ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ဦး ထိခိုက်သေဆုံး

ဖေဖော်ဝါရီလ ၁၉ရက်။ စောထွန်းနိုင် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၉ဦး ဒဏ်ရာရရှိကာ ၂ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ထိုပေါက်ကွဲမှုနှင့်ပတ်သက်၍ ကော့ကရိတ်မြို့ခံတစ်ဦးက “ဒီနေ့ ကော့ကရိတ်မြို့ နာရီစင်အနီးမှာ ဗုံးတလုံး အရင် ပေါက်ကွဲ တာ အရပ်သား သုံးဦးဒဏ်ရာရရှိပြီး နှစ်ဦးကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ အဲလိုပေါက်ကွဲပြီး နောက် ဆယ်မိနစ်ကြာ တော့ ရဲစခန်းအနီးမှာ ဗုံးနောက်တလုံး ထပ်မံပေါက်ကွဲသေးတယ်။ အဲဒီမှာတော့ သေဆုံးသူ မရှိပေမဲ့ ၆ဦးတော့ ဒဏ်ရာရသွား တယ်”ဟု ကေအိုင်စီကို ပြောသည်။

Read More...

ဖြေရှင်းပေပါရန်

မြိုင်ကြီးငူဆရာတော် ဦးသုမနသည် ထိုင်းနိုင်ငံမှာ ဆေးရုံတက်နေရတယ်လို့ သတင်းရရှိပါသည် လွန်စံလို့မရနိုင်တဲ့ သင်္ခါရသဘောတရားကို လူတိုင်းက ရင်ဆိုင်နေကြရတာမို့ သင်္ခါရဆိုတဲ့လမ်းမကြီးပေါ်သို့ မလျှောက်လှမ်းရသေးခင်မှာ D.ပြဿနာ K.ပြဿနာ B.ပြဿနာ A. ပြဿနာတွေကို ဖြေရှင်းထားခဲ့တော်မူပါရန်.......
D-တိုးတက်အောင်မြင်မှု့
K-ကရင်
B-ဗုဒ္ဓဘာသာ
A-အဖွဲ့အစည်း သို့မဟုတ် အမျိုးသား
အားလုံးစုပေါင်းလိုက်တော့ D.K.B.A-တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အဖွဲ့အစီး သို့မဟုတ် အမျိုးသား ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတာ တွေ့ရပါသည်

Read More...

ကော့ကရိတ်တွင် ဗုံး ၂ လုံးကွဲ ၁ ဦးသေ

ပင်လုံမှာခွဲလို့ မဝသေးဘူးနဲ့တူတယ်....အခုလည်းကော့ကရိတ်မှာထပ်ပြီးခွဲ...ဒါပြီးရင် နေပြည်တော်ခွဲဖို့ပဲ ကျန်တော့တယ်။ နောက်ဆုံးခွဲစရာမရှိတော့ရင်ကိုယ့်ဘောကိုယ်ပြန်ခွဲပါတော့ စစ်ချုပ်ကြီးရေ..။

Friday, 19 February 2010 သန်းထိုက်ဦး (ဧရာဝတီ)
ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်ရှိ ဈေးထဲ၌ ယနေ့ နံနက်ပိုင်းက ဗုံး ၂ လုံး ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ ၁ ဦး သေဆုံး သွားကြောင်း သိရသည်။

“ဗုံးပေါက်တာ ဟုတ်ပါတယ်၊ ကော့ကရိတ် ဈေးထဲမှာ ဖြစ်တာ” ဟု ကော့ကရိတ် ဈေးအနီးတွင် နေထိုင်သူ အိမ်ရှင်မ တဦးက ပြောသည်။
ယင်းဗုံးပေါက်ကွဲမှုကြောင့် ယခုသေဆုံးသူသည် ဒဏ်ရာပြင်းထန်စွာဖြင့် ဘားအံဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်ပြီး တခြားသော ဒဏ်ရာရရှိသူ ၂ ဦးခန့် ရှိကြောင်းလည်း သိရသည်။ ယင်း ပေါက်ကွဲမှုသည် မည်သူ့ လက်ချက်ဖြစ်ကြောင်းကိုမူ မသိရှိရသေးပေ။

Read More...

မြိုင်ကြီးငူဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ

ရဲရင့်/ ၁၉ ဖေဖော်ဝါရီ ၂ဝ၁ဝ (ခေတ်ပြိုင်)

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့သည့် နာယကဆရာတော် ဦးသုဇနသည် အဆုတ်နှင့် အစာအိမ်တွင် အနာဖြစ်သောကြောင့် ဘန်ကောက်မြို့ဆူကွန်ဗစ် (၁) လမ်းရှိ ဘန်ရွန်ဂရတ် (Bumrungrad) ပုဂ္ဂလိကဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
ဆရာတော်ကို သွားရောက်ကြည့်ရှုခဲ့သည့် ဒကာတဦးက “ဘုန်းကြီးရောဂါက အတော်ဆိုးတယ်။ ရန်ကုန်မှာကုရင်တော့ မလွယ်ဘူး။ အစာအိမ်နဲ့အဆုတ်မှာရှိတဲ့ အနာတွေရဲ့သွေးပုပ်တွေကို စက်နဲ့စုပ်ပြီးထုတ်ရတယ်။ ဆရာတော်ကတော့ အခုကြပ်မတ်ဆောင်မှာပဲ နေရတယ်။ ရန်ကုန်မှာ ကုလို့မပျောက်တာက ပရောဂလို့ ပြောကြတယ်။ ကျနော်ထင်တာကတော့ နိုင်ငံရေး ပရောဂပါမယ်လို့ ထင်တယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာကုတာ ဘာရောဂါမှမရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။

Read More...

ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

ရေးသားသူ - ပါးရယ်

မြန်မာစစ်အစိုးရတပ်များသည် ကရင်နီပြည် ရှားတောမြို့နယ်ရှိ ဒေါတခူးကျေးရွာအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြာင့် ယခု ဆိုလျှင် ဒေသခံရွာသားများက ကြောက်ရွံ့၍ အခြားကျေးရွာများသို့ ထွက်ပြေးနေထိုင်ကြသည်ဟု သိရသည်။
ဒေါတခူးကျေးရွာတွင် ဒေသခံရွာသူရွာသား အိမ်ထောင်စု ၂၁ စု နေထိုင်လျက်ရှိသည်။ သို့သော် စစ်အစိုးရတပ်များ၏ ခြိမ်းခြောက်ထား မှုကြောင့် ၈ အိမ်ထောင်စုသည် ၎င်းတို့ ကျေးရွာမှ စွန့်ခွာပြီး အခြားကျေးရွာများ ဖြစ်သော ၀ါကော၊ ဒေါတနောနှင့် ဒေါမူးလဲသို့ ပြောင်းရွှေ့ နေထိုင်ကြကြောင်း ဆိုသည်။

“ရွာထဲမှာ တအားရှုပ်နေတယ်လို့ ပြောတယ်။ ရွာသူရွာသားတွေ ထွက်ပြေးကုန်ကြတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်လောက် ထွက်ပြေး ပြီလဲဆိုတာ မသိရဘူး။ ရွာထဲက လူတွေက ဖရိုဖရဲ ထွက်ပြေးကုန်ကြပြီလေ” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခူဒယ်နီ ယာက ပြောပါသည်။

Read More...

စစ်အစိုးရ စွပ်စွဲချက် SSA(S) ငြင်းဆို

သတင်း - သတင်းနှင့်မီဒီယာကွန်ယက်
ရေးသားသူ - ဇော်ကြီး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 18 ရက် 2010 ခုနှစ်

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် (၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပခဲ့သည့် မြို့နယ် ဘော့လုံးကွင်း အတွင်း ပေါက်ကွဲမှု ဖြစ်ပွားရာတွင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) လက်ချက်ဟု စစ်အစိုးရက စွပ်စွဲလိုက်သည်။
ယခုလ(၁၆)ရက် အင်္ဂါနေ့က ည(၈)နာရီခွဲအချိန်က အောင်မာဃဇာတ်ရုံအနီး မီးစက်ရုံ၌ ပေါက်ကွဲခဲ့ရာ အရပ် သား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ပါရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုအားတိုက်ခိုက်ခြင်းသည် အကျိုးမဲ့လုပ်ရပ်သာဖြစ်၍ စစ်အစိုးရမှ လုပ်ကြံ စွပ်စွဲခြင်းသာ ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA(S) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဝ်ဆိုင် က ယခုလိုပြောသည်။

Read More...

ပင်လုံဗုံးကွဲ လေးဦးဒဏ်ရာရ

ကိုကိုနအဖကတော့ထပ်ပြီးလုပ်ချလိုက်ပြန်ပြီး။
တိုင်းရင်းသားတွေကိုနိုင်ငံရေးလူမျိုးရေးမျက်လှည့်ပြချင်ပေမဲ့လည်းပြကွက်တွေကသွားပြီးတူနေတယ်။ ဟော...ခုလည်းကြည့်ပင်လုံမှာဗုံးကွဲလို့လေးဦးသေပြန်ပြီးတဲ့...ဟိုတလောကဖာပွန်မှာဗုံးကွဲလို့ကရင်တွေသေ...ခုတော့ရှမ်းပြည်မှာဗုံးကွဲလို့ရှမ်းတွေသေ....
နောက်ဆိုနေပြည်တော်မှာဗုံးကွဲလို့ဘယ်သူတွေသေဦးမလဲမသိဘူးနော်။တော်တော်ရီစရာကောင်းပြီးကလေးဆန်တဲ့လုပ်ရပ်တွေပါလားဗျား။ဧကန်ဏနအဖစစ်ချုပ်ကြီးသူငယ်ပြန်ပြီးဘာလုပ်ရမှန်းမသိကြံရာမရအရူးမီးဝိုင်းသလိုဖြစ်ပြီးတော့သူညှိယူလို့
မရတဲ့တိုင်းရင်းသားအဖွဲ့တွေကိုဒီလိုဘဲကလေးအထာ(ကုလားအထေ)တွေနဲ့မဟုတ်တာတွေစွပ်စွဲဦးမှာပါလား..
ဒါ့အပြင်ဦးဏှောက်မရှိတဲ့ဘလော့ဂါတွေကလည်းတင်ကြဦးမှာမြင်ယောင်သေးတယ်။တော်တော်ရီစရာကောင်းတဲ့နအဖ..ပြကွက်လှည့်ကွက်တွေကိုလည်းပြောင်းပါဦးဗျား။မဟုတ်ရင်ခင်ဗျားကိုထောက်ခံတဲ့ဘလော့တွေဘယ်လိုလိမ်ရမှန်းမသိပြောရမှန်းမသိဖြစ်နေပြီးဗျ။

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားရာ လူ ၄ ဦး ဒဏ်ရာရရှိသွားသည်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲ ကျင်းပနေစဉ် မြို့နယ်ဘောလုံးကွင်းအတွင်း အောင်မာဃဇာတ်ရုံအနီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများမှာ မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
ဗိုလ်မှူးကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S အဖွဲ့၏ လက်ချက်ဟု စစ်အစိုးရ၏ စွပ်စွဲချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

Read More...

KNU နဲ့ အစိုးရ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဘန်ကီမွန်း တောင်းဆို

18 February 2010(VOA)

မကြာခင်က ကရင်အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက စစ်အင်အားသုံး တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ်မကင်း ဖြစ်ကြောင်း၊ အခုလို ထိုးနှက်မှုတွေကို ရပ်တန်းက ရပ်ဖို့ကိုလည်း တိုက်တွန်းလိုက်တဲ့ အကြောင်းနဲ့ အဲဒီ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲဆိုတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။
၂၀၁၀ နှစ်သစ်အ၀င်ကစလို့ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာရှိတဲ့ ကရင်ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက တိုးမြှင့်တိုက်ခိုက် နှိမ်နင်းမှုတွေ ရှိနေတဲ့ အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန်းက ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မစ်စ် မာရီး အိုကာဘဲ (Ms. Marie Okabe) ကလည်း မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောခဲ့ပါတယ်။

Read More...

မိုင်းကြောင့် တောတောင်ထဲ မသွားရန် ရွာသားများ တားမြစ်ခံရ

ဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် မိုင်းဗုံးကြောင့် တောတောင်ထဲ သွား ရောက်ခြင်းမပြုရန် ဒေသခံ ရွာသူရွာသားများကို ယခင်လကတည်းက တားမြစ်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ တောထဲမသွားရန် ပိတ်ပင်ထားခံရသည့် ရွာများမှာ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ၀င်းမောင်း(၀ါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိချောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာ့ဆာ့ဂေါ်ထာ့)၊ မဲပူ(မဲ့ပူထာ့)၊ ဝေါ်လေ၊ ပဒါဒေါင်၊ ခေါ်ကလား စသည့်ကျေးရွာများ ဖြစ်သည်။

Read More...

ထိုင်းရွာသားတဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီလ ၁၇ရက်။ (ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ နိုဘိုး(နောင်ဘွား)ရွာသားတဦးကို ယနေ့ မွန်းလွဲပိုင်းအချိန်တွင် မြန်မာဘက်ခြမ်းရှိ ဒီ ကေဘီအေ တပ်ဖွဲ့ဝင်တဦးက ဝင်ရောက်ပစ်သတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပစ်သတ်ခံရသူ နိုဘိုးရွာသား စောဖားဒါးဖိုး၏ နေအိမ်၌ ယနေ့မွန်းလွဲ (၁၂)နာရီခွဲအချိန်တွင် မြန်မာပြည်ဘက်ခြမ်းရှိ ကရင် ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း လှုပ်ရှားလျှက်ရှိသော ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ တပ်ရင်း(၇) တပ်ဖွဲ့ဝင်တဦးဖြစ်သူ ဖားဒိဟူ ရောက်ရှိလာပြီး စောဖားဒါးဖိုးအား ခေါ်ယူပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ ဆွေမျိုး တော်စပ်သူတဦးက ကေအိုင်စီကို ယခုလို ပြောသည်။

Read More...

ဒုက္ခသည်များအရေး မြေမြှုပ်မိုင်းအဖွဲ့ သတိပေး

Wednesday, 17 February 2010 (ဧရာဝတီ)
မိုင်းထောင် ထားဖွယ် ရှိသော ဒေသသို့ ကရင် ဒုက္ခသည်များ ပြန်သွားရမည့် အရေးကို စိုးရိမ်မိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှု အဖွဲ့ (International Campaign to Ban Landmines - ICBL) က တနင်္လာ နေ့တွင် ပြောဆို လိုက်သည်။

မဲဆောက်မြို့ မယ်တော် ဆေးခန်းတွင် ကုသမှု ခံယူနေသော မြေမြှုပ်မိုင်းဒဏ် ခံထားရသူများ

Read More...

ကရင်ဒုက္ခသည် ၉၀၀ ကျော် မြန်မာပြည် ပြန်သွား

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ အူးသူးထ ယာယီ ဒုက္ခသည် စခန်းမှ မြန်မာနိုင်ငံသို့ ပြန်သွားကြသည့် ကရင်ဒုက္ခသည် ၉၀၀ ကျော်ပြီဖြစ်ကြောင်း စခန်း တာဝန်ရှိသူ တဦးက ပြောသည်။
ယင်းမြို့နယ်အတွင်းရှိ နို့ဘိုးနှင့် အူးသူးထ စခန်းမှ ကရင် ဒုက္ခသည်များကို ထိုင်းဒေသခံ အာဏာပိုင်များက ယခုလဆန်းပိုင်းက ပြန်ပို့ရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များ၏ လုံခြုံရေး စိုးရိမ်ရကြောင်း လူ့အခွင့်အရေး အဖွဲ့များက ထောက်ပြ ကန့်ကွက်မှုများရှိသဖြင့် ခေတ္တရပ်ဆိုင်းထားခဲ့သည်။

Read More...

ကိုးကန့်ဒေသတွင် ဗုံးကွဲ၊ တဦးသေဆုံး

Tuesday, 16 February 2010 18:39 ရန်ပိုင်(ဧရာဝတီ)

တရုတ် နှစ်သစ်ကူး ပွဲတော် ကျင်းပနေသည့် ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲခဲ့သည့် အတွက် တရုတ် နိုင်ငံသားတဦး သေဆုံးပြီး လူအများ အပြား ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

လောက်ကိုင်မြို့ မူးယစ်ဆေးဝါးပြတိုက်ရှေ့ရှိ အမှိုက်ပုံးအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“နှစ်သစ်ကူး မတိုင်ခင်ကတည်းက လုံခြုံရေးကို တင်းကျပ်ထားတယ်။ ဒီကြားထဲက ပေါက်ကွဲတာ ဖြစ်တယ်” ဟု တရုတ်မြန်မာ နယ်စပ်မှ ဒေသခံတဦးက ပြောသည်။

Read More...

မြစ်ဖြတ်ကူးခ ဒီကေဘီအေ ကောက်ခံနေ

ဖေဖော်ဝါရီလ ၁၆ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ်ရှိ သောင်ရင်းမြစ်ကို ဖြတ်သန်းသွားလာသူ၊ ဖြတ်ကူးသူများအား ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဒီကေဘီအေတပ်ဖွဲ့က မြစ်ဖြတ်ကူးခ ကောက်ခံလျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
သောင်ရင်းမြစ်ကမ်း တဖက်တချက်ကို စက်လှေဖြင့်သော်လည်းကောင်း၊ ရေတိမ်သည့်နေရာတွင် လူကိုယ်တိုင် ဖြတ်ကူး၍ သော်လည်းကောင်း သွားလာပါက မည်သူမဆို တဦးလျှင် ထိုင်းငွေ ၅ဘတ်မှ ၁၀ဘတ်အထိ ပေးဆောင်ရန် ကလေ့မိုထာ့ စခန်း အခြေစိုက် ဒီကေဘီအေ တပ်မဟာ(၉၉၉)လက်အောက်ခံ တပ်ရင်း(၇)က ကောက်ခံနေခြင်းဖြစ်ကြောင်း ထိုင်းဘက် ကမ်းရှိ နိုဘိုးရွာသားတဦးက ပြောသည်။

Read More...

မျှဝေခံစားတတ်ပါစေလို့မျှော်လင့်ပါတယ်။

ကျေးဇူးပြုပြီး သင့်ရဲ့အချိန် ၅ မိနစ်ကိုဖဲ့ယူပြီး ကျွန်တော်တို့ရဲ့ကရင်လူမျိုးများ ဒုက္ခတွေကိုဘယ်လိုခံစားရင် ဆိုင်ကြုံတွေ့နေ ရလဲဆိုတာကို သေသေချာချာ စဉ်းစားပြီးသူ့တို့ရဲ့နေရာမှာ ခဏလေး ဝင်ရောက်ခံ စား ကြည့်လိုက်ပါ မိတ်ဆွေ...။
သင့်ရဲ့ကောင်းမွန်ထည်ဝါပြီး စားသောက်ဖွယ်ရာများနှင့်ပြည့်နေတဲ့စားပွဲရှေ့ထိုင်ပြီး သင်မစားသောက်ခင် သူတို့တွေဘယ် လိုစားသောက်ရှင်သန်နေရလဲဆိုတာကိုခဏလေးတွေးကြည့်လိုက်ပါဗျာ.....။

စစ်ခွေးနအဖရဲ့ ရက်စက်သတ်ဖြတ်မှု နှိပ်စက်အနိုင်ကျင့်မှု လူမဆန်မှုတွေကို လူသားအားလုံးမြင်တွေ့နိုင်ပါစေ။

မြိုင်ကြီးငူဆရာတော် ဘန်ကောက်ဆေးရုံတွင် ကုသမှုခံနေ

ဖေဖော်ဝါရီလ ၁၅ရက်။ ကေအိုင်စီ

သက်တော် ၆၄နှစ်ရှိပြီဖြစ်သည့် မြိုင်ကြီးငူဆရာတော် ဦးသုဇနသည် ကျန်းမာရေးဆိုးရွားကာ လက်ရှိအချိန်တွင် ဘန်ကောက် မြို့ရှိ ဘန်ရွန်ရပ်ဆေးရုံ၌ ကျန်းမာရေးကုသမှု လာရောက်ခံယူနေကြောင်း ဘန်ကောက်ရှိ ကရင် လူမှု အသိုင်းအ၀ိုင်းများက ပြောသည်။

“တချို့ပြောတာက ဆရာတော်ဟာ အသည်းရောဂါနဲ့ ဆေးလာကုနေတယ်တဲ့။ လောလောဆယ် အောက်စီဂျင်နဲ့ အသက်ရှူ နေရပြီး အသည်းတခြမ်းကို ဖြတ်ထုတ်ရမယ်လို့ ပြောသံကြားတယ်။ အဆုတ်ရောဂါလည်း ရှိတယ်”ဟု ဘန်ကောက်ရှိ ရွှေ့ ပြောင်းကရင်အလုပ်သမားတဦးက ဆိုသည်။

Read More...

နအဖ၏ ထပ်မံကမ်းလှမ်းချက် ဝခေါင်းဆောင် ပယ်ချပြန်

ပေါက်ပေါက်/၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ(ခေတ်ပြိုင်)
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအား ရှမ်းပြည်မြောက်ပိုင်း၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ယခုလ (၁၄) ရက်တွင် လားရှိုးမြို့၌် တွေ့ဆုံရန် ကမ်းလှမ်းမှုအား ဝတပ်ဖွဲ့က ထပ်မံပယ်ချလိုက်သည်။
ယခုလ (၁၁) ရက်နေ့က နေပြည်တော်၊ စစ်ဘက်ရေးရာလုံခြုံရေးဌာန (စရဖ) ရုံးချုပ်မှ ဝတပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယခုလ (၁၄) ရက်တွင် ဝတပ်ဖွဲ့ ဥက္ကဋ္ဌ ပေါက်ယူချန်းအနေဖြင့် လားရှိုးမြို့သို့ လာရောက်ရန် ကမ်းလှမ်းခဲ့မှုကို ဝတပ်ဖွဲ့က ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ

စိုင်းဇွမ်ဆိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ်(မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးသံတမန် မစ္စတာသောမတ်စ်ကွင်တားနားသည်ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဟု ရန်ကုန် ကုလသမဂ္ဂရုံးမှ အတည်ပြု ပြောကြားခဲ့သည်။
မစ္စတာ ကွင်တားနားသည် ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန် ကုလသ မဂ္ဂရုံးမှတာဝန်ရှိသူအချို့က သွားရောက် ကြိုဆိုခဲ့ကြသည်။

Read More...

ပဒိုမန်းရှာ ကျဆုံးခြင်း (၂) နှစ်ပြည့် ဆွမ်းကပ်အလှူပွဲပြုလုပ်

Sunday, 14 February 2010 ရိုးမ ၃
ကရင့်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)အဖွဲ့က ဦးဆောင်၍ သံဃာတော်များကို နေ့ဆွမ်းကပ်လှူပြီး မဟာမိတ် အဖွဲ့အစည်းအသီးသီးမှ ဧည့်သည် (၅၀) ခန့်တက်ရောက်ခဲ့ကြသည်။

Read More...