ဒေါ်အောင်ဆန်းစုကြည်၊ သိန်းစိန် တွေ့ဆုံဆွေးနွေးမှု အတွင်းသတင်းများ

နေ့သစ် မှ........

ဒေါ်စု နဲ့ သိန်းစိန် တွေ့စဉ်- ဒုသမ္မတ တင်အောင်မြင့်ဦး တက်ခွင့်မရ။ အစိုးရ၀န်ကြီးတွေလဲ တက်ခွင့်ရ၊ ကြံ့ဖွံ့ခေါင်း ဆောင်တွေ သိပ်ကိုစိတ်ဆိုးတယ်လို့ သိရ။ ဒေါ်အောင်ဆန်းစုကြည် ကို ဗွီအိုင်ပီလို ပြုစုဆက်ဆံတယ်လို့ သိရ။ ဒေါ်စု က ရောက်ကာစက ခပ်တောင့်တောင့် ဖြစ်နေတယ်။ နောက်တော့ အဆင်ပြေသွားတယ်။ လူတိုင်း ပြုံးပြုံရီရီဖြစ်လာတယ်လို့ ဆို။ ဒေါ်စုနဲ့ အတူ ဒီချုပ်အဖွဲ့ဝင်တချို့ပါ၊ ဖရော်ဖက်ဆာ ရီရီမြင့် လဲ ဒေါ်စု နဘေးမှာရှိတယ်။ အစိုးရဖက်ကတော့ ဦး အောင်ကြည် (အလုပ်သမား)၊ ဦးအောင်မင်း (မီးရထား)၊ ဦးစိုးသိန်း(စက်မှု)၊ မေဂျာသိန်းဌေး (နယ်စပ်) တို့ တက် ရောက်တယ်။ သူတို့က ပြုပြင်ပြောင်းလဲမှု သိပ်ဖြစ်ခြင်တယ်လို့ ဆို။ ဒီထဲမှာ ဦးအောင်မင်းက ဖိုးတက်ကြွလို့ သိရ။ ဒေါ်စု အစည်းဝေးခန်းမအလာမှာ ပေါ်တီကိုမှာ ၀င်းအောင်၊ ဇော်ဇော်၊ အောင်သက်မန်း တို့က ဒေါ်စု လီမွန်ဇင်းကို လာဖွင့်ပေး ကြဟု သိရ။ ဒီအခြေအနေကို ဒီချုပ်က အကောင်းမြင်ပုံရ။ ကြေညာချက်ထုတ် အကောင်းမြင်ဟုဆို။ တင်အောင်မြင့်ဦး အရမ်းပေါက်ကွဲနေဟု သိရ။

Read More...

အစိုးရ၏ကမ်းလှမ်းမှု DKBA တုံ့ပြန်

ဧရာဝတီ သတင်းမှ.........

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က ဧရာဝတီကို ယနေ့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသည့် ဗိုလ်ချုပ်စောလားပွယ်နှင့် တပ်မှူးများ (ဓာတ်ပုံ - ဧရာဝတီ)

Read More...

ဒေါ်စုနှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရလဒ်ကောင်းထွက်ရန်နည်းဟု လက်နက်ကိုင်အဖွဲ့များပြော

စောခါးစူး (ကေအိုင်စီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှ ရလာဒ် ကောင်းထွက်ရန် နည်းသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယနေ့ ပြောကြားလိုက်သည်။

သြဂုတ်လ ၁၉ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း၏ ခြေလှမ်းအစဖြစ်သည်ဟု NLD ဘက်မှ ထုတ်ဖော်ခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရက ဒေါ်စုကို စေတနာအမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ အဖြေရှာဖို့ တွေ့တယ်ဆိုတဲ့အပေါ် သံသယ အများ ကြီး ရှိတယ်။ ဟိုးအရင်ကလည်း တွေ့ဆုံခဲ့တာရှိတယ်။ တန်းတူညီတူ အနေအထားနဲ့ တွေ့ခဲ့တာ မဟုတ်ဘူး။”ဟု ကရင်နီအ မျိုးသားတိုးတက်ရေးပါတီ-KNPP ၏ အတွင်းရေးမှူးချုပ် ခူးဦးရယ်က ပြောသည်။

Read More...

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကို သက်တော် စောင့်များ ထားခွင့်မပြုတော့

Freedom NewsGroup မှ........

မတ်လ ၃၁ ရက်နေ့ ကရာထူးကနေအနားယူသွားတဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ အိမ်တော်ရဲ့ လုံခြုံရေးတာဝန်ယူဖို့ယခင်တပ်သား၁၀၀ကျော်အရာရှိ လေးဦးပါဝင်တဲ့လုံခြုံ ရေးတပ်ခွဲကိုလက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ်မင်းအောင်လှိုင်ရဲ့ အမိန့် အရဖယ်ရှားလိုက်ပြီ လို့ သတင်းရရှိပါတယ်။

ဒီနေ့ တနင်္လာ နေ့ မနက်အစောပိုင်းမှာဖယ်ရှားတာဖြစ်ပြီးကာကွယ်ရေးဝန်ကြီးဌာနကစေလွှတ်တဲ့တပ်သား လေးဦးကတော့ဆက်လက်တာဝန်ယူ နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာလွှဲပြောင်း ခြင်းမပြုခင်ကတည်းက ကျန်းမာရေးချို့ ယွင်းနေတဲ့ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဟာမြန်မာနိုင်ငံ ရေးကိုနောက်ကွယ်ကနေလဲကြိုးကိုင် ထားနိုင်ခြင်းမရှိ တော့ဘူးလို့ သူ့ မိသားစုနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက FNG ကိုပြောပါတယ်။

Read More...

မြိုင်ကြီးငူဒေသရှိ ရွာ ၉ရွာကို BGF ပြောင်းရွှေ့ခိုင်း

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိ ကျေးရွာ ၉ရွာအား နယ်ခြားစောင့်တပ်(BGF) က မြိုင်ကြီးငူကျေးရွာသို့ ယခု လလယ်ပိုင်းက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်သည့် BGF တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

မြိုင်ကြီးငူဒေသရှိ ထီးလာနဲ၊ တမိုယာ့၊ မာအဲ၊ ယော့ပို့ထာ့၊ ပူဆေ၊ သကွီးကလား၊ ထီးလော်သီထာ့၊ ဖွေးဖိုးကလား၊ မဲ့ပေါ်က လားကျေးရွာများအား နယ်ခြားစောင့်တပ် အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် စောဖားနွီး၊ စောထွန်းလှိုင်တို့၏ ညွှန်ကြားချက်ဖြင့် ပြီးခဲ့သည့်အပတ်မှစ၍ ယခုအချိန်ထိ မြိုင်ကြီးငူကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခိုင်းသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ် တည်ခဲ့သည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက ပြောသည်။

Read More...

ဆွဲမိုင်းကြောင့် အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက်

နန်းဖော့ဂေ (ကေအိုင်စီ)

မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် ဆွဲမိုင်းထိမှန်၍ ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးတပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

မြို့ခံတစ်ဦးက “ဒီမနက် တိုင်းမှူးတို့ အစိုးရအဖွဲ့တွေ တက်လာတဲ့ကားတန်းရဲ့ ရှေ့ဆုံးက လုံခြုံရေးတပ်ဖွဲ့ကား သင်္ဃန်းညီ နောင်နားက ရာဘာတောမှာ ဆွဲမိုင်းထိတယ်လေ။ အဲဒီကားမှာ ပါလာတဲ့ လုံခြုံရေးတပ်သားတယောက်တော့ ဒဏ်ရာရသွား တယ်။”ဟု ဆိုသည်။

အဆိုပါ ဒဏ်ရာရတပ်သားကို မြ၀တီဆေးရုံတွင် ပို့ဆောင်ကုသထားပေးပြီး မွန်းလွဲပိုင်းတွင် အစိုးရအဖွဲ့များက ခေတ္တခဏ လာ ရောက်ကြည့်ရှုခဲ့ကြသည်ဟု မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

၎င်းအပြင် ယနေ့ည မြန်မာစံတော်ချိန် ၉နာရီဝန်းကျင်အချိန်တွင် မြ၀တီမြို့ပြင်ဘက်မှ လက်နက်ကြီးသံများ ကြားရသည်ဟု လည်း မြ၀တီမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

Read More...

အစိုးရတပ်မှ ကေအဲန်ယူထံ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့

နန်းဖော့ဂေ (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းရှိ အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံတပ်များက ကေအဲန်အယ်လ်အေ တပ် ရင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ မှန်းဆကာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “မနေ့က မွန်းလွဲပိုင်းလောက်မှာ ခလယ့်ဒေးမှာ စခန်းထိုင်နေ တဲ့ (၅၄၈)နဲ့ (၂၃၁) စစ်ကြောင်းတွေက ကျနော်တို့နေရာဘက်ကို ခန့်မှန်းပြီး လက်နက်ကြီးတွေနဲ့ လေးငါးခြောက်ချက်လောက် လှမ်းပြီးတော့ ပစ်ချတယ်။ ဒီလထဲမှာ အစိုးရတပ်က ကျနော်တို့ကို လာပစ်တာ ပြီးခဲ့တဲ့ရက်က တကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပြီ။” ဟု အတည်ပြု ပြောဆိုသည်။

Read More...