ချစ်သူများနေ့အမှတ်တရ

ဒီအချစ်အတွက် င့ါရဲ့အချိန် ငါ့ရဲ့ဘဝ
နောက်ဆုံး ငါ့ရဲ့အသက်ပါပေးဆပ်ခဲ့ရ....
ငါ့လိုလူဒီလောကထဲရှိသေးရဲ့လား.....
ထမင်းအသက်(၇)ရက် ရေအသက်(၁)မနက်
အချစ်အတွက် ငါ့(၁)သက်......
အချစ်ကိုကိုးကွယ် ငါ့ဘဝဟာစိုးရိမ်ဖွယ်........
ဒီအချစ်အတွက်နဲ့ ငါ့ဘဝငါ့ရဲ့အသက်....
တိမ်တိုက်လို ဝေးလွင့်ပျောက်ကွယ်

Read More...

ရွာ(၃)ရွာကို စခန်းဆောက်ရန် ဒီကေဘီအေ အဓမ္မခိုင်းစေ

ဖေဖော်ဝါရီလ ၁၂ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဒီကေဘီအေ၏ တပ်မဟာ (၉၉၉)လက်အောက်ခံ တပ်ရင်း(၇)က ၎င်းတို့အခြေစိုက်တပ်စခန်းသစ် အပြီးသတ်တည်ဆောက် ရန်အတွက် ကရင်ပြည်နယ်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်အတွင်းရှိ ၀ါ့မီကလားကျေးရွာအုပ်စု ရွာ(၃)ရွာကို ဒုတိယအကြိမ် အဓမ္မလုပ်အားပေး ခိုင်းနေသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဓမ္မလုပ်အားပေးခိုင်းခံရသည့် ရွာ(၃)ရွာမှာ ကလေ့ဖိုးကလိုး၊ ကလေ့မိုခီးနှင့် ထီးတိုကော်(လို့လာ့လေး)ရွာများဖြစ်ပြီး မသွား မနေရ စနစ်ဖြင့် ခိုင်းစေခြင်းဖြစ်ကြောင်း ၀ါ့မီကလားကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့မနက်တွင် ပြောဆိုသည်။

Read More...

စစ်တပ်က မီးရှို့သဖြင့် ကရင်ရွာသား ၁၀၀၀ ကျော် ထွက်ပြေး

ဆလိုင်း ဟံသာစန်း(မဇ္ဈိမသတင်း)
နယူးဒေလီ (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ ကရင်ကျေးရွာ ၂ ရွာမှ အိမ်ခြေ ၇၀ ခန့်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အစိုးရတပ်များက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသား ၁၀၀၀ ကျော် ထွက်ပြေးနေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အဆိုအရ သိရသည်။
ယခုလ ၇ ရက်နေ့နှင့် ၉ ရက်နေ့တွင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စီတိုထာနှင့် ကဒီးမူ ကျေးရွာတို့ ထိုသို့ မီးရှို့ဖျက်ဆီးခံရသဖြင့် ရွာသားများသည် တောများအတွင်း ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

Read More...

ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး

ရဲရင့်/ ၁၁ ဖေဖော်ဝါရီ ၂ဝ၁ဝ(ခေတ်ပြိုင်)
မန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။

Read More...

နအဖစစ်တပ်များ ၀င်ရောက်သောင်းကျန်းမှုကြောင့် ရွာသား ၅၀၀ကျော် တောထဲ ပြေးပုန်းနေရ

ဖေဖော်ဝါရီလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြောက်ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင် ယခုလဆန်းပိုင်းအတွင်း လှုပ်ရှားနေ သော နအဖစစ်တပ်များသည် ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေရှိ ကျေးရွာအတွင်း ၀င်ရောက်သောင်းကျန်းမှု ကြောင့် ဒေသခံရွာသား ၅၀၀ကျော်မှာ တောတောင်ထဲသို့ ထွက်ပြေးပုန်းအောင်းနေရသည်ဟု သိရသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဖေဖော်ဝါရီ ၁၀ရက် ၂၀၁၀ခုနှစ်။

တပ်မဟာ(၂) တောင်ငူခရိုင်။
- ၈.၂.၂၀၁၀နေ့ ၀၉း၅၉အချိန် ဃောတူထိုးအရပ်တွင် KNUရဲဘော်တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦး ဒဏ်ရာရ။
- ၉.၂.၂၀၁၀နေ့ ၁၀း၀၀အချိန် ခူလယ်ဒဲပေါ်ပိုထာ အရပ်တွင် KNUရဲဘော်တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦး ဒဏ်ရာရ။
- ထန်းတပင်ခရိုင် ၉.၂.၂၀၁၀နေ့ပြင်စလိုစခန်းရှိ နအဖတပ် စကခ(၇) ခမရ(၆၂၁)သည် ပြင်စလိုရွာ သားများအား တအိမ်လျှင်ဝါး(၅)ချောင်းနှုန်း၊အရှည်၁၂ပေရှိဝါးများကိုအတင်း အကြပ်ခုတ်ခိုင်း။
အဲဒီတရက်ထဲမှာဘဲကလော်မီးဒဲရှိ စကခ(၇) ခမရ(၄၂၁) တပ်သည်အဆိုပါရွာရှိအမျိုးသား(၃၀)ဦး အားကလော်မီးဒဲစခန်းမှလယ်ကုလားစခန်းသို့သူတို့၏စားစရာများကိုအဓမ္မပို့ဆောင်ခိုင်း။
အဲဒီကလော်မီးဒဲရှိနအဖတပ်သည် ကော်သေးဒဲရွာအနီးသကူလိုအရပ်သို့ အစာသွားဝယ်စားသော ဆောဝါဒဲရွာသား အား ပစ်ခတ်ရာထိုရွာသားမှာထွက်ပြေးလွတ်မြောက်သော်လည်းသူ၏ပစ္စည်းများ အကုန်ကျန်ရစ်ခဲ့။

Read More...

ဦးလေးထံ ဖုန်းဆက်မှ စစ်တပ်ထဲရောက်နေကြောင်း မိဘများသိရ

ဖြိုးကြီး (ရိုးမ၃)

အသက်မပြည့်သေးသည့် ကလေးတဦး စစ်တပ်ထဲရောက်နေကြောင်း ဦးလေးဖြစ်သူထံ ဖုန်းဆက်မှ သိရသဖြင့် ပြန်ခေါ်ရန်အတွက် မိဘများက လမ်းပြကြယ်အဖွဲ့သို့ အကူညီတောင်းခံထားလျှက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့က အလုပ်လုပ်နေစဉ် ပျောက်သွားသည့် မောင်သူဇင်ဦးက ယခုဆန်းပိုင်းတွင် ဦးလေးဖြစ်သူ ကိုအောင်လတ်ထံသို့ ဖုန်းဆက်၍ စစ်သင်တန်းကျောင်း ရောက်နေသည်ဟု ပြောမှ သိရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

Read More...

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၉ ရက် ၂ဝ၁ဝ ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်။
- ၄.၂.၂ဝ၁ဝ နေ့ ၁၅း၎ဝ အချိန် ဝန်ပူဖျာအရပ်တွင် KNLA တပ်ရင်း(၁) ၏တိုက်ခိုက်မှုကြောင့် ခမရ(၂၀၆) ဘက်မှ ၃ဦးသေ ၃ဦးဒဏ်ရာရ။
- ကျိုက်ထိုမြို့နယ်မှ DKBA မောင်ချစ်သူ လူများသည် ၃.၂.၂၀၁၀ ရက်တွင်ကပယ်ခီးရွာနှင့်နော်လားခီးရွာမှ ရွာသား၁၈ဦး ကိုပြားသားမှဖီးဖူးလိုကလိုးထိ သူတို့၏ကားလမ်းများပြင်ဆင်ရန်အတင်းအဓမ္မခိုင်း။ ၄.၂.၂၀၁၀ နေ့တွင် ၁၇ဦး၊ ၅.၂.၂၀၁၀ နေ့တွင်၁၁ဦး၊ ၆.၂.၂၀၁၀နေ့တွင်၁၇ဦးတို့ကိုလည်းထပ်မံခိုင်း။

တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင်။
- ၃၀.၁.၂၀၁၀ နေ့ ၀၇း၄၂ အချိန်တွင် ခမရ(၄၀၈) နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖဘက်မှ ဗိုလ်လေး ၁ဦးသေ ပြီး ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲ အချိန်၀၉း၀၀ တွင် ရေဘူနှင့်နွယ်လီ မိုင်တိုင်(၄၀) အကြား တိုက်ခိုက်မှု ကြောင့် ရန်သူ ခမရ(၄၀၉)ဘက်မှ အရာရှိကြီး/ငယ် ၂ဦးသေ၊ ၂ဦးဒဏ်ရာရတဲ့အပြင်သူတို့ ၏မော်တော်ယာဉ်ပါ ပျက်စီး။

Read More...

ပြန်ပို့ခံရသော ဒုက္ခသည်များ ပြန်လည်ရောက်ရှိလာ

Tuesday, 09 February 2010 သန်းထိုက်ဦး (ဧရာဝတီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထဆောင် ယန်းမြို့နယ်ရှိ ဒုက္ခသည်စခန်း၌ မကြာသေးခင် ရက်ပိုင်းက ပြန်ပို့ခံလိုက်ရသော ကရင်ဒုက္ခသည် ၁၂ ဦး ယနေ့ ပြန်လည် ရောက်ရှိလာ သည်ဟု ကရင် အမျိုးသမီး အစည်းအရုံး (KWO) ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်း နိုက်ဇန် က ပြောသည်။

ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် ထဆောင်ယန်း မြို့နယ်ရှိ ဒုက္ခသည် စခန်းမှ ပြန်ပို့ခံရသော ကရင် ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

Read More...

နောက်ဆုံးရောင်းစရာမရှိတော့ရင်ကိုယ့်မိန်းမပါလေလံပစ်မဲ့ကောင်တွေ

ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်ကို ပုဂ္ဂလိကသို့ ရောင်းပြီ (ဧရာဝတီ)

ရန်ကုန် မြို့လယ်ရှိ ရွှေတိဂုံဘုရား အနောက်ဘက် မုခ်နှင့် ပြည်သူ့လွှတ်တော် ရှေ့တွင် တည်ရှိသော ဧက ၁၃၀ ကျယ်ဝန်းသည့် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်ကို စစ်အစိုးရက ပြည်တွင်း ကုမ္ပဏီတခုသို့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

Read More...

ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ

ဆောင်းပါး - ကန္တာရ၀တီတိုင်း(မ်)
ရေးသားသူ - ပါးရယ်

“တို့ခြံထဲမှာ စိုက်ခဲ့ပေမယ့်…တို့ခြံတဖက်မှာ သီးပွင့်လေတိုင်း၊ တို့စိုက်သောဖရုံ တို့မစားရတော့… ဘယ်လိုနေမလဲ၊ တွေးကြည့်စမ်းလေ။ တို့ပိုင်တဲ့မြေ၊ တို့ပိုင်တဲ့ရေ၊ တို့.. တို့လူမျိုးတွေ၊ ညအမှောင်ထဲမှာ …လောပိတရေ ပြန်လာခဲ့” ဟု တေးသီချင်းစာသားက ကယားပြည်သူများ လျှပ်စစ်မီး လုံလောက်စွာ မရရှိသည့်အကြောင်းကို ဖော်ညွန်းနေသည်။
အမှန်တကယ်တွင် ကယားပြည်နယ်မြို့တော်၊ လွိုင်ကော်မြို့နယ်၊ လောပိတ ကျေးရွာအနီးရှိ လောပိတရေတံခွန်ကို အမှီပြုတည်ဆောက်ထားသည့် ရေအားဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးလာခဲ့သည်မှာ ယခုဆိုလျှင် ၂၅ နှစ်ပင်ကျော်လာပြီဖြစ်သည်။

Read More...

မီးခြစ်ဆံဖင်ကြားညပ်ပြီးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ချီတက်ကြစို့

ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဆီသို့ရည်မှန်းချက်နဲ့အညီချီတက်နေ သော စစ်ခွေးနအဖနှင့်သူတို့အတွက်စီဘောက်တကာ လိုက်ဟောင်ပေး နေသော စစ်ခွေးနအဖ၏အုပ်စု(ဥစုပ်)ကိုယ်တော်များရေ မီးတောင်အလှည့်ကျမှန်မှန်မပေးနိုင်ပဲနဲ့ဘယ်လိုလုပ်ပြီး တိုင်းပြည်တိုးတက်အောင်လုပ်နေလဲလို့မေးပါရစေဗျား။ အရှက်မရှိဘဲဟိုဟောင်ဒီဟောင်လိုက်ဟောင်နေမဲ့အစား အမြင်မှန်ရပြီးအရိုး လေးကိုက်ရင်းနဲ့အမြီးနှံ့နေစမ်းပါကွာ။
KNU နှင့်တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လိုက်ပုတ်ခတ်မဲ့အစား မင်းတို့ရဲ့ခွေး ဘီလူးစစ်ချုပ်ကို ပြန်မေးလိုက်ဦး။ “အဘကတိုင်းပြည်ကိုတိုးတက်အောင်ဘယ်လိုလုပ်နေလဲ”လို့....
အခုလည်းကြည့်ဆယ်တန်းစာမေးပွဲနီးလာတာတောင်အလှည့်ကျပေးနေတဲ့မီးကလာတာမမှန်တော့ဘူးဆိုတော့ကျောင်းသားတွေဘယ်လိုလုပ်ပြီးစာကျက်မလဲ။ ဒါလားတိုင်းပြည်တိုးတက်အောင်ဆောင်ရွက်နေတာ......ထွီး..စောက်ရှက်မရှိတဲ့ ကောင်တွေမင်းတို့မို့လို့ ဒီစစ်ခွေးတွေအတွက်လျှောက်ဟောင်ရဲသေးတယ်။ ထပ်ပြီးပြောလိုက်ဦးမယ်၊ မင်းဟောင်နေလည်းမင်းမိသားစုကတော့ အမှောင်ထဲမှာ ဖာခံစားနေရတာကိုသိထားပါ..စစ်ခွေးပေါက်စတွေရေ...

အလှည့်ကျ ပေးသည့်မီး ပုံမှန်ပြန်ပျက်လာ
ရေအားလျှပ်စစ်ကို အားကိုးအားထားပြုလျှက်ရှိသည့် ရန်ကုန်မြို့တွင် မိုးတွင်းကာလ ၂ လခန့်မှလွဲပြီး မီးပျက်လေ့ရှိသည်။ လွန်ခဲ့သည့် ၁၀ နှစ်လောက်မှစပြီး မြို့တော်ရန်ကုန်မှာ မီးအချိန်ပြည့်မရတော့ပဲ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးရရှိခဲ့သည်။

မြို့တော် နေပြည်တော်သို့ ပြောင်းသွားသည့်နောက်ပိုင်းမှစပြီး ရန်ကုန်မြို့ရှိ လျှပ်စစ်မီးပေးဝေစနစ် သိသိသာသာ ကျဆင်းလာခဲ့သည်။ ယခုတလော အလှည့်ကျလာနေသည့်မီးကလည်း ကြားဖြတ်ပုံမှန်ပျက်လာပြီး မြို့ခံများ စိတ်ညစ်နေကြရသည်။

Read More...

ဖမ်းမိ စိတ်ကြွဆေးများ နအဖ လက်ဝေခံများထံမှဖြစ်ဟု ဒေသတွင်း မူးယစ်လေ့လာသူတို့ ပြောကြား

ဘာမဆိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပဲ လွဲချတဲ့အပြင် စစ်ခွေးနအဖများ၆၁နှစ်တိုင်အောင် တိုက်လို့မနိုင်တဲ့KNU ကိုကုလားမ နိုင်ရခိုင်မဲတဲ့လုပ်ရပ်ကိုတကမ္ဘာလုံးကသိထားကြတယ်။ ဒါကြောင့်ပြီးခဲ့တဲ့မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဖတ်လိုက်ရတဲ့သ တင်းလေးတပိုဒ်ကိုတင်ပေးလိုက်ပါတယ်။ ကဲ...ဘယ်လိုလဲ? နအဖစစ်ခွေးတွေဘက်ကလိုက်ပြီးအူနေတဲ့ခွေးဝဲစား များဘာများ ထပ်ပြောကြမလဲဆိုတာ စောင့်ကြည့်ကြရအောင်ဗျာ.....။။။

ဝီရ(ခေတ်ပြိုင်)
ဘန်ကောက်မြို့နှင့် စမွတ်ပရာခန်ခရိုင်အတွင်း သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေး (၃.၆၆) သန်းသည် ထိုင်းအာဏာပိုင်တို့ စွပ်စွဲထားသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့မှမဟုတ်ဘဲ မြန်မာစစ်အစိုးရ အုပ်ချုပ်သည့် နယ်မြေအတွင်းရှိ ပြည်သူ့စစ်နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့တို့မှ ပစ္စည်းများဖြစ်ကြောင်း ဒေသတွင်း မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။

Read More...

"KNU Pre Speech on 62 Karen National Day _Karen"

KNU Pre Speech on 62 Karen National Day (Burmese)

ဘေးအန္တရာယ်တွေ့နိုင်သောကရင်ဒုက္ခသည်များ