ဒီကေဘီအေ အချင်းချင်း သဘောထားကွဲ လူထု စစ်ပွဲဖြစ်မည်ကို စိုးရိမ်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) အချင်းချင်းကြားတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရန် သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေပြီး ဒီကေဘီအေ တပ်ဖွဲ့အချို့က ခွဲထွက်ရန် သတင်းထွက် ပေါ်လာသဖြင့် ကျေးရွာသားများက တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

Read More...

ဒေါ်စုနဲ့တွေ့ခွင့်ရမှသာ Kurt Campbell မြန်မာနိုင်ငံခရီး ဆက်မည်

08 May 2010 (VOA မှ)
တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အတွက် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် တဦး လာမယ့် ရက်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ် ဖြစ်မြောက်ရေးအတွက် ချွင်းချက်တွေ ကတော့ ရှိတယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် David Gollust အမေရိကန် နိုင်ငံခြားရေးဌာနက သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

Read More...

အမေရိကန်အထက်လွှတ်တော် စစ်အစိုးရ မတရားမှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်

VOA မှ (08 May 2010)
မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိတာတွေကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ သောကြာနေ့က ပါတီစွဲမရှိဘဲ တခဲနက် အတည်ပြုလိုက်ကြပါတယ်။ ဒီအထက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ USCB လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ဦးအောင်ဒင်က အခုလို သုံးသပ်ပါတယ်။

Read More...

လာမဲ့ဘေး ပြေးတွေ့ဖို့အသင့် ဖြစ်ပြီလား

စောခါးစူးညား (ကေအိုင်စီ)
ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မတော် (ဒီကေဘီအေ) အခြေစိုက်ရာဒေသ နေရာအတော်များများတွင် နအဖတပ်များ ပြန့်ကျဲနေရာယူနေသည်။

Read More...

မြ၀တီမြို့ ဒီကေဘီအေ အရာရှိတစ်ဦးအိမ်တွင် ဗုံးကွဲ

သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ရေးသားသူ - ဇော်ကြီး
သောကြာနေ့၊ မေလ 07 ရက် 2010 ခုနှစ်

ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့ရှိ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) အရာရှိတစ်ဦး၏ နေအိမ် တွင် ယနေ့နံနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။
မြ၀တီမြို့ရှိ DKBA တပ်ရင်း(၉၉၉)မှ ဗိုလ်နေစိုး၏ နေအိမ်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ယခုလိုပြောသည်။

Read More...

ကချေသည် ရွှေရွှေ

ဘဲလေးအက သင်တန်းတက်ချင်သူများ အတွက်......


arzarni blog မှကူးယူဖော်ပြသည်။

ရွှေတူးဖော်ရေး ဒီကေဘီအေ ရပ်တန့်ထား

မေလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်နှင့် သထုံခရိုင်နယ်စပ်၌ ရွှေတူးဖော်နေသော တိုးတက်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့ သည် မေလဆန်းပိုင်းမှစ၍ ၎င်းတို့၏လုပ်ငန်းကို ရပ်တန့်ထားသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ဖာပွန်ခရိုင်ရှိ ရွှေတူးဖော်နေသည့်နေရာအနီးမှ ၀င်းမောင်းရွာသားတဦးက “သဲတွေကို လာသယ်နေတဲ့ ကားတွေ အခု အကုန် ပြန်ပြီ။ သူတို့(ဒီကေဘီအေ)က နောက်နှစ်မှ ဆက်တူးမယ်လို့ ပြောတာပဲ။ ဒီရွှေတူးတဲ့လုပ်ငန်းကို သူတို့က သုံးနှစ်စီမံကိန်းလား၊ ငါးနှစ်စီမံကိန်းလား အဲလိုလုပ်မယ်လို့ ကျနော်တို့ ကြားတယ်”ဟု ပြောသည်။

Read More...

မြ၀တီမြို့တွင် ဗုံးတလုံးပေါက်ကွဲ (၁)ဦး ဒဏ်ရာရရှိ

မေလ ၇။ စောသိန်းမြင့်(ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့၌ ယနေ့မနက် (၁)နာရီကျော်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီ ကေဘီအေ)တပ်ဖွဲ့ဝင်တဦး၏နေအိမ်၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ အိမ်ရှင်မှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်ဟု မြို့ခံတဦးက ပြောသည်။

Read More...

အောင်မြင်စွာ ကျော်ဖြတ်မဲ့ လှေငယ်ဟာ ပြင်ဆင်ပြီ

Karen Information Center (M.ထက်ခေါင်)

(၁) ဤစာစောင်တွင် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ တော်လှန်ရေးနှင့် ရန်သူ ဟူသော အခန်းဆက် ဆောင်းပါးကို လအနည်းငယ် မျှ တင်ပြလာခဲ့ရာတွင် ယခုလမှာ ဆောင်းပါးအမှတ်စဉ် (၄)ကို တင်ပြရမည့်လ ဖြစ်သည်။ သို့ရာတွင် ရေးထားပြီးဖြစ်သော ဆောင်းပါးအမှတ် (၄)နှင့် ပတ်သက်၍ ကျေနပ်နှစ်သက်မှု မရှိသေးသည့်အပြင် စာမူကြမ်း အချက်အလက် လျာထားချက်များ အရ ဆောင်းပါးမှာ အမှတ်စဉ် (၅)အထိ တင်ပြမှ နိဂုံးချုပ်နိုင်မည်ဖြစ်ရာ လက်ရှိ အခြေအနေတွင် ကြားဖြတ်တင်ပြလိုသော အရေးပေါ် အကြောင်းအရာတခု ရှိလာသောကြောင့် ရေးလက်စ အခန်းဆက်ဆောင်းပါးကို နောက်လကျမှ ဆက်လက် ဖော်ပြ ရတော့မည် ဖြစ်သည်။

Read More...

ဒီကေဘီအေကြား သဘောကွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA ၏ ထိပ်ပိုင်းခေါင်းဆောင် အချို့ကြားတွင် နယ်ခြား စောင့်တပ် အသွင်ပြောင်းရေးအပါ် သဘောထားကွဲလွဲမှုများဖြစ်နေကြောင်း တပ်မှူးများက ဝန်ခံပြောကြားသည်။

Read More...

မယ်လစခန်း၌ စိတ်ကြွဆေးပြား (၅၀)ကျော် ဖမ်းဆီးရမိ

မေလ ၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌ စိတ်ကြွစေသည့် မူးယစ်ဆေးပြား(မြင်းဆေး) ၅၀ကျော်ကို စခန်းဆိုင်ရာ ထိုင်း အာဏာပိုင်များ(အော်ဆော်)က ရောင်းဝယ်သုံးစွဲသူ ၃ဦး၏လက်ဝယ် ယမန်နေ့မနက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

Read More...

18-year-old Arakan Woman Raped by Burma Army Captain

နအဖ စစ်ခွေးများ၏ယုတ်မာပက်စက်မှုတွေကတော့ ပြိုင်စံရှားပါပဲ...လူသားချင်းစာနာထောက်ထားမှုဆိုတာလုံးဝလုံးဝမရှိ တော့တဲ့ကောင်တွေ.....အသေးစိတ်သတင်းကိုအောက်ကFBR report မှာဆက်လက်ဖတ်ရှု့ပါတော့...
freeburmarangers Reports 20100505

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကတိတည်ရေး လူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး

VOA သတင်းမှ
မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ ကတိကို တည်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးပြီး အဖွဲ့အစည်းအားလုံး ပါဝင်တဲ့၊ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် ကြိုးစားဖို့ ကုလသမဂ္ဂ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojea Quintana) က မေလ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာ ရွေးကောက်ပွဲတွေလိုမျိုး လူ့အခွင့်အရေးကို လေးစားတဲ့ စံနှုန်းတွေ ရှိဖို့ လိုတယ်လို့လည်း သူက သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Read More...

Thank God for our Mothers

If life were without water, where would we be?
If life were without mothers,
There would be no you or me.
We all need to take hold, of how precious life really is,
and not take for granted the gift of love and the ability to give.
Thank you to God for creating us all

Read More...

တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ

သတင်း - နိရဉ္စရာ
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။

Read More...

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖ ပြန်လည်စည်းရုံး

ခေတ်ပြိုင် မှ
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်မခံသည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နအဖစစ်အစိုးရက စစ်ရေးနည်းဖြင့် အရေးမယူသေးဘဲ အခြားနည်းလမ်းများဖြင့် စည်းရုံးလျက်ရှိသည်။

Read More...

နအဖတပ် အင်အားဖြန့်သော်လည်း ဒီကေဘီအေ အင်အားစုစည်း

မေလ ၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒီကေဘီအေ တပ်မဟာ(၅)လက်အောက်ခံ တပ်ရင်းများသည် တပ်အင်အား စုစည်းမှုများ လုပ်ဆောင်သလို နအဖ စကခ(၈)လက်အောက်ခံ တပ်ရင်းများကလည်း တပ်အင်အား ဖြန့်ကျက်ထားလျှက်ရှိ သည်ဟု စုံစမ်းသိရှိရသည်။

စစ်အစိုးရသည် အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များကို ရှေ့တိုးနောက်ဆုတ် ပုံစံမျိုးဖြင့် ကစားခြင်းသာဖြစ်ပြီး အမှန်တကယ် စစ် ဖြစ်ပါက တပ်မှူးတပ်သားမြောက်များစွာ ထွက်ပြေးကြလိမ့်မည်ဟု ၎င်းကေအဲန်အယ်လ်အေတပ်မှူးက သုံးသပ်ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်ရှိ ပူးရေးရွာတွင် ယခင်ရှိထားသည့် ဒီကေဘီအေတပ်ဖွဲ့များက နယ်စပ်ရှိ မုလအိတောင်ဘက်ကို ရွှေ့ ပြောင်းသွားကာ ၎င်းတို့နေရာတွင် နအဖတပ်များ ၀င်ရောက်နေရာယူထားကြသည်ဟု ရွာသားတဦးက ပြောသည်။

ကြိတ်ရွာသားတဦးကလည်း “ပြောသံကြားတာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့တုန်းက နယ်စပ်(ထိုင်းနယ်စပ်)မှာရှိတဲ့ ဗိုလ် နှုတ်ခမ်းမွှေး တပ်ဖွဲ့ဝင်တွေကို မြိုင်ကြီးငူဘက် ပြန်သွားရမယ်လို့မှာတယ်။ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့က ပြန်မဆင်းသွားတဲ့အပြင် သူတို့တပ်တွေကို နယ်စပ်ဘက်ကို ပြန်စုကြတယ်”ဟု ပြောသည်။

အဆိုပါမြို့နယ် ဝေါ်လေဂွင်ဘက်တွင်လည်း နအဖက အင်အား ၉၀နီးပါး တိုးချဲ့လာသလို ကေအဲန်ယူ တပ်မဟာ (၅)၌လည်း နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံကြသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်တချို့လည်း စစ်ရေး ပြင်ဆင်မှုများ ရှိသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ကရင်ပြည်နယ်တခုလုံးတွင် နအဖစစ်တပ်မှ တပ်မ (၂၂)၊ (၄၄)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၈)ခုမှ တပ်ရင်းပေါင်း တစ် ရာကျော် နေရာယူ လှုပ်ရှားလျှက်ရှိကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနက ၎င်းတို့ရရှိသည့် စစ်ရေးအစီခံစာအရ ရေးသား ဖော်ပြထားသည်။

Read More...

နအဖတပ် ၏လူမဆန်မှုသတင်း

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၈.၄.၂၀၁၀နေ့တွင် နအဖတပ် ခမရ(၄၂၁)၏ရှို့မီးကြောင့် ကလောမီးဒဲ ကျေးရွာသူရွာသားများ ၏စိုက်ပျိုးသီးနှံခြံများမီးလောင်ခံခဲ့ရသည်။ (၁)စောအီးတယ်၏ဖာလာတခြံ (၂)စောသန်းဝင်း၏ ဖာလာတခြံ (၃)စော ဖိုးလဲ၏ ဖာလာတခြံ (၄)စောကေးရီး၏ ဖာလာတခြံ (၅) စောမောင်သီးသဲ၏ ဖာလာတခြံ (၆)စောကျောပယ်၏ ဖာ လာတခြံ (၇)စောထူးစီ၏ ဖာလာနှစ်ခြံ (၈)စောပီတိုး၏ ဖာလာနှစ်ခြံ (၉)စောအယ်ဒို၏ ဖာလာတခြံ (၁၀)စောဖား လား၏ ဖာလာတခြံ (၁၁)စောတီးကီးရီး၏ ဖာလာတခြံ (၁၂)စောမောင်တင်မြိုင်၏ ဖာလာတခြံ (၁၃)စောဒေးဒေး၏ ဖာလာတခြံ (၁၄)စောကောင်းမဲ၏ ဖာလာတခြံ (၁၅)စောဟဲနယူ၏ ဖာလာတခြံ (၁၆)စောထွန်းလင်း၏ ဖာလာတခြံ (၁၇)စောတိုးလော်၏ ဖာလာတခြံ (၁၈)စောတူးလူ၏ ဖာလာတခြံ (၁၉)စောလာဒေး၏ ဖာလာတခြံ (၂၀)စောဒူးဒူ၏ ဖာလာတခြံ (၂၁)စောစိုးမင်း၏ ဖာလာတခြံ (၂၂)စောလာကူးကူ၏ကွမ်းခြံတခြံ (၂၃)စောကောင်းကြည်၏ကွမ်းခြံတ ခြံ (၂၄)စောဘေးလေ၏ကွမ်းခြံတခြံ (၂၅)စောဆာဖိုး၏ကွမ်းခြံတခြံ အသီးသီးလောင်ကျွမ်းခံခဲ့ရသည်။

Read More...

အရပ်ဝတ်လဲ စစ်အရာရှိတွေ သိုးရေခြုံတဲ့ ၀ံပုလွေမျိုး မဖြစ်ဖို့ အမေရိကန် သတိပေး

VOA သတင်းမှ
မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ စစ်တပ်က အနားယူပြီး ရွေးကောက်ပွဲမှာ အရပ်သား နိုင်ငံရေးသမားတွေ အဖြစ် ပါဝင်ဖို့ ပြင်ဆင်နေတဲ့ တချိန်တည်းမှာ တိုင်းပြည်ကိုလည်း စစ်မှန်တဲ့ နိုင်ငံရေး အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်အောင် ပြင်ဆင်ဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ မြန်မာ့အရေး ပြောဆိုချက်တွေအကြောင်း ဗွီအိုအေ သတင်းထောက် ဒေးဗစ် ဂေါလပ်စ်တ် (David Gollust) ရဲ့ သတင်းပေးပို့ချက်နဲ့ အတူ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Read More...

ကေအဲန်ယူ စစ်ဆင်ပြင်ဆင်မှုများ ပြုလုပ်နေ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံ ဖာပွန်ခရိုင်အခြေစိုက် တပ်မဟာ(၅)ဒေသကို စစ် အစိုးရတပ်က ထိုးစစ်ဆင်မည့် သတင်းထွက်ပေါ်လာသည့် အတွက်ကြောင့် ကေအဲန်ယူဘက်မှ စစ်ဆင်ရေး ပြင် ဆင်မှုများပြုလုပ်ပြီး အပြန်အလှန် စောင့်ကြည့်နေကြသည်။

Read More...

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ခွဲထွက်၍ နယ်စပ်သို့ထွက်ခွာ

မဲဆောက် (မဇ္ဈိမ) ။ ။ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော်(DKBA) တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည် မြန်မာစစ်တပ်နှင့် မဟာမိတ် ဖွဲ့ထားခြင်းကိုဖျက်ကာ ထိုင်းမြန်မာနယ်စပ်သို့ ဦးတည်ထွက်ခွာနေကြပြီး တပ်မတော်က နောက်မှ ထက်ချပ်မကွာလိုက်နေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သတင်း ရပ်ကွက်များက ပြောသည်။

Read More...

သတင်းလွတ်လပ်ခွင့် အဖိနှိပ်ဆုံး စာရင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထိပ်ပြေး

VOA သတင်းမှ
မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ကြီးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) အပါအ၀င် ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၄၀ ကို အဆိုးဝါးဆုံး သတင်းလွတ်လပ်ခွင့် ဖိနှိပ်ချိုးနှိမ်သူများ (Predators of the Press Freedom) စာရင်းမှာ ထည့်သွင်း ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

Read More...

နအဖတပ်၏ရက်စက်မှုနှင့်လူမဆန်မှုသတင်း

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ နအဖ တပ် ခမရ(၄၂၆) သည် အပြစ်မဲ့ ကော်သေးဒဲ ရွာသား၂ဦးဖြစ်တဲ့ စောတာအူးအူး နှင့် စောမင်းနိုင်(ခ)စောတောသူး တို့ ကိုဖမ်း ဆီးခဲ့ပြီး ၁၉.၄.၂၀၁၀ နေ့တွင်စောတာအူးအူး အားနအဖတပ် သည် ပလဲဝတွင် သတ်ပစ်ခဲ့ သည်။ ဒါ့အပြင် ၇.၄.၂၀၁၀ နေ့တွင် စော မင်းနိုင်(ခ)စောတော သူး အား ခလယ်လာအုပ်စု တွင်နအဖတပ်မှ သတ် ပစ်လိုက်သည်။

ဒူပလာယာခရိုင်။
- ၂၅.၄.၂၀၁၀ နေ့တွင် အောင်စိုးဦး ဦးစီးသောနအဖ တပ် ခလရ(၂၃၁) စစ်ကြောင်း(၂) သည် မြို့ဟောင်းအရပ်သို့ဝင်ရောက်ပြီး ရွာသူ ရွာသား များ အား အတင်းအဓမ္မ တောင်းရမ်းစားခဲ့သည်။ (၁) ဒေါ်ကြည် ၆၀နှစ်၏ ကြက်၂ကောင်၊ အီညာ ၆၁နှစ်၏ကြက်၂ကောင်၊ (၃) ဖားလားလု ၄၂နှစ်၏ ကြက်၎ကောင်၊ (၄) မူကော်လာ ၃၇နှစ်၏ ဆန်၊(၅)ဒေါ်စောလှ ၉၆နှစ်၏ ကြက်၁ကောင်၊ (၆)ဒေါ်အေး ကြယ်၇၀နှစ်၏ကြက်၁ကောင်နှင့်ဆန်၊ (၇) စောသွီလား ၃၅နှစ်၏ကြက်၁ကောင် တို့ အတင်းအဓမ္မတောင်းရမ်းခဲ့ သည်။

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်


ရဲရင့် (ခေတ်ပြိုင်မှ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။

Read More...

၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်

ယုတ်မာ ပက်စက်မှု ကတော့ ပြိုင်စံရှား စစ်ခွေးအုပ်စုပါပဲဗျာ...ထမင်းစားပြီး လူ့အသိစိတ် မရှိတဲ့ကောင်တွေကို မြန်မြန် ဝဋ်လည်ပါစေ လို့.....

သျှမ်းသံတော်ဆင့် မှ
သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Read More...

နယူးယောက်ခ်မြို့လယ် Times Square မှာ ကားဗုံးတွေ့ရှိ

VOA သတင်း မှ

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တော်က အဓိကကျပြီး လူစည်ကားလှတဲ့ Times Square မှာ ကားဗုံးထောင်ထားတာကို အချိန်မီ သိလိုက်ပြီးတဲ့နောက် တာဝန်ရှိသူတွေက အဲဒီနေရာကို လူအသွားအလာ ရပ်ပစ်ပြီး ကားဗုံးကို ရှင်းလင်းခဲ့ရပါတယ်။ အခုတော့ Times Square ကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။



Read More...