လူမဆန်မှုသတင်း

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။

၁၃.၉.၂၀၁၀ နေ့ တွင်ရန်သူ ခလရ(၄၈)တပ်ရင်းမှုးတင်မိုးကျော်ဦးစီးတဲ့ အုပ်စုသည် မာလာတောရွာမှ ရွာသား (၁)စောနိုင်ကျော်(ဥက္ကဌ)
(၂) စောမှန်ကြယ် (၃)စောကပေါ်ရေ (၄)စောရိုရှူး (၅)စောကျားဖိုး (၆)စောလွဲထူး (၇)စောတာပေါ (၈)စောလယ်ကျား တို့ ကိုအကြောင်း မဲ့သက်သက်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ ဖမ်းဆီးခံခဲ့ရသူအထဲမှ စောလယ်ကျားသည် ထိုတစ်ညထဲမှာထွက်ပြေးလွတ် မြောက်ခဲ့ကြောင်းသိရှိရသည်။
ထို ခလရ(၄၈)တပ် စပြီးတာဝန်ယူကတည်းက မာလာတောစခန်းအောက်ဘက်ရှိ ရွာသူရွာသားများအား မာလာတောသို့ အသွားအလာရောင်း ဝယ်ဖောက်ကားခြင်းကို ပိတ်ပင်တဲ့အပြင် မာလာတောရွာသားများအားလည်းလယ်ယာလုပ်ငန်းခွင်များသို့ လည်းအစားအသောက်အပိုအလျှံသယ် ယူခွင့်ကိုလည်းပိတ်ပင်ထားသေးသည်။
အဆိုပါစစ်အုပ်စု စတင်ရောက်ရှိလာချိန်မှစပြီး ထိုဒေသအနီးတဝိုက်ရှိ ရွာများမှလူထုကိုနည်းမျိုးစုံဖြင့် အနိုင်ကျင့်ကြောင်းကိုလည်းသတင်းရရှိသည်။

0 comments:

Post a Comment