ကုလအထူးသံ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ

စိုင်းဇွမ်ဆိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ်(မဇ္ဈိမ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးသံတမန် မစ္စတာသောမတ်စ်ကွင်တားနားသည်ယနေ့ နံနက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဟု ရန်ကုန် ကုလသမဂ္ဂရုံးမှ အတည်ပြု ပြောကြားခဲ့သည်။
မစ္စတာ ကွင်တားနားသည် ယနေ့နံနက် ၉ နာရီတွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ရန်ကုန် ကုလသ မဂ္ဂရုံးမှတာဝန်ရှိသူအချို့က သွားရောက် ကြိုဆိုခဲ့ကြသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ UNDP ရုံးတွင် ကုလသမဂ္ဂဝန်ထမ်းများနှင့် လတ်တလောတွေ့ဆုံဆွေးနွေးနေ ကြောင်း ကုလသမဂ္ဂရုံး၊ ပြန်ကြားရေးဌာနမှ မဇ္ဈိမကို ပြောသည်။
မစ္စတာကွင်တားနား၏ခရီးစဉ်သည်၁၉ရက်နေ့အထိဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်းနှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းသို့သွားရောက်လိုကြောင်း ပြောဆိုထားသည်။

0 comments:

Post a Comment