ဖြေရှင်းပေပါရန်

မြိုင်ကြီးငူဆရာတော် ဦးသုမနသည် ထိုင်းနိုင်ငံမှာ ဆေးရုံတက်နေရတယ်လို့ သတင်းရရှိပါသည် လွန်စံလို့မရနိုင်တဲ့ သင်္ခါရသဘောတရားကို လူတိုင်းက ရင်ဆိုင်နေကြရတာမို့ သင်္ခါရဆိုတဲ့လမ်းမကြီးပေါ်သို့ မလျှောက်လှမ်းရသေးခင်မှာ D.ပြဿနာ K.ပြဿနာ B.ပြဿနာ A. ပြဿနာတွေကို ဖြေရှင်းထားခဲ့တော်မူပါရန်.......
D-တိုးတက်အောင်မြင်မှု့
K-ကရင်
B-ဗုဒ္ဓဘာသာ
A-အဖွဲ့အစည်း သို့မဟုတ် အမျိုးသား
အားလုံးစုပေါင်းလိုက်တော့ D.K.B.A-တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အဖွဲ့အစီး သို့မဟုတ် အမျိုးသား ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတာ တွေ့ရပါသည်

၁- D.K.B.A ) D.K.B.A တွေကို နှစ်သက်ကြတဲ့ ကရင်လူမျိုးတွေ ၁၀၀-ရာခိုင်နှုန်းမှာ ၂၀-ရာခိုင်နှုန်းလောက် ရှိနိုင်တယ်လို့ထင်ပါရဲ့လား..? ကရင်လူမျိုးတွေက D.K.B.Aတွေကို ဘာလို့မုန်းတီးနေကြတာလဲ..?
၂- D-တိုးတက်အောင်မြင်မှု့ ) ဘာသာရေးနဲ့ပတ်သက်ပြီး ကရင်လူမျိုးတွေကို ဘာသာတရားတွေ ကောင်းကောင်းနားလည်သဘောပေါက်လာအောင် ဘာသာတရားတွေ တိုးတက်အောင်မြင်လာအောင် ဟောပေး ပြပေး သင်ပေးကြပါရဲ့လား..? ပညာရေးနဲ့ပတ်သက်ပြီး ကရင်လူမျိုးတွေ တိုးတက်အောင်မြင်လာအောင် လုပ်ပေးကြပါရဲ့လား...? စီးပွားရေးနဲ့ပတ်သက်ပြီး ကရင်လူမျိုးတွေ တိုးတက်အောင်မြင်လာအောင် လုပ်ပေးကြပါရဲ့လား...? ကိုယ့်ကိုယ်ကို တိုးတက်အောင်မြင်ဖို့သာ လုပ်ကြတာလား...?
၃- K-ကရင် ) D.K.B.Aကရင်တွေဟာ ကိုယ့်အမျိုးတွေကို ဆင်းရဲဒုက္ခတွေပြန်ပေးကြမည့် ကရင်တွေလား...? ကိုယ့်အမျိုးတွေကို တိုးတက်အောင်မြင်စေချင်ကြတဲ့ ကရင်တွေလား...? ကိုယ့်အမျိုးတွေကို ဘာဖြစ်လို့ရိုင်းရိုင်းစိုင်းစိုင်း ပြုမှုဆက်စံနေကြရတာလဲ...?
၎- B-ဗုဒ္ဓဘာသာ ) ဗုဒ္ဓဘာသာဆိုတာ ဘာလဲ...? မြိုင်ကြီးငူဆရာတော် ဦးသုမနနှင့် D.K.B.A တို့လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာတို့ရဲ့လုပ်ရပ်တွေလား...? အမှန်ကိုအမှန်အတိုင်း အဟုတ်ကိုအဟုတ်အတိုင်းပြောတာကို လက္မခံပဲ ရိုင်းရိုင်းစိုင်းစိုင်း ပြုမှုဆက်စံနေကြတာကို ဗုဒ္ဓဘာသာလား...?
၅- A-အဖွဲ့အစည်း သို့မဟုတ် အမျိုးသား ) ဒီအဖွဲ့အစည်းဟာ ဘာအဖွဲ့အစည်းတွေလဲ...?ဲ ကရင်လူမျိုးတွေကို ဆင်းရဲဒုက္ခတွေပြန်ပေးဖို့ လူမိုက်တွေကို ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းလား...? ကရင်လူမျိုးတွေကွဲအောင်လုပ်ဖို့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းလား...?

ဇွဲကပင်-အရှင်ဝါယမိန္ဒ

မှတ်ချက်။။။။အလှပိုင်ရှင်မိခင်ဇွဲကပင် ဘလော့မှကူးယူတင်ဆက်ထားသည်။

0 comments:

Post a Comment