ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် လမ်းဖားရွာအနီးမှာ ရင်ဆိုင်ထား

နေ့သစ် မှ........


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက လမ်းဖါးရွာအနီးမှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကျိုက်ဒုံဘက်ကို တက်လာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရ တပ်မှ အရာရှိတဦး အပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။

Read More...

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။

ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။

Read More...

ဘုရားသုံးဆူတွင် အစိုးရစစ်တပ်များ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်

စောသိန်းမြင့်(ကေအိုင်စီ)...........

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက် မှ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ဘုရားသုံးဆူမြို့တွင်းနှင့် မြို့ပြင်ဘက်တွင် အစိုးရစစ်တပ်အား ကရင်ပူးပေါင်းတပ်ဖွဲ့ များက နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ယခုလို စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည် ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၆)မှ ဗိုလ်ကြီးစောထဲနေက ပြောသည်။

၎င်းက “ဘုရားသုံးဆူမြို့ စရဖရုံးမှာ ၀င်ပစ်တဲ့ကိစ္စရယ်၊ နောက်တခု မဲ့ကသာရွာမှာလည်း ပစ်ခတ်မှုတွေ ဖြစ် ပွားခဲ့တယ်လေ။ အဲဒါကြောင့် စစ်ရေးပြင်ဆင်မှုတွေလုပ်တာ ဖြစ်နိုင်တယ်။ အဲဒါတွေဟာ ဘုရားသုံးဆူ ဒေသ လုံခြုံရေးအတွက်ပါပဲ။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

နယ်ခြားစောင့်တပ်က အစိုးရ တပ်သားတဦးကို ပစ်ခတ်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ မှ........

လွတ်လပ်သော မွန်သတင်း အေဂျင်စီ - ယမန်နေ့ (ဇွန်လ ၉ ရက်) ညက ထိုင်း-မြန်မာနယ်စပ် ဘုရား သုံးဆူမြို့တွင် နယ်ခြားစောင့်တပ်ဖွဲ့ BGF က ခလရ ၂၈၄ မှ တပ်သားတဦးကို ပစ်ခတ်ခဲ့ကြောင်း ထိုအကြောင်းကို စုံစမ်းထားသည့်ဘုရားသုံးဆူမြို့ ခံတဦးက ပြောသည်။

ရပ်ကွက် (၄) ရှိ ဥဒေါင်းကန်ပတ်လမ်း စားသောက်ဆိုင်တဆိုင်ရှေ့ ည ၈ နာရီခွဲခန့်တွင် အချင်းများကြရာမှ ခလရ ၂၈၄ မှ တပ်သား တင်သောင်း ပစ်ခတ်ခံရခြင်း ဖြစ်သည်။

Read More...

KIA နှင့် တိုက်ပွဲ အစိုးရတပ်မှ ဗိုလ်မှူးအပါအဝင် ၃ ဦးသေ ၆ ဦးဒဏ်ရာရ

သေပြန်ပြီး ဒီစစ်ခွေးတွေကို ကရင်က ဆုံးမ လိုက်...အခုကချင် ကထပ်ပြီးLesson ပေးလိုက်တော့ သနားစရာလေးတွေပါလားနော်.......

သျှမ်းသံတော်ဆင့်သတင်း မှ....

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်း ဂျွန် ၉ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးတပ်မ တော် KIA နှင့် မြန်မာ အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ ဗိုလ်မှူးတစ်ဦးအပါ အဝင် စစ်သည် ၃ ဦးကျ ဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွား ကြောင်း မပခ လက်အောက်ခံ မြန်မာစစ်တပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

မြန်မာစစ်တပ် ခမရ ၄၃၇ က မိုးမောက်မြို့နယ် လွယ်ယိန်းတောင် အခြေစိုက် KIA တပ်ရင်း ၁၅ အား ၎င်းနေ့နံနက် ရ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ် သည်။

Read More...

တော်လှန်ရေးသမား ၃၄ ဦး KNU ဂုဏ်ပြု

နယူးဒေလီ (မဇ္ဈိမ) ။ ။

အိန္ဒိယထောင်များအတွင်း ၁၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့သည့် ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအား ကရင်အမျိုးသား အစည်းအရုံး KNU တော်လှန်ရေးသမိုင်း၌ ကြာသပတေးနေ့တွင် မှတ်တမ်းတင်လိုက်သည်။

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် ပြုလုပ်ခဲ့သည့် မျိုးချစ်သူပုန် ၃၄ ဦးအား ဂုဏ်ပြုသည့် အခမ်းအနား၌ KNU က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။“မလျှော့သော ဇွဲလုံ့လနဲ့ အနစ်နာခံ၊ အပင်ပန်းခံလာခဲ့တဲ့ အတွက် ကျနော်တို့ KNU အနေနဲ့ တော်လှန်ရေးရဲ့ သမိုင်းကိစ္စမှာအတည် ဖြစ်ပါလိမ့်မယ်။ အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်” ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောအားတိုးက ဂုဏ်ပြုပွဲတွင် ပြောဆိုခဲ့သည်။

Read More...

ကရင်နှင့် ကျောင်းသားတပ်မတော် ပူးပေါင်း စစ်ဆင်ရေး ကြေညာချက် ထုတ်ပြန်

ကေအိုင်စီ သတင်းမှ......

မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် ရည်ရွယ်၍ “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရ သော ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်သည့် ကြေညာချက် တစ်ခုကို ကရင်နှင့် ကျောင်းသားတပ်မတော်တို့က ဇွန်လ ၆ရက် နေ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည် ဧပြီလက DKBA ကလိုထူးဘော အခြေချဗျူဟာမှ စစ်ရေးအရှိန်မြှင့်တင်ရေး ကြေညာချက်၏ နောက်ဆက်တွဲအ နေဖြင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ပူးပေါင်းတပ်တို့က ကရင်ပြည်နယ်အတွင်း တစ် နေရာ၌ တွေ့ဆုံကာ မာနယ်စိုးစစ်ဆင်ရေးကို ညှိနှိုင်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

Read More...

ဘုရားသုံးဆူ ပေါ်တာဆွဲ

ချင်းမိုင် (မဇ္ဈိမ) ။ ။

ထိုင်း-မြန်မာနယ်စပ် မွန်ပြည်နယ် ဘုရားသုံးဆူမြို့သို့ သေနတ်သမားများ တိုက်ခိုက်မှု ဖြစ်အပြီး နောက်တရက်တွင် လက်သည်ကို လိုက်လံရှာဖွေသော အစိုးရတပ်စစ်ကြောင်းက မြို့နယ်အတွင်းရှိ ရွာသားအချို့ကို ပေါ်တာဆွဲကာ အကာအရံအဖြစ်ပင် အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင် ခလရ ၃၇၃ စစ်ကြောင်း ၁ ၊ ၂ ပူးပေါင်းစစ်ကြောင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦးနှင့် အပလုံရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်းရှေ့မှ ချီတက်စေပြီး ကျန်သူများကို တပ်ရိက္ခာ ထမ်းစေသည်ဟု ပြောသည်။

Read More...

KNU တပ်မဟာ (၆) မှ စစ်ဆင်ရေး တိုးချဲ့လာခြင်း

ကောင်းဝါ သတင်းဌာန မှ........

ကေအန်ယူတပ်မဟာ(၆)သည် ၎င်း၏လက်အောက် ခံ တပ်ရင်းများဖြစ်သော တပ်ရင်း (၁၆)(၁၇)(၁၈) နှင့် ကေ အန်ဒီအိုတပ်ရင်းကို အခြေခံကာ ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကစပြီး ပျောက်ကြား စစ်ဆင် ရေး များ ပို ပြီးတိုက် ခိုက်လာခဲ့ပါသည်။ ဤသို့ တိုက်ခိုက်လိုက်ခြင်းအားဖြင့်နအဖစစ်ကြောင်း များရဲ့ လှုပ်ရှားမှုများလည်း တုန့် ဆိုင်းသွားမယ်လို့ ကေအန်ယူတပ်မဟာ(၆) က အရာရှိတဦး ပြောပါတယ်။


စစ်အစိုးရတပ်တွေဟာ ဘုရားသုံးဆူမြို့ ကိုဝန်းရံသည့် နောက်ထပ်စစ်စခန်း (၃) ခုထက်မနဲ ဆောက် ဖို့ ရှိနေတယ်။ အဲဒါကြောင့် သူတို ကစစ်ရေ့းလှုပ်ရှားမှုတွေ ပိုလုပ်လာတာဖြစ်တယ်။ ဒါကိုကျနော်တို့ ကလည်း တန်ပြန်တဲ့အနေနဲ့ သူတို့ လှုပ်ရှားမှုတုန့် သွားအောင် ပိုပြီးတိုက်လာရတာဖြစ်တယ်လို့  ဆိုကြပါတယ်။ဒါကြောင့် ကေအန်ယူတို့ အနေနဲ့ အခုလို စစ်ဆင်ရေးတွေ တိုးချဲ့ လာရခြင်းဖြစ်ကြောင်း ပြောပါသည်။

Read More...

ကရင်ပြည်နယ် ထိုးစစ်အတွက် မြန်မာစစ်တပ် စတင် တပ်စွဲ

ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် ကရင်ပူးပေါင်း တပ်ဖွဲ့များကို အပြီးပြတ် သုတ်သင်မည့် မိုးတွင်းကာလ အထူးစစ်ဆင်ရေး တရပ် ပြုလုပ်ရန် တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခု ၎င်းဒေသအတွင်း ၀င်ရောက်တပ်စွဲထားသည်ဟု သိရသည်။

Read More...

မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ တိုက်ပွဲကြား ဒေသခံများ ရှေ့ပြေးအဖြစ် အသုံးပြုခံနေရ

ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ ထိုဒေသရှိ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ကရင်ရွာသား ၃၀ကျော်ကို စစ်ကြောင်း၏ ရှေ့ပြေးလမ်းပြအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။

မြန်မာစစ်တပ် ခလရ(၃၇၃) စစ်ကြောင်းက ကရင်ဒေသခံများကို လမ်းပြအဖြစ် အသုံးပြုခဲ့သည်နှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၆)မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“မြိုင်သာယာရွာက ၁၀ယောက်။ အမျိုးသမီးရော ခလေးရောပါတယ်၊ အဲဒီလူတွေကို စစ်ကြောင်းအရှေ့ကို သွားခိုင်းပြီးတော့ အပလုံ ကျေးရွာကို လိုက်ပို့ခိုင်းတယ်၊ အပလုံရောက်တော့ နောက်ထပ် ရွာသား ၂၄ယောက်ကို ထပ်ဖမ်းတယ်။ ခလေးရော လူကြီးရော အမျိုးသမီးပါ ပါတယ်။”ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသ

Read More...

ဘုရားသုံးဆူမြို့နယ်တွင် ပြောက်ကျားတိုက်ပွဲ ပြန်လည်စတင်လာ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးတွင် မြန်မာစစ်တပ်နှင့် ကရင်တပ်ဖွဲ့ဝင်များ ယနေ့ ထိုင်းစံတော်ချိန် မွန်းလွဲ ၁နာရီခန့်အ ချိန်တွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်ဟု နယ်စပ်သတင်းများအရ သိရသည်။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို အတိအကျ မသိရသော်လည်း ကရင်တပ်ဖွဲ့ဝင်များက မဲ့ကသာရွာ နယ်မြေရှိ မြန် မာစစ်တပ် ခမရ(၂၈၄)ကို ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေအနေကို စောင့်ကြည့်နေသည့် ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သူက “ဒီနေ့ဖြစ်တဲ့တိုက်ပွဲက မဲ့ကသာဂွင်ပဲ။ နေ့လည် ၁နာရီလောက်က ဖြစ်လိုက်၊ နားလိုက်နဲ့ ၂နာရီလောက်မှာ အသံတွေက တိတ်သွားတယ်။ ကရင်ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပေမဲ့ ဗမာတပ်ဘက်ကတော့ ၈၁-မမနဲ့ လှမ်းပစ်တာ ကြားနေရ တယ်။ ကရင်တပ်ဖွဲ့က ဘယ်အဖွဲ့ဆိုတာ မသိသေးသလို ထိခိုက်မှုကိုတော့ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ။”ဟု ဆိုသည်။

Read More...

ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်

မဇ္ဈိမသတင်းဌာန ။ ။

စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်းများနှင့် ဈေးများအားလုံး ပိတ်ထားလိုက်ကြသည်။

မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။

Read More...

မြန်မာမှ အဆင့်မှီ လေဆိပ် တစ်ခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရ

အင်မတန်ကြောက်ခမန်းလိလိ တိုးတက်နေသော မြန်မာပြည်ကြီးပါလားနော်.......သန်းရွှေ နဲ့အပေါင်းအပါတို့ရေ....ရှက်တတ်ရင်ငုတ်တုတ်သေလိုက် တော့...............

နိရဉ္စရာ သတင်းဌာန မှ....

မြန်မာနိုင်ငံကို အုပ်ချုပ်သူ အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ အဆင့်မှီ လေဆိပ် တစ်ခု အဖြစ် တိုးချဲ့ တည်ဆောက်နေပါသည်ဟု ဆိုသော စစ်တွေ လေဆိပ်တွင် လေယာဉ်ဘီးများကို လေထိုးရန် စက်မရှိသဖြင့် လေယာဉ် တစီး ညအိပ် ရပ်နားခဲ့ရ သည်ဟု သိရသည်။

အဆိုပါ လေယာဉ်မှာ မေလ ၂၉ ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များကို တင်ဆောင် ပျံသန်းလာသော အစိုးရပိုင် မြန်မာလေကြောင်းလိုင်း XY- AIB လေယာဉ် ဖြစ်ကြောင်း သိရသည်။" ညအိပ်ရပ်နားခဲ့ရတာက မှန်ပါတယ်။ နေုာက်တစ်နေ့ နေ့လည်ပိုင်းမှ ရန်ကုန်ကို ပြန်သွားခဲ့ရပါတယ်။ ဘီးက လေလျော့နေတဲ့ အတွက် ဘီးတစ်လုံး ရန်ကုန်က ရောက်လာပီးမှ ပြန်လဲကာ ထွက်ခွာသွားခဲ့ပါတယ်" ဟု လေဆိပ်တွင် အလုပ် လုပ်ကိုင်နေသူ ကိုထွန်းရွှေက ပြောသည်။

Read More...

လူစိတ်မရှိသော စစ်ခွေးနအဖ၏ ယုတ်မာရက်စက်မှု

One villager injured by mortar, one villager beaten in Th'Waw Thaw village

KHRG မှ.........

On May 22nd 2011 a KHRG researcher reported that one villager was injured by a mortar, and one villager was beaten by the Tatmadaw during a clash between Tatmadaw LIB #310 and another group on May 20th in Th'Waw Thaw village, Kawkareik Township. KHRG's researcher could not confirm which armed group was involved in the clash with the Tatmadaw, but local sources speculated that it was a force of DKBA soldiers.

According to KHRG's researcher, at approximately 2 pm on May 20th, a group of soldiers from LIB #310, including the Battalion Commander, were returning to Th'Waw Thaw village from a meeting with members of the Royal Thai Army (RTA) in Thailand. The clash began outside Th'Waw Thaw, as the Tatmadaw soldiers approached the village. According to local sources that spoke with KHRG's researcher, the fighting lasted for ten minutes, during which time the LIB #310 Battalion Commander was killed; two other Tatmadaw soldiers later died from wounds sustained during the clash.

Read More...

မြိုင်ကြီးငူရှိ BGF နှင့် KNLA ပူးပေါင်း တပ်ဖွဲ့များ စစ်ရေးအဆင်သင့်ဖြစ်နေ

ကေအိုင်စီ သတင်းမှ.........

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင် များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) တပ်မဟာ (၇) တပ်ဖွဲ့ဝင်များသည် မေလနောက်ဆုံးပတ်မှစ၍ ပူးပေါင်းချိတ်ဆက်ကာ မြန် မာအစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန်အသင့် ဖြစ်နေပြီဟု KNLA တပ်မဟာ(၇)ကထုတ်ဖော်ပြော ဆိုသည်။

KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “နယ်ခြားစောင့် (၁၀၁၂) က ဗိုလ်ဘိ ဦးဆောင်ပြီးတော့ မြိုင်ကြီးငူမှာရှိတဲ့ BGF တပ်ရင်း ၄ရင်းနဲ့ ကျနော်တို့ တပ်မဟာ (၇) က တပ်ရင်းအချို့ ချိတ်ဆက်မိနေပါပြီ။ တပြိုင်နက်တည်းမှာပဲ စစ်ရေးကို ပြင်ဆင်ထားပြီး မြန်မာစစ်တပ်ဘက်က စတိုက်လာတယ်ဆိုတာနဲ့ ပြန်တိုက်ဖို့က ကျနော်တို့တွေ အသင့်အနေအထားမှာ ရှိနေပါတယ်။”ဟု ကေ အိုင်စီကို ပြောသည်။

Read More...