စစ်သား နှင့် ပေါ်တာ

ကွယ်ကလူ မှ.......

ကရင်ဒေသထိုးစစ် ပိုများလာဖွယ်ရှိ

ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ်အတွင်း အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုမို များပြားလာဖွယ်ရှိသဖြင့် ပြောက်ကျား စစ်ဆင်ရေး အတွက် ပြင်ဆင်ထားကြောင်း ကရင်လက်နက်ကိုင် အဖွဲ့များက ပြောသည်။

အစိုးရက အပစ်အခတ် ရပ်ရေး ထပ်မံ ညှိနှိုင်းဖွယ် မရှိကြောင်း ယူဆရသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်မှုးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

Read More...

တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း

စောခါးစူး(ကေအိုင်စီ)

အမျိုးသားရေးအတွက် ရှေးရှု၍ တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ယနေ့ သြဂုတ်လ ၁၇ရက်နေ့၌ ကျရောက်သော ၆၃နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည်သူများအား ကရင်အမျိုးသား တိုးတက်ရေးပါတီ-KNPP က တိုက်တွန်ပြောကြားလိုက် သည်။

ထိုင်း-မြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်မြေ လိုဘာခိုခရိုင်၊ မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော် မှတ်တိုင်တပ်စခန်း၌ ပြု လုပ်သည့် အခမ်းအနားတွင် KNPP က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

Read More...

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(ကေအဲန်အဲယ်လ်အေ)တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ကေအဲန်အယ်လ်အေ ဘက်ကပြောသည်။



သြဂုတ်လ ၁၄ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခိုကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။

Read More...

ကြံ့ဖွံ့အစိုးရစစ်တပ် အရာရှိတဦး ကျဆုံးတဲ့ အဇင်းရွာ တိုက်ပွဲ

စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ တပ်ရင်းနဲ့ DKBA တပ်ဖွဲ့တွေ ကျိုက်ဒုံမြို့နယ် အဇင်းရွာမှာ သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၁နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ DKBA တပ်ဖွဲ့မှ ၉၀၂ တပ်ရင်း ဗိုလ်စောခိုင် ဦးဆောင်တိုက်ခိုက်ခံတာဖြစ်ပြီး၊ ကြံ့ဖွံ့အစိုးရတပ်မှ ၁ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ ၂ ယောက်မှာ အရာရှိတဦးပါတယ်လို့ သိရတယ်။