တရားမ၀င်ကုန်သွယ်မှုနှုန်းမြှင့် တက်ကြောင်းမြန်မာအစိုးရ၏ပြော ဆိုချက် KNU ငြင်းဆို

KIC သတင်းမှ.......

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့အကြား ယခုလဆန်းပိုင်းက အပစ်အခတ်ရပ်စဲရေးဆိုင် ရာသဘောတူ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောင်း၏ တရားမ၀င် ကုန်သွယ် မှုနှုန်း မြှင့်တက်လာခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရ စီးပွားရေးဝန်ကြီး၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိဟု KNUက တုံ့ပြန်ပြောကြားလိုက်သည်။

ယခုလ ၂၃ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တရားမ၀င်မှောင်ခို ပစ္စည်းတင်သွင်း မှုကို အရေးယူမည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် ကရင်ပြည် နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးနိုင်မင်းစိုးသိန်း၏ ပြောဆိုချက်ကို KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။

Read More...

KNU Statement Regarding Negotiation Peace Talk

KNU Statement Regarding Negotiation Peace Talk With Burmese Gov. (Burmese)

အပစ်အခတ်ရပ်စဲရေးမှာတောင်းဆိုတဲ့အချက် ၁၁ ချက် အပြည့်အစုံ

11 Points for Cease Fire

ညီညွတ်ရေး၊ ငြိမ်းချမ်းရေးမှ သည်လွတ်မြောက်ရေးဆီသို့....

အီးမေးလ် ကလက်ခံ ရရှိလိုက်တဲ့ စာလေးတစ်စောင်ကိုမျှဝေပေးလိုက်ပါတယ်။
To "KNU"

ဒီမိုကရေစီ ရေးလှုပ်ရှား သူများ အား နှိပ်စက် သတ်ဖြတ် ရာတွင် အဓိက တရားခံ ဖြစ်သူ ဦးခင်ညွန့် အား လုပ်ကြံ မည့် သတင်း များထွက်ပေါ်

Freedomnewsgroup မှ.........

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး တော်ပုံတွင်ပါဝင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့်အပြစ်မဲ့ ပြည်သူများအား နှိပ်စက်ညှင်းပန်း ပြီးသတ်ဖြတ် ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်းတို့  အပြင် ၎င်း အာဏာ ရှိစဉ် ၁၉၈၈ခုနှစ် မှ ၂၀၀၄ခုနှစ် အောက်တိုဘာလ အတွင်း၌တက်ကြွလှုပ်ရှားသူများ နှင့်ဒီမိုကရေစီ ရေးကြိုးပမ်းခဲ့သူတို့ ကိုရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည့် မြန်မာအစိုးရ ၀န်ကြီးချုပ် ဟောင်း နှင့် ထောက်လှမ်းရေးအကြီးအကဲ ဟောင်း ဖြစ်သူဗိုလ်ချုပ် ကြီး ခင်ညွန့်  အား လက်စား ချေလုပ်ကြံသတ် ဖြတ်မည့်သတင်းများထွက် ပေါ်နေသည် ဟု သတင်း ရရှိသည်။

အဆိုပါ လုပ်ကြံသတ် ဖြတ်မှုများကို ၎င်းအာဏာရှိစဉ်ကအပြင်း အထန် နှိပ်ကွပ်မှုကို ခံရသည့် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက ပြုလုပ်ရန်စီစဉ် ခြင်းမဟုတ်ဘဲစစ်ထောက်လှမ်း ရေး မိသားစုများ ကြောင့် စီးပွားဥစ္စာ ဓန နှင့် ဘ၀ ပါဆုံးရှုံး ခဲ့ရသည့် မိတ်ဆွေများကွန်ယက် ကပြုလုပ်ရန်စီစဉ် ခြင်း ဟု FNG မှသိရှိရသည်။

Read More...