ကြိတ်ကျေးရွာရှိ အစိုးရစစ်တပ်စခန်းအား ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ၀င်ရောက်ပစ်ခတ်

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိတ်ကျေးရွာရှိ အစိုးရစစ်တပ်စခန်းအား ယမန်နေ့ ညတွင် နယ်ခြားစောင့်တပ်ကို ငြင်းဆန်နေသော တိုးတက်သောဗုဒ္စဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)တပ်ဖွဲ့များက ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ည ၁၀နာရီခန့်တွင် ကြိတ်ကျေးရွာအနီးတ၀ိုက်တွင် လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့သည် ကြိတ်ကျေးရွာ အခြေစိုက်စခန်းရှိ အစိုးရ စစ်တပ်အား လက်နက်ကြီးလက်နက်ငယ်များဖြင့် ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခြင်းဖြစ် သည်ဟု ကြိတ်ရွာသားတဦးက ပြောသည်

Read More...

တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ ဒေသတွေမှာ နအဖ က အရပ်သားပိုင်ပစ္စည်းတွေ သိမ်းပိုက်

နေ့သစ် မှ.......

ဒီကေဘီအေ တပ်ဖွဲ့တွေဟာ နအဖ တပ်ရင်း ၂၈၃ ကို ကျိုက်ဒုံနဲ့ မိနာအ ကြားမှာ ဧပြီလ ၂၄ ရက်နေ့က စောင့်ကြိုက် တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်က အရာရှိတဦး၊ ဆေးမှူးတဦး၊ တပ်သားတဦး ပေါင်းသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပြီး၊ တနေ့တည်းမှာပဲ ကျိုက်ဒုံမြို့အထွက်က နအဖ တပ်ရင်း ၂၈၃ တပ်စခန်းရှိရာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါ သေးတယ်။ ဒီတိုက်ပွဲမှာ နအဖ စခန်းမှာရှိနေတဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဗျူဟာမှ ဗိုလ်မှူးဆန်းအောင် ပြောပြ တာကတော့ …
“တိုက်ပွဲက မနက် ၆ နာရီလောက်ကနေ စဖြစ်တာ မွန်းလွဲ ၁ လောက်ထိအောင် ကြာသွားတယ်။ သူတို့ဘက်က သုံး ယောက် ဒဏ်ရာရသွားတယ်။ အဲဒါ မိနာအ နဲ့ ကျိုက်ဒုံ ကြားမှာဖြစ်တာ၊ နောက်တပွဲက ကျိုက်ဒုံအထွက် သူတို့စခန်း ကို ကျနော်တို့ သွားပစ်တယ်။ အဲဒီမှာ အရပ်သား ၂ ယောက်ထိတယ်လို့ ပြန်ကြားတယ်။ ကျိုက်ဒုံအထွက် ၂၈၃ တပ် က ဒီရက်ထဲမှာ ကျိုက်ဒုံကနေ ထိုင်းနယ်စပ် ပိုင်ခရမ်သွားမယ့် ခရီးသယ်ကားတွေ ကုန်ကားတွေ၊ ထော်လာဂျီတွေပေါ် က ပစ္စည်းတွေကို အကုန်ဆွဲချ သိမ်းပစ်နေတယ်၊ လူတွေလည်း စခန်းမှာဖမ်းထားတယ်။ သူတို့ အကြောင်းပြတာက ဒီပစ္စည်းတွေဟာ ဒီကေဘီအေ ကို သွားပို့မယ့် ပစ္စည်းတွေဆိုပြီး သိမ်းနေတယ်။ သူတို့ ဖြတ်လေးဖြတ် လုပ်နေတာ လား သူတို့တပ် စာဘို့သောက်ဘို့အတွက် ပစ္စည်းတွေ လုယူနေတာလား” လို့ ပြောပြပါတယ်။

Read More...

အဇင်း ရဲစခန်းကို ဒီကေဘီအေ ၀င်ရောက်တိုက်ခိုက်

ဆုံဆည်းရာ မှ.......

နအဖ တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်များ ကရင်ပြန်နယ်နဲ့ မွန်ပြည်နယ် တို့တွင် တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက်ဖြစ်ပွားနေပါတယ်။

မွန်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ် အဇင်း ရဲစခန်းကို ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်များနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နေ့လယ်ပိုင်း ၂ နာရီခန့်က ၀င်ရောက်တိုက်ခဲ့ပါတယ်။ အဇင်းရွာ အခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းမှ နအဖ တပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နအဖ တပ်ဘက်မှ ထိုက်ခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ရန်အတွက် ပေါ်တာအထမ်းသမားများကို လိုက်လံခေါ်ဆောင်နေကြောင်း ရွာတဦးက ပြောဆိုပါတယ်။

Read More...

မြိုင်ကြီးငူဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာရောက်ပူးပေါင်း

နန်းထူးစံ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးစီးသောအဖွဲ့သည် ယမန်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းလာခဲ့သည်ဟု စုံစမ်း သိရှိရသည်။

အင်အား (၃၀)ခန့်ရှိသည့် ဗိုလ်ကြီးစောဖားမီးအဖွဲ့သည် ဧပြီလ ၂၂ရက်နေ့ ညနေ ၃နာရီခန့်တွင် မြိုင်ကြီးငူရှိ BGF တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်နက်ခဲယမ်းဂိုဒေါင်တစ်လုံးနှင့် စစ်တန်းလျှားတစ်လုံးကို ဖောက်ခွဲမီး ရှို့လိုက်ပြီးနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNLA အရာရှိတဦးက ပြောသည်။

Read More...

ကျိုက်ဒုံမြို့နယ်တွင် ဒီကေဘီအေ နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲ ပြင်းထန် အစိုးရတပ်ဘက် ၃၆ဦး ထိခိုက် သေဆုံး

စောသိန်းမြင့်(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီ အေ)နှင့် မြန်မာအစိုးရတပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်က ၁၉ဦး သေဆုံး ပြီး ၁၇ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ် စောလားပွယ် ကိုယ်တိုင် ဦးဆောင်၍ ကျိုက်ဒုံမြို့၏ တောင် ဘက်မနီးမဝေးရှိ မိတန်ကျေးရွာနှင့် မိနန်းအပ်ကျေးရွာကြားတွင် လှုပ်ရှားနေသော စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၅)၊ နည်းဗျူဟာ (၁)လက်အောက်ခံ ခမရ (၅၄၃) တပ်ရင်းကို ၁၂နာရီကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

Summary Report on Military Engagements in KNLA Areas (March 1, 2011 to March 31, 2011)

Summary Report on Military Engagements in KNLA Areas (March 1, 2011 to March 31, 2011)