လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဖေဖော်ဝါရီလ ၉ ရက် ၂ဝ၁ဝ ခုနှစ်။

တပ်မဟာ(၁) သထုံခရိုင်။
- ၄.၂.၂ဝ၁ဝ နေ့ ၁၅း၎ဝ အချိန် ဝန်ပူဖျာအရပ်တွင် KNLA တပ်ရင်း(၁) ၏တိုက်ခိုက်မှုကြောင့် ခမရ(၂၀၆) ဘက်မှ ၃ဦးသေ ၃ဦးဒဏ်ရာရ။
- ကျိုက်ထိုမြို့နယ်မှ DKBA မောင်ချစ်သူ လူများသည် ၃.၂.၂၀၁၀ ရက်တွင်ကပယ်ခီးရွာနှင့်နော်လားခီးရွာမှ ရွာသား၁၈ဦး ကိုပြားသားမှဖီးဖူးလိုကလိုးထိ သူတို့၏ကားလမ်းများပြင်ဆင်ရန်အတင်းအဓမ္မခိုင်း။ ၄.၂.၂၀၁၀ နေ့တွင် ၁၇ဦး၊ ၅.၂.၂၀၁၀ နေ့တွင်၁၁ဦး၊ ၆.၂.၂၀၁၀နေ့တွင်၁၇ဦးတို့ကိုလည်းထပ်မံခိုင်း။

တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင်။
- ၃၀.၁.၂၀၁၀ နေ့ ၀၇း၄၂ အချိန်တွင် ခမရ(၄၀၈) နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ နအဖဘက်မှ ဗိုလ်လေး ၁ဦးသေ ပြီး ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲ အချိန်၀၉း၀၀ တွင် ရေဘူနှင့်နွယ်လီ မိုင်တိုင်(၄၀) အကြား တိုက်ခိုက်မှု ကြောင့် ရန်သူ ခမရ(၄၀၉)ဘက်မှ အရာရှိကြီး/ငယ် ၂ဦးသေ၊ ၂ဦးဒဏ်ရာရတဲ့အပြင်သူတို့ ၏မော်တော်ယာဉ်ပါ ပျက်စီး။

တပ်မဟာ(၆) ဒူပလာယာခရိုင်။
- ၂၅.၁.၂၀၁၀ နေ့တွင် ရတခ စဗဟ(၃) နှင့်ခမရ(၄၀၂)စစ်ကြောင်း(၁)တို့ပူးပေါင်းပြီး KNLA တပ်ရင်း(၁၆) ကိုနိုင်ကာထာအရပ်တွင် ဝင်ရောက်တိုက်ခိုက်ရာ KNLA ဘက်မှတပ်သား၁ဦးအဖမ်းခံရ၊ စကားပြောစက် တလုံး AK တလက်နှင့် လက်နက်ငယ်တလက်ဆုံးရှုံး။
- ၁.၂.၂၀၁၀ နေ့ KNLA တပ်ရင်း(၁၆) သည် ခမရ(၅၈၈) စစ်ကြောင်း(၁) ကိုသီးတယ်နှင့် သီးထဲအကြား တိုက်ခိုက်သောကြောင့် ခမရ(၅၈၈) ဘက်မှ ၁ဦးသေ၊ ၁ဦးဒဏ်ရာရ။ အဆိုပါတရက်ထဲမှာဘဲ ၁၃း၁၃အ ချိန်တွင် KNLA တပ်ရင်း(၁၆)၏ထပ်မံတိုက်ခိုက်မှုကြောင့် ခမရ(၄၀၇)စစ်ကြောင်း(၂)မှ ဗိုလ်၁ဦးသေ။

တပ်ရင်း(၂၀၁)
- ၅.၂.၂၀၁၀ နေ့၀၈း၃၀အချိန်တွင် KNLA နှင့် ခမရ(၄၀၉)တို့ ထီးလော်သိချောင်းတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ခမရ(၄၀၉)ဘက်မှ ၂ဦးသေ။


0 comments:

Post a Comment