နအဖတပ်၏ရက်စက်မှုနှင့်လူမဆန်မှုသတင်း

တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ နအဖ တပ် ခမရ(၄၂၆) သည် အပြစ်မဲ့ ကော်သေးဒဲ ရွာသား၂ဦးဖြစ်တဲ့ စောတာအူးအူး နှင့် စောမင်းနိုင်(ခ)စောတောသူး တို့ ကိုဖမ်း ဆီးခဲ့ပြီး ၁၉.၄.၂၀၁၀ နေ့တွင်စောတာအူးအူး အားနအဖတပ် သည် ပလဲဝတွင် သတ်ပစ်ခဲ့ သည်။ ဒါ့အပြင် ၇.၄.၂၀၁၀ နေ့တွင် စော မင်းနိုင်(ခ)စောတော သူး အား ခလယ်လာအုပ်စု တွင်နအဖတပ်မှ သတ် ပစ်လိုက်သည်။

ဒူပလာယာခရိုင်။
- ၂၅.၄.၂၀၁၀ နေ့တွင် အောင်စိုးဦး ဦးစီးသောနအဖ တပ် ခလရ(၂၃၁) စစ်ကြောင်း(၂) သည် မြို့ဟောင်းအရပ်သို့ဝင်ရောက်ပြီး ရွာသူ ရွာသား များ အား အတင်းအဓမ္မ တောင်းရမ်းစားခဲ့သည်။ (၁) ဒေါ်ကြည် ၆၀နှစ်၏ ကြက်၂ကောင်၊ အီညာ ၆၁နှစ်၏ကြက်၂ကောင်၊ (၃) ဖားလားလု ၄၂နှစ်၏ ကြက်၎ကောင်၊ (၄) မူကော်လာ ၃၇နှစ်၏ ဆန်၊(၅)ဒေါ်စောလှ ၉၆နှစ်၏ ကြက်၁ကောင်၊ (၆)ဒေါ်အေး ကြယ်၇၀နှစ်၏ကြက်၁ကောင်နှင့်ဆန်၊ (၇) စောသွီလား ၃၅နှစ်၏ကြက်၁ကောင် တို့ အတင်းအဓမ္မတောင်းရမ်းခဲ့ သည်။

0 comments:

Post a Comment