီရင်ခံစာအပေါ်မှာ မြန်မာစစ်အစိုးရ ကိုယ်စားလှယ်ဘက်က ဘယ်လိုများ တုံ့ပြန်ခဲ့ပါသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒီနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား ကိုယ်တိုင် ပြောဆိုတင်ပြခဲ့တဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ကုလသမဂ္ဂ အင်တာနက် ၀က်ဘ်ဆိုက်ကနေ ဖတ်ကြည့်လို့ ရပြီးဖြစ်တာကြောင့် သူပြောမယ့် အကြောင်းအရာ တချို့ကို အားလုံးက သိပြီးသားတော့ ဖြစ်ပါတယ်။ အဓိကကတော့ မစ္စတာ ကင်တားနားက မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို အခုနှစ်အတွင်း စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး အကျယ်တ၀င့် ပြောသွားခဲ့ပါတယ်။
“မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အချိုးအကွေ့ကို ရောက်နေပါတယ်။ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပါတယ်။ ဒီရွေးကောက်ပွဲကို အကောင်အထည်ဖော်ရင်းနဲ့ စစ်အစိုးရ အနေနဲ့ လူအခွင့်အရေး အခြေအနေတွေ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြဖို့ အခွင့်ကောင်းပါပဲ။ ဒါပေမဲ့ ဒီလို အခွင့်ကောင်းကို စစ်အစိုးရက မယူတဲ့အတွက် ကျနော် အင်မတန် စိုးရိမ်ရပါတယ်။”
ဆက်လက်ပြီး မစ္စတာ ကင်တားနားက သူ့ရဲ့ တတိယ မြန်မာနိုင်ငံ ခရီးစဉ် နောက်ပိုင်း မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေမှာ ဘာမှ တိုးတက်မှု မတွေ့ခဲ့ကြောင်းကိုလည်း ပြောခဲ့ပါတယ်။
“ကျနော့်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ စစ်အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ အတွက်တော့ ကျေးဇူးတင်ပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လက ကျနော် အဆိုပြုခဲ့တဲ့ အဓိက အချက် ၄ ချက်မှာတော့ တိုးတက်မှု တစုံတရာမှ မတွေ့ခဲ့ရဘူးလို့ အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံတ၀န်းက ထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။ တချို့တွေ ပြန်လွှတ်ခဲ့တာတော့ မှန်ပါတယ်။”
အခုလို ယုံကြည်ချက်ကြောင့် သို့မဟုတ် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်မလွှတ်ပေးသေးသ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ်မှာလည်း နိုင်ငံတကာက အယုံအကြည် ရှိနိုင်မှာ မဟုတ်ဘူးလို့ မစ္စတာ ကင်တားနားက ပြောခဲ့ပါတယ်။
“နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတဲ့ လူသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးတွေကို အသုံးပြုရင်း အကျဉ်းချခံနေရသူတွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေ ဖြစ်ပါတယ်။ ကျနော့်ရဲ့ နောက်ဆုံးခရီးစဉ်တွင်း ထောင်တွေကို သွားတဲ့အခါ အဲဒီလို ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ အမျိုးသမီး၊ အမျိုးသား၊ ကျောင်းသား၊ သံဃာတော်တွေ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ခဲ့ပါတယ်။
“သူတို့က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဖော်ဆောင်ဖို့ တစိုက်မတ်မတ် တောင်းဆိုနေသူတွေပါ။ စစ်အစိုးရက ရွေးကောက်ပွဲ မတိုင်မီ သူတို့ကို ပြန်လွှတ်ပေးမယ့်ပုံ မပေါ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် အပါအ၀င် အားလုံး ပါဝင်နိုင်ခွင့် မရှိဘူးဆိုရင် ရွေးကောက်ပွဲဟာ ယုံကြည်နိုင်ဖွယ် ရှိမှာ မဟုတ်ပါဘူး။”
နိဂုံးမှာတော့ မစ္စတာ ကင်တားနားက မြန်မာပြည်တွင်း နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒါတွေကို အာဏာပိုင်တွေက တာဝန်ယူမှု ကင်းမဲ့လာခဲ့တဲ့ အပေါ်မှာ လုံခြုံရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ အဆိုပြု တိုက်တွန်းသွားပါတယ်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အစိုးရက လုပ်ဆောင်ရမှာတွေ အများကြီး ရှိပါတယ်။ အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ယူစေဖို့ ဆောင်ရွက်ရပါလိမ့်မယ်။ နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု၊ လူမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်သလား ဆိုတာကို လေးလေးနက်နက် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ အခုလို အင်မတန် အရေးကြီးတဲ့ အချိန်မှာ နိုင်ငံတကာ အသိုက်အ၀န်း အနေနဲ့ မြန်မာပြည်သူတွေကို တတ်နိုင်တဲ့နည်းနဲ့ ကူညီပေးဖို့ တာဝန်ရှိပါတယ်။”
မစ္စတာ ကင်တားနား အစီရင်ခံ တင်ပြလို့ ပြီးပြီးချင်းမှာပဲ မြန်မာစစ်အစိုးရဘက်က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ရာမှာတော့ …
“ဒီအစီရင်ခံစာရဲ့ စွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအကြား အထင်အမြင် လွဲမှားအောင် တမင်သက်သက် ဖန်တီးထားတာလို့ ကျနော်တို့ မြင်ပါတယ်။ အစီရင်ခံစာပါ အချက်တွေဟာ လက်တွေ့ အခြေအနေတွေကို ထင်ဟပ် ပေါ်လွင်မှုလည်း မရှိပါဘူး။”
ဆက်လက်ပြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့လည်း အတိအလင်း ပြောသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ လွတ်လပ်ပြီး ဘက်မလိုက်ပါဘူး။ ကျနော့်အစိုးရက အတိအလင်း ပြောထားပြီးပါပြီ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိပါဘူး။ အကျဉ်းချခံနေရသူတွေဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်သူတွေပဲ ဖြစ်ပါတယ်။”
မြန်မာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် ပြောသွားတာ ဖြစ်ပါတယ်။
တရုတ်နယ်စပ် အပစ်ရပ်ဒေသများ အခြေအနေတင်းမာ
ရန်ပိုင်(ဧရာဝတီ)
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ရုံးများ၊ အရေးကြီး စာရွက် စာတမ်း များနှင့် လက်နက်ကိုင် တပ်ဖွဲ့များကို လိုင်ဇာမြို့မှ ယခင်ဌာန ချုပ်ဟောင်း လိုင်စင် စခန်းသို့ ရွှေ့ပြောင်း လိုက်ကြောင်း KIO အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
ပီးခဲ့သည့် သောကြာနေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ မြစ်ကြီးနား မြို့တွင် တွေ့ဆုံ ဆွေးနွေး နေစဉ် အတော အတွင်း ရွှေ့ပြောင်းခြင်း ဖြစ်သည်ဟု အဆိုပါ နီးစပ်သူက ပြောသည်။
“ပါဂျောင် နောင်ဘို တောင်တန်း ပေါ်က စခန်းဟောင်းကို ပြောင်းလိုက်တာ၊ စစ်အစိုးရ ဘက်က ငြိမ်းချမ်းရေး ဘယ်လိုပဲ ပြောပြော တဘက်က မယုံတာကို ပြတာပဲ” ဟု ၎င်းက ဆိုသည်။
နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှု မအောင်မြင်ပါက စစ်အစိုးရက စစ်ရေးအရ တိုက်ခိုက် ခဲ့လျှင် KIO အနေဖြင့် အသင့် ပြင်ဆင် ထားခြင်း ဖြစ်နိုင်ကြောင်း၊ စခန်း တောင်ကုန်း ပေါ်ရှိ တပ်များလည်း ပြောင်းရွှေ့ သွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ လိုင်စင်စခန်းသည် စစ်အစိုးရနှင့် KIO အဖွဲ့ အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီက စခန်းဟောင်းဖြစ်သည်ဟု သိရသည်။
KIO အဖွဲ့နှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူးတို့ မြစ်ကြီးနားမြို့တွင် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ပြီးခဲ့သည့် သောကြာ နေ့မှ စတင်၍ တွေ့ဆုံဆွေးနွေးနေကြောင်း၊ မည်သည့် ရလဒ်မှ ထွက်ပေါ်မလာသေးသည့်အတွက် KIO အနေဖြင့် စစ်ရေးအရ ပြင် ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ကချင်သတင်းစဉ်မှ အယ်ဒီတာ ကိုနော်ဒင်ကလည်း ပြောသည်။
တရုတ်မြန်မာနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)အတွင်း ပြီးခဲ့သည့် သောကြာနေ့က အရေးပေါ် အစည်း အဝေးပြုလုပ်ခဲ့ပြီး စစ်ရေးအရ အသင့်အနေအထားဖြစ်ရန်အတွက် ညွှန်ကြားထားကြောင်းလည်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“အစိုးရစစ်တပ်တွေနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ နယ်မြေတွေမှာ နယ်ခြားမျဉ်းကို ကျော်လာရင် အထက် အမိန့် တောင်းမနေဘဲ ပစ် ခတ်ဖို့ပါ ညွှန်ကြားထားတယ်”ဟု ၎င်းကဆိုသည်။
စစ်အစိုးရ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် UWSAတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ အတွင်း က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့စဉ်က UWSA အဖွဲ့၏ တောင်းဆိုခဲ့သည့် အချက် ၉ ချက်ကိုလည်း စစ်အစိုးရက မလိုက်လျောနိုင်ကြောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိုသာ ခြွင်းချက်မရှိ လုပ်ဆောင်ရန် ပြီးခဲ့သည့် စနေနေ့က အကြောင်းပြန်ခဲ့သည်ဟု ဦးစိန်ကြည်ကပြောသည်။
UWSA အဖွဲ့မှ တောင်းဆိုခဲ့သည့် အချက် ၉ ချက်မှာ မိုင်းပေါက် နှင့် မိုင်းဖြန် ဒေသကို ပေါင်း၍ မိုင်းပေါက်မြို့နယ် အဖြစ်သတ်မှတ် ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ တိုင်း ဒေသကြီးအတွင်း ထည့်သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန် စစ်ဒေသကို စစ်တိုင်း ကြီး အဖြစ်သတ်မှတ် ပေးရန်၊ အဆိုပါ စစ်တိုင်းကြီးများ၏ စစ်ဒေသမှူးနှင့် စစ်ဦးစီးမှူးကို UWSA တပ်ဖွဲ့မှ တာဝန်ယူ၍ ဒုတိယ စစ်ဦးစီးမှူးများကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ တပ်ဖွဲ့များကို ၀ တပ်သားများဖြင့်သာ ဖွဲ့စည်းရန်၊ ကျန်းမာရေး၊ ထောက်ပံ့ရေး တို့ကို စစ်အစိုးရဘက်မှ တာဝန်ယူရန်၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရာတွင် မပါဝင်တော့သည့် တပ်သားများကို ပင်စင်လစာ ၅နှစ်စာ ထောက်ပံ့ရန်၊ ကိုယ်လက်အင်္ဂါချွတ်ယွင်းနေသည့် သူများနှင့် မိဘမဲ့ကလေးများကို စစ်အစိုးရက တာဝန်ယူပေးရန်၊ အသွင် ကူးပြောင်း ပြီးသည့်နောက်ပိုင်းတွင် ယခင်က ပြစ်မှုကျူးလွန်သူများကို အရေးမယူရန်တို့ ပါရှိသည်။
စစ်အစိုးရကလည်း ကိုးကန့်နယ်အတွင်းရှိ ၀နယ်မြေနှင့်ထိစပ်နေသည့် UWSA တပ်မဟာ ၄၁၈ ထိန်းချုပ်ဒေသတွင် ဒေသအနီး တွင် တပ်မ ၃၃နှင့် တပ်မ ၇၇ တို့ကို အင်အားဖြည့်ထားပြီး လာရှိုး ၊ တန့်ယန်း နှင့် မိုင်းရှူးမြို့နယ်များတွင် တပ်မ ၇၇ နှင့် ၉၉ ၊ သံလွင်မြစ်အနောက်ဘက် မော်ဖဒေသတွင် တပ်မ ၅၅ နှင့်ဒေသခံတပ်များ၊ ပြည်သူ့စစ်များကို အင်အားဖြည့်ထားကြောင်း နယ်စပ်ဒေသသတင်းများအရ သိရသည်။
မကြာသေးမီကလည်း စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာချီလိတ်နှင့် လောက်ကိုင်၊ ကုန်းကြမ်း ဒေသများသို့ လှည့်လည်၍ စစ်ရေးအရ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ပြုလုပ်ခြင်း၊ နယ်မြေခံလူထုကို စည်းရုံးခြင်းများကို ပြုလုပ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသတလျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားလာပါက ထွက်ပြေးလာသည့် ဒုက္ခသည်များကို ကူညီရန် အတွက် ကိုးကန့်ဒေသမှ ကချင်ပြည်နယ် နယ်စပ်တလျှောက် တပ်ဖွဲ့များကို ဖြန့်ကျက်ထားကြောင်း သိရသည်။
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)( SSA-N) တပ်ဖွဲ့များအတွင်းတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရနှင့် ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းကလည်း မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် မော်လမြိုင်မြို့သို့ ခေါ်ယူထားကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် မည်သည့်နေ့ရက်တွင် သွားရောက် တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက အပစ်ရပ်အဖွဲ့အစည်းများကကို ယခုလ ၁၅ရက်နေ့နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ပြောကြားထားကြောင်း သိရသည်။
လူမဆန်မှုသတင်း
March 15,2010
တပ်ရင်း(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၅.၃.၂၀၁၀နေ့ ယဲလိုနှင့်တာပယ်ခီးအရပ် သို့ဝင်ရောက်လှုပ်ရှားသော ဖြင်စလိုရှိ နအဖတပ် စကခ(၇) အောက်ပါရွာများရှိရွာသားများ၏ပစ္စည်းပိုင်ဆိုင်မှုများကို ယူဆောင် ဖျက်ဆီးခဲ့သည်။
ယဲလိုကျေးရွာမှ- (၁) စောဖားမော်ဟော် ၏ ငါးပိခြောက် ၅၀ ပိသာ နှင့် ကွမ်းသီး ၅၀ ပိသာ
(၂) နော်လေးဖော ၏ဆန်၅ပြည် နှင့် ကြက်၃ကောင်
(၃) စောမောင်သိန်းရွှေ ၏ နာရီ ၃လုံး၊ ဆန်၁၀တင်း နှင့် ရွှေနားကပ်၂ရံ
(၄) စောထူးဟဲ ၏ စားဆီ ၄ပိသာ နှင့် ကြက်၂ကောင်
(၅) စောခွားဆိ ၏ ဆန်၅ပြည်
(၆) နော်ပွယ်ဟီဖော ၏ ဘဲ၂ကောင်
(၇) နော်မူပွယ် ၏ ကြက်၃ကောင် နှင့် ငါးပိ ၂ပိသာ
(၈) နော်ခူဒီ ၏ ကြက်၂ကောင် ငွေ၁၀၀၀ကျပ်
(၉) နော်ကြည်ဖော ၏ ဆန်၅တင်း၊ စောင်၎ထည်၊ အင်းကျီ၃ထည်၊ အိုး၂လုံးနှင့်ခွက်၎ခွက်
(၁၀) မောင်ဟဲပွယ် ၏ ကြက်၂ကောင် ဆန်တပြည် နှင့် အိတ်တလုံး
(၁၁) မောင်စိန်ညွ့န်၏ ခွက်၎ခွက်၊ ကြက်၃ကောင်၊ စားဆီ၁ပုလင်း၊ငွေ၅၀၀၀ကျပ် ပုဆိုးတ ထည် အိတ်တလုံး
တာပယ်ခီးကျေးရွာမှ-
(၁) နော်စိုးဟဲ ၏ ငွေ၄၀၀၀၀ကျပ်၊ နာရီ၁လုံး၊ လေအိတ်တလုံးနှင့် ဆန်၈ပြည်
(၂) စောကျော်ဟဲ ၏ ငွေ၂၀၀၀၀ကျပ်၊ ဆန်၎ပြည် အပြင် နအဖတပ်သည် ၁ဧကအကျယ် ဖာ လာ၁ခြံနှင့် ကွမ်းခြံ၁ခြံကိုမီးရှို့ဖျက်ဆီးခဲ့
(၃) စောမောင်ပြီး ၏ ဖာလာ ၁ဧက တခြံ
(၄) စောမောင်ထူး ၏ ဖာလာ ၁ဧက တခြံ
(၅) စောတာလဲလယ် ၏ ဖာလာ ၁ဧက တခြံ
(၆) စောဖိုးဆိ ၏ ဖာလာ ၁ဧက တခြံ နှင့် ကွမ်းတခြံ
(၇) နော်မူကြ ၏ ဖာလာ ၁ဧက ၂ခြံ
(၈) နော်မူးမူဝါး ၏ အိမ်ကို အဆိုပါနအဖတပ်က မီးရှို့လိုက်သဖြင့် ငွေသား ၃၀၀၀၀၀ကျပ် နှင့် ပစ္စည်းတန်ဘိုး ၁၅၀၀၀၀ကျပ် ဆုံးရှုံး
- ထန်းတပင်မြို့နယ်၊ ၉.၃.၂၀၁၀နေ့ ၀၁း၀၀အချိန် ရှမ်းစီးဘို စခန်းရှိ နအဖတပ် ခမရ(၄၄၀) အုပ်စုသည် ရှမ်းစီးဘို ရွာမှ ရွာသား စောလွီထူး (၃၈)နှစ်အားဖမ်းဆီးသွားပြီး ရှမ်းစီးဘို၊ ယေရှာတံတားအနီးတွင်ပစ်သတ်သွား၊ မည်သည့်အကြောင်းကြောင့်သတ်မှန်းမသိရ။
နှလုံးသားက ငိုကြွေးသံကို နားထောင်ပါ
သတင်း - BNI
“ကျမတို့ခံစားချက်၊ လိုအပ်ချက်တွေကို စစ်အစိုးရက နားမထောင်တဲ့အတွက် ဒီမှာလာပြီး ပြောပြရတာ ရင်ဖွင့်လိုက်သလိုမျိုး ခံစားရပါတယ်” ဟု လတ်တလောက နယူးယောက်မြို့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခုံရုံးပုံစံသဏ္ဍန်တူ ခုံရုံးတခုတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေထွက်ဆိုခဲ့သူ ကူကီး အမျိုးသမီး တဦးဖြစ်သည့် အက်စတာနန်း (Esther Nem) က ပြောဆိုလိုက်သည်။
“နိုင်ငံကိုအုပ်ချုပ်တဲ့ အစိုးရကိုယ်တိုင်က ကျမတို့ပြောပြတဲ့ အချက်တွေကို နားထောင်ဖို့ထက်၊ သူတို့ကိုယ်တိုင်က ကျူးလွန်သူတွေဖြစ်နေကြတယ်” ဟု သူမက ပြောဆိုပြီး၊ “နှစ်ရှည်ခံစားလာခဲ့ကြတဲ့ ကိုယ်စားပြုအသံတွေကို နိုင်ငံတကာက လူတွေပိုသိလာဖို့၊ ပိုစိတ်ဝင်စားလာဖို့ ဆိုတဲ့ မျှော်လင့်ချက် ရှိပါတယ်” ဟုလည်း သူမက ထိုင်းအခြေစိုက် နိုင်ငံတကာ မြန်မာသတင်း - BNI ကို ဆက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က၊ နိုင်ငံတကာ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တချို့၊ ဥပဒေပညာရှင်များရှေ့မှောက်တွင် မြန်မာနိုင်ငံက စစ် အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုယ်တွေ့ ခံစားရသူများအပါအ၀င် ကိုယ်စားပြု သက်သေထွက်ဆိုခဲ့သူ မြန်မာအမျိုးသမီး ၁၂ ဦးက သက်သေခံ ထွက်ဆိုခဲ့ကြသည်။
ကိုယ်စားသက်သေထွက်ဆိုခဲ့သူ အမျိုးသမီးတဦးက “အင်မတန်အားရဖို့ကောင်းပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းက လူကြီးတွေ၊ နယူးယောက် အခြေစိုက် မီဒီယာသမားတွေအပြင်၊ ပုရိတ်သတ်အတော်များများက နားထောင်နေကြပါတယ်။ သူတို့တွေ အတော်စိတ်မကောင်းဖြစ်ကြတယ်ဆိုတာ တွေ့ခဲ့ရပါတယ်” ဟု ဆိုသည်။
သက်သေထွက်ဆိုသူများတွင် မိမိယုံကြည်ချက်ကြောင့် ထောင်တွင်း အကျဉ်းကျခံခဲ့ဖူးသူ အမျိုသမီး အပါအ၀င်၊ စစ်တပ်၏ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ၊ တိုင်းရင်းသူများကို မုဒိန်းပြုကျင့်မှုများနှင့် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဒေသခံများ အဓမ္မရွှေ့ပြောင်းမှုများကြောင့် ဆုံးရှုံးမှုများ တွေ့ကြုံခံစားခဲ့ရသည့် မိသားစုဝင်တို့ ပါဝင်သည်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မြောက်ပိုင်းရှိ ချင်းတွင်းမြစ်ပေါ်တွင် မီကာဝပ် ၁၂၀၀ ထုတ်လုပ်မည့် ထမံသီရေအားလျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြောင့် ကူကီးလူမျိုးစု အများဆုံးနေထိုင်ရာ ကျေးရွာပေါင်း ၃၀ ထက်မနည်း၊ အိမ်ခြေ ၂၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရသည့်အပြင်၊ မိရိုးဖလာ လုပ်ကိုင်စားသောက် နေသည့် ဘိုးဘွားပိုင် လယ်မြေ အများအပြား ဆုံးရှုံးခဲ့ရသည်။
“နှစ်ပေါင်း ၅၀ ကျော်နေထိုင်လာခဲ့တဲ့ ဘိုးဘွားပိုင်အမွေတွေဖြစ်တဲ့ အိမ်၊ လယ်ယာမြေ၊ ဥယျဉ်ခြံမြေတွေကို စွန့်လွှတ်ခဲ့ရတဲ့အတွက် ကျမတို့ မိသားစု ၀င်တွေ အားလုံး စိတ်ထိခိုက်ခဲ့ရပါတယ်” ဟု အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်တွင် လက်ရှိနေထိုင်သူလည်းဖြစ်၊ စီမံကိန်းကြောင့် အဓမ္မပြောင်းရွှေ့ ခံခဲ့ရသည့် မိသားစုများထဲက တဦးဖြစ်သည့် Esther Nem က မိသားစုဝင်များ ဆုံးရှုံးမှုများကို အသေးစိတ်ပြောပြခဲ့သည်။
အိန္ဒိယ-မြန်မာ ပူးတွဲဆောက်လုပ်မည့် ထိုရေအားလျှပ်စစ် စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့သည်။
အိန္ဒိယနိုင်ငံ NHPC ခေါ် နိုင်ငံလုံးဆိုင်ရာ ရေးအားလျှပ်စစ်ထုတ်လုပ်ရေးကော်ပိုရေးရှင်း ကတာဝန်ယူတည်ဆောက်မည့် ထိုစီမံကိန်းမှ ထွက်ရှိလာမည့် ရေအားလျှပ်စစ် ဓာတ်အား ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ ရောင်းချမည်ဖြစ်ကာ၊ ကျန်ရှိနေသည့် ၂၀ ရာခိုင်နှုန်းသာ ဒေသခံများ အကျိုးကျေးဇူး ခံစားရမည်ဖြစ်သည်။
စစ်အစိုးရသတ်မှတ်ပေးထားသည့် ရွှေပြည်သစ် နေရာသစ်တွင် ပြောင်းရွှေ့ခံခဲ့ရသည့် အိမ်ခြေ ၂၀၀၀ ကျော်မှ မိသားစုဝင်များမှာ စားဝတ်နေရေး အတွက် ယနေ့ထိတိုင် ခက်ခဲစွာ ရုန်းကန်နေကြရဆဲဖြစ်သည်။
ထိုစီမံကိန်းအကျိုးဆက်အဖြစ် ဒေသခံများကို အဓမ္မလုပ်အားပေးခိုင်းစေမှုများရှိခဲ့သည်။
မိမိယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည်လွှတ်မြောက်လာသူ အမျိုးသမီးတဦးကလည်း ထောင်တွင်းနေထိုင်ရစဉ်က ထောင် အာဏာပိုင်များ၏ မဖွယ်မရာ ဆက်ဆံခံခဲ့ရသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်မှုများ တွေ့ကြုံ ခံစားခဲ့ရကြောင်း သက်သေထွက်ဆိုချက်များက ထင်ဟပ် စေခဲ့သည်။
ထိုနည်းတူ ကချင်ပြည်နယ်က တိုင်းရင်းသူ အမျိုးသမီးလေးဦးကို စစ်သားများက အုပ်စုလိုက်၊ မုဒိမ်းပြုကျင့်ခဲ့သည့်အပေါ် ပြည်ပသတင်းဋ္ဌာနတခုက ထုတ်လွှင့်ခဲ့အပြီး ၎င်းတို့ ၄ ဦး၊ ကျောင်းထုတ်ခံခဲ့ရပြီး၊ နောက်ဆုံးတွင် ထောင်ဒဏ်အပြစ်ပေးခြင်း ခံခဲ့ရကာ၊ ပြန်လည်လွတ်မြောက်လာကြသည်။
ထို့အပြင် လွန်ခဲ့သည့် ၁၀ နှစ်ကျော်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ ကူကီးလူမျိုးစုများနေထိုင်ရာ ဖိုင်လင်းကျေးရွာတွင် စစ်တပ်က နေအိမ်တချို့ မီးရှို့ဖျက်ဆီး ခဲ့ပြီး အပြစ်မဲ့ ခရစ်ယာန်ဓမ္မဆရာ ၂ ဦးအပါအ၀င် ရွာသူကြီးတို့ကို သတ်ဖြတ်ကာ၊ နေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်။
သေဆုံးသူ ရွာသူကြီး ဇနီးသည်ကိုလည်း ထောင်ဒဏ်ပေးကာ အရေးယူခဲ့သေးသည်။
ကိုယ်ဝန်ဆောင် မိခင်၊ တိုင်းရင်းသူတဦးကို စစ်အစိုးရတပ်များက ပေါ်တာထမ်းစေရန် ခေါ်ဆောင်သွားသော်လည်း နေ့အခါတွင် ပေါ်တာထမ်းစေပြီး၊ ညအချိန်တွင် စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းပြုကျင့် ခံခဲ့ရသူ တိုင်းရင်းသူ တဦးက သက်သေထွက်ဆိုခဲ့သည်။
၂၀၀၃ ခုနှစ်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့်အတူ ၎င်းတို့ကိုထောက်ခံသူများအား ဒီပဲရင်း စည်းရုံးရေး ခရီးစဉ်အတွင်း စစ်အစိုးရ ဘက်ခံပေးထားသည့် စွမ်းအားရှင်နှင့် ကြံ့ခိုင်ရေးအသင်းဝင်တို့ အစီစဉ်တကျ နှိမ်နင်းခဲ့ သည့် ဒီပဲရင်း လူသတ်ကွင်း မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့သူ မန္တလေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေးမှူးတဦးကလည်း သက်သေထွက်ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာ ရောက်ကြောင်း သဏ္ဍန်တူခုံရုံးတွင် ကြားနာခဲ့ကြသည့် ဥပဒေပညာရှင် ၄ ဦးက သုံးသပ်ကြသည်။
ဥပဒေပညာရှင် ၄ ဦးတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ၂ ဦးဖြစ်ကြသည့် ဂျိုဒီဝီလီယံနှင့် ရှီရင်းအီဘာတီ၊ တောင်ကိုးရီးယားနိုင်ငံမှ ပါမောက္ခ စိန်ဆူးရှင်း နှင့် ထိုင်းနိုင်ငံ ချုလာလောင်ကွန်း တက္ကသိုလ်က ဥပဒေပညာရှင် ပါမောက္ခ ဗီတစ်မွန်တာဘွန် တို့က မြန်မာအမျိုးသမီး ၁၂ ဦး၏ သက်သေထွက်ဆိုချက်များကို ကြားနာ ခဲ့ကြသည်။
စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူနှင့် ကျူးလွန်စော်ကားမှုများကို ပပျောက်ရန် လုပ်ဆောင်ခြင်းထက်၊ အစိုးရတရပ် အနေဖြင့် ပျက်ကွက် နေကြောင်း ထွက်ဆိုချက်များက ထောက်ပြနေသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်း ဒေသခံများကို အခကြေးငွေမပေးပဲ၊ အဓမ္မလုပ်အားပေးခိုင်းစေမှုများအကြောင်း ရခိုင်အမျိုးသမီးတဦးကလည်း ထွက်ဆိုခဲ့သေးသည်။
ထွက်ဆိုချက်များသည် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင် ဆွဲချက်တင်နိုင်ရန် လုံလောက်သည့် အထောက်အထားများ ဖြစ်စေနိုင်ကြောင်း ကိုယ်စားသက်သေထွက်ဆိုခဲ့သူ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ သဘာပတိဘုတ်အဖွဲ့ဝင် တဦးဖြစ်သူ မငိုင်ငိုင်း က BNI ကို ယခုလိုပြောသည်။
“သက်သေတွေက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ICC မှာ အရေးယူနိုင်ဖို့ နဲ့ လုံခြုံရေးကောင်စီအနေနဲ့ တိကျတဲ့ အရေးယူမှု တစုံတရာ ယူဖို့အတွက် တိကျတဲ့ အထောက်အထား ရှိလာတဲ့အတွက် တခုခု မျှော်လင့်ချက်ရှိပါတယ်” ဟု ပြောသည်။
ထိုခရီးစဉ်အတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းနှင့် မြန်မာအမျိုးသမီးခေါင်းဆောင်တချို့တို့ တွေ့ဆုံခဲ့ရာတွင် ဖြစ်ပေါ်နေသည့် ပြဿနာအလုံးစုံကို လုံခြုံရေးကောင်စီတွင် တင်ပြပေးရန် တောင်းဆိုခဲ့ကြသည်။
စစ်အစိုးရ၏ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ကျူးလွန်နေမှုများအပေါ် အတွင်းရေးမှုး ဘန်ကီမွန်းက ဒေါသထွက်မိကြောင်း ပြည်ပမီဒီယာများက ဖော်ပြရေးသားခဲ့ကြသည်။
ယခုလ ဒုတိယအပတ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဂျေ ကွင်တားနား Tomás Ojea Quintana က စစ်အစိုးရ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် ကော်မရှင်တခုဖွဲ့ကာ စုံစမ်းစစ်ဆေးသွားရန် ဂျီနီဗာရှိ၊ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ (UNHRC) ကို အစီရင်ခံစာ တင်သွင်းခြင်းဖြင့် အကြံပြုခဲ့သည်။
အစီရင်ခံစာတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် “ရုတ်ရင်းကြမ်းတမ်းပြီး၊ စနစ်တကျ ကျုးလွန်နေသည့် အသွင်ဆောင်နေကာ” နှစ်ပေါင်းများစွာ အစပြုခဲ့ပြီး ယနေ့ထိတိုင် ဆက်တိုက်ကျင့်သုံးနေကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများသည် “အစိုးရ အုပ်ချုပ်ရေး အာဏာပိုင်များ၊ စစ်အစိုးရအရာရှိကြီးများ၊ တရားစီရင်ရေးဌာနများကပါ ပါဝင်ပတ်သက် နေခြင်းဖြင့် အစိုးရတခု၏ ပေါ်လစီရလဒ်ကြောင့်ဖြစ်ကြောင်း” ဟု အစီရင်ခံစာက ဆိုသည်။
ထို့ကြောင့် ချိုးဖောက်မှုဖြစ်စဉ်အချို့ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် စစ် ရာဇ၀တ်မှုများ” အဖြစ် သတ်မှတ်နိုင်သည် ဟုလည်း ဖော်ပြထားသည်။
အစိုးရတရပ်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်စေရေး တာဝန်ယူဆောင်ရွက်မှု ပျက်ကွက်နေသည့်အပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ပါက မြန်မာအမျိုးသမီး ၁၂ ဦး၏ ရင်ဖွင့် ထွက်ဆိုချက်များသည် တစုံတရာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည်။
“ကျမတို့ခံစားချက်၊ လိုအပ်ချက်တွေကို စစ်အစိုးရက နားမထောင်တဲ့အတွက် ဒီမှာလာပြီး ပြောပြရတာ ရင်ဖွင့်လိုက်သလိုမျိုး ခံစားရပါတယ်” ဟု မတ်လ (၂) ရက်နေ့၊ နယူးယောက်မြို့၊ နိုင်ငံတကာ ခုံရုံးပုံစံသဏ္ဍန်တူ ခုံရုံးတခုတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မိမိကိုယ်တွေ့ကြုံ အဖြစ်အပျက်များဖြင့် ဖွင့်ဟပြောဆို ခဲ့သည်။
စစ်ပြေးဒုက္ခသည် ၂၀၀ ကျော် နေရင်းဒေသသို့ ထပ်မံပြန်သွား
သတင်း - BNI
ထိုင်း-မြန်မာ နယ်စပ်၊ အူးသူးထာ့ ယာယီဒုက္ခသည်စခန်းမှ ကရင်စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၀၀ ကျော်သည် ယခုလဆန်းပိုင်းတွင် မိမိတို့နေရပ် ဒေသသို့ ထပ်မံ ပြန်သွားကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။
ဇန်န၀ါရီလမှစတင်ကာ စခန်းရှိ ဒုက္ခသည် ၄၀၀ ကျော် နေရပ်ကို ပြန်သွားကြပြီးနောက်၊ ယခု မတ်လဆန်းတွင်မူ စုစုပေါင်း လူဦးရေ ၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ပိုင်ကြုံမြို့နယ် အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ကျေးရွာတို့တွင် ထပ်မံပြန်သွားကြခြင်း ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက နိုင်ငံတကာ မြန်မာသတင်းဋ္ဌာန-BNI ကိုယခုလို ပြောသည်။
“အိမ်ထောင်စု ၂၃ စု၊ လူဦးရေနဲ့ပြောရရင် ၂၀၀ ကျော်ပြန်သွားပါတယ်။ မတ်လဆန်းပိုင်းမှာ ပြန်သွားကြတာပါ” ဟု အမည်မဖော်လိုသူ စခန်း တာဝန်ရှိသူတဦးက ပြောသည်။
ယခုလို စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်သွားရခြင်းသည် ထိုင်းနယ်စပ်လုံခြုံရေးတပ်သားများက မကြာခဏ လာရောက်ဖိအားပေးနေသည့်အတွက် ပြန်သွားကြခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများက ယခုလို ပြောသည်။
“ထိုင်းနယ်စပ်လုံခြုံရေးတပ်သားတွေက ဒီမှာ ဒုက္ခသည်တွေ မနေရဘူးလို့ အကြိမ်ကြိမ် ဖိအားလာပေးပါတယ်။ စားနပ်ရိက္ခာဖြတ်မယ်ဆိုတာမျိုးနဲ့လည်း ပြောနေတယ်” ဟု ထိုစခန်းတာဝန်ရှိသူက ဆက်၍ပြောသည်။
ဒုက္ခသည်များကို ဆေးဝါးကုသပေးနေသူ ဆရာဝန်တဦးကလည်း “ဒုက္ခသည်တွေကို ခဏခဏ ဖိအားပေးလာတော့ မခံနိုင်ကြဘူး။ ပြီးတော့လဲ လွတ်လွတ်လပ်လပ် သွားလာနေထိုင်လို့ မရတာတွေကြောင့်လည်း ပါတယ်။ သူတို့နေရာပြန်သွားရင်လည်း အခက်အခဲအများကြီး ဖြစ်နိုင်တယ်” ဟု ပြောသည်။
ဖေဖော်ဝါရီလဆန်းမှ စတင်ကာ ထိုင်းနယ်စပ်လုံခြုံရေးတပ်အင်အား ၅၀ ကျော်က စခန်းအတွင်း၊ အပြင်တို့တွင် စခန်းချ နေထိုင်ကာ မကြာခဏ ဆိုသလိုပင် ဒုက္ခသည်များကို နေရပ်ပြန်ကြရန် တိတ်တဆိတ် ဖိအားပေး တိုက်တွန်းနေသည်။
နေရပ်ပြန်သွားကြသည့် ကရင်စစ်ပြေးဒုက္ခသည်များ၏ လုံခြုံရေးနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး နော်စီပိုးရာစိန်ကို ဆက်သွယ်မေးမြန်းရာတွင် နေရပ်ပြန်သွားကြသည့် ရွာသားများအတွက် မြေမြုပ်မိုင်းအန္တာရယ် ရှိကြောင်း ယခုလို ပြောဆိုခဲ့သည်။
“ပြန်သွားတဲ့ရွားသားတွေရဲ့လမ်းခရီးနဲ့ သူတို့ကျေးရွာတ၀ိုက်မှာ အရင်က KNU နဲ့ DKBA ထောင်ထားခဲ့ တဲ့မြေမြုပ်မိုင်းတွေက သူတို့ အတွက် အန္တာရယ် အများကြီးရှိနိင်တယ်” ဟု ပြောသည်။
သူမက “ပြန်သွားတဲ့သူတွေကို နအဖ စစ်တပ်က အတင်းအဓမ္မ ခိုင်းစေတာ ခံရမယ်။ စစ်တပ်ထဲကိုလည်း အတင်းအဓမ္မ ၀င်ခိုင်းတာမျိုးရှိမယ်။ မ၀င်နိုင်ရင် ဒဏ်ငွေ ကောက်ခံတာမျိုးရှိမယ်။ ရွာထဲက ရွာသားတွေပိုင်တဲ့ တိရိစ္ဆာန်တွေကိုအတင်းလုယူတာမျိုးရှိမယ်” ဟု မှတ်ချက်ပေး ပြောဆိုလိုက်သည်။
KNU အဖွဲ့မှ ခွဲထွက်ခဲ့သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်မဟာ ၉၉၉ အမှတ် (၇) တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးအဆင့်ရှိသူက “ဒုက္ခသည်တွေ ပြန်လာတယ်လို့တော့ ကြားပါတယ်။ ဒုက္ခသည်တွေကို မလိုလားတာမျိုး မရှိပါဘူး။ ကိုယ်နေခဲ့တဲ့ နေရာကို ပြန်လာနေတာပဲ မတားပါဘူး။ တောင်ယာခုတ်လုပ်ငန်းကိုလည်း လုပ်ခွင့်ပေးပါတယ်” ဟု ပြောဆိုသည်။
သို့သော် DKBA အဖွဲ့အနေဖြင့် တရားဝင်ကြေညာပြီး ဒုက္ခသည်များကို ပြန်လည်နေရာချထားပေးခြင်းမျိုးကို ယနေ့ထိတိုင် လုပ်ဆောင်ခြင်း မရှိကြောင်း ထိုအရာရှိက ဆက်၍ပြောဆိုသည်။
ကရင်ဒုက္ခသည်များကို အနီးကပ်စောင့်ကြည့်လေ့လာသူများအဆိုအရ ယခုထပ်မံပြန်သွားကြသည့် ဒုက္ခသည်များသည် ယခင်နေထိုင်ခဲ့ရာ ကျေးရွာ များတွင် ပြန်လည်နေထိုင်ရန် ကြောက်ရွံ့နေကြသည့်အတွက် ၎င်းတို့ရွာတို့နှင့် နီးစပ်ရာ ကျေးရွာတချို့တွင် ၀င်ရောက် ခိုလှုံ နေထိုင်ကြကြောင်း သိရသည်။
အူးသူးထာ့ ကရင်ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ကရင်ပြည်နယ် ဝနီးကလား၊ ပနွဲ့ ပူ၊ ပိုးပေါ်လေး၊ မဲ့လာအားခီး၊ မဲ့လာအားထ နှင့် ကျေဖိုးခလီး ရွာတို့မှဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် DKBA နှင့် နအဖ စစ်တပ်တို့ ပူးပေါင်းကာ KNU ကို ထိုးစစ်ဆင်ခြင်းကြောင့် ထွက်ပြေး လွတ်မြောက် လာသည့် စစ်ပြေးဒုက္ခသည်များ ဖြစ်သည်။
ယခင်အစောပိုင်းက ထိုစခန်းနေ စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက မကြာခဏဆိုသလို ဖိအားပေး ပြန်ခိုင်းခဲ့ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန်ခဲ့သည့်နောက်ပိုင်း ဒုက္ခသည်များ နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စကို ခေတ္တရပ်နားထားခဲ့သည်။
လက်ရှိ ထိုစခန်းနေထိုင်သူ ဒုက္ခသည်လူဦးရေ စုစုပေါင်း ၇၅၀ ကျော်ရှိကြောင်း ဒုက္ခသည်များကို ရိက္ခာပံ့ပိုးပေးနေသည့် ထိုင်း-မြန်မာနယ်စပ် ယာယီအကူညီပေးရေးအဖွဲ့ (TBBC) က ပြောသည်။
Media Release from European Karen Network
For immediate Release 14th March 2010
Human Rights Council Burma Debate Monday - Must Approve Commission of Inquiry
European Karen Network (EKN) calls on members of the Human Rights Council to support a recommendation by Mr. Tomás Ojea Quintana, the United Nations Special Rapporteur on the situation of human rights in Burma, that the UN consider setting up an inquiry into war crimes and crimes against humanity being committed by the Burmese dictatorship.
On Monday the Human Rights Council will meet to discuss the findings and recommendations of Mr Quinatana’s report.
“For six decades Karen people have been one of the ethnic groups who have been directly targeted by the Burmese Army, committing war crimes and crimes against humanity against us,” said Nant Bwa Bwa Phan, board member of European Karen Network. “The Human Rights Council must now follow the recommendations of their own Special Rapporteur and establish a Commission of Inquiry.”
On 9th March Karen communities in ten countries worldwide held a day of action calling on governments to establish a Commission of inquiry into war crimes and crimes against humanity being committed by the dictatorship.
The regime has recently stepped up attacks against Karen civilians. They are trying to crush all opposition to their rule ahead of fake elections later this year. Villagers have been shot on site, more than 80 homes burned down, and a child killed when the Burmese Army fired a mortar bomb at a school.
“For many years Burma’s generals have broken international law, and been allowed to get away with it without the UN even properly investigating what is going on” said Nant Bwa Bwa Phan. “On Monday members of the Human Rights Council have a responsibility to act, and finally set up a commission of inquiry.”
For more information contact Nant Bwa Bwa Phan, board member of European Karen Network, on +447739872481 (European time).
ရင်ဆိုင်တိုက်ပွဲသတင်း
တပ်ရင်း (၂၀၁)
- ၁၂.၃.၂၀၁၀ နေ့၊ ၀၈း၁၀ အချိန် ကနဲလေးအရပ် ထီးဘောကော် တွင် မိမိတို့ပြောက်ကျားတပ်နှင့် ခမရ(၄၀၅) တို့တိုက်ပွဲ (၂၀)မိနစ်ကြာဖြစ်ပွားရာ ရန်သူ၏တပ်ကြပ်ကြီး ၁ဦး၊ တပ်ကြပ်၁ဦး သေဆုံးပြီး တပ်သား၃ဦးဒဏ်ရာရ၊ ထိုအထဲတွင်တပ်သားတဦးဒဏ်ရာပြင်းထန်။
- ၁၃.၃.၂၀၁၀နေ့ ၀၉း၂၀ အချိန် ဒဏ်ရာရသူကိုပြန်ပို့တဲ့ရန်သူနှင့် မိမိတို့အထူးပြောက်ကျားတပ်များသည် အုတ်ဟုနီပဟီကလားတွင်တိုက်ပွဲဖြစ်ရာ ရန်သူမှဗိုလ်ကြီးထွန်းဝင်းဒဏ်ရာရ၊ ထိုတရက်ထဲမှာဘဲ ၁၃း၀၀ အချိန်တွင် ဒေးလော်ကလိုးတွင် DKBA နှင့်တိုက်ပွဲဖြစ်ရာ ရန်သူဘက်မှ ဒုတပ်ကြပ်တဦးဒဏ်ရာရ၊ ထိုသူကိုထိုင်းဘက်သို့အပို့လမ်းခုလတ် တဆယ့်လေးရွာအရောက်တွင် သေဆုံး။
လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း
၁၃.၀၃.၂၀၁၀
တပ်မဟာ(၂) တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၆.၃.၂၀၁၀ နေ့ ပလောဘောဒဲအရပ်တွင်ဝင်ရောက်လှုပ်ရှားသော ပြင်စလိုရှိ စကခ(၇) သည် ပလောဘောဒဲရွာသူရွာသားများ၏ ပိုင်ဆိုင်မှုများကိုဖျက်စီးတဲ့အပြင် အတင်းအဓမ္မ ယူ ဆောင်သွားသည်။ (၁) မောင်သန်းယဉ် ခြင်ထောင်တထည် ငွေ ၁၀၀၀၀ကျပ် နှင့် စောင်တထည် (၂)မောင်ချောခင်၏တာလဘတ်တ ထည် (၃) မောင်သန်းခိုင် အိုးတလုံး၊ ခြင်ထောင်တလုံးနှင့်စောင်တ ထည် (၄) စောတာကရိုး၏အဝတ်၂ထည် ဘောင်းဘီရှည်တထည်နှင့် ဆီတအိုးအပြင် ငွေ၆၀၀၀၀ကျပ် (၅) မောင်ရွှေသွေး၏အကျီင်္တထည်နှင့် ပုဆိုးတထည် (၆) မောင်ရွှေဖော၏စောင်သုံးထည် အဝတ်ငါးထည် ဘောင်းဘီရှည်တထည် ခြင်ထောင်တလုံး အိတ်၅အိတ် ရေအိုးတလုံး ဦးထုပ်၂လုံး (၇) မောင်ဟဲပွယ်၏ အိုး၂လုံး ခွက်၂ခွက် ဘောင်းဘီရှည် ၆ထည်အင်းကျီ၎ထည် ပုဆိုး၂ ထည် အိတ်၃လုံး ငွေ၃၀၀၀ကျပ် တို့ ဖြစ်သည်။ ထိုအရပ်တွင်လှုပ်ရှားသောရန်သူတို့၏ရှို့မီးကြောင့်ဒေသခံရွာသား များ၏ တောင်ယာခင်း စိုက် ပျိုးခင်းများစွာပျက်စီးခဲ့ရသည်။
- ထန်းတပင်မြို့နယ်၊ ၈.၃.၂၀၁၀ နေ့ ၁၄း၀၀အချိန် ကလောမီးဒဲရှိ ခမရ(၄၂၁) အုပ်စုသည် ကလောမီးဒဲရွာ သား (၇)ဦး ရွာသူ (၈)ဦးတို့ကို အတင်းအဓမ္မသူတို့၏ရိက္ခာကိုသယ်ပို့ခိုင်း။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- မုံးမြို့နယ်၊ ၅.၃.၂၀၁၀ နေ့ ၁၄း၀၀ အချိန် စောခါဒဲအရပ်တွင်လှုပ်ရှားသော နအဖတပ်၏ ရွာထဲသို့လက် နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် ရွာသူရွာသား(၃၁၄) ယောက်သည် တောကြီးမျက်မည်းထဲသို့ ထွက်ပြေးတိမ်း ရှောင်နေရဆဲ။ လတ်တလော ထိုသို့ထွက်ပြေးရသောကြောင့် စားစရာများနှင့် ကျန်သောအသုံးအဆောင်များ ကိုထားခဲ့ရတဲ့အပြင် ယခုထက်တိုင် နေရပ်သို့ပြန်ပြီး အသုံးအဆောင် စားစရာများယူရန်လမ်းလုံးဝမရှိပါ။ ပြန် လည်းမယူရဲပါ။ ကွမ်းခြံ ကွမ်းရွက်ခြံများကိုဒီအတိုင်းပစ်ထားခဲ့ရပြီး ပြန်လည်မလုပ်ကိုင်ရဲသေးပါ၊ စောခါဒဲရွာရှိ အိမ်ခြေ(၇၀) ခန့် ရွာသူရွာသားများသည် ယခုစားစရာများ မရှိသောဒုက္ခ အပြင် ရောဂါများနှင့်လည်းတောထဲ တွင်ရင်ဆိုင်နေရသည်။
တပ်မဟာ(၆) ဒူးပလာယားခရိုင်။
- ၇.၃.၂၀၁၀ နေ့ DKBA 908 မှ ဘိုကျော်ကျော် ဦးစီးသောအုပ်စုသည် ရွာများအား ဘုရားသုံးဆယ်သို့ စုဝေး စေပြီး ရွာတရွာလျှင် ဆန်၃၀တင်းပေးခိုင်း။ ၂၅.၃.၂၀၁၀ တွင်အရောက်ပို့ခိုင်း။