တရားမမျှတမှုကို တစုတစည်းတည်း ဆန့်ကျင်ကြ

ကန္တာရ၀တီတိုင်း(မ်) သတင်းမှ.......

မြန်မာပြည် ပြည်မကြီးသည် နယ်ချဲ့အင်္ဂလိပ်အစိုးရများ၏ ကျူးကျော်မှုကို ခံခဲ့ရသည်မှာ သမိုင်းမှတ်တမ်း များစွာက အထောက်အထားများ ရှိခဲ့သကဲ့သို့ ကရင်နီပြည်၏ သီးခြားလွတ်လပ်ရေးသည်လည်း သမိုင်းမှတ်တမ်းများ ရှိခဲ့သည်မှာ ငြင်းဆန်၍ မရနိုင်သော ပကတိစာချုပ်များပင် ဖြစ်ပေသည်။

မိမိတို့၏ ကရင်ပြည်ပြည်သီခြားလွတ်လပ်ရေးကို ဗြိသိသျှအစိုးရများပင် အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့ပါသော်လည်း မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် သီခြားလွတ်လပ်ရေးကို ကျူးကျော်စော်ကားခံခဲ့ရသည်မှာလည်း သမိုင်းမှတ်တမ်းများက သက်သေထူထားခဲ့သည်။

နယ်ချဲ့ဗြိတိရှအစိုးရ လက်အောက်မှာ လွတ်လပ်ရေး ရခဲ့ပြီးသော ယနေ့ မြန်မာနိုင်ငံသည် ဗမာလူမျိုးကြီးဝါဒ၏ လွမ်းမိုးမှုကြောင့် မြန်မာ့တိုင်းရင်းသားများ အချင်းချင်း သွေးကွဲမှုများကို တွေ့ရှိရပေသည်။

ကျွန်ုပ်တို့သည် မြန်မာလူမျိုးများကို တိုက်နေခြင်း မဟုတ်။ ဗမာလူမျိုးကြီးဝါဒကို တိုက်ခိုက်နေခြင်း စစ်အုပ်စု၏ ၀ါဒဆိုးကို တိုက်ခိုက်နေခြင်း ဖြစ်သည်ကို တိုင်းရင်းသား ပြည်သူအများ သိရှိလက်ခံစေလိုပေသည်။

မြန်မာမြန်မာဟု ပြောလိုက်သည်နှင့် ကျွန်ုပ်တို့ တိုင်းရင်းသား မျိုးချစ်ညီအကိုများသည် အလွန်ပင် မုန်းတီးနေကြပေသည်။ မိမိတို့ တိုင်းရင်းသား သွေးချင်းများသည် စစ်အုပ်စု တစု၏ မတရားဖိနှိမ့်မှုကို သမိုင်းသလျှောက်လုံး ခံစားလာခဲ့ရသည်နှင့်အမျှ စစ်အုပ်စု၏ ဦးဆောင်မှု အခန်းကဏ္ဍ များစွာတွင်လည်း မြန်မာအများစုသာ ဖြစ်နေမှုကြောင့် ကျွန်ုပ်တို့သည် မြန်မာကို မုန်းတီးနေကြသည်။

သို့လောသို့လော……. ၎င်းစစ်အုပ်စုကို ပြန်လည်တိုက်ခိုက်ချေမုန်းနေသည်မှာလည်း မြန်မာလူမျိုးများစွာ ပါဝင်နေသည်ကို ငြင်းလို့ရမည် မဟုတ်။ ကျွန်ုပ်တို့၏ တိုင်းရင်းသား သွေးချင်းညီအကိုများသည်လည်း စစ်အုပ်စု၏ လက်ကိုင်တုတ်များစွာအဖြစ် တည်ရှိနေကြသည်မှာ ယနေ့အထိပင် ရှိနေဆဲ။ အသွေးအသားကို စုပ်ယူ၍ စစ်အုပ်စုတစု၏ လက်ကိုင်တုတ်များ ဖြစ်နေသော မိမိတို့တိုင်းရင်းသား သွေးချင်းများကို ပြန်လည်၍ သင့်မြတ်ရန် အထူးအရေးကြီးလှပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသား ညီအကိုများ၏ တဦးချင်းဆန္ဒ အများဆန္ဒ အစုအဖွဲ့၏ ဆန္ဒကို လေ့လာစမ်းစစ်ကြည့်သော် လွတ်လပ်သော ဒီမိုကရေစီ၊ သွေးစည်းညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားများ စုပေါင်းစည်းလုံးညီညွတ်မှုနှင့် စစ်မှန်သော မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွတ် တသွေးတသံတည်း ထွက်ဆိုလျှက်ရှိခဲ့သည်မှာ ယနေ့အထိပင် ဖြစ်ပေသည်။

သို့လောသို့လော… စစ်အုပ်စုကြီး ဘာကြောင့် သက်ဆိုးရှည်နေရပါသနည်း။ ယနေ့ တိုးတတ်နေသော ခေတ္တကြီးနှင့်အတူ လွတ်မြောက်နယ်မြေ၊ လွတ်လပ်သော နယ်မြေ အများစုတွင် အဖွဲ့အစည်းများ တနေ့ထက်တနေ့ ပိုမိုများပြာလာနေသည်ကို သင်တို့ လေ့လာတွေ့ရှိရပေမည်။

ထို့အတူ အဖွဲ့အစည်း အသီးသီးကို အထောက်အပံ့ ပေးနေသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် အလှူရှင်များလည်း တနေ့တခြား စည်းကမ်းသက်မှတ်မှုများ တိုးလာသကဲ့သို့ ၎င်းတို့ကိုယ်တိုင် တဖြေးဖြေးနှင့် နှောက်ဆုတ်လာနေသည်ကို မြင်တွေ့နေရပေသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားညီအကိုများ စစ်အုပ်စုကို တိုက်ထုတ်နေခြင်း၊ တူညီသော ပန်းတိုင် ရည်ရွယ်ချက်များ ရှိနေချင်း အသံတခုတည်း ခြေလှမ်းတူနေခြင်း ထိုတို့ ထပ်တူနေခြင်းများ တည်ရှိနေပါလျှက်နှင့် အဘယ့်ကြောင့် တစုတည်းသော စစ်အုပ်စုကို အောင်နိုင်ရန် ခဲယဉ်းကြန့်ကြာနေရပါသနည်း။

တရာသီနှင့် တရာသီ မတူညီသော မှိုပွင့်များ တနေ့ထက်တနေ့ ပေါက်ပွားလာနေကြသည်။ စားလို့ ရသော မှိုပွင့်များ ရှိသကဲ့သို့ အစိတ်သင့်စေသော မှိုပွင့်များလည်း ပါဝင်သည်။ ထိုမှိုပွင့်များကို ထိုးဖောက်လျှက် တပ်ပေါင်းစုများ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်သားစုံ ကိုယ်စားပြုသော အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ပေါ်ပေါက်လာပေသည်။

သို့လောသို့လော…. စာရွက်ပေါ်တွင် ကျွန်ုပ်တို့ ဆွေးနွေးချက်များ တင်ပြချက်များ အပြန်အလှန် ငြင်းခုန်မှုများ ဆုံးဖြတ်ချက်များမှာ ဆုံးဖြတ်ချက် သတ်သတ်ချည်းသာ မဖြစ်သင့်ပေ။

တိုင်းရင်းသားစုံညီ တိုက်ပွဲဝင်လျှက် စစ်မှန်သော ဒီမိုကရေစီ ရရှိရန် အလွန်ပင် အရေးကြီးလှပေသည်။ အခက်အခဲများ တွန်းလှန်မှု အမျိုးမျိုးကြားမှာ နအဖစစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနိုင်ရရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။

မိမိတို့ တိုင်းရင်းသားညီအကိုများ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသည်ဖြစ်စေ လက်ခံသည်ဖြစ်စေ နိုဝင်ဘာ ၇၊ ၂၀၁၀ တွင် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေကို အမှီပြု၍ ရွေးကောက်ပွဲပင် ကျင်းပပေတော့မည်။ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမျှတမှု ကင်းသော စစ်အုပ်စု၏ ဆန္ဒတခုတည်းကိုသာ စောင်းပေးသော ဖွဲ့စည်းပုံ ဖြစ်သည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရမှာ ၎င်းရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်တော့မည်ကို ပြည်သူအသိ ကမ္ဘာအသိပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ မိမိတို့သည် ဆွေးနွေးပွဲတွင် ထိုင်မနေဘဲ ဆွေးနွေးပွဲမှ ထွက်သင့်ပြီဟု ယုံကြည်ပေသည်။

တိုင်းရင်သားစုံညီ လက်တွဲညီလျှက် နအဖစစ်အစိုးရ၏ တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကြီး ပျက်ပြားစေရန်အတွက် လူတိုင်းစေ့တွင် တာဝန်ကိုယ်စီရှိကြပေသည်။

Read More...

ကရင်နယ်ခြားစောင့်တပ်များ စစ်သင်တန်း တက်ရောက်တော့မည်

KIC သတင်းမှ....

ကရင်ပြည်နယ်မှ နယ်ခြားစောင့်တပ်များသည် လာမည့် ၂၇ ရက်နေ့တွင် စစ်သင်တန်းကို တက်ရောက်ရတော့မည် ဖြစ်ကြောင်း မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမှ နယ်ခြားစောင့်တပ်များက ပြောဆိုနေကြသလို နယ်စပ် သတင်းရပ်ကွက်များ အရလည်း သိရှိရသည်။

အဆိုပါ စစ်သင်တန်းကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်ပြုလုပ်မည် ဖြစ်ပြီး သင်တန်းကာလမှာ သုံးပတ်ကြာမြင့်မည် ဖြစ်ကြောင်း နယ်ခြား စောင့်တပ် တပ်ရင်းမှူး တစ်ဦး၏ ပြောပြချက်အရ သိရသည်။

နယ်ခြားစောင့်တပ် သင်တန်းကို အုပ်စုနှစ်စု ခွဲ၍ တက်ရောက်ရမည် ဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိကျေးရွာတွင် နယ်ခြားစောင့်တပ် တပ်ရင်း ၇ ရင်းနှင့် သထုံမြို့တွင် တပ်ရင်း ၆ ရင်း တက်ရောက်ရမည် ဖြစ်ကြောင်း ၎င်းတပ်ရင်းမှူးက ကေအိုင်စီကို ယခုလို ပြောသည်။

“စစ်သင်တန်း ကာလက ၂၁ ရက်လေ။ သွားတက်ရမဲ့ အဖွဲ့ကို နှစ်သုတ် ခွဲထားတယ်။ ၀ဲဂလိမှာ တက်မဲ့ တပ်ရင်းတွေက အမှတ် (၁၀၁၇)၊ (၁၀၁၈)၊ (၁၀၁၉)၊ (၁၀၂၀)၊ (၁၀၂၁)၊ (၁၀၂၂)နဲ့ အရင် ကေပီအက်ဖ်က (၁၀၂၃) တပ်ရင်းတွေပေါ့။ သထုံမှာ တက်ရ မဲ့တပ်ရင်းတွေကတော့ အမှတ် (၁၀၁၁) ကနေ (၁၀၁၆) အထိလေ” ဟု သူက ဆိုသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ၀ဲဂလိကျေးရွာတွင် ယခင်က တပ်မတော် လေ့ကျင့်ရေးကျောင်း တိုင်းဗဟို (၄) ကို ယခု အမှတ်(၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းဟု အမည်ပြောင်းလဲကာ စစ်လေ့ကျင့်ရေး သင်တန်းများ အစဉ် ပို့ချပေးလျှက်ရှိကြောင်း သိရသည်။

ယခု သင်တန်း ပထမအုပ်စုတွင် တက်ရောက်မည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အားမှာ တပ်ရင်းအမှတ် (၁၀၂၃) မှ လွဲ၍ ကျန်တပ်ရင်းများမှ သင်တန်းသားပေါင်း ၁၇၃၀ ဦး ဖြစ်ပြီး သင်တန်းရက် မတိုင်မီ သွားရောက်ရမည် ဖြစ်ကြောင်း သိရသည်။

ယခုအုပ်စုတွင် တက်ရောက်သင်ကြားရမည့် နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၁၉) တပ်ရင်းမှူး ဗိုလ်မှူး စောလိုက်သိန့်က “ကျနော်တို့ နယ်ခြား စောင့်တပ်တွေ သင်တန်းသွားရမှာတော့ ဟုတ်တယ်။ ကျနော်တို့က ၀ဲဂလိမှာ သွားတက်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ သွားရမဲ့ ရက်ကို မသိသေးဘူး” ဟု ကေအိုင်စီကို ပြောသည်။

အမည်မဖော်လိုသူ အခြားတပ်ရင်းမှူး တစ်ဦးက နယ်ခြားစောင့်တပ်သည် စစ်တပ် ဖြစ်၍ စစ်သင်တန်းကို တက်ရောက်ကာ စစ်ပညာများကို လေ့လာရမည် ဖြစ်ကြောင်း ပြောဆိုသည်။ “စစ်တပ်ဆိုတာ သင်တန်းတော့ တက်ရမှာပေါ့။ ဒါကြောင့် သင်တန်းမှာ ပို့ချသင်ကြားမဲ့ စစ်ပညာကို လေ့လာရမှာပေါ့” ဟု ဆိုသည်။

ယခုလို စစ်သင်တန်း သွားတက်ရောက်ရမည့် နယ်ခြားစောင့်တပ်များ၏ နေရာများတွင် နအဖ စစ်တပ်မှ တပ်ရင်း အချို့က ၀င်ရောက်လာပြီး နေရာယူထားသော်လည်း ၎င်းမှာ ယာယီမျှသာ ဖြစ်ကြောင်း နယ်ခြားစောင့်တပ် တပ်ရင်းမှူး တဦးက ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)မှ နယ်ခြားစောင့် တပ်သို့ အသွင်ပြောင်း လိုက်သည့် တပ်ရင်း ၁၂ ရင်း ရှိပြီး စောသုမူဟဲ ဦးဆောင်ခဲ့သည့် ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့(KPF) မှ နယ်ခြားစောင့်တပ် ပြောင်းသည့် တပ်ရင်း ၁ ရင်း ရှိသည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အကြံပေးအဖွဲ့ဝင်များမှာ (၁) စောသာထူးကျော်၊ (၂) စောကျော်သန်း၊ (၃) စောထွန်းလှိုင်၊ (၄) စောမောင်ကြည်၊ (၅) စောပြားပြား၊ (၆) စောဖားနွီးနှင့် (၇) စောချစ်သူ တို့ ဖြစ်သည်။

Read More...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကရုဏာ ကြီးမားကြောင်း ပြောဆို ရေးသားသူရှိ(ရေးတဲ့သူသည်တပ်ချုပ်ကြီးဘောရက်တာကိုခံခဲ့ရလို့ )

တော်သေးပါရဲ့ တော်......တပ်ချုပ်ကြီး ဂရုဏာကြီးလို့ .............ကြီးများမကြီးရင် နင့်အမျိုးတွေကုန်လို့ နင်မျိုးကန်းနေပြီး လျှပ်တပြက်ဂျာနယ်ကမြတ်ခိုင်ရေ.....
နင့်ကိုသူကောင်းကောင်းဆုချလိမ့်မယ် နိုဗယ်ဆုတော့မဟုတ်ဘူး.....နို့ ဘယ်စုပ် ဆိုတဲ့ဆုနဲ့ ခင်ဗျားကို စုပြီးပြဲကားအောင်ချလိမ့်မယ် ငနွားရဲ့ .......


ခေတ်ပြိုင်မှ.....

မြန်မာနိုင်ငံအတွင်း စစ်ခေါင်းဆောင်များ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ ထောက်ခံပြောဆိုမှုများ တိုးပွားလာနေချိန်တွင် ပြည်တွင်းထုတ် ဂျာနယ်တခုမှနေ၍ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား နိုင်ငံသားများအပေါ် သေဒဏ်အတည်ပြုမပေးသည့် ကရုဏာကြီးမားသူ တဦးအဖြစ် ချီးမွမ်းရေးသားထားသည်။

စက်တင်ဘာ (၁၇) ရက်ထုတ် အတွဲ (၃)၊ အမှတ် (၃)၊ လျှပ်တစ်ပြက် သတင်းဂျာနယ်ပါ မြတ်ခိုင်၏ တရားရှာထောင်မှာတွေ့ ဟူသည့် သတင်းဆောင်းပါးတွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ်၏ ပြောစကားကို ကိုးကား၍ ရေးသားတင်ပြထားခြင်းဖြစ်သည်။

အဆိုပါ သတင်းဆောင်းပါးတွင် မြန်မာတနိုင်ငံလုံး၌ လက်ရှိ သေဒဏ်ကျ အကျဉ်းသား စုစုပေါင်း (၆၀၀) ကျော်ရှိကြောင်း၊ သို့သော် ယင်းသို့ သေဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းသားများသည် အယူခံခွင့်၊ အသားနားခံစာ တင်ပြခွင့်ရှိပြီး အဆိုပါ အယူခံလွှာများမှာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရောက်ရှိကြောင်း၊ ဗိုလ်ချုပ်မှူးကြီးက ယင်းအယူခံလွှာများကို တခုမှချမပေးဘဲ တင်ပြလာသည့်အမှုတွဲများကို ၎င်းထံတွင်သာ သိမ်းဆည်းထားကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သေဒဏ်ပေး၊ ကြိုးပေးသတ်ခြင်းမျိုး သိပ်မရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်ကို ရေးသားဖော်ပြထားသည်။

အကျဉ်းဦးစီးဌာန ညွှန်မှူးချုပ်က “ဒါတွေသည် နိုင်ငံသားတွေအပေါ်မှာထားတဲ့ နိုင်ငံတော်အကြီးအကဲရဲ့စေတနာ၊ မေတ္တာ၊ ကရုဏာ။ ဒါတွေနဲ့ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့နိုင်ငံသားတွေအပေါ်မှာ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဘယ်လောက်ထိတောင် စောင့်ရှောက်ထားတယ်ဆိုတာ ပေါ်လွင် ထင်ရှားတယ်။ တနိုင်ငံလုံးမှာရှိတဲ့၊ ထောင်အသီးသီးမှာရှိတဲ့ သေဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်းသားပေါင်း (၆ဝဝ) ကျော်ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာန ၀န်ထမ်းများပင်လျှင် ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ မကြားဝံ့သူများ အများကြီးရှိနေပြီး ကြိုးပေးသတ်ခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့်လူ မရှိသလောက်ဖြစ်သွားပြီဟုလည်း ၎င်းက ပြောဆိုထားသည်။

ထိုသို့ ဂျာနယ်ပါ ပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်အရာရှိဟောင်းတဦးဖြစ်သူ ရန်ကုန်မြို့ ပြည်တွင်းအခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် အခွန်ဦးစီးမှူးတဦးက “အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်စီရင်လား မစီရင်လားတော့ မသိဘူး။ ကျနော် စစ်တပ်က အငြိမ်းစားမယူခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကတော့ မော်လမြိုင် လေးထပ်ဈေးမှာ ရွှေဆိုင်ကိုသေနတ်နဲ့ဝင်ပြီး ဓားပြတိုက်တဲ့ ဒီကေဘီအေတပ်ထွက် တရားခံ (၃) ယောက်ကိုတော့ စစ်ခုံရုံးနဲ့ တရားစီရင်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာပဲ ကွတ်မျက်လိုက်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ကြိုးဒဏ်မစီရင်တော့တာ ဟုတ်ကောင်း ဟုတ်နိုင်တယ်။ ဒါပေမယ့် စစ်ခုံရုံးနဲ့ သေဒဏ်ပေးပြီး ကွတ်မျက်လိုက်တာမျိုးတွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်တာတွေရှိတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ စစ်တပ်မှ ပစ်သတ်မှုနှင့်ပတ်သက်၍လည်း အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးတွင် သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပသတင်းမီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းရှိ ခရစ္စတီးကျွန်း (Cristie Island) ခေါ် ကျွန်းငယ်လေးတခုပေါ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉) ဦးနှင့် ထိုင်းရေလုပ်သား (၂၂) ဦးကို မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည့် ကိုယ်တွေ့ဖြစ်ရပ်တခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေ သတင်းဌာနသို့ အသေးစိတ် ပြောကြားခဲ့ဖူးသည်။

ထိုသို့ပစ်သတ်ခံရသူများမှာ အဆိုပါကျွန်းပေါ်တွင် သစ်ခုတ်ဝါးခုတ်လုပ်နေသူများဖြစ်ပြီး ထိုကျွန်းပေါ်တွင် အရပ်သားများ မနေရဟုဆိုကာ ၎င်းတို့အား ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းအချိန်က အဆိုပါနယ်မြေ၏ အဓိက တာဝန်ခံမှာ ဗိုလ်ချုပ်သူရမြင့်အောင်ဖြစ်ပြီး ဗျူဟာမှူးမှာ ဗိုလ်မှူးကြီးဇော်မင်း ဖြစ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေသို့ ပြောကြားခဲ့သည်။

လျှစ်တစ်ပြက်ဂျာနယ်ကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကိုယ့်နိုင်ငံသားများ၊ ကိုယ့်တိုင်းရင်းသားများအပေါ် သနားကရုဏာ ကြီးမားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ကြိုးပေးချမှတ်သည့်သေဒဏ် မရှိသလောက်ဖြစ်ကြောင်း ရေးသားထားသော်လည်း မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရန်အတွက် ယမန်နေ့ စက်တင်ဘာ (၂၃) တွင် ပြင်သစ်နိုင်ငံက ထောက်ခံလိုက်သဖြင့် ယင်းအဆိုပြုချက်ကို ထောက်ခံသည့်နိုင်ငံပေါင်း (၁၀) နိုင်ငံ ရှိသွားပြီဖြစ်သည်။

အဆိုပါနိုင်ငံများမှာ ပြင်သစ်အပါအ၀င် အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ နယ်သာလန်နှင့် နယူးဇီလန်နိုင်ငံတို့ဖြစ်ကြသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရန် အဓိက အဆိုပြုတိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံသို့ လူအခွင့်အရေးအခြေအနေများကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပြီးသည့်နောက် မြန်မာနိုင်ငံ၌ လူမဆန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၁၃) ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Read More...

စစ်အစိုးရရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမည့် ကော်မရှင်ဖွဲ့ရန် ထောက်ခံမှုများလာ

ဧရာဝတီ သတင်းမှ.....

မြန်မာ စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့စည်းရန် ပြင်သစ်နိုင်ငံက ထောက်ခံ လိုက်ခြင်းဖြင့် ထောက်ခံသည့် နိုင်ငံ ၁၀ နိုင်ငံ ရှိသွားပြီဖြစ်သည်။


CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ချက်၊ ဗြိတိန်၊ စလိုဗက်ကီးယား၊ သြစတြေးလျ၊ ဟန်ဂေရီ စသည့် နိုင်ငံတို့က ထောက်ခံ ခဲ့ကြပြီး ယခုရက်ပိုင်း အတွင်း နယ်သာလန်၊ နယူးဇီလန်နှင့် ပြင်သစ် တို့ကပါ ထပ်မံ ထောက်ခံ လိုက်ကြသည်။

ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံ၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် လူအခွင့် အရေး ကောင်စီတွင် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ် ဖြစ်သူက “မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး တွေကို အစီအစဉ် တကျနဲ့ ချိုးဖောက် ခံနေရပါတယ်၊ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ ကင်တာနာ အကြံပြုထားတဲ့ CoI ဖွဲ့စည်းဖို့ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း အခုလုပ်ရပ်နဲ့ ဖော်ပြလိုက်တာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ပြင်သစ်နိုင်ငံက ယခုကဲ့သို့ ထောက်ခံလိုက်ခြင်းအပေါ်တွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) ဖြစ်သော Human Rights Watch (HRW) ၊ ပြင်သစ်အဖွဲ့အစည်းများဖြစ်သော Info Birmanie, Federation Internationale des ligues des droits de l’Homme (FIDH) နှင့် French Human Rights League တို့က ကြိုဆိုကြောင်း ယနေ့ သတင်း ထုတ်ပြန်သည်။

FIDH ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စ ဆူဟဲရ် ဘယ်လ်ဟက်ဆန် (Ms. Souhayr Belhassen) က“အခုဖွဲ့စည်းမယ့် CoI က စစ်အစိုးရ ရဲ့ ရာဇဝတ်မှုတွေအတွက်ပဲ လိုအပ်တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို တရားမျှတမှုတွေပါ ယူဆောင် ပေးနိုင်ဖို့လိုအပ်ပါ တယ်”ဟု ပြောဆိုကြောင်း Burma Campaign UK ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် စစ်ဆေးမည့် ကော်မရှင် တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ပါသည်” ဟု ကင်တာနာ က မတ်လအတွင်း၌ တင်သွင်းသော အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။

ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက်စေကြောင်းလည်း လေ့လာသုံးသပ်သူများက ဆိုသည်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတွေ ထွက်ပြီးသားပါ၊ တကယ်တမ်းဆိုရင်တော့ အဲဒီ အစီရင်ခံစာတွေနဲ့တင် လုံလောက်နေပါပြီ၊ ဒါပေမယ့် နအဖ ကလည်း သူ့အပြစ်တွေကို ငြင်းနေတော့ ဒါကို အမှန် အတိုင်း သိဖို့အတွက် စစ်ဆေးမယ့် ကော်မရှင်တရပ်ပဲ လိုတာပါ”ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဦးသိန်းဦး က ဧရာဝတီသို့ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ကနေဒါ နှင့် ပြင်သစ်ကဲ့သို့ နိုင်ငံများကပါ CoI ဖွဲ့စည်းရေးကို ထောက်ခံထားကြသောကြောင့် စစ်အစိုးရကို ၎င်း၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာခုံရုံးသို့ ပို့ဆောင်ရန် အားကောင်းနေကြောင်း ဦးသိန်းဦး က ပြောဆိုသည်။

ဥပဒေ အတိုင်ပင်ခံ ရှေ့နေကြီး ဦးအောင်သိန်းကလည်း လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် CoI ဖွဲ့စည်းရန် လိုအပ်နေသည့်အတွက်ကြောင့် ယခုကဲ့သို့ နိုင်ငံတကာမှ CoI ဖွဲ့စည်းရေးအား ထောက်ခံနေကြသည့်အပေါ်တွင် အားတက်သရော ကြိုဆိုသည်ဟု ဆိုသည်။

“နိုင်ငံတော်တော်များများက ထောက်ခံနေကြပြီဆိုတော့ CoI ကို ဖွဲ့စည်းကြလိမ့်မယ်လို့ ကျနော်ယူဆတယ်၊ ဒါပေမယ့် အရေးကြီးတာက စုံစမ်းစစ်ဆေးမှုတွေကို မြို့ပြတွေမှာပဲ မလုပ်ဘဲနဲ့ တိုင်းရင်းသားနယ်မြေတွေအထိကိုပါ နက်နက်ရှိုင်းရှိုင်း လုပ်ဖို့ လိုပါလိမ့်မယ်”ဟုလည်း ဦးအောင်သိန်းက ပြောသည်။

လူ့အခွင့်အရေးအဖွဲ့အစည်း တချို့က ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကိုလည်း CoI ဖွဲ့စည်းရေးကို ထောက်ခံရန် မကြာသေးမီ က တိုက်တွန်းထားသေးသည်။

Read More...

ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူရန် ပြည်သူ့စစ် ၃ ဖွဲ့ ညွှန်ကြားခံရ

ကချင်သတင်းမှ................

စစ်အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက ၎င်းတို့ သစ္စာခံ နာမည်ဆိုးနှင့် ကျော်ကြားသော မူးယစ်ရာဇာ ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးအား နိုဝင်ဘာ ၇ ရွေးကောက်ပွဲ မတိုင်မီ မူးယစ်ဆေးဝါး အမြန်လုပ်ယူကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ၎င်းတို့အား အစိုးရ အပြောင်းအလဲ မလုပ်ခင် မုးယစ်ဆေးဝါး စီးပွားရေး အမြန်လုပ်ယူကြရန် ထိုစဉ်က အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်မှ အကြံပေးခဲ့ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးနဲ (Tamungnye) ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တ၊ ကွတ်ခိုင်မြို့နယ် ရှော်ဟော-လုံထန် (Shauhaw-Lunghtan) ပြည်သူ့စစ် ခေါင်းဆောင် ဦးယန်လင်နှင့် နမ့်ခမ်းမြို့နယ် ပန်ဆဲ (Panse) ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့် တို့အား တိုင်းမှူးက ဆင့်ခေါ်၍ ညွှန်ကြားခြင်း ဖြစ်သည်။

၎င်းပြည်သူ့စစ် တပ်ဖွဲ့များသည် ခွဲ-ကချင်ပြည်နယ် (Kachin Sub-state)၊ စစ်အစိုးအရအခေါ် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အခြေစိုက်ထားသည့် အဖွဲ့များလည်း ဖြစ်ပါသည်။

ပြည်သူ့စစ်ခေါင်းဆောင် ၃ ဦးတို့မှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး ၎င်းတို့အား မြန်မာစစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်း ကချင်နှင့် ရှမ်း လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ ချေမှုန်းရာတွင် အသုံးချနေသည်မှာ ယခုအနှစ် (၂၀) ခန့် ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံများ ပြောသည်။

အတုန့်အလှည့် အခွင့်အရေးအားဖြင့် ပြည်သူ့စစ်များအား မူးယစ်ဆေးဝါးများ ထုတ်လုပ်၊ ကုန်ကူး၊ ရောင်း-၀ယ် ဖေါက်ကားခြင်းနှင့် အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စစ်အစိုးရမှ နားလည်မှု ပေးထားကြောင်း ဒေသခံမူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူများ ပြောသည်။

ပြည်သှု့စစ်ခေါင်းဆောင် ၃ ဦးကို တိုင်းမှူးက “အစိုးရ အပြောင်းအလဲ မကြာမီ ဖြစ်လာတော့မယ်။ အဲဒါကြောင့် အရင်ကလို ငါတို့ စစ်တပ်က နှင်တို့ကို ကာကွယ်ပေးဖို့ လွယ်မယ် မလွယ်ဘူး ဆိုတာ မသိဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးကို အစိုးရ အပြောင်းအလဲ မတိုင်ခင် မြန်မြန်လုပ်ကြ” ဟု ညွှန်ကြား ကြောင်း ၎င်းတို့နှင့် နီးစပ်သူများ ပြောပါသည်။

ယခုလို ညွှန်ကြားခဲ့ပြီး နောက်လ သြဂုတ်၌ စစ်အစိုးရအတွင်း စစ်တပ်ရာထူး အပြောင်းအလဲ ပေါ်ပေါက်ကာ ဗိုလ်ချုပ် အောင်သန်းထွဋ်မှာ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ)–၂ မှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။

အဓိက ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမနှင့် အခြားစိတ်ကြွဆေးပြား အမျိုးမျိုးကို ပြည်သူ့စစ်များ ၎င်းတို့ ထိန်းချုပ်ရာ ဒေသမှ ထုတ်လုပ်နေခြင်း ဖြစ်သည်။

ထိုအဖွဲ့ ၃ ဖွဲ့မှ မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာတန်ဆာပလာများကို စစ်အစိုးရ အာဏာပိုင်များ တွေ့ရှိလျှင်လည်း သိမ်းဆည်းအရေးယူခြင်း မရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။

ယင်းမူးယစ်ဆေးဝါးများကို အဓိက ရှမ်းပြည်နယ်တ၀န်း၊ ကချင်ပြည်နယ်နှင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံသို့ ဖြန့်ဖြူးနေကြောင်း သိရသည်။

ယခင်နှင့်မတူ ယခုနှစ်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖောက်ကားခြင်းများကို ရှမ်းပြည်မြောက်ပိုင်းတွင် ပို၍ လွတ်လွတ်လပ်လပ် ပြုလုပ်လာနိုင်သည်ကို မြင်တွေ့နေရကြောင်း ဒေသခံလေ့လာသူများ ပြောသည်။

တစ်ချိန်ထဲမှာပဲ ဦးယန်ဂွယ်တသည် စစ်အစိုးရ၏ ကြံ့ဖွတ်ပါတီ (USDP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မှ ၀င်ပြိုင်ရန်နှင့် ဦးကျော်မြင့်မှာလည်း USDP ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နမ့်ခမ်းမှ ၀င်ပြိုင်ရန်ရှိသည်ဟု ၎င်းတို့ နှစ်ဦးနှင့် နီးစပ်သူများ ပြောသည်။

တာမိုးနဲ ပြည်သူ့စစ်ခေါင်းဆောင် ဦးယန်ဂွယ်တသည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှု ရှိကြောင်း သိရသည်။

နှစ်စဉ် ထိုပြည်သူ့စစ်အဖွဲ့ ၃ ဖွဲ့မှ နေပြည်တော် စစ်အစိုးရသို့ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ လဒ်ငွေပေးရသည့်အပြင် ယခင် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကိုလည်း နှစ်တိုင်း လဒ်ငွေကျပ်သိန်း ၅၀၀ (US $526,316) အထက် ပေးခဲ့ရကြောင်း ၎င်းတို့အဖွဲ့နှင့် နီးစပ်သူများ ပြောသည်။

Read More...

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်များတွင် ပေါ်တာ ဆွဲ သလို တွေ့ သမျှလူအကုန်ဖမ်းနေ

Freedom News Group မှ.....

မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ကုလ အထွေထွေညီလာခံ တွင်နိုင်ငံတွင်းဆင်း ရဲမွဲတေမှု တိုက်ဖျက်မည် ဟု ပြောခဲ့ပြီး နာရီပိုင်း အကြာတွင် လှိုင်သာယာ၊ရွှေပြည်သာ၊ အင်းစိန် နှင့် မြောက်ဥက္ကလာ ပ မြို့ နယ်များ မှ ဆင်းရဲသား များ နှင့် အခြေအနေမဲ့ရ သူ အချို့ ကို စည်ပင် ရဲ များ သုံးသည့်ကားများ ဖြင့် လိုက် လံဖမ်းဆီး သည် ဟု သတင်းရရှိသည်။

ယမန် နေ့ ည ၁၁ နာရီခန့် က လှိုင်သာယာမြို့ တွင် ညဘက်ဈေးရောင်းသူ အချို့ နှင့် ဘောလုံးပဲ ကြည့်ပြီး အိမ်ပြန် လာသူ အချို့ ကိုဖမ်းဆီးသွားပြီး ၊မြောက်ဥက္ကလာ ခြောက်ကွေ့ နှင့် အဝေးပြေးဂိတ်များ မှ အိမ်ခြေမဲ့ အချို့ ကို လည်းဖမ်းဆီးသွားသည် ဟု သတင်းရရှိသည်။

ရွှေပြည်သာတွင် ဒေသခံ များ က ပေါ်တာဆွဲ သည် ဟု ပြောကြပြီး လူငယ် နှစ်ဆယ်ခန့် ဖမ်းဆီးခံရသည်။နိုဝင်ဘာ ရွေးကောက် ပွဲ နီးလာပြီ ဖြစ်သဖြင့် ရဲစခန်း များက ပြစ်ဒဏ် ဟောင်းရှိခဲ့ဖူးသူ အချို့ ကို လည်း လိုက်လံဖမ်းဆီးနေသည်။

မြန်မာ နိုင်ငံတွင် ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ရာဉ် ဆင်းရဲသူများ နှင့် တောင်းစားသူများကိုဖမ်းဆီးထောင် ချခြင်းဖြင့် ဖြေရှင်းလေ့ရှိသည်။

Read More...

မြန်မာပြစ်မှု စုံစမ်းရေး ပြင်သစ်ထောက်ခံ

VOA သတင်းမှ.....

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှု၊ စစ်ရာဇ၀တ်မှု မြောက်မမြောက် ကုလသမဂ္ဂက ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းမှုတွေ လုပ်ဖို့ တိုက်တွန်းနေရာမှာ ပြင်သစ်နိုင်ငံလည်း ပါဝင်လာပါတယ်။
ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံသာမက ဥရောပသမဂ္ဂ (EU) အနေနဲ့ပါ အားပေးထောက်ခံသွားဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းလိုက်ကြတာပါ။
EU ရဲ့ တညီတညွတ်တည်း ရပ်တည်ချက်ဟာ ကျန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကို အလားတူ ဆောင်ရွက်ကြဖို့ ခိုင်မာတဲ့ သတင်းစကား ပေးပို့ရာ ရောက်စေမယ်လို့ ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch)၊ ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် (FIDH) တို့က ၀ိုင်းဝန်း တိုက်တွန်းလိုက်ကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ပြီးခဲ့တဲ့ မတ်လက အစီရင်ခံစာ တင်သွင်းရာမှာ အကြံပြုခဲ့တဲ့နောက် အခုလို နိုင်ငံတကာ အသိုင်းအ၀န်းက ၀ိုင်းဝန်း တိုက်တွန်းမှုတွေ ထွက်ပေါ်လာတာပါ။
ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၁၅ ကြိမ်မြောက် ညီလာခံအတွင်း ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်ကလည်း ဒီအဆိုပြုချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာအစိုးရက ဒီအစီအစဉ်ကို အပြည့်အ၀ ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက်နဲ့အညီ ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ပြောဆိုခဲ့တာပါ။ ဒီအတွက် နိုင်ငံတကာ အကူအညီတွေ လိုအပ်တယ်လို့လည်း အင်္ဂါနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Read More...

ကရင်ကျေးရွာ အုပ်စုပေါင်း (၁၆၄) မဲပေးခွင့် ဆုံးရှုံး

ကောင်းဝါ သတင်းမှ.......

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တိုင်းရင်းသားဒေသများတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေ အနေ မရှိသည့် နယ်မြေအဖြစ် ဥပဒေပုဒ်မ၈ (စ) နှင့် ကျေညာ ထားသောကြောင့် ကရင်လူမျိုးများနေထိုင်ရာ ကျေးရွာ အုပ်စုပေါင်း (၁၆၄) အုပ်စု မဲဆန္ဒပေးခွင့် ဆုံးရှုံးမည်ဟု အစိုးရမှ ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

ကရင်ပြည်နယ် (၇) မြို့နယ်လုံးတွင် ရှိသည့် ကျေးရွာအုပ်စု (၁၅၅) ရွာ၊ မွန်ပြည်နယ်(၂) မြို့နယ်မှ ကျေးရွာအုပ်စု (၉) အုပ်စု စုစုပေါင်း ကျေုရွာအုပ်စုပေါင်း (၁၆၄) မဲဆန္ဒပေးခွင့် မရှိသည့်အတွက် ကရင်ပြည်သူများအတွက် နစ်နာဆုံးရှုံးမှု ရှိနေသည်ဟု ကရင့်နိုင်ငံရေးပါတီ ဖလုံ စဝေါ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစောခင်မောင်မြင့်က ပြောပါသည်။

ကရင်ပြည်နယ်အတွင်း ကရင်လူမျိုးတွေ အများစု နေထိုင်သော တချို့ကျေးရွာများကို စစ်အစိုးရမှ အမာခံ နယ်မြေအဖြစ် သတ်မှတ်ထားသော်လည်း မဲဆန္ဒပေးခွင့် မရှိတဲ့နယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှာ သံသယ ဖြစ်မိသည်ဟု ဦးစောခင်မောင်မြင့်က အောက်ပါအတိုင်း ပြောဆိုခဲ့ပါသည်။

"ပြောရရင်တော့ လုံခြုံရေး အခြေအနေအရ တိုးတက်မှု သိပ်မရှိသေးဘူး သဘောကိုတော့ အဲဒီလိုမျိုး အဓိပ္ပါယ် သက်ရောက် တယ်လေ။ ကရင်ပြည်နယ်အတွင်းမှာဆိုရင် ဒီဖါးအံမြို့နယ် အနေအထားအရက ပယ်လိုက်တဲ့ ကျေးရွာအုပ်စု (၁၁) ခုကို ကြည့်မယ် ဆိုရင်ပေါ့လေ။ တချို့ကျေးရွာအုပ်စုတွေက အစိုးရ အထက်တန်းကျောင်းတောင် ဖွင့်လှစ်တယ်ဆိုတော့ မဲရုံ မဖွင့်လှစ်နိုင်ဘူး ဆိုတာ ကတော့ နဲနဲလေး စဉ်းစားစရာ ဖြစ်နေတယ်ခင်ဗျ။"

တချို့စစ်ရေး အကဲခတ်သူများ အမြင်အရ ကရင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာအုပ်စုများတွင် ကေအာန်ယူ ခေါ် ကရင်အမျိုးသား အစည်းအရုံးချုပ် ဒေသတွင် လုံခြုံရေးအရ မဲဆန္ဒပေးခွင့် မရှိသော နယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုသံများလည်း ရှိသည်။ ဒီဖြစ်စဉ်အပေါ် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောလှငွေကို မေးမြန်းသည့် အခါမှာ ယခုလို ပြောဆိုခဲ့ပါသည်။

"ကြံ့ဖွံ့တွေ မရပ်တည်နိုင်တဲ့ နေရာ သူတို့ကို မထောက်ခံဘဲ နေရာတွေ ရှိတယ်။ အပိုင် သူတို့ ပယ်လိုက်တာဘဲ။ သူတို့ ဖျက်လိုက်မယ် ဆိုလို့ရှိရင် ဆန့်ကျင်မဲတွေ သူတို့ မလိုလားတဲ့ ယှဉ်ပြိုင်ဘက်တွေ တခြားတွေ ပေးမဲ့မဲတွေ ဖြစ်သွားမယ် ဖြစ်တဲ့ အပိုင်သူတို့က လုံခြုံရေး အကြောင်းပြပြီး လုပ်လိုက်တာ။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုသည့် နယ်မြေအဖြစ် ကန့်သန့်ပိတ်ပင် ထားတဲ့ အတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ မြို့နယ် (၃၂) မြို့နယ် ကျေးရွာအုပ်စုပေါင်း (၃ဝဝ) ကျော် မဲပေးခွင့် ဆုံးရှူံးမည် ဖြစ်ပြီး မဲဆန္ဒပေးခွင့် ရှိသည့် နိုင်ငံသား နှစ်သန်းလောက် မဲပေးပိုင်ခွင့် ဆုံးရှုံးလိမ့်မည်ဟု ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဖြစ်သူ ဦးစောခင်မောင်မြင့်မှ ပြောပါသည်။

Read More...

မူဆယ်မြို့တွင် ဗုံးပေါက်ကွဲ

KNU/KNLA လက်ချက်လို့ ပြောဦးမှာလား နအဖ ရေ.......

ခေတ်ပြိုင် သတင်းမှ........
ယမန်နေ့ ညပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်အနီး နိုက်ကလပ်တခုရှေ့တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ပေါက်နှင့် မျက်နှာချင်းဆိုင် Royal Night Club ရှေ့တွင် ယမန်နေ့ ည (၉) နာရီ မိနစ် (၃ဝ) ဝန်းကျင်၌ ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်နှင့် အပျက်အစီးမရှိကြောင်း မူဆယ်ဒေသခံတဦးက ပြောသည်။

၎င်းက “ဗုံးပေါက်ကွဲတာတော့ ပြီးခဲ့တဲ့နှစ် မြောက်ရပ်ကွက်မှာ ပေါက်တဲ့ ဗုံးတွေထက် အသံကျယ်တယ်။ မီးခိုးလုံးတွေလည်း တက်လာတယ်။ အဆောက်အဦရှေ့ ခြံစည်းရိုးနားမှာ ပေါက်တာ။ လူအသေအပျောက်နဲ့ ထိခိုက်တာမရှိဘူး။ ညတွင်းချင်းပဲ ချိုင့်ဖြစ်သွားတဲ့ ကြမ်းခင်းကို အင်္ဂတေနဲ့ ဖာထေးပြီး ပြန်ပြင်ထားတယ်။ ဘာမှ မဖြစ်ခဲ့သလို လုပ်ထားတယ်၊ အဲဒီပေါက်တဲ့ နေရာက နယ်စပ်ခြံစည်းရိုးနဲ့ အလွန်ဆုံး မီတာ (၁ဝဝ) လောက်ပဲ ဝေးမယ်” ဟု ပြောသည်။

ယခု ဗုံးပေါက်ကွဲခဲ့သည့် နေရာအနီးရှိ Royal Night Club ကို နအဖစစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသူ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်က ဖွင့်လှစ်ထားပြီး အဆောက်အဦးအတွင်း၌ လောင်းကစားဝိုင်းများလည်း ဖွင့်လှစ်ထားရာ အခင်းဖြစ်စဉ် လာရောက် လောင်းကစားလုပ်နေသည့် တရုတ်နိုင်ငံသားများ တရုတ်ပြည်ဘက် ညတွင်းချင်း ပြန်သွားခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။

ယမန်နှစ် သြဂုတ်(၂၇) ရက်နေ့ ညပိုင်းကလည်း မူဆယ်မြို့၊ မြောက်ရပ်ကွက်အတွင်း ဗုံး (၃) လုံး နေရာ (၃) နေရာ၌ ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် နအဖအကြား တိုက်ပွဲဖြစ်နေချိန်ဖြစ်သည်။

ယခုပေါက်ကွဲသည့်နေရာသည် နယ်စပ်အဝင်အထွက် ဂိတ်ပေါက်အနီးရှိ နအဖ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏သတင်းပေး အများအပြား ရှိနေသည့်နေရာဖြစ်၍ ယခုပေါက်ကွဲမှုအပေါ် သံသယ ရှိကြသည်ဟု အဆိုပါ မူဆယ်မြို့ခံက ပြောသည်။

၎င်းက “ရဲတို့၊ လဝကတို့၊ မူးယစ်တို့ ဌာနဆိုင်ရာတွေရှိတယ်။ သူတို့တွေ မွေးထားတဲ့ သတင်းပေးတွေ ရှိတယ်ဗျာ။ သတင်းပေးတွေက နယ်စပ်နားမှာ မယောင်မလည်လုပ်နေတဲ့သူတွေ၊ ခြံစည်းရိုးကျော်ပြီး ပစ္စည်းတွေသယ်တဲ့ သူတွေကို လိုက်ချောင်းပြီး ဌာနဆိုင်ရာနဲ့ဖမ်းလို့ ငွေတောင်းနေကြတာ။ သူတို့တွေချည်း ခြေချင်းလိမ်နေတဲ့ နေရာမှာ ဗုံးပေါက်တာဆိုတော့ ထူးဆန်းတာပေါ့ဗျာ။ ဘယ်သူက လာလုပ်ရဲပါ့မလဲ” ဟု ပြောသည်။

Read More...

လူ့ ဘဝကို စိတ်ပျက်စိတ်ကုန်နေသူများသို့ ............

ဒါကိုကြည့် ပြီးတော့ သင့်ဘဝကိုသင်ပြန်ဆန်းစစ်ကြည့်ပါ...မိတ်ဆွေ

Read More...

စစ်တပ်၊ ရဲများနှင့် ဒီကေဘီအေ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာမှုဖြစ်

စက်တင်ဘာလ ၂၁ရက်။ ကေအိုင်စီ
မြ၀တီမြို့တွင် အမှတ်(၄)ရပ်ကွက်ရှိ ရဲစခန်းတွင် ယနေ့ညနေက ဒီကေဘီအေတပ်ဖွဲ့နှင့် ရဲ၊ စစ်တပ်များ ပစ်ခတ်မှု ဖြစ်လုနီးပါး အထိ အပြန်အလှန် တင်းမာမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့ညနေ ၅နာရီတွင် ဒီကေဘီအေ(၉၀၇)မှ ဗိုလ်ကျော်သက်နှင့် အဖွဲ့ဝင် ၂၀ခန့်သည် မြ၀တီရဲစခန်းကို လာရောက်ပြီး သိမ်း ဆည်းထားသည့် လိုင်စင်မဲ့ကားများကို ပြန်လည်ပေးရန် တောင်းဆိုရာမှ အခြေအနေမှာ တင်းမာမှုဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အင် အားဖြည့်ကာ လာရောက်ဝိုင်းထားရာမှ တင်းမာမှု ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု မြ၀တီမြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဒီကေဘီအေ(၉၀၇) ဗိုလ်ကျော်သက်က ရဲစခန်းမှာ ရပ်ထားတဲ့ စစ်တပ်က သိမ်းထားတဲ့ကားတွေကို ပြန်ပေးဖို့ လာပြောတာ။ အဆင်မပြေဘဲ ပစ်မယ်ခတ်မယ်ဖြစ်တယ်။ ဗိုလ်ကျော်သက်က သူ့အဖွဲ့တွေကို ထပ်မှာတော့ သူတို့အင်အားက ၂၀ကျော်ဖြစ် သွားပြီး ရဲနဲ့ အင်အားမမျှဘူး ဖြစ်သွားတယ်။ အဲဒီမှာ တပ်မကလည်း စစ်သားတွေကို ဟိုင်းလက်စ်ကားနှစ်စီးနဲ့ စစ်သားတွေ ထပ်ရောက်လာတယ်လေ။ ဒါနဲ့ပဲ သူဝိုင်းကိုယ်ဝိုင်းဖြစ်ကုန်တာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလ ၁၈ရက်နေ့ မြ၀တီ-ကော့ကရိတ် ကားတန်းအဆင်းတွင် အဖွဲ့စုံရှိသည့် တံတားကျိုးနေရာ၌ လိုင်စင်မဲ့ကားများ ကို စစ်တပ် ဗျူဟာမှ သိမ်းယူပြီး မြ၀တီမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ ရဲစခန်းတွင် ကားအစီး ၆၀ခန့် လာရောက်ထားရှိခဲ့သည်။

၎င်းကားများမှာ ဒီကေဘီအေ၊ ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရောနှင့် နယ်ခြားစောင့်တပ်များက တာဝန်ယူကာ ယူဆင်းပေး ခဲ့ခြင်းဖြစ်ပြီး ယခုလို သိမ်းဆည်းမှုအပေါ် မကျေနပ်၍ လာရောက်ပြောဆိုတောင်းယူရာမှ တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

ကားကုန်သည်တစ်ဦးက “တကယ်တော့ အဲဒီအသိမ်းခံရတဲ့ကားတွေက ကုန်သည်တွေရဲ့ကားတွေလည်း ပါတယ်။ အဖွဲ့အ စည်းတွေက တာဝန်ယူပြီး ကယ်ရီခနဲ့ ယူဆင်းပေးတာလေ။ အရင်ရက်တွေကတော့ ဂိတ်မှာပေးကမ်းပြီး ဆင်းသွားတာပဲ။ အရင်တပတ် ကားတန်းအဆင်းကျမှ စစ်တပ်က ဗျူဟာ အပါဝင် အဖွဲ့စုံထိုင်တဲ့ တံတားကျိုးဂိတ်နဲ့ အလယ်ဗိုလ်တဲတွေမှာဖမ်း ပြီး မြ၀တီ ရဲစခန်းမှာ ပြန်လာသိမ်းထားတာ။ အဓိကက ဗျူဟာပေါ့။ ဒီကေဘီအေက ဒါကို ပြန်လာတောင်းတာ။”ဟု ဆိုသည်။

ကိုယ်တိုင်မြင်တွေ့သူ မြို့ခံအမျိုးသမီးတစ်ဦးက “မိုးချုပ်တဲ့အထိ ရဲစခန်း ပတ်ပတ်လည်မှာ စစ်သားတွေအပြည့်ပဲ။ ရဲစခန်းက တော့ မှောင်နေတာပဲ။ ဘယ်သူမှလည်း အနားမသွားရဲဘူး။”ဟု ည ၈နာရီအချိန်က ကေအိုင်စီကို ပြောသည်။

သို့သော် ရောက်ရှိလာသည့် စစ်တပ်အင်အားမှာ များပြားသဖြင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ကားများဖြင့် ည ၈နာ ရီကျော်တွင် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

Read More...

ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကျင်းပ

စက်တင်ဘာလ ၂၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ယနေ့ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်များတွင် ယနေ့ မနက်တွင် အသီးသီး ပြုလုပ်ကျင်းပကြရာ၌ မယ်လစခန်းတွင် လူပေါင်း တစ်ထောင်နီးပါး တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ ဖိုး၊ ဘမ့်ဒိုယန်းနှင့် ထမ်း ဟင်စခန်းများအပြင် အလားတူ ကရင်နီစခန်းများ၌လည်း နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ကျင်းပခဲ့သည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင် သည့်အတွက် ဒုက္ခသည်စခန်းတွင် အထိမ်းအမှတ်အနေဖြင့် ယခုလို ကျင်းပရခြင်းဖြစ်သည်ဟု ကေအိုင်စီကို ပြောသည်။

“တကယ်လို့ ကျနော်တို့နိုင်ငံ ငြိမ်းချမ်းသွားမယ်ဆိုရင် ဒီလိုငြိမ်းချမ်းရေးနေ့မျိုးကို ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးကြီး ကျယ်ကျယ် လုပ်ချင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဘ၀မှာ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး။ အခု ကျနော်တို့နိုင်ငံ မငြိမ်းချမ်းသေးတဲ့အတွက် ဒီလိုပဲ သူများနိုင်ငံမှာ တတ်နိုင်သလောက် လုပ်လိုက်ရတာပေါ့။ မယ်လစခန်းမှာတော့ ဒီလို အခမ်း အနားနဲ့ လုပ်ဖြစ်တာကတော့ ဒါ ပထမဆုံးအကြိမ်ပေါ့နော်။”ဟု သူက ပြောသည်။

မယ်လစခန်းတွင် ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ စခန်းတွင်းရှိ ကျောင်းသူကျောင်းသားများ အပါ အ၀င် ဒုက္ခသည် စုစုပေါင်း ၁,၀၀၀ကျော် တက်ရောက်ခဲ့ပြီး စခန်းတာဝန်ရှိလူကြီးများက ငြိမ်းချမ်းရေးနေ့အကြောင်းကို ဟော ပြောပေးခြင်း၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်း၊ သီချင်းဆိုပြိုင်ပွဲနှင့် ကလေး အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

အထက်တန်းလွန်ကျောင်းသူ နော်မူးကယူရှီးကလည်း “အခမ်းအနားကို တက်ရတာ ကျမအတွက် ဒုက္ခသည်မှာဆို ပထမဆုံး အကြိမ်ပါ။ အရမ်းကို ပျော်ပါတယ်။ နောက် ဒီအခမ်းအနားမှာ တက်လာတဲ့သူတွေဆိုရင် အများအားဖြင့် လူငယ်တွေပဲ တွေ့ရ တယ်ဆိုတော့ အရမ်းကို အားရပါတယ်။ ဒီလို ငြိမ်းချမ်းရေးနေ့မျိုးကို ကိုယ့်မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရရင် ကောင်းမှာပဲလို့ ခံစား မိတယ်။”ဟု ပြောသည်။

အလားတူ အုန်းဖျန်ဒုက္ခသည်စခန်း၌လည်း အဆိုပါနေ့အတွက် အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး လူထုပရိဿတ် ၂၀၀ကျော် တက် ရောက်ခဲ့ကြောင်း အုန်းဖျန်စခန်းမှ လူမှုရေးတာဝန်ခံ စောထူးကလယ်က ပြောသည်။

“ကျနော်တို့ ဒီမှာ လုပ်တာတော့ ပရိဿတ် ၂၀၀ကျော်လောက် တက်ရောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းနေ့ကို အသိအ မှတ်ပြုတဲ့အနေနဲ့ အခု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလိုက်တာပါ။”ဟု ရှင်းပြသည်။

မယ်ရာမို၊ နို့ ဖိုးစခန်းများတွင် ကျင်းပသည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနား၌လည်း ရာနှင့်ချီသည့် ဒုက္ခသည်များ ပရိ ဿတ်များ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်ဟု စခန်းတွင်း နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။ ယနေ့ပြုလုပ်ကျင်းပသည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနား များအနက် မယ်လစခန်းသည် ကျန်စခန်းများထက် ပို၍ စည်ကားမှုရှိသည်ဟု သိရှိရသည်။

ကမ္ဘာ့ကုလသမဂ္ဂညီလာခံသည် ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ဖြင့် စက်တင်ဘာလ ၂၁ရက်နေ့ကိုနိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အဖြစ် ပြီးခဲ့သည့် ၂၀၀၁ခုနှစ်က သတ်မှတ်ခဲ့သည်။

Read More...

မျက်စိပွင့် နားပွင့်ပြီး စည်းလုံးဖို့ အချိန်တန်ပြီး......မိတ်ဆွေ

တို့ တိုင်းရင်းသားမျိုးနွယ်စုကြီးတွေဟာ လူတမျိုးတနွယ်ဖြစ်သည့်အလျှောက် ကိုယ့်ပြည် ကိုယ့်ကိုယ်ပိုင်အုပ်ချုပ်နိုင်ဖို့ တော့လိုတယ် ကိုယ်ပိုင်တဲ့ ကိုယ့်မြေ မှာကိုယ့်စိတ်ကြိုက် လွတ်လပ်စွာအုပ်ချုပ်ခွင့်မရဘူးဆိုရင် ဒီမဟာဝါဒီကို တိုက်ထုတ်တတ် ဖို့ တော့လိုတယ် တချိန်တခါက ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကိုသွားပေါင်း ပြီး အင်္ဂလိပ်ကို တိုက်ထုတ်သလို ဂျပန်က ကိုယ့်ကို မရိုးသားဘူးဆိုရင် အင်္ဂလိပ်ကိုပြန်ပေါင်း ဂျပန်ကိုပြန်တိုက် ဒါဟာမဆန်းတဲ့ စစ်ရဲ့ သဘောတရား အခြေခံဘဲ တရုတ်တွေဟာ ဒီစစ်အာဏာရူးကို မကူညီ ရင်တို့ တိုင်းရင်းသားတွေက လဲပုရွက်ဆိပ်တို့  ခါချဉ်တို့ ပျားတို့ လိုညီညွတ် စွာဝိုင်းတိုက်မယ်ဆို တို့ တွေကိုအနိုင်ကျင့် ဖိနှိပ်တဲ့ သူကိုအောင်နိုင်သွားပြီး တရုတ်ကြီးကလည်းကူညီချင်းကူညီ တို့ တိုင်းရင်းသားတွေကို ၀ိုင်းကူညီပါ လား၊အခုတော့ဒီစစ်အာဏာရူးကြီးကို အားဖြည့် ငြူကလီးယား လက်နက် လည်းလက်ထဲရှိကြည့်ပါလား နင်တို့ တရူတ်မတွေကိုလည်း ချန်မှာမဟုတ်ဘူး စောစောသိရင် စောစောဆုတ်ထားကိုတရုတ် ကိုယ်လိုချင်ဒါမရဘဲ သူကြီး ဘဲ ရရ သွားဒါသိတယ်မဟုတ်လား။

လူမျိုးစုတိုင်းကတော်တဲ့ သူကိုရွေးချယ်ပြီးလူမှန်နေရာမှန် ထားတတ်ဖို့ လိုပြီး။သူရဲကောင်း
တို့ ခေါင်းဆောင်ကောင်း
တို့ ဆိုဒါမျိုးနွယ်ဆက်ကဆင်းသက်လာမှမဟုတ်ပါဘူး၊အဲ့သလိုသာငါကတော်လှန်ရေး အဖွဲ့ မှာ ခေါင်း ဆောင်တွေဖြစ်ခဲ့လို့ ငါ့မျိုးဆက်ဘဲ ငါရွေးချယ်တင်မြောက်မယ်ဆိုရင် ၊မင်းမှား ပြီးမကြာခင်မင်းရဲ့ အဖွဲ့ အစည်း မယိုမရဲ ဖြစ်ဖို့ သေချာတယ် ဒီစိတ်ဓါတ်ဒီ အတွေးတွေဘေးဖယ်ထားပါ မောင်ပေါက်ကျိုင်း ထုံးနှလုံး ကိုသတိမူပါ၊ တကယ်စေ့စေ့တွေးကြည့်ရင် အင်္ဂလိပ်လည်းတို့ တိုင်းရင်းသားတွေ အပေါ် မကောင်းခဲ့ဘူး၊သူစေတနာမှန်မယ်ဆိုရင် သိရဲ့သားနဲ့ တိုင်းရင်းသားတွေကော ဗမာတွေကော မင်းဒါလောက်ယူ၊ သူကဒီလောက်ယူ ရန်ကုန်ကိုတော့ အားလုံး ပိုင်ဆိုင်တဲ့နေရာအဖြစ်သတ်သတ်မှတ်မှတ် ခွဲဝေပေးခဲ့ပါလား၊ အိမ် ကြက်ချင်းခွပ်ကြစေဖို့ ရာ သူတို့ ဘဲဖန်တီးပေးခဲ့တာ ကိုယ့်တိုင်းရင်းသူတွေ ကလည်းအင်္ဂလိပ်ကြီး နဲ့ ညားမှအားရ ဂုဏ်ယူကြည်နူးမိသလို ဆိုတော့ သိအောင်ထပ်ပြောရဦးမယ်၊ခုလည်းရှာယူနေကြဒါပါဘဲ အဲ့ဒါကိုယ့်အမျိုး ကိုယ်ဖျက်ဒါယူပြီးတဲ့သူကတော့ ရှိစေတော့သူသိသွားပြီး၊နောက်ကျန်သူတွေ သတိထားဖို့ မျိုးချစ်စိတ်ဆိုဒါ ပြုစုရမယ်ရှင်သန်ရမယ်ကြီးမားလာဖို့ လိုပါတယ်
အခုတခါထပ်ပြောမယ် ကိုယ်တို့ ရဲ့တိုင်း ရင်းသားတွေရဲ့ရန်သူဟာ တရန်ဘဲရှိဒါရှင်းရှင်း လေးတွေ့ ဖို့ လိုတယ်. သူကရန်သူတွေဝိုင်းနေတယ် ဒါကိုတို့ တွေ ဘာလို့ တိုက်လို့ မနိုင်ရမှာလည်း တချိန်ထဲ ညီညီညွတ်ညွတ် ၀ိုင်းတိုက်ကြည့် နှစ်ခါနောက်ထပ်တိုက်စရာ မလိုတော့ဘူး အဲ့ဒီတော့စစ် တိုက်တတ်တဲ့သူ ဦးဆောင်နိုင်တဲ့သူ၊ သူ့ လူမျိုးနွယ်စုကို ဘဲဦးဆောင်ပါ အပြောကောင်းနေရာကောင်း ရွေးတဲ့သူကိုခဏဖယ်ထား ကိုယ့်ဖာသာကိုယ် သိရင်လည်း သူများနိုင်ငံမှာနေထား အဲ့သလိုနေပြီးနောက်ကရမ်းသမ်း ပမ်းသမ်း အမိန့် ပေးခဲ့လို့ လည်း ကိုယ့်အဖွဲ့ အစည်း ဘရန်းဘတာဖြစ်ကုန်ဒါ ဒါဟာမှားယွင်းတဲ့ဦး ဆောင်တိုက်နည်းဘဲ ခေါင်းဆောင်ဆိုဒါ စွန့် ရဲသူဖြစ် ရမယ်လုပ်သက်နုလို့ ရင့်လို့ အသက်ငယ်လို့ မမှန်ပါဘူး အသက်ကြီးလေသေ ရမှာမကြောက်လေဘဲ ဖြစ်နေရမှာ ဘယ်လို လုပ်ပြီးကိုယ့်လူမျိုးကိုဦးဆောင် နိုင်ကြမှာလည်း ခေါင်းဆောင်ကောင်းဖြစ်နိုင်မှာလည်း ဒါပေမယ့် ကိုယ့်ဆွေမျိုး သားချင်း အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေတော့ ဖြစ်နေဒါအမှန်ဘဲ။
အမြီးမြှောက်လိုက် အီးပေါက်လိုက်နဲ့  ပြန်စဉ်းစားကြည့်လိုက် ၈၈ အရေးခင်းစပြီးဆိုတုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စည်းတွေ ခေါင်းချင်းဆိုင်ပြီး အရူးမီးဝိုင်းဖြစ်နေတဲ့ ဒီစစ်အာဏာရူးကို ၀င်ပြီးတော့ မတိုက်ရဲတဲ့ အခွင့်ရေးကောင်းတရပ် လက်လွတ်ရူံးဆုံး ခဲ့ရတယ်။ အဲ့ဒီတော့ ဒီပြည်သူတွေဟာ လက်နက်အားကိုး အနိုင်ကျင့်တဲ့ စစ်အာဏားရူးရဲ့ သေနတ် နဲ့ တည့်တည့်မတ်မတ် ပစ်တာကို ခံခဲ့ကြရတယ် အဲ့ဒီတုန်းက ကျွန်တော်တို့  ကိုယ်တိုင်ဝင်တိုက်ဖို့  နောက်ကခေါင်းရှောင်သူတွေရဲ့အမိန့် ကိုစောင့်ရင်း အားမလိုအားမရဖြစ်ခဲ့ရတယ် နိုင်ငံတွင်းမှာရှိတဲ့ပြည်သူအားလုံးလည်း လက်နက်ကိုင်အဖွဲ့ စည်းတွေကို စောင့်မျှော်ရင်းနဲ့  နောက်ဆုံးတော့လက်နက် မဲ့တဲ့သူက ရှူံးနှိမ့်သွားရတာပါပဲ အဲဒီတခါဆိုရင်တော့ ဒီလိုအဖြစ်မျိုးတွေ သူ့  ပြည်တွင်းထဲမှာ ဖြစ်လာခဲ့ရင် ကိုယ့်ဖာကိုယ်သိကြတော့… ငါတို့ က တော်လှန်ရေးစတည်းက တိုက်လာတာ ဆိုတဲ့အယူဆတွေ ဘေးဖယ်ပြီး ၀င်မတိုက်ရဲရင် ဘာမှမပြောနဲ့ တော့ တိုက်ရဲတဲ့လူ ခိုက်ရဲတဲ့သူ နောက် မဆုတ်တမ်း တခါတည်းအနိုင်တိုက်ဖို့  ကိုယ့်ရန်သူကို ရန်သူလိုသဘောထား အပြတ်ချေမှူန်း တတ်ဖို့ ခုကတည်းကရွေးချယ်စီစဉ်ထားကြဖို့ အချိန်ရပါတယ်

စစ်ဆင်ရေးအထွက်တိုင်းရင်းသားလက်နက်ကိုင်ကော ပြည်သူတွေပါ သိသင့် တာကိုလုပ်တတ်ဖို့ ပဲ လိုပါတယ်။တဦးတယောက်ထဲ တကိုယ်ကောင်း လုပ်လို့ မရတဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အထွက်ကြောင့် ပြည်တွင်းကော ပြည်ပကော အကူညီထိထိရောက်ရောက်ပေးချင်တဲ့ ဘယ်နိုင်ငံက မဆိုပါဝင် စဉ်းစားတွေးခေါ် စစ်ဆင်ရေးအစီစဉ် ကူညီပံ့ပိုးရေးအစီစဉ် အကောင်းဆုံး အထိရောက်ဆုံး အမြန်ဆန်ဆုံး အောင်မြင်မှူ အပြီးသတ်အနိုင်ရမယ့် အနေအထား ဖြစ်ပေါ်လာဖို့ မည်သူမဆိုဝိုင်းဝန်း အကြံပေး နိုင်ပါတယ်။
ဟိုနေရာမှာဖေါက်ခွဲလိုက်မယ် ဒီနေရာမှာဖေါက်ခွဲလိုက်မယ် ဆိုတဲ့သူရဲဘော ကြောင်တဲ့ အကျင့်အကြံကိုတော့ ဒီကနေ့ ကစပြီး မလုပ်ကြဖို့ ဘယ်သူဘဲ လုပ်လုပ် ပြည်တွင်းကလူဘဲနစ်နာတယ်။ဒါကြောင့် အကောင်းဆုံးသော အောင်မြင်မှူအရှိဆုံးသော စစ်ဆင်ရေးနည်းလမ်းကို ပါဝင်ထည့်သွင်း ညှိနိုင်း နိုင်ဖို့  စတင်အကောင်ထယ်ဖော်ကြပါစို့ ။ ဒီစစ်ဆင်ရေးဟာ လျှို့ ဝှက်ဖို့ မလို တဲ့ ပြည်သူအများလည်းသိသင့်တယ်လို့ ထင်ပါတယ် ပါဝင်ဆင်နွဲမယ့် တပ်ဖွဲ့  အသီးသီးကကော နအဖ တပ်ဖွဲ့ ဝင်ထဲကကော အတူတကွ တစိတ်ထဲ တ၀မ်းထဲ အနိတ္တာရုံ စစ်ကြီးကို ပြီးစေဖို့  သူ့ ထောင့်ကိုယ့်ထောင့် သူ့ နေရာ ကိုယ့်နေရာ သူ့ တာဝန် ကိုယ့်တာဝန် ကျေပွန်ကြမယ်ဆိုရင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အထွက်အတွဏ်မြတ်ဆုံးလုပ်ဆောင်ချက်ဘဲ အကျဉ်းချခံနေရတဲ့ သူတွေကိုလည်း လွတ်မြှောက်စေမှာပဲ။ မလုပ်ချင်ပဲ လုပ်နေရတဲ့စစ်သား စစ်ဗိုလ်ဘ၀တွေကိုလည်း ကိုယ့်သွေးကိုယ့်သားလိုခွင့်လွတ်နားလည် ပေးကြမှာ အမှန်ပဲသူလည်းနားလည် ကိုယ်လည်းသဘောပေါက် ခွင့်လွတ် အနိုင်ယူတတ်ကြဖို့ အချိန်တန်ပြီးအဖြေမှန်ကိုရလာမှာ အမှန်ပါ။


နဂါးနိုင်မောင်ပေါက်ကျိုင်း

Read More...

တိုတယ်ကုမ္ပဏီ အကြောင်းပြုပြီး နစ်နာဆုံးရှုံးမှုများ ရှိနေဆဲ

ခေတ်ပြိုင် မှ..........

ထိုင်းနိုင်ငံသို့ ပို့လွှတ်မည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်စဉ်က အဓမ္မစေခိုင်းခံရမှုများ၊ အဓမ္မနေရာပြောင်းရွှေ့မှုများကြောင့် နစ်နာခဲ့ရသည့် မြန်မာပြည်သားများအား ပြင်သစ်တိုတယ် ရေနံကုမ္ပဏီမှ တရားရုံးပြင်ပ အမှုကျေအေးမှု လျော်ကြေးငွေ ပေးအပ်ရာတွင် အမှတ်တကယ်နစ်နာပြီး လျော်ကြေးမရသေးသူများ ရှိနေကာ နစ်နာကြေးရရှိရေးအတွက် လိမ်ညာမှုများလည်း ဖြစ်ပွားနေသည်။

(၁၉၉၄-၉၇) ကာလများက ပြင်သစ်ရေနံကုမ္ပဏီမှ အကောင်အထည်ဖော်သော ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုတွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်းမှ ကျေးရွာသားများ ထောင်သောင်းချီ၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် လူ့အခွင့်အရေးအဖွဲ့များမှ တရားစွဲဆို၍ တိုတယ်ကုမ္ပဏီမှ တရားရုံးပြင်ပ လျော်ကြေးပေး ကျေအေးရန် ကမ်းလှမ်းခဲ့သည်။

သို့အတွက် အဆိုပါတိုတယ်ကုမ္ပဏီမှ လျော်ကြေးငွေပေးအပ်ရန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့၌ ရုံးခန်းဖွင့်လှစ်၍ နစ်နာခဲ့ရသော ကျေးရွာသားများအား ရှာဖွေမေးမြန်းပြီး လျော်ကြေးငွေ ပေးအပ်မှုအချို့ကို (၂၀၀၅-၂၀၀၆) ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည်။ ထို့နောက် ဖွင့်လှစ်ထားသော ရုံခန်းကို တနှစ်ခန့်အကြာတွင် ပိတ်သွားခဲ့သည်။

ထိုသို့ ရုံးပိတ်သွားသည်ကို မသိကြသေးသည့် နစ်နာခဲ့သူများအား တိုတယ်ကုမ္ပဏီမှ လျော်ကြေးရရန် ထပ်မံတောင်းခံပေးမည်ဟုဆိုကာ ကျေးရွာသားများထံမှ တဦးလျှင် ဝန်ဆောင်ခ ဘတ် (၂၀၀) စီ တောင်းခံ လိမ်လည်ထားသည့် ကိစ္စအား အလိမ်ခံရသူတဦးက ခေတ်ပြိုင်သို့ ဖွင့်ဟပြောဆိုသည်။

လိုအပ်သောငွေကြေးများကို စုကောက်၍ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းပေးခဲ့ရသည့် ဒေါ်မြက “ကျမ ၂၀၀၈ ခုနှစ် (၁၀) လပိုင်း (၁၃) ရက်နေ့က ဟွေ့မလိုင်၊ စံခ၊ ဘမိုင်၊ မွန်ကျထေနဲ့ ဘန့်ဒုံယမ်း ဒုက္ခသည်စခန်းက လူပေါင်း (၄၀၂) ယောက်အတွက် ဘတ်ငွေပေါင်း (၈၀,၄၀၀) ကို မင်းနိုင်ဦး ဘဏ်အကောင့်ထဲကို လွှဲထည့်ပေးလိုက်ပါတယ်။ ကျမမှာ ငွေလွှဲပြေစာတွေ အကုန်သိမ်းထားပါတယ်” ဟု ဆိုသည်။

ထိုသို့ ငွေကြေး ယူဆောင်သွားသူမှာ ယခင်က အဆိုပါလျော်ကြေးငွေ ပေးအပ်မှုကိစ္စတွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကန်ပေါက်ဒေသမှ အသက် (၃၅) နှစ်အရွယ် မင်းနိုင်ဦးဆိုသူဖြစ်ပြီး ၎င်းသည် စံခရဘူရီမြို့နယ် ထပ်ခနွန်တွင် နေထိုင်ကြောင်း၊ သို့သော် ၎င်းအား ဆက်သွယ်၍ ရသည်မှာ လွန်ခဲ့သည့် တလက နောက်ဆုံးဖြစ်ကြောင်း ဒေါ်မြက ပြောကြားသည်။

အဆိုပါငွေကြေးမှာ လိုအပ်သောစာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်ခများအတွက် တဦးလျှင် ဘတ်ငွေ (၂၀၀) စီ နစ်နာကြေးတောင်းခံသူများထံမှ ကောက်ယူခြင်းဖြစ်သည်။

တိုတယ်ပိုက်လိုင်းဖောက်စဉ်က သူမတို့ကိုယ်တိုင်နစ်နာခဲ့ရမှုများနှင့်ပတ်သက်၍လည်း “သူတို့ ကတိုက်မှာ သင်္ဘောဆိပ်ဆောက်တော့ ကျမတို့ ဝပြဲချောင်းမှာ လှိုင်းပုတ်လို့ တမံတွေကျိုးပြီး ရေချိုလယ်၊ ရေငန်လယ်တွေ အကုန်ပျက် ကုန်ရော။ အဲဒီအချိန်က စပါးကလည်းပွင့်တော့ ရေတင်တာနဲ့ အကုန်ဆုံးကုန်တာ ဘာမှကို မကျန်ခဲ့ဘူး” ဟု ဒေါ်မြက ပြောဆိုသည်။

ထို့နောက် မင်းနိုင်ဦးမှ ကော်မတီဖွဲ့ကာ တောင်းဆိုမှ အဆင်ပြေမည်ဟုဆိုကာ အဖွဲ့ဝင် (၁၃) ဦးပါ ကော်မတီကိုဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် ဒေါ်မြနှင့်ခင်ပွန်း ဦးဝင်းမြင့်၊ ဒေါ်မြ၏ သမီးတဦး၊ ဦးမင်းနိုင်၊ ဦးကြင်လေး စသည့်သူများပါဝင်ကြကြောင်း၊ ထို့နောက် လျော်ကြေးငွေ သွားယူရန် ပြင်သစ်နိုင်ငံသို့ ၂၀၀၉ ခုနှစ် မေလ (၂၃) ရက်တွင် သွားရောက်ရမည်ဖြစ်သည့်အတွက် ပတ်စပို့စ်လုပ်ရန်ဟု ဆိုကာ တယောက်လျှင် ဘတ်ငွေ (၃၇,၀၀၀) ကို ကော်မတီဝင် (၁၃) ဦးစာအတွက် ထပ်မံတောင်းယူ၍ အကြိမ်ခွဲကာ ငွေထပ်ပေးခဲ့ရကြောင်း ဒေါ်မြက ဆက်လက် ပြောပြသည်။

၎င်းတို့အားလုံးမှာ ခြံပေါင်၊ အိမ်ရောင်း၊ ဆိုင်ကယ်များ ရောင်းချ၍ ထိုငွေကို ပေးအပ်ခဲ့ရကြောင်း ဒေါ်မြက ပြောသည်။

“ကျမအိမ် (၂) လုံးကိုပေါင်၊ ခြံ (၃) ကွက်ကိုရောင်း၊ ဆိုင်ကယ် (၃) စီးကိုလည်း ရောင်းပြီးပေးခဲ့ရတာပါ။ အခုတော့ အိမ်လည်း ဆုံးသွားပါပြီ” ဟု ၎င်းက ပြောသည်။

၂၀၀၅-၀၆ ကာလက လျော်ကြေးငွေ ပေးအပ်ရာတွင် လုပ်အားပေးအဖြစ် လူရှာပေးခဲ့သူ ထားဝယ်လူငယ်အစည်းအရုံးမှ ကိုထွန်းလွင်က “ပေးတာက NCCM နဲ့ တိုတယ် ဘုတ်အဖွဲ့ကနေပေးတာပါ။ ကျနော်တို့ မွန်၊ ထားဝယ်၊ ကရင် စုစုပေါင်း လူ (၂၀၀) ကျော်ကို တရက် ကျပ် (၅၀၀) နှုန်းနဲ့ ပေးခဲ့ပါတယ်။ တချို့က ဘတ်ငွေ (၃-၄) သောင်းလောက် ရမယ့်သူတွေပါပါတယ်။ ဒါပေမယ့် အပြည့်မရကြပါဘူး။ လူတွေကတော့ ဘန်ကောက်၊ မဟာချိုင်၊ စံခ၊ ထပ်ခနွန် စတဲ့ နေရာတွေမှာရောက်နေတဲ့ အမှန်နစ်နာခဲ့ရတဲ့ သူတွေပါ” ဟု သူ၏ အတွေ့အကြုံကို ပြောပြသည်။

သို့ရာတွင် လျော်ကြေးငွေ မရရှိသေးသည့်သူများလည်း ရှိနေကြသေးသည့်အပြင် စုစုပေါင်းငွေကြေးမည်မျှကို လျော်ကြေးပေးခဲ့သည်၊ လျော်ကြေးပေးရန် ကျန်ရှိသည့်ငွေမှာ မည်မျှကျန်ရှိနေသေးသည်ကို မိမိတို့မသိရှရကြောင်း ၎င်းက ဆက်ပြောသည်။ “ကျနော်ထင်တာကတော့ ဘတ်သန်း (၃၀၀) လောက် လျော်ကြေးပေးဖို့ ရှိတယ်။ ဒါပေမယ့် ပေးသွားတာက ဘတ်သန်း (၁၀၀) တောင် မရှိပါဘူး” ဟု ဆိုသည်။

တိုတယ်မှ လျော်ကြေးကိစ္စတွင် လိုအပ်သည့်အကူအညီများ ပေးခဲ့သည့် National Catholic Council of Migration (NCCM) မှ အဆင့်မြင့်တာဝန်ရှိသူတဦးက “၂၀၀၅-၂၀၀၆ ခုလောက်မှာ ကျနော်တို့နဲ့တိုတယ်နဲ့ သီးခြားကော်မတီတခုဖွဲ့ပြီး လုပ်ခဲ့ပါတယ်။ တနှစ်လောက်နေတော့ ရပ်သွားပါတယ်။ ကျနော်တို့ကတော့ မရတာထက် ရတာကောင်းတယ်ဆိုပြီး သက်သက်ကူညီပေးခဲ့ရုံပါ၊ အမည်ခံပေးရုံပါ။ သူတို့ပြန်သွားတော့ ဘာမှတ်တမ်းမှတ်ရာတခုမှ ဓာတ်ပုံတပုံတောင် ချန်မထားခဲ့ပါဘူး” ဟု ဆိုသည်။

ထို့နောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် NCCM ထံသို့ စာတစောင်ရောက်လာကာ ထိုစာတွင် နစ်နာသူများကို စုထားကြောင်း၊ အဆက်အသွယ်လိုကြောင်း ပါရှိခဲ့သော်လည်း တိုတယ်အုပ်စုမှ မည်သည့်အဆက်အသွယ်မှ ချန်ထားခဲ့ခြင်းမရှိ၍ မိမိတို့အနေဖြင့် မည်သို့မှ အကြောင်းမပြန်နိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် ကော်မတီတခုက လူများလိုက်စုနေသည်ကို ကြားသိရ၍ မိမိတို့နှင့်မဆိုင်ကြောင်း နီးစပ်ရာသို့ အသိပေးခဲ့သေးသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“သူတို့လက်ရေးနဲ့ ရေးထားတဲ့ကြေညာစာမှာ ကျနော်တို့တွေ့ပါတယ်။ စာလုံးပေါင်း သတ်ပုံတောင်မမှန်ဘူး။ ကျနော်တို့ NCCM နာမည်ကိုလည်း သုံးထားသေးတယ်” ဟု ဆိုသည်။ အဆိုပါစာမှာ မင်းနိုင်ဦးရေးသား၍ ဖြန့်ဝေသော စာများကို ဆိုလိုခြင်း ဖြစ်သည်။

အဆိုပါတိုတယ်ကုမ္ပဏီ၏ လျော်ကြေးငွေ ပေးအပ်မှုသည် တရားရုံးပြင်ပတွင် နှစ်ဘက်သဘောတူခဲ့ကာ ပေးအပ်ခြင်းဖြစ်၍ မည်မျှပေးအပ်မည်၊ မည်သို့ပေးအပ်မည်ကို မြန်မာပြည်သားများ တိတိကျကျ မသိရှိခဲ့ကြချေ။

Read More...

ဘယ်ဘဝကဝဋ်ကြွေးများလည်း.....

အင်မတန်ကြေကွဲဖွယ်ကောင်းပြီး သနားစရာကောင်းတဲ့ ချစ်တဲ့ကရင်လူမျိုးတွေဆုတ်လဲဆူး စားလည်းရူးတဲ့ဘဝနဲ့ ဒီလိုရင်ဆိုင်နေရတာကို..ကြည့်မိ တော့တကယ့်ကို Heart ထိသွားတယ်ဗျာ....မိတ်ဆွေလည်းကြည့်ပြီးတော့ ခံစားကြည့်လိုက်ပါ.....



Read More...

ဆံနွယ် တိုတို ချစ်နတ်သမီး

ညီအစ်ကို တစ်ဦးရဲ့ တောင်းဆိုချက်ကြောင့် မြူးမြူးလေးနဲ့ တစ်နေ့ တာကိုကျောင်ဖြတ်သွားရအောင်ဗျာ.......

Read More...

လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။

၁၃.၉.၂၀၁၀ နေ့ တွင်ရန်သူ ခလရ(၄၈)တပ်ရင်းမှုးတင်မိုးကျော်ဦးစီးတဲ့ အုပ်စုသည် မာလာတောရွာမှ ရွာသား (၁)စောနိုင်ကျော်(ဥက္ကဌ)
(၂) စောမှန်ကြယ် (၃)စောကပေါ်ရေ (၄)စောရိုရှူး (၅)စောကျားဖိုး (၆)စောလွဲထူး (၇)စောတာပေါ (၈)စောလယ်ကျား တို့ ကိုအကြောင်း မဲ့သက်သက်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ဖမ်းဆီးခံခဲ့ရသူအထဲမှ စောလယ်ကျားသည် ထိုတစ်ညထဲမှာထွက်ပြေးလွတ် မြောက်ခဲ့ကြောင်းသိရှိရသည်။
ထို ခလရ(၄၈)တပ် စပြီးတာဝန်ယူကတည်းက မာလာတောစခန်းအောက်ဘက်ရှိ ရွာသူရွာသားများအား မာလာတောသို့ အသွားအလာရောင်း ဝယ်ဖောက်ကားခြင်းကို ပိတ်ပင်တဲ့အပြင် မာလာတောရွာသားများအားလည်းလယ်ယာလုပ်ငန်းခွင်များသို့ လည်းအစားအသောက်အပိုအလျှံသယ် ယူခွင့်ကိုလည်းပိတ်ပင်ထားသေးသည်။
အဆိုပါစစ်အုပ်စု စတင်ရောက်ရှိလာချိန်မှစပြီး ထိုဒေသအနီးတဝိုက်ရှိ ရွာများမှလူထုကိုနည်းမျိုးစုံဖြင့် အနိုင်ကျင့်ကြောင်းကိုလည်းသတင်းရရှိသည်။

Read More...

နအဖနှင့် ကေအဲန်ယူတိုက်ပွဲဖြစ် နအဖ ၁၁ဦး ထိခိုက်သေဆုံး

KIC သတင်းမှ...........

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ ယနေ့မနက်တွင် နအဖ စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်(ကေအဲန်အယ်အေ)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်က ၄ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)က ကေအိုင်စီကို ပြောဆိုသည်။

ယနေ့မနက် ၁၀နာရီကျော်တွင် ကေအဲန်အယ်လ်အေ တပ်ရင်း ၂၁နှင့် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်း ခမရ(၃၄၃) တပ်ခွဲ(၂)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေတပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ပြောသည်။

၎င်းက “ဒီနေ့ ၁၀ကျော်ကျော်လောက်မှာ တပ်ရင်း ၂၁နဲ့ နအဖ ခမရ ၃၄၃တပ်ရင်း တပ်ခွဲ(၂)တို့ ကျော်တလေးခိုမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက်က ၄ဦးသေတယ်။ ၇ဦးဒဏ်ရာရတယ်။ သေတဲ့အထဲမှာ တပ်ကြပ် ကြီး ၁ယောက်နဲ့ တပ်ကြပ် ၁ယောက် ပါတယ်၊ ဒဏ်ရာရတဲ့အထဲမှာ ဗိုလ် ၁ယောက်နဲ့ တပ်ကြပ်ကြီး ၁ယောက်ပါ တယ်၊ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ရက်နေ့တွင် ပိုင်ကျုံမြို့နယ်၌ ဗိုလ်မှူးလိုက်သိမ့်ဦးစီးသော BGF (၁၀၁၉)တပ်ရင်း နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)တို့ ထီးမိုခီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးကျဆုံးသလို စက် တင်ဘာလ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွင်လည်း ဗိုလ်မှူးဝင်းလှိုင်ဦးစီးသည့် BGF (၁၀၁၅)တပ်ရင်းနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၁) ပူးပေါင်းတပ်တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ BGF ဘက်က ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ပြောသည်။

ယင်းသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုအပေါ် ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “BGF တပ်ရင်း(၁၀၁၁)ကနေ (၁၀၂၃)အထိပေါင်းရင် သူတို့အင်အားတွေ အများကြီးရှိတယ်။ အဲဒီအင်အားတွေနဲ့ နအဖတချို့က နောက်ကနေ လိုက်တယ်။ ကေအဲန်ယူရဲ့ဂွင်ကို တိုက်ဖို့ဆိုပြီးတော့ သူတို့ပေါ်လစီရှိတယ်။ ဆိုလို တာက ဒီကေဘီအေကနေ ပြောင်းသွားတဲ့ BGF တွေကို ကိုင်လို့ဘယ်လောက်ရသလဲဆိုတာကို စမ်းသပ်ပြီးတော့ ကေအဲန်ယူနဲ့ တိုက်ဖို့ဆက်လက်ပြီး တွန်းအားပေးမယ့် လှုပ်ရှားမှုပဲ။”ဟု ပြောသည်။

ထို့အပြင် ထိုဒေသများတွင် ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့် နယ်မြေများအဖြစ် ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသောကြောင့် BGF တပ်ဖွဲ့ဝင်များကို ဆက်လက် ဖိအားပေးလာသည်နှင့်အမျှ ကေအဲန်ယူနယ်မြေ တွင် ရှေ့ဆက် တိုက်ပွဲများ ပိုဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးစောလှငွေက ထပ်မံ ပြောသည်။

ကေအဲန်ယူနှင့် နအဖ၊ နယ်ခြားစောင့်(BGF)တပ်များ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည့်ကြားက လာမည့် စက် တင်ဘာလ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ကေအဲန်ယူမှ တရက်တာ တဖက်သတ် အပစ်အ ခတ် ရပ်စဲမည်ဟု ယခုလ ၁၅ရက်နေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

Read More...

အဖွင့်သီချင်း

ဒီတပတ်ကို မြူးမြူးလေးနဲ့ ဖွင့်လိုက်ကြရအောင်ဗျာ..........

Read More...

လှည်းကူးအနီး ရွာသားများကို စစ်တပ်က ရိုက်နှက်

VOA သတင်းမှ........

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စုထဲက သုံးဆယ်ပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က တရွာလုံးက ကလေးသူကြီးမကျန်ကို စုဝေး ခိုင်းပြီး ရွာအနီးမှာ အခြေစိုက်တဲ့ အင်းတိုင်တပ်နယ်ထဲက အမှတ် (၆၀၅) အမြောက်တပ်က အရာရှိတွေက အရာရှိတွေနဲ့ စစ်သည်တွေက ရိုက်နှက်ထိုးကြိတ်တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ ပါတယ်။ အဲဒီအထဲက အပြင်းထန်ဆုံး ရိုက်နှက် ကန်ကျောက် ထိုးကြိတ်ခံရသူ ဒေါ်ပိန်က လှည်းကူးဆေးရုံက ဘာမှ လုပ်မပေးသလို တိုင်ကြားထားတဲ့ ဖောင်ကြီးရဲစခန်းကလည်း ဘာမှ အရေးယူမပေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

သြဂုတ်လ ၁ ရက်နေ့က သုံးဆယ်ပေါက် ကျေးရွာမှာ မွန်လေးလို့ အမည်ရှိတဲ့ ရွာခံလူငယ်တဦးဟာ အရပ်ဝတ် ၀တ်ထားတဲ့ ဗိုလ်ကြီး စစ်လင်းအောင် ဆိုသူနဲ့ ရွာထဲမှာ မတော်တဆ တိုက်မိကြရာက ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့် ဆီံကို လာရောက်တိုင်ကြားတဲ့ လှည်းကူးမြို့ခံက အခုလို ပြောပြပါတယ်။
“အဲဒီ (၆၀၅) တပ်က ဗိုလ်ကြီးစစ်လင်းအောင် ဆိုတဲ့ ပုဂ္ဂိုလ်က - ငါက ဗိုလ်ကြီးစစ်လင်းအောင် ကွ၊ ဗိုလ်ကြီးဆိုတာက မသိဘူးလား။ - ဆိုတော့ အရပ်ဝတ်နဲ့ဗျာ။ ဘယ်သိမှာလဲ။ အဲဒီ တော့ လူငယ် ၃ ယောက်ကို ပါးရိုက်၊ နားရင်းအုပ်၊ ဆောင့်ကန်၊ ရိုက်နှက် ထိုးကြိတ် ပြီးတော့ ပြန်သွားတယ်။”
မကြာခင်မှာပဲ အမတ (၆၀၅) တပ်က အဲဒီ ဗိုလ်ကြီးစစ်လင်းအောင်၊ တပ်ရေးဗိုလ်ကြီးအောင်ကျော်ဇင် နဲ့ တပ်မှူး ဗိုလ်မှူးဇော်ဇော် တို့ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မွန်လေးရဲ့ အစ်မ ဖြစ်တဲ့ ဒေါ်ပိန်ရဲ့ အိမ်ပေါ် တက်ရှာကြပြီး မွန်လေးကို မတွေ့တာကြောင့် တအိမ်လုံးကို ရိုက်နှက်ဖျက်စီးနေကြစဉ်မှာပဲ အမတ(၆၀၅) တပ်က နောက်ထပ် စစ်သည် (၅၀) လောက် စစ် ထရပ်ကားကြီးနဲ့ ရွာထဲကို ထပ်ပြီး ရောက်ရှိ လာပါတယ်။ တပ်ရေးးဗိုလ်ကြီးအောင်ကျော်ဇင်က တားဆီးနေတဲ့ကြားကပဲ ရဲဘော်တွေက မပိန်ကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်ရုံတင် မက ရင်ဘက်ကိုပါ သေနတ်တွေနဲ့ ဆောင့်ရိုက်သွားခဲ့တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။
ဒါ့အပြင် အိမ်ခြေ (၂၂ ) လုံးပဲရှိတဲ့ သုံးဆယ်ပေါက်ကျေးရွာက ကလေးလူကြီးတစ်ယောက်မကျန် ရွာလမ်းပေါ်မှာ စုဝေးတန်းစီခိုင်းပြီး အရာရှိတွေရှေ့မှာပဲ ရဲဘော်တွေက ရိုက်နှက်ထိုး ကြိတ်ကန်ကျောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြင်းထန်ဆုံး ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ပိန်က ဖောင်ကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်ပေမဲ့ ဘာမှ အရေးမယူပေးဘူးလို့ ဒေါ်ပိန်က ဗီအိုအေကို အခုလို ပြောပြပါတယ်။
“ရဲစခန်းက ဘာမှ မပြောလိုက်ဘူး။ တပ်နဲ့ဖြစ်တာ မလုပ်ပေးဘူး။ သူတို့ပြောတာက ဒီအမှုကို ဆက်ကိုင်မယ်ဆိုရင်တဲ့ ငွေထုပ်ပိုက်ထားပါ လို့ ပြောလို့။ စစ်တပ်နဲ့ဆိုရင် မလုပ်ပေးရဲဘူး လို့ ပြောတယ်။ တခြား တိုင်လည်း ဘယ်သူမှ လက်မခံဘူး။ အဲဒါကြောင့် ဦးအေးမြင့်ဆီ လာတာ။”
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဗီအိုအေ ၀ိုင်းတော်သား ကိုသားညွှန့်ဦးကလည်း ဖောင်ကြီးရဲစခန်းကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“အမိန့်ရှိပါခင်ဗျာ။ ဖောင်ကြီး ရဲစခန်းကပါ။”
ကျနော် တခုမေးချင်လို့။ ပြီးခဲ့တဲ့လက မရမ်းကုန်းကျေးရွာက မပိန် တပ်က အရိုက်ခံရတဲ့ကိစ္စ ဘာများထူးသေးလဲခင်ဗျ။ -
“အဲဒါဆိုရင် အစ်ကို၊ ကျနော် စခန်းမှူးကို သတင်းပို့ကြည့်ပါဦးမယ်ခင်ဗျ။ ခဏနေရင် ပြန်ဆက်လိုက်ပါလား။”
အဲဒီအမှုကိစ္စက ဘာများရှိသေးလဲခင်ဗျ။ -
“အဲဒါကတော့ ကျနော်တို့ သေချာမသိဘူး။”
သူက တိုင်ထားတာက ရဲစခန်းက လက်မခံဘူးကြားလို့ပါ။ -
“အဲဒီလိုတော့ မဟုတ်ပါဘူး အစ်ကို။”
ဒါဆို ဘယ်လိုမျိုးလဲခင်ဗျ။ အမှုက လက်ခံထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်တယ်။”
အမှုဖွင့်ထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်ပါတယ်။”
အရေးယူတာတွေ ဘာတွေရော ရှိလားခင်ဗျ။ -
“ရှိပါတယ်။”
ဘယ်လို အရေးယူထားလဲ။ -
“ကျနော်တော့ သေချာမသိဘူး။ တကယ်လို့ အစ်ကိုတို့ သေချာသိချင်ရင်တော့ ကျနော်တို့ စခန်းက တကယ့် တာဝန်ရှိတဲ့သူနဲ့ အစ်ကိုတို့ မျက်နှာချင်းဆိုင် တွေ့ပြီးတော့ မေးတာက ပိုပြီးတော့ သိနိုင်ပါတယ်။”
ဒဏ်ရာတွေ ပြင်းထန်နေတဲ့ ဒေါ်ပိန်ဟာ ဖောင်ကြီးရဲစခန်းမှာ သတိလစ်သွားခဲ့တာကြောင့် ဖောင်ကြီးရဲစခန်းက လှည်းကူးဆေးရုံကို လိုက်ပို့ပေမဲ့ စစ်တပ်ရဲ့ ရိုက်နှက်ခံရမှု ဖြစ်တာ ကြောင့် ဆေးရုံက ဘာမှမလုပ်ပေးဘဲ ဆေးနှစ်ပြားပဲ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ပျက်ပြီး တစ်လလောက် ကြာတော့မှ အခု လို လမ်းပြကြယ် ဦးအေးမြင့်ထံကို လာရောက်တိုင်ကြားရသလဲ ဆိုတာနဲ့ပတ်သက်ပြီး လှည်းကူးမြို့ခံက အခုလို ပြောပါတယ်။
“ကျနော်တို့က တစ်လ ကျော်ကျော်လောက်ကာလ အတွင်းမှာ ဘာကြောင့် အခုလို နောက်ကျပြီးတော့ ပြောရသလဲဆိုတာက တရားဥပဒေ အရ အမှုဖွင့်တယ်ဗျာ။ ဒီနေ့အချိန်အထိ ဘာမှဖြစ်မလာဘူးဆိုတော့ ကျနော်တို့က ဘယ်သူ့ကို အားကိုးရတော့မှာလဲ။ ကျနော်တို့က အရိုက်လည်း ခံရတယ်။ စစ်သားဆိုလို့ရှိရင် ဘောင်းဘီဝတ်ရင် ကြောက်ရမယ့်သဘောကို ရောက်နေတယ်ဗျ။ စစ်တပ်လုပ်သမျှ ခံရမယ် ဆိုတဲ့ သဘောကို မခံနိုင်လို့ နောက်ဘိတ်ဆုံး ကူညီရာမဲ့တဲ့အတွက် လမ်းပြကြယ်ဦးအေးမြင့်ကတဆင့် အားလုံးသိအောင် လာပြီး ရင်ဖွင့် ပြတာပါ။”
အခုလ စက်တင်ဘာလမှာလည်း ပဲခူးမြို့ပေါ်မှာ စစ်တပ်က အရာရှိနဲ့ စစ်သည်တွေ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့လို့ လူငယ် ၂ ဦး သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။

Read More...