မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ လက်မခံ

VOA သတင်းမှ.....

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဖိနှိပ်အုပ်ချုပ်ခံထားရတဲ့ အခြေအနေအောက်မှာ ကျင်းပ မှာဖြစ်တဲ့အတွက် ကနေဒါနိုင်ငံအနေနဲ့ အထူးစိုးရိမ်မိတဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်န် (Lawrence Cannon) က ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲတွေကျင်းပဖို့ နှစ်ရက်အလို နိုဝင်ဘာလ ၅ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

Read More...

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စစ်ရေး မဟာမိတ်ဖွဲ့

ဧရာဝတီ သတင်းမှ....

ရွေးကောက်ပွဲ အလွန်တွင် စစ်အစိုးရက တိုက်ခိုက်လာ နိုင်သည်ဟု ယူဆပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း ၍ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ကော်မတီတရပ်ကို ယမန်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကော်မတီကို ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကော်မတီ ဟု အမည်ပေးထားပြီး ကော်မတီ ဥက္ကဋ္ဌအဖြစ် ကရင် အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ် မူတူးစေးဖိုး၊ ဒု- ဥက္ကဋ္ဌအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ လည်းကောင်း၊ မွန်ပြည်သစ် ပါတီ(NMSP) မှ နိုင်ဟံသာက အတွင်းရေးမှူး - ၁ အဖြစ်လည်းကောင်း အစည်းအဝေး ကျင်းပပြီး တာဝန်ခန့်အပ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးထံမှ သိရှိရသည်။

ယင်း မဟာမိတ်အဖွဲ့တွင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA- N) ၊ မွန်ပြည်သစ်ပါတီ (NMSP) တို့အပြင် အပစ် မရပ်သေးသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြောင်း သိရှိရသည်။

Read More...

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားပွယ်ကို ကရင်အမျိုးသား ဒီမိုကရေစီသူရဲကောင်းဆုချီးမြှင့်

KIC သတင်းမှ.....

နော်ဝေနိုင်ငံ အခြေစိုက် ဘက်မလိုက် လွတ်လပ်သော ကရင်လူမှုအဖွဲ့အစည်းက နအဖ၏ နယ်ခြားစောင့်တပ်ကို လက်မခံသော တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) အား ကရင်အမျိုးသား ဒီမိုကရေစီသူရဲကောင်းဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဆုရွေးချယ်ရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ စောဒယ်နီယယ်က “ကျနော်တို့ သူ့ကိုပေးတာက အချက် ၇ချက်ကို ကြည့်ပြီး ပေးခဲ့တာပါ။ ပြီး ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ နအဖက သူ့ကို စည်းရုံးတဲ့အခါမှာ သူ့အတွက် အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးလာဘ်လာဘတွေ အများကြီး ဖွင့်ပေးခဲ့ပေမယ့် ဒါကို လက်မခံခဲ့ဘဲ ပြည်သူ့ဘက်က ရပ်တည်ပြီး အဲဒီကိစ္စကို ငြင်းပယ်ခဲ့တယ်။ အဓိက သူဟာ ကိုယ် ကျိုးမဖက်တဲ့အတွက် ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

လူမဆန်မှုသတင်း

4.11.2010 News

ထိုင်း-မြန်မာ နယ်စပ် လုံခြုံရေး တိုးမြှင့်

ဧရာဝတီ သတင်းမှ...

ရွေးကောက်ပွဲ အကြိုကာလ၌ ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း မြို့များတွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။

“ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ ဗုံးခွဲတာတို့ ဘာတို့ ဖြစ်မှာစိုးလို့ လုံခြုံရေးတွေ တိုးထားတယ်။ အဓိကကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနားမှာ ပိုများတယ်”ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
လုံခြုံရေး တိုးမြှင့်ခြင်းကို တာချီလိတ် အခြေစိုက် စစ်တပ်က တာဝန်ယူထားခြင်းဖြစ်ပြီး မသင်္ကာပါက သယ်ဆောင် လာသည့် ပစ္စည်းများကို ဖွင့်လှစ်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခင်က ယင်းကဲ့သို့ စစ်ဆေးမှုမျိုး မရှိကြောင်း တာချီလိတ်ဒေသခံများထံမှ သိရသည်။

Read More...

လူမဆန်မှုသတင်း

3.11.2010 News

ဒုက္ခိတ အဆောင်အတွက် ပြည်သူများ စစ်တပ်ထံ အချိန်မီ ငွေပို့ခဲ့ရ

KIC သတင်းမှ.....

ကရင်ပြည်နယ် အနောက်မြောက်ပိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ခံ နအဖ ခလရ(၆၀)က ဒုက္ခိတအဆောက်အအုံတည်ဆောက်ရေးအတွက် ကုန်ကျသည့်ငွေများကို အဆိုပါဒေသရှိ ကျေးရွာအုပ်စု(၁၂)ခုမှ ရွာသားများထံ ကျပ်ငွေ(၁)သန်းကျော် အဓမ္မတောင်းယူခဲ့သဖြင့် အောက်တိုဘာလ ၃၀ရက်နေ့က အချိန်မီ ပို့ပေးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။

ကျောက်ကြီးမြို့နယ်ရှိ နံ့သာကွင်း၊ ကျောက်စရိတ်၊ ဒေါင်းမု၊ ဂမုန်းအိုင်၊ အင်းနက်၊ ၀က်လာတော၊ ပတ္တလား၊ နို့ဝေါ်၊ တခေါ်ပွာ၊ ဝေ့သွဲ၊ ကိုနီ၊ နို့ညာ့လာ့စသည့် ကျေးရွာအုပ်စုတို့မှ အိမ်တအိမ်လျှင် ၁၂,၀၀၀ကျပ်စီ ပေးရကာ ကျပ်ငွေ (၁၄,၄၀၀,၀၀၀)ကို ပြီးခဲ့သည့် အောက်တိုဘာလ ၇ရက်နေ့က စစ်တပ်က တောင်းယူခဲ့ခြင်းဖြစ်သည်။

Read More...

စစ်တပ်မှ လမ်းသွား ရွာသူရွာသား များကို ခေါ်ယူခိုင်းစေ

KIC သတင်းမှ........

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်အတွင်းရှိ ဘောဂလိကြီးနှင့် နောစိုးကျေးရွာသို့ သွားသည့်ကားလမ်းကို ပြုပြင်ရန် ယခုရက် ပိုင်းတွင် နအဖစစ်တပ်မှ သွားလာနေသည့် ရွာသူရွာသားများကို ခေါ်ယူခိုင်းစေနေသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။

ဘောဂလိကြီးတွင် အခြေစိုသည့် စစ်ကွက်ကဲရေးဌာနချုပ်-စကခ(၇)လက်အောက်ခံတပ်များက ယခု ပွင့်လင်းရာသီ ရောက် လာသည့်အတွက် ကရင်ပြည်နယ် တောင်ငူဒေသအတွင်း လှုပ်ရှားနေသည့် ၎င်းတို့တပ်ရင်းများအတွက် လိုအပ်သည့် ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းများကို ပို့ဆောင်ရန် အောက်တိုဘာလ ၃၀ရက်နေ့မှစ၍ လမ်းများ စတင်ပြုပြင်လျှက်ရှိရာ ဒေသခံများ ကိုလည်း ခေါ်ယူခိုင်းစေနေသည်ဟု ဒေသခံတဦးက ကေအိုင်စီကို ပြောသည်။

Read More...

၂၀၁၀ရွေးကောက်ပွဲအား ဆန့်ကျင် သည့် ဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွား

KIC သတင်းမှ....

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ်ဒေသများတွင် နအဖ စစ်အစိုးရ ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သည့် လူထုဆန္ဒပြပွဲ နှစ်ရက် ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့မနက်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၅ရွာမှ ဒေသခံ လူထု ၂၀၀ကျော်က မကြာခင် ကျင်းပမည့် ရွေးကောက်ပွဲကို မလိုလားသည့် ဆန္ဒထုတ်ဖော်ချက် ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ တစ်နာရီခန့် ငြိမ်းချမ်းစွာ စု ပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ကိုယ်တိုင်ဦးဆောင်ခဲ့သူ စောတာပစဲက ယခုလို ပြောသည်။

သူက “ဒီနေ့မနက် ၉နာရီကနေ ၁၀နာရီအထိ ကျနော်တို့ ရွာငါးရွာက ရွာသူကြီး အပါအ၀င် ရွာသူရွာသား ၂၀၀ကျော် စုပေါင်း ပြီးတော့ ဆိုင်းပုဒ်တွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြပွဲတရပ်ပြုလုပ်တယ်။ ဆိုင်းပုဒ်တွေမှာတော့ တရားမျှတမှု မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးမဲပေးနိုင်ရေး၊ စစ်မှန်သောပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးဆိုပြီး ရေးထားတဲ့ ဆိုင်းပုဒ်တွေနဲ့ ဆန္ဒပြကြတာပါ။ ရည်ရွယ်ချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ အလိုမရှိတဲ့အကြောင်း ထုတ်ဖော်ဆန္ဒပြတာပါ။”ဟု ကေအိုင်စီကို ပြောသည်။

Read More...

လူမဆန်မှုသတင်း

30-10-2010 နေ့တွင် ကလေဆိုးခီးမှာရှိသော နအဖစစ်သားများသည် ရွာသူ/သား (၁၀)ယောက်ကို ကလေဆိုးခီးမှ မုဒေးရွာအထိ ကားလမ်းမတစ်လျှောက်ကို အတင်း အဓမ္မ ခုတ်ထွင်ရှင်းလင်းစေခဲ့သည်။

၇-၁၀-၂၀၁၀ နေ့တွင် နအဖစစ်တပ် ခလရ(၆၀)မှ တပ်ရင်းမှူးသည် ပါ့တလာ့၊ ၀ါးလတော၊ နို့ဂေါ်၊ အင်းနက်ကျေးရွာရှိ စပါးကြိတ်စက်(ဟာလာ)စက်ပိုင်ရှင်တစ်ဦးလျှင်
(5000)ကျပ်ကောက်ခံပြီး၊ စပါးကြိတ်စက်(၁၀)လုံးစာအတွက် (50000)ကျပ်ကို အတင်းအကြပ် ကောက်ခံခဲ့သည်။

တစ်ဆက်တည်းမှာပင် ရန်သူခလရ(၆၀)သည်၎င်းဒေသရှိ ရွာသူရွာသားများကို ကင်းစောင့်ရန်အတွက် လယ်တဲတစ်လုံးကိုလည်း ဆောက်ခိုင်းပြန်ပါသည်။

Read More...