အိန္ဒိယမှာ လေယာဉ်ပျက်ကျ ၁၅၈ဦးသေ ၈ဦးအသက်ရှင်ကျန်ခဲ့

Eight survive plane crash in south India, 158 dead
By Harish Nayak

MANGALORE, India - An Air India Express airliner crashed outside an airport in southern India on Saturday, killing 158 people when it burst into flames after overshooting a table-top runway and plunging into forest below.

There were eight survivors after the Boeing 737-800, which had come from Dubai with 166 people on board including crew, appeared to skid off the runway in rain at Mangalore airport in Karnataka state, Air India director Anup Srivastava said.

At least 146 bodies had been recovered, said M. Nambiar, a top official in the Civil Aviation ministry.

"We had no hope to survive, but we survived," Pradeep, a survivor who is an Indian technician working in Dubai, told local television.

"The plane broke into two and we jumped off the plane. As soon as the plane landed, within seconds this happened."

Local television showed a fireman carrying what seemed to be the remains of a child from the smoking wreckage. Charred bodies lay in the forested terrain.

All the passengers were Indian nationals, an Air India official in Dubai said. Many were likely Indian migrant workers in Dubai. The pilot was Serbian and said to be very experienced.

Air India Express is the budget arm of the loss-ridden state-run carrier Air India, which has been fending off growing competition from private airlines.

The flight's black box has been recovered, the United Arab Emirates state news agency WAM said. But Air India official Nambiar said the search for the flight data recorder was still going on.

The crash appeared to be an accident, Indian officials said. One TV report said the plane hit a radar pole on landing.

"There was no distress indication from the pilot. That means between the pilot and the airport communication there was no indication of any problem," V.P. Agarwal, director of Airports Authority of India, told local television.

Indian officials said the plane crashed around 6 a.m. . TV images showed it struck a forested area, and flames were blazing from the wreckage as rescue workers fought to bring the fire under control.

"While landing at the airport, the plane deviated and hit something," said Krishna, another survivor. "It caught fire and we fell out. We looked up and saw some opening and came out through that route."

BOOM INDUSTRY

It was India's first major crash in a decade, which has seen a boom in private carriers amid growing demand from India's middle class.

A series of near misses at major airports, including Delhi and Mumbai, have sparked debate about how India's creaking infrastructure was failing to keep pace with an economic boom.

Indian Law Minister Veerappa Moily told CNN-IBN TV that he had opened a new runway at Mangalore airport just 10 days ago. The ill-fated Air India airliner was two years old.

Boeing said in a statement it was sending a team to provide technical assistance to the crash investigation.

The last major crash in India was in July 2000 when an Alliance Air Boeing 737-200 crashed into a residential area during a second landing attempt in the eastern city of Patna, killing at least 50 people.

With growing competition from private carriers, the Indian government agreed to inject $1.1 billion into Air India if the ailing state-run carrier came up with the same amount in cost cuts and extra revenue.

The airline lost $875 million in the fiscal year ended March 2009.

Hundreds of Air India pilots went on strike in September 2009 to protest at management plans to cut pay incentives. The strike was called off when aviation minister Praful Patel said the grievances would be dealt with

yahoo သတင်းမှကူးယူထားသည်။

Read More...

နအဖ တပ်ရဲ့လုပ်ရပ်သိကောင်းစရာ

Khrg Report

Read More...

တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်

သျှမ်းသံတော်ဆင့် မှ.....

သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့် ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရ ပါသည်။
အမည်မဖေါ်လိုသူ ရွာသားတဦးက -“ သျှမ်းတပ်က ၁၀ ကျော် နဲ့ ဗမာ့တပ်မတော် စစ်ကြောင်းတကြောင်း မိုင်းကိုးကျေးရွာအုပ်စုစီငေါက့်ရွာ အနီး လယ်ကွင်းပြင်ထဲမှာ တိုက်ပွဲဖြစ်တာ၊ နာရီဝက်နီးနီး ပစ်ခတ် ကြတယ်” - ဟု ပြော၏။


မေ ၁၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက တာချီလိတ် အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှ အင်အား ၃၀ ကျော် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် နယ်လှည့်တပ်ဖွဲ့တို့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။

“တိုက်ပွဲပြီးတော့ ဗမာစစ်သားတွေ အထမ်း ၃ ထမ်း ထမ်းသွားတာတွေ့ရတယ်။ လူနာလား/အလောင်းလား တော့မသိဘူး။ သျှမ်းတပ်ဘက် ကတော့ ဘယ်လောက်သေကျေဒဏ်ရာရလဲမသိဘူး” - ဟု ဒေသခံ နောက်တဦး က သျှမ်းသံတော်ဆင့်သို့ ပြော၏။

ထို့အတူ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုဝင် ၀မ့်ပန်စလီရွာရှိ အခါပြည်သူ့စစ်တပ်ဖွဲ့အား နအဖ လှုပ်ရှားစစ်ကြောင်း တကြောင်းက စက်သေနတ်ပေးပြီး သျှမ်းပြည်မတော် နယ်လှည့်စစ်ကြောင်း တစ် ကြောင်းကို လိုက်လံပစ်ခတ်စေခဲ့သေးသည်ဟုဆို၏။ သို့သော် နှစ်ဦးနှစ်ဘက်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆက်လက်ပြောပြ၏။

သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်ကြား မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ၌ တာချီလိတ် မြို့နယ် ပြည်သူ့ စစ်တပ်ဖွဲ့အားလုံးစုပေါင်းပြီး နယ်ခြားစောင့်တပ်ရင်း အဖြစ် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောင်းလဲဖွဲ့စည်းလိုက်၏။ စရဖ အရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အခမ်းအနားဖြင့် ရာထူးအဆင့် အပ်နှင်းပေးခဲ့သည်။

Read More...

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ဧရာဝတီ မှ..............

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။
မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (Karen Refugee Committee - KRC) က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။

နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။

“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။

အခြား NGO မှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ် အရာရှိကို ကိုးကား၍ ပြောဆိုရာတွင် ပစ်ခတ်ခံရသော စစ်သားသည် စစ်ဝတ်စုံ ဝတ်ဆင် မထားကြောင်း၊ ချင်းမိုင် တက္ကသိုလ်မှ ကျောင်းသားများကို သံလွင်မြစ်သို့ လိုက်လံပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုင်း စစ်သားက မြန်မာ စစ်သားများကို ကျောင်းသားများအား ပြန်လည် ပို့ဆောင်ပြီးလျှင် ပြန်လာမည်ဟု ပြောကြောင်း၊ ထိုသို့ ပြောပြီး မော်တော်ဘုတ်သို့ ပြန်လျှောက် အလာတွင် နောက်ကျောဘက်မှ အချက်များစွာ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ထိုင်းတပ်မှူး တဦးက ပြောသည်။

ဤ ပြဿနာ အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား ဆွေးနွေးမှု ပြုလုပ်ရန် ရှိကြောင်း၊ မြန်မာ စစ်သားများသည် ထိုစဉ်က အရက် သို့မဟုတ် မူးယစ်ဆေး သုံးစွဲထားပုံ ရကြောင်း ထိုင်းတပ်မှူးက ဆက်လက် ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားပြီး နောက်တွင် မြစ်ကြောင်း တလျှောက် သွားလာမှုများကို ကန့်သတ် လိုက်ပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း မြစ်အနီးရှိ ကရင် ရွာသားများက ပြောသည်။

Read More...

DKBA အရာရှိပိုင် ပွဲရုံ ဗုံးကွဲ

ဧရာဝတီ မှ............

ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အတွင်းရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ အရာရှိတဦး ပိုင်ဆိုင်သော ပွဲရုံတွင် ယမန်နေ့ ည သန်းခေါင်ယံ အချိန်၌ ဗုံးပေါက်ကွဲ ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး စောချစ်သူ (ဓာတ်ပုံ - sawkyawkhwi.blogspot.com)

DKBA အမှတ် ၉၉၉ တပ်မှ ဗိုလ်ချစ်သူဟု လူသိများသော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ပိုင်ဆိုင်သည့် ရွှေဝါမြေ ပွဲရုံ အနောက်ဘက်တွင် ည ၁၂ နာရီ ၄၅ မိနစ်ခန့်က ဗုံးတလုံး ပေါက်ကွဲခြင်းဖြစ်သည်။

“ညက ဗိုလ်ချစ်သူ ပွဲရုံမှာ မိုင်းဗုံးတလုံးကွဲတယ်၊ အခန်း ၄ ခန်းတွဲမှာ အခန်းအမှတ် ၃ ရဲ့အနောက်ဘက် မိလ္လာကန် နားမှာ ထောင်ထားတာ၊ အဲဒီ ပေါက်ကွဲမှုကြောင့် ပွဲရုံက မှန်ပြတင်းတွေ ကွဲတယ်၊ ညဆိုတော့ လူတွေ ဘာတွေ အထိအခိုက် မရှိပါဘူး”ဟု မြဝတီမှ ရဲတဦးက ဧရာဝတီသို့ ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် နာရီပိုင်းအတွင်း သေနတ်သံ ၄ ချက် ကြားရကြောင်း၊ ရဲများက သွားရောက် စစ်ဆေး ရာ မပေါက်ကွဲသေးသည့် ဗုံးတလုံး ထပ်မံ တွေ့ရှိရကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဟု မသိရသေးပေ။ ဗုံးပေါက်ကွဲပြီးနောက် မြဝတီမြို့ရှိ ကုန်သည်ကြီးများ၏ လုံခြုံရေးကို စောင့်ကြည့်ပေးနေရသည်ဟုလည်း သိရသည်။

“ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်နဲ့ သူဌေး ဦးကျော်ဟိန်းတို့က အကူအညီတောင်းလို့ မြဝတီ ရဲစခန်းက လုံခြုံရေး ယူပေးထားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောတွင်းအဖွဲ့အစည်းက စာပို့ပြီး ငွေ တောင်းထားတာ ရှိတယ်”ဟု မြဝတီမှ ကုန်သည်တဦးက ပြောသည်။

မြဝတီ အာဏာပိုင်များက အဆိုပါ ကုန်သည်ကြီးနှစ်ဦးအား မိသားစုလိုက် ခေတ္တ တိမ်းရှောင်နေရန် သတိပေး ကြောင်း၊ ရဲများက ကုန်သွယ်ရေးဇုန်အတွင်းရှိ ဂိုထောင်နှင့် အခန်းများကို ရှာဖွေရေးလုပ်မည်ဟု သိရကြောင်း ယင်းကုန်သည်ကြီးက ဆက်လက် ပြောပြသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက မြ၀တီမြို့ ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ဗိုလ်ချစ်သူပိုင် “ချစ်သူမြိုင်စံအိမ်” ဟု အမည် ပေးထားသော အိမ်သစ် တက်ပွဲကို ကျပ် သိန်း ရာချီ အကုန်အကျခံပြီး ကျင်းပခဲ့သေးသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ခွဲထွက်ပြီးနောက် တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Read More...

ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းပေးဖို့ ဥရောပ ပါလီမန် တောင်းဆို

VOA သတင်းမှ.............

မြန်မာနိုင်ငံရဲ့  ရွေးကောက်ပွဲ မတိုင်မီကာလ နိုင်ငံရေး ပတ်ဝန်းကျင် အနေအထားနဲ့ ပတ်သက်ပြီး ကျေနပ်ဖွယ် မရှိကြောင်း ဥရောပ ပါလီမန်က မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအရဆိုရင်လည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်မှာ မဟုတ်တာကြောင့် ဒီဥပဒေကို ရုပ်သိမ်းပေးဖို့  တောင်းဆိုထားပါတယ်။ ဥရောပပါလီမန်ရဲ့  သဘောထားဟာ ဥရောပသမဂ္ဂတခုလုံးရဲ့  သဘောထားကို ဘယ်လောက်အထိ ထင်ဟပ်တယ်လို့ ပြောလို့ရသလဲဆိုတာ နော်ရှိုးက တင်ဆက်ထားပါတယ်။

ပြင်သစ်နိုင်ငံ Strasbough မြို့ မှာကျင်းပခဲ့တဲ့ ဥရောပပါလီမန်အမတ်များ လစဉ်အစည်းအဝေးကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ ဒီမိုကရေစီနဲ့ လုံးဝ မကိုက်ညီတဲ့ အခြေအနေတွေနဲ့  မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကျင်းပဖို့  ကြိုးစားနေတဲ့အပေါ် ရှုတ်ချကြောင်း အတိအလင်း ရေးသားထားပါတယ်။ စစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် လွတ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်တာကြောင့် ဒီဥပဒေကို ရုတ်သိမ်းပေးဖို့ကိုလည်း ဥရောပလွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းပိုင်ခွင့်၊ ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားပိုင်ခွင့် ပေးဖို့တို့ကိုလည်း တိုက်တွန်းထားပါတယ်။ အခုလို ဥရောပပါလီမန်ရဲ့  ထုတ်ပြန်ချက်ဟာ EU တခုလုံးရဲ့  ဘုံရပ်တည်ချက်ကို ဘယ်လောက်အထိ ထင်ဟပ်စေတယ်လို့ ပြောလို့ရပါမလဲ။ ဒီဥရောပပါလီမန် အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးကို ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့တဲ့ ဗြိတိန်အစိုးရ ဦးဆောင် ကွန်ဆာဗေးတစ်ပါတီ လွတ်တော်အမတ် ဒေါက်တာ Charles Tannock ကို မေးကြည့်ပါတယ်။

အရှင်းဆုံး ဖြေရရင်တော့ ဥရောပပါလီမန်ရဲ့  ကြေညာချက်ဟာ အီးယူ ဥရောပသမဂ္ဂရဲ့  ဘုံရပ်တည်ချက်ပဲလို့ ပြောလို့မရပါဘူး။ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူနဲ့ ပတ်သက်ရင် ကျနော်တို့ ဥရောပပါလီမန်က အကြံပေး ဆွေးနွေးတိုင်ပင်တဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်တာဖြစ်ပါတယ်။ ဥရောပသမဂ္ဂ ဘုံရပ်တည်ချက်တရပ်ဖြစ်လာဖို့  အီးယူနိုင်ငံအားလုံး ထောက်ခံမှု လိုအပ်ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ Charles Tannock က အခုလက်ရှိ အနေအထားနဲ့ဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဥရောပပါလီမန် အနေနဲ့ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း ပြောဆိုပါတယ်။

ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို အလေးအနက် မထားပါဘူး။ စစ်အစိုးရက ဟန်ပြသက်သက်နဲ့  သူတို့အာဏာ တည်မြဲရေးအတွက် အချိန်ဆွဲ နေတာလို့ပဲ ကျနော်တို့ ဥရောပပါလီမန်အမတ်အားလုံးက မြင်ကြပါတယ်။

ဥရောပပါလီမန်ဆိုတာ အီးယူ ဥရောပသမဂ္ဂနိုင်ငံပေါင်း (၂၇) နိုင်ငံက ပြည်သူတွေ တိုက်ရိုက်ရွေးချယ် တင်မြောက်ထားတဲ့ ပါလီမန်အမတ်ပေါင်း (၇၃၆) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အီးယူ ဥပဒေပြုလွှတ်တော် ဖြစ်ပါတယ်။ နောက် ဥရောပပါလီမန်ဟာ ဥရောပသမဂ္ဂရဲ့  နိုင်ငံခြားရေးမူကို ချမှတ်တဲ့အလုပ်ကို မလုပ်ပေမယ့် သူတို့ရဲ့ အကြံပြုချက် သဘောထားတွေကို နိုင်ငံခြားရေးမူ ချမှတ်တဲ့ ဥရောပသမဂ္ဂကောင်စီက အလေးအနက်ထားတယ်လို့ ဒေါက်တာ Tannock က ပြောပါတယ်။

ကျနော်တို့ရဲ့  ကြေညာချက်တွေကို ဥရောပသမဂ္ဂကောင်စီက အရေးတယူနဲ့ ဖတ်တယ်ဆိုတာကိုတော့ တပ်အပ်ပြောနိုင်ပါတယ်။ ကျနော်တို့ရဲ့  အကြံပြုတိုက်တွန်းချက်တွေကို သူတို့ အတတ်နိုင်ဆုံး စဉ်းစားပြီး အားလုံးမဟုတ်တောင် အနည်းဆုံး တဝက်လောက်ကို လိုက်လျောလေ့ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဟာ ဥရောပ ပြည်သူသန်း (၅ဝဝ) ကျော်က တိုက်ရိုက် ရွေးကောက်တင်မြောက်ထားတဲ့ ပါလီမန်ဖြစ်တာကြောင့် ကျနော်တို့ရဲ့  သဘောထားဟာ အီးယူ ခေါင်းဆောင်တွေအပေါ်မှာ အများကြီး ဩဇာရှိပါတယ်။

ဥရောပ ပါလီမန်ဟာ ပြီးခဲ့တဲ့ (၁) နှစ်အတွင်းမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခု နောက်ဆုံးတခု အပါအဝင် ကြေညာချက် (၃) ခုထုတ်ပြန်ခဲ့တာပါ။ အရင် ကြေညာချက်တွေထဲမှာဆိုရင် မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား ဒေသတွေက ညှင်းပန်နှိပ်စက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်သလားဆိုတာကို စုံစမ်းစစ်ဆေးဖို့  ကုလသမဂ္ဂကို တိုက်တွန်းခဲ့တယ်လို့လည်း ဒေါက်တာ Tannock က ပြောပါတယ်။

အီးယူ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့  မြန်မာ့အရေးအတွက် လုပ်သင့်သလောက် မလုပ်ဘူးဆိုပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာအနေနဲ့  အထူးသဖြင့် ကုလသမဂ္ဂအဆင့်ကနေပြီး မြန်မာစစ်အစိုးရက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်သလားဆိုတာကို စုံစမ်းစစ်ဆေးမှုလုပ်ဖို့  အရေးတကြီး လိုအပ်ပါတယ်။

အီးယူတခုလုံးအနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာရေးအတွက် လက်တွေ့မှာ ဘယ်လို ဖိအားတွေ ဆက်ပေးလို့ ရသေးလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါက်တာ Tannock က အခုလို ဖြေကြားခဲ့ပါတယ်။

အီးယူအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ ဘယ်လို့ဆက်ပြီး တိုက်ရိုက်ဖိအား ပေးနိုင်သလဲဆိုရင်တော့ သိပ်လုပ်ဖို့ မကျန်တော့ပါဘူး။ အီးယူနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုကလည်း များများစားစား မရှိဘူးလေ။ အခုလောလောဆယ် အီးယူအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုကို ပိတ်ပင်ထားပြီး ဖြစ်တယ်။ နှစ်ဘက်ကြား ကုန်သွယ်မှုတွေ ရှိနေတယ်ဆိုရင် ဒါတွေကို ဖြတ်တောက်လိုက်လို့ရတယ်။ အခုက သိပ်မှမရှိတာ။ ကျနော်တို့က ဒီလိုကြေညာချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် ပိုမို အကျိုးသက်ရောက် စေနိုင်တာတခုက အာရှဒေသအတွင်း အင်းအားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့အနေနဲ့  မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ သူတို့ရဲ့ ဩဇာ အရှိန်အဝါကို သုံးဖို့  တိုက်တွန်းတာ ဖြစ်ပါတယ်။

ဗြိတိန် ပါလီမန်အမတ် ဒေါက်တာ Charles Tannock ပြောသွားတာပါ။ အခုနောက်ဆုံး ဥရောပါလီမန်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ မြန်မာစစ်အစိုးရကို ပိတ်ဆို့ဒဏ်ခတ်ထားတာ သက်တမ်းတနှစ်တိုးဖို့ ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ခဲ့တာကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် ဥရောပ ကော်မရှင်က ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်တွေအတွက် အကူအညီပေးတာကို လျှော့ချလိုက်တဲ့ အပေါ်မှာတော့ ဥရောပပါလီမန်က ရှုတ်ချထားပါတယ်။

Read More...

မြန်မာနိုင်ငံလျှပ်စစ်နှင့် စကားတစ်မျိုးသာ နားလည်သည့်စစ်အစိုးရ

Karen Information Center မှ..........

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ(၇)ခုရှိပြီး ကာလတိုဖြင့် ရည်မှန်း ဆောင်ရွက်သော သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (Gas Turbine) (၈)ခုရှိပါသည်။ ရေအားလျှပ်စစ်ဓါတ်အားပေး စက်ရုံ (၇)ခုမှ လျှပ်စစ်ပမာဏ (၃၂၇)မဂ္ဂါ၀ပ် ထုတ်လုပ်ပြီး၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ မှ လျှပ်စစ်ပမာဏ ၆၈၀ မဂ္ဂါ၀ပ် ထုတ်လုပ်နေပါသည်။ လျှပ်စစ်ပမာဏ (၁၆၈) မဂ္ဂါ၀ပ် ထုတ်ပေးနေသော ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်ပြီး နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း (၁၂၀၀) ထုတ်လုပ်ပေးလျှက်ရှိပါသည်။

ဘီလူးချောင်းအမှတ် (၁) မှလျှပ်စစ်ဓါတ် အားထုတ် ပမာဏမှာ(၂၈) မဂ္ဂါ၀ပ် ရှိပြီး နှစ်စဉ် နာရီသန်းပေါင်း(၂၀၀)ထုတ်လုပ်သဖြင့် လက်ရှိတွင် ကယား ပြည်နယ်မှ ထွက်ရှိသော လျှပ်စစ်ပမာဏမှာ (၁၉၆) မဂ္ဂါ၀ပ်ရှိပါသည်။

မြန်မာပြည်၏ အရှေ့ဖက်ခြမ်းတွင် တည်ရှိသော ကယားပြည်နယ်သည် ဧရိယာအကျယ် စတုရန်းကီလိုမီတာ (၁၁,၆၇၀)ရှိပြီး လူဦးရေ (၂၅၉,၀၀၀) ခန့်ရှိသဖြင့် ရန်ကုန်မြို့ လူဦးရေ၏ (၅)ရာခိုင်နှုန်းသာရှိပါသည်။ ကယား ပြည်နယ်၏ အဓိက စီးပွါးရေးလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်သည်။ တန်ဖိုးရှိသစ် များဖြစ်သောကျွန်းနှင့် ထင်းရှူးပင်များ ထွက်ရှိခဲ့သော်လည်း စစ်အစိုးရလက်ထက် သစ်ထုတ်လုပ်မှုများ ကြောင့် သစ်တောပြုန်းတီး ခဲ့ပြီး တောင်အများစုမှာ တောင်ကတုံးများဖြစ်လာပါသည်။

၁၉၉၆ န၀တ ခေတ် ကရင်နီ တိုင်းရင်းသားများကို နှိပ်ကွပ်ရာတွင် ရွာပေါင်း ၂၂၀လုံး ဖျက်ဆီး / မောင်း ထုတ် ပြောင်းရွှေ့ခံရသဖြင့် ပြည်တွင်း အခြေမဲ့ ကရင်နီဒုက္ခသည် (Internally Displaced People) ၅၀,၀၀၀ ခန့်ဒုက္ခရောက်ခဲ့ပြီး ထောင်ပေါင်းများစွာမှာ ထိုင်း-မြန်မာ ဒုက္ခသည်စခန်းသို့ ထွက်ပြေးခဲ့ရပါသည်။

၂၀၀၅ ခုနှစ် TBBC (Thai Burma Border Consortium) ထုတ်ပြန်ချက်အရ ကရင်နီတိုင်းရင်းသား ပေါင်း(၉၂,၅၀၀)၊ တနည်းအားဖြင့် ကယားပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံသည် ပြည်တွင်း အခြေမဲ့ဒုက္ခသည် ဖြစ်သွားပြီး ထိုင်းနိုင်ငံဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ကရင်နီတိုင်းရင်းသားများ၏ အရေအတွက်မှာ (၂၂,၀၀၀)ဦး ရှိနေပါသည်။

ခေတ်အဆက်ဆက် အစိုးရများ၏ လျစ်လျုရှုမူခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကယားပြည်နယ် သည် စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ဒေသခံတိုင်းရင်းသားများမှာ ဆင်းရဲခြင်းကို နှစ်ရှည်လများ ခံစား နေခဲ့ရပါသည်။
အဓမ္မလုပ်အားပေးခြင်း (Forced Labor) သည် မြန်မာနိုင်ငံတွင် တရားမ၀င်ဟု အစိုးရက သတ်မှတ်ထား သော်လည်း အဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို မြန်မာစစ်အစိုးရသည် တွင်ကျယ်စွာ ဆောင်ရွက်လျှက် ရှိပါသည်။ အစိုးရ၏ မတရားဖိနှိပ်မှုများကို လက်နှက်စွဲကိုင် တော်လှန်သောအဖွဲ့များမှ လက်နှက်ကိုင်အဖွဲ့ ၅ ဖွဲ့မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ခူထဲဘူးဖဲ ခေါင်းဆောင်သော KNPP ပင်မအဖွဲ့မှာမူ အ ပစ်ရပ် သဘောတူညီမူ့မရရှိသေးဘဲ ဆက်လက်တိုက်ပွဲဝင်လျှက်ရှိပါသည်။

မြန်မာနိုင်ငံ၏အဓိကကျသော ကယားပြည်နယ်မှ လျှပ်စစ်ဓါတ်အားပေးလိုင်းကို ရန်ကုန်မြို့နှင့် မြန်မာပြည် အ ထက်ပိုင်း မန္တလေးမြို့သို့ ဓါတ်အားလိုင်းသွယ်တန်းရာလမ်းတစ်လျှောက်ရှိ ကယားတိုင်းရင်းသားများမှာ လယ် ယာခြံမြေ အသိမ်းခံရသည့်အပြင် ဓါတ်အားလိုင်းလုံခြုံရေး အတွက်ဟုဆိုကာ (ပေ ၆၀ x ပေ ၉၀) အရွယ်ရှိခြံ စည်းရိုးများကို ဒေသခံရွာသားများမှ တည်ဆောက် ပေးခဲ့ရပါသည်။ ထိုကဲ့သို့တပ်မတော်မှ ခြံစည်းရိုးကို ဆောက်ခိုင်းသောအခါ ရွာသားများအား လုပ်အားခ မပေးသည့်အပြင် လိုအပ်သော သစ်၊ ၀ါးပစ္စည်းများကို လည်း ရွာသားများမှ စိုက်ထုတ်ရပါသည်။ ခြံစည်းရိုး ကာပြီးသောအခါ၌ ခြံစည်းရိုးအတွင်း ကွက်လပ်တွင် နအဖတပ်မှ မြေမြုပ်မိုင်းများထောင်ထားလေ့ရှိပါသည်။
ကရင်နီသုတေသနပြုစုအဖွဲ့ (KDRG) ကထုတ်ဝေသည့်အစီရင်ခံစာတခုတွင် မီးလိုင်းတာဝါ တိုင်အောက်ခြေ တွင် မြုပ်နှံထားခဲ့သည့် မြေမြုပ်မိုင်း အလုံးပေါင်း (၁၈,၀၀၀)ခန့်ရှိပြီး လောပီတဓါတ်အားပေးစက်ရုံ လုံခြုံရေး တွက်ထောင်ထားသော မြေမြုပ်မိုင်းအရေအတွက်မှာ သောင်းဂဏာန်းရှိကြောင်း ဖေါ်ပြထားပါသည်။ ၂၀၀၁ ခုနှစ်အထိ လောပိတဓါတ်အားပေးစက်ရုံဝန်းကျင်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် သေဆုံးသူ ဒေသခံ စုစုပေါင်း ၃၀ ဦး၊ ဒဏ်ရာရသူပေါင်း ၅၀ ကျော်ရှိပြီး၊ တရိစ္ဆာန် အများအပြား သေကြေ ဒဏ်ရာရရှိခဲ့ ကြောင်း KDRG အစီရင်ခံစာကဆိုပါသည်။

သို့သော်လည်း ဒေသခံ ကရင်နီတိုင်းရင်းသားများ ခံစားနေရသော ဒုက္ခများမှာ မပြီးဆုံးသေးပါ။ ဓါတ်အား လိုင်းတာဝါတိုင်ကို ရွာသား(၃)ယောက်မှ (၄)ရောက်အထိ (၁၂)နာရီတစ်ဖွဲ့ လုံခြုံရေးကင်းစောင့်ပေးရပါ သည်။ ထို့အပြင် ခြံစည်းရိုးတွင်း ထောင်ထားသောမြေမြုပ်မိုင်းများမှာ တရိစ္ဆာန်များကြောင့်ဖြစ်စေ၊ မည်သည့် ကြောင်းတစ်ခုခုဖြစ်စေ ပေါက်ကွဲခဲ့ပါကနီးစပ်ရာရွာသားများမှ မြေမြုပ်မိုင်းအတွက် လျှော်ကြေးပေးရပြီး တရိစ္ဆာန်များကိုမူ နအဖ တပ်မှလာရောက်သိမ်းယူလေ့ရှိပါသည်။

လေ့လာသူ တစ်ဦးအနေဖြင့် သုံးသပ်မိသည်မှာ ဒေသခံတိုင်းရင်းသားများ၏ လုပ်အားမပါဘဲ ဓါတ်အားလိုင်း တာဝါတိုင်လုံခြုံရေးအတွက် တပ်မတော်မှ ဆောင်ရွက်နိုင်သောအ ခြေအနေတွင်ရှိပါသည်။ ပြည်ခိုင်ဖြိုးအ သင်းဝင် (၁၀)သန်းကျော်ရှိပြီး၊ တပ်သားအင်အား လေးသိန်းကျော်ရှိသော တပ်မတော်သည် နှစ်စဉ်စစ်သုံး စရိတ် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၈၀၀ ကျော်မှ သန်းပေါင်း ၇၀၀၀ ကျော်ထိ သုံးစွဲသည့် ငွေပမာဏ သည် အိမ်းနီးချင်း ထိုင်းနိုင်ငံ၏ စစ်အသုံးစရိတ် ခေါက်ချိုးမက များနေပါသည်။

ထို့အပြင် နေပြည်တော်နှင့် တစ်နိုင်ငံလုံးရှိ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ရုံး အသီးသီးမှ သုံးစွဲသော လျှပ်စစ်ယူနစ် ပမာဏကို တပ်မတော်၏ ဘတ်ဂျက်အသုံးစရိတ်ထဲမှ မပေးဘဲ ပြည်သူများမှ ပေးဆောင်နေရပါသည်။ တပ်မတော်၏ လျှပ်စစ်မီတာသုံးစွဲမှုများကို ကာမိအောင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်သူများကို မီတာခ တိုးမြှင့် ကောက်ခံခြင်း၊ မီးမပေးဘဲ မီတာဘောက်စ်များကို ချပေးပြီး ပြည်သူထံမှ ငွေယူပြီးဖြေရှင်းနေရပါသည်။
နေပြည်တော်တစ်ခုတည်း လစဉ် သုံးစွဲနေသောလျှပ်စစ်ပမာဏမှာ (၂၀) မဂ္ဂါဝပ်ရှိပါသည်။ ၄င်းလျှပ်စစ် ယူနစ် အတွက် ပြည်သူများမှ ပေးဆောင်နေရသည့် ငွေပမာဏသည် တစ်လလျင် ကျပ်ငွေ သိန်းငါးထောင်ကျော် (အမေရိကန် ဒေါ်လာ လေးသိန်းကျော်) ရှိပြီး တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ငါးသန်းနီးပါးရှိပါသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရန်အတွက် ကရင်နီတိုင်းရင်းသားများသည် လယ်ယာမြေ ဆုံးရှုံးခြင်း၊ အသက်သွေး၊ ချွေးများစိုက်ထုတ်ရသော်လည်း အများစုမှာ လျှပ်စစ်မီးအလင်း မရရှိသေးဘဲ တစ်ညတာ အချိန်ကို ဖယောင်းတိုင်မီး၊ ထင်းရူးဆီမီးဖြင့် ဆင်းရဲစွာ ကုန်လွန်နေကြရပါသည်။

၁၉၆၀ ခုနှစ် သတင်းစာများတွင်ဖေါ်ပြထားသည်မှာ “ လောပိတမှ ထွက်ရှိမည့် လျှက်စစ်ဓါတ်အားသည် က ယားပြည်နယ်၏ ရေသွင်း စိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသခံများအတွက် လျှက်စစ်မီးအလင်းရရှိစေမည်” ဟု ဖေါ်ပြထားသော်လည်း ယခုချိန်ထိ ကယားပြည်နယ်လူထု (၂၀) ရာခိုင်နှုန်းသာ လျှပ်စစ်မီးကို မမှန်တမှန် ရရှိခဲ့ပါသည်။

ဖေဖေါ်ဝါရီလ၂၃ရက် ၂၀၁၀တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)လက်နက်ကိုင်တော်လှန်ရေး အဖွဲ့မှ မိုင်းခွဲဖျက်ဆီးသဖြင့် ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ်၊ လိုတာခု ကျေးရွာအနီးရှိ လောပိတမှ ပဲခူး တိုင်း၊ တောင်ငူမြို့သို့ ဓာတ်အားပို့လွှတ်ထားသည့် ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင် အမှတ် ၁၃၄ ပျက်စီးကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်းနှင့် ထိုအဖွဲ့က ယခုလ လဆန်းပိုင်းတွင် တာဝါတိုင်အမှတ် ၁၉၉ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။ ၄င်းကိစ္စ
နှင့်ပတ်သက်ပြီး KNPP အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ခူထဲဘူးဖဲက စစ်အစိုးရ ဖော်ပြချက်ကို ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ သည်မှာ-
“လောပိတ ရေးအားလျှပ်စစ်စက်ရုံက ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ တည်ရှိပေမယ့်၊ ထွက်ရှိလာတဲ့ အကျိုးအမြတ်က စစ်အစိုးရအာဏာပိုင် အများစုကပဲ အကျိုးခံစားနေကြပြီးတော့၊ ဒေသခံ ကရင်နီပြည်သူတွေ ဟာ အနည်းအကျဉ်းသာ အကျိုးခံစားခွင့် ရရှိကြတဲ့အတွက် အခုလို လုပ်တာပါ” ဟု ပြောပါသည်။

ယခုချိန်ခါတွင် ဒီမောဆိုး အနီးပတ်ဝန်းကျင်ကျေးရွာတစ်ချို့တွင် လျှပ်စစ်မီးသွယ်တန်းရန်အတွက် တိုင်းတာ ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဓါတ်မီးတိုင်များစိုက်ထူခြင်းများ စတင်ဆောင်ရွက်လာသည်ကို တွေ့မြင် ရပါသည်။

၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲေ့သော စစ်ဖက် အုပ်ချုပ်ရေးသည် အမည်မျိုးမျိုးပြောင်းလဲခဲ့သော်လည်း တူ ညီသောစရိုက် တစ်ခုမှာ-
“ နအဖ သည် စကားတစ်မျိုးဘဲပြောတတ်ပြီး မိမိကို ထိခိုက်နစ်နာမှ နားလည်တတ်သော အစိုးရ ဖြစ်ပါသည်။”

လက်ရှိပစ္စုပ္ပန်နှင့် သမိုင်းကြောင်းတစ်လျှောက် စစ်အစိုးရ၏ ပြည်သူများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာ ဆက် ဆံရေးများကို ပြန်လည်သုံးသပ်လျှင်-
“အကြမ်းမဖက်သောနည်းဖြင့် ဆက်ဆံပါက နအဖ စစ်အစိုးအနေဖြင့် နားမလည်တတ်ကြောင်း ပေါ်လွင်ထင် ရှားနေပါသည်။”

ဖူးဒို
မေလ ၁၇၊ ၂၀၁၀။

Read More...

နယ်ခြားစောင့်တပ်မှ ပြည်သူပိုင်ပစ္စည်း မတရားဖျက်ဆီး၍ ခေါင်းရှောင်

သတင်း - ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အခြေစိုက်ထားသော နယ်ခြားစောင့်တပ်သည် ရွာသားပိုင် မော်တော်ဆိုင်ကယ်အား မတရား အသုံးပြု ဖျက်ဆီးခဲ့ပြီး ယေါ်ကျေးမပေးဘဲ ခေါင်းရှောင်နေသည်ဟု ရွာသားများက ပြောသည်။

နယ်ခြားစောင့်တပ်သားတဦးမှ မိုဆိုကျေးရွာသားပိုင်ဆိုင်သော ဆိုင်ကယ်အား အတင်းအဓ္ဓမယူစီး၍ ပျက်ဆီးခဲ့ခြင်းဖြစ်သည်။

"သူတို့(နယ်ခြားစောင့်တပ်)အဖွဲ့ထဲကတစ်ဦးက သူ့(ဆိုင်ကယ်ပိုင်ရှင်)ဆိုင်ကယ်ကို အတင်းတောင်းပြီးဖရူဆိုဆင်းသွားတယ်လေ။ ပြန်လာတယ်။ ဆိုင်ကယ်ဒူးကာတွေ ဆိုင်ကယ်ခေါင်းတွေကွဲကုန်တယ်။ အယော်ပြန်တောင်းတယ်။ ဒါပေမဲ့အခုထိထိတော့မပေးသေးဘူး။ ၂ရက်အတွင်း ပြန်ပြင် ပေးမယ် ပြောတယ်။ အခု ၁ လကျော်သွားပြီ။ ပြန်မပြင်ပေးသေးဘူး။ လုပ်ပျက်တဲ့တစ်ယောက်လည်းထွက်ပြေးသွားပြီ။ သူတို့အကြီးတွေလည်း သူတို့နဲ့မဆိုင်သလို ပဲနေလိုက်တယ်။ ဆိုင်ကယ်ယိုးဒယားဟာဆိုတော့ဈေးကြီးကြီးနဲ့ပေးဝယ်ရတယ်လေ။"ဟု အဖြစ်ပျက်အားမြင်တွေ့ ထားသော ရွာသားတဦးကပြောပြသည်။

အပစ်ရပ် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ကလလတအဖွဲ့မှ အင်အား ၇၀၀ခန့်ဖြင့် ပြီးခဲ့သည့် ၂၀၀၉နိုဝင်ဘာလ ၈ရက်နေ့တွင် မြန်မာစစ်အစိုးရမှချမှတ်ပေးထားသော နယ်ခြားစောင့်တပ်အဖြစ်သဘောတူလက်ခံခဲ့ကြသည်။ ကရင်နီပြည်တွင် နယ်ခြားစောင့်တပ်အမှတ် ၁၀၀၄အား မယ်စဲ့မြို့နယ် ပန်တုန်းကျေးရွာအနီးတွင်အခြေစိုက်ထားစေပြီး၊ အမှတ် ၁၀၀၅အား ရွာသစ်မြို့အနီးရှိ ပန်ဆန်းလဲ စခန်းတွင်အခြေစိုက်လျက်ရှိသည်။

မိုဆိုကျေးရွာအနီးအခြေစိုက်ထားသော နယ်ခြားစောင့်တပ်များသည် အမှတ် ၁၀၀၅မှအဖွဲ့ခွဲများဖြစ်သည်။ ၎င်းတို့သည် မိုဆိုကျေးရွာမှ ရွာသားများ ပိုင်ဆိုင်သော ပစ္စည်းများကိုပိုင်ရှင်ဆန္ဒမပါဘဲအသုံးပြုနေကြသည့်အပြင် ဈေးဆိုင်များ၌ယူထားသည့် အကျွေးများကိုလဲ မပေးဘဲနေလျက် ရှိသည်ဟု ဖရူဆိုမြို့မှဆိုင်ရှင်တဦးကပြောသည်။

Read More...

နအဖစစ်ဆေးရေးဂိတ်မှ ရဲမေကိုယ်တိုင် ငွေညှစ်

သြော်...ခက်လိုက်တာဗျာ...သူများကိုပဲညစ်ဖို့သိတဲ့ရဲမေ......သူကိုယ်တိုင်ပြန်ပြီးအညစ်ခံရမှာကိုမသိဘူးနဲ့တူတယ်...(တခြားအတွေးမပေါက်ပါနဲ့....ပြောချင်တာက လည်ပင်းအညစ်ခံရမှာကို........)

(မြတ်ခိုင်ဦး)ခေတ်ပြိုင် မှ...........

ထိုင်းနိုင်ငံတွင် အလုပ်လုပ်၍ ပြန်လာသူများအား မြဝတီအထွက် ရဲစစ်ဆေးရေးဂိတ်မှ ရဲမေများကိုယ်တိုင် အတင်းအဓမ္မ ငွေညှစ် တောင်းခံနေကြောင်း သိရသည်။
မြဝတီမြို့မှ ကော့ကရိတ်သို့ သွားရာလမ်းရှိ မြဝတီမြို့အထွက် တောင်ပေါ်အတက်တွင် ရှိနေသော ရဲစစ်ဆေးရေးဂိတ်မှ ရဲမေများကိုယ်တိုင် အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းနေကြောင်း ငွေအတောင်းခံခဲ့ရသူတဦးက ခေတ်ပြိုင်သို့ပြောသည်။

ပြီးခဲ့သည့် မေ (၁၆) ရက် မြဝတီမှ ကော့ကရိတ်သို့သွားသည့် လူငယ်စုံတွဲအား ထိုင်းနိုင်ငံမှ အလုပ်လုပ်ပြန်လာသည်ဟုဆိုကာ ဂိတ်ထိုင်စစ်ဆေးနေသော ရဲမေက ငွေကျပ် (၃,၀၀၀) အတင်းအကျပ်တောင်းယူကြောင်း ကိုယ်တွေ့ခံစားခဲ့ရသူ မနီလာက ပြောသည်။

၎င်းက “ကျမတို့မြဝတီက ထွက်လာတော့ အဲဒီတောင်အတက်ဂိတ်မှာ ရဲမေ (၂) ဦးက ကျမကို စစ်တယ်။ မှတ်ပုံတင်ပါလား ဘာလားပေါ့၊ လက်ဝတ်လက်စားတွေလည်း ချွတ်ခိုင်းတယ်။ အဲဒါပြီးတော့ လက်ပတ်နာရီကို ချွတ်ခိုင်းရော။ အဲဒီမှာ ကျမက အချိန်ကို မပြောင်းထားမိဘူး။ အဲဒါသူတို့က ပြောတယ်။ ညည်းထိုင်းက ပြန်လာတာ ပတ်စပို့စ်လာလုပ်တာ ငါတို့သိတယ်။ နာရီက နာရီဝက်ကွာနေတယ်လို့ သူတို့ အဲလိုပြောတယ်” ဟု ဆိုသည်။

ထို့နောက် မနီလာထံမှ ငွေကျပ် (၃,၀၀၀) တောင်းသဖြင့် မနီလာ၏အမျိုးသား ကိုစောဦးက ကြားဝင်ညှိနှိုင်းပေးခဲ့သဖြင့် ကျပ် (၂,၀၀၀) နှင့် အဆင်ပြေသွားခဲ့သည်ဟု သိရသည်။

ကိုစောဦးက “ကျနော့်ကိုတော့ ယောက်ျားရဲစစ်တာ။ ပြီးတော့ သူ့ဆီသွားတော့ သူ့ကို ဟိုဟာပြော ဒီဟာပြောလုပ်ပြီး ရစ်နေတာ။ ပြီးတော့ ငွေ (၃,၀၀၀) ပေးရမယ်လို့ပြောတယ်။ အဲဒါနဲ့ ကျနော်က ငွေ (၁,၀၀၀) တော့ ယူပါ ပြောတယ်။ ဒါကိုမရဘူး၊ နောက်ဆုံးကြတော့ (၂,၀၀၀) နဲ့ အဆင်ပြေသွားရော” ဟု ပြောသည်။

အဆိုပါဂိတ်သည် ရဲစစ်ဆေးရေးဂိတ်ဖြစ်ပြီး ရဲမေ (၂) ဦးက လူပုံသဏ္ဌာန် အနေအထားပေါ် မူတည်ပြီး ငွေညှစ်လေ့ရှိကြောင်း ကိုစောဦးက ပြောသည်။

ထိုနေ့သည် မြဝတီသို့ ကားအတက်ဖြစ်သဖြင့် မိမိတို့သွားလိုရာခရီးသို့ အငှားဆိုင်ကယ်ဖြင့်သာ သွားရကြောင်း၊ နေရာဒေသအပေါ်လိုက်၍ ဈေးအမျိုးမျိုးရှိကြောင်း၊ လမ်းတွင်လည်း ဂိတ်အကြီး (၃) ခုအပါအ၀င် ဂိတ်အသေးလေးများ အများအပြားရှိသည်ဟု ၎င်းက ပြောသည်။

မြဝတီနှင့်ကော့ကရိတ်သည် တရက်ခြားတခါ အတက်အဆင်းဖြင့် ကုန်သည်များ၊ ခရီးသွားများ သွားလာရလေ့ရှိပြီး ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့ သာရေးနာရေးအတွက် အရေးပေါ်သွားလာရလျှင် ကားတန်းမရှိသောနေ့ဖြစ်ပါက ယခုကဲ့သို့ အငှားဆိုင်ကယ်ဖြင့် သွားလာရလေ့ရှိပြီး မြဝတီမှ ကော့ကရိတ်သို့ (၅,၀၀၀) ကျပ် ပေးရသည်။

မြန်မာစစ်ဆေးရေးဂိတ် တာဝန်ကျများက အချိန်နာရီ အပြောင်းအလဲ မလုပ်မိသည့် အသေးအမွှားကိစ္စလေးမှအစ စစ်ဆေးကာ ယခုကဲ့သို့ မတရား ငွေညှစ်တောင်းခံမှုများရှိနေသဖြင့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ခရီးသွားလာရာတွင် အထူးသတိထားရန်လိုအပ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတို့က သတိပေးပြောဆိုသည်။

Read More...

မြန်မာလူထု အနာဂတ် တိုးတက်ရေး ကာဒ့်ကမ်းဘဲလ် တိုက်တွန်း

VOA သတင်းမှ.....

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် အမေရိကန်က အကြီးအကျယ် စိတ်ပျက်မိကြောင်း နဲ့ အမေရိကန်အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့တင်မက ကိုယ့်ပြည်သူတွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်စေမယ့် လုပ်ရပ်တွေလုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သွားရောက်ခဲ့တဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြောင်း ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ မှာတော့ Mr. Campbell က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဿနာတွေကို အခုလိုချပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် အဓိကကျတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာတာကိုတွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါ့ပြင်မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို တစုံတရာဖြေရှင်းတာမျိုးတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုပြေလျှော့စေဖို့ သိသိသာသာ လုပ်ဆောင်တာတွေနဲ့ အတူ နောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အရ တားမြစ်ထားချက်တွေကို သေသေချာချာ လိုက်နာဖို့တွေလည်း လိုအပ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံက နျူကလီယားလက်နက်နဲ့ နည်းပညာတွေမပြန့်ပွားစေဖို့ တားမြစ်ချက်ကို မြန်မာစစ်အစိုးရက လိုက်နာဖို့ လိုအပ်တာတွေ၊ တိုင်းရင်းသားတွေကို ဖိနှိပ်ပြီး တိုက်ပွဲ ဆင်နွှဲနေ တာတွေ အပြင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခုထိ ချုပ်နှောင်ထားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဓိက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသူတွေနဲ့ ဆွေးနွေးမှုတွေမလုပ်ပဲ ရွေးကောက်ပွဲ ကျင်းပဖို့ပြင် နေတာတွေအတွက် စိတ်ပျက်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီအချက်တွေကို သိသာတိုးတက်အောင်မလုပ်ဆောင်တဲ့ အတွက် အမေရိကန်အစိုးရအနေနဲ့ မကျေနပ်ပါဘူး။ ဒါတွေကို သေသေချာချာ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမေရိကန်နိုင်ငံနဲ့ရော၊ နိုင်ငံတကာနဲ့ပါ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဖို့ အပြင် ကိုယ့် ပြည်သူအားလုံးရဲ့ အနာဂတ် ပိုမိုကောင်းမွန်အောင် လုပ်ဖို့ လိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ညှိုနှိုင်းစေ့စပ်မှုတွေ မအောင်မြင်တဲ့ သဘောရှိနေတာမို့ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေဖြစ်လာအောင် ဖိအားပေးမှု တစုံတရာ ပြင်းပြင်းထန်ထန်လုပ်လာဖို့ ရှိတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB ဖွဲ့တာဝန်ခံ ဦးအောင်ဒင်ကပြောပါတယ်။

ခုလတ်တလောပေါ့နော်၊ ပြီးခဲ့တဲ့ မေ ၈ ရက်က ဒီ ၁၉၉၇ခုနှစ် သမ္မတ ကလင်တန်လက်ထက်ကထဲက ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဟန့်တားတဲ့ ဥပဒေကို သမတ အိုဘားမားက တနှစ်သက်တမ်းတိုးဖို့ဆုံးဖြတ်လိုက်ပြီ။ ကွန်ဂရက်လွှတ်တော်မှာလည်း ဒီ ၂၀၀၃ခုနှစ်က ချထားတဲ့ စီးပွါးရေးပိတ်ဆို့မှု ဥပဒေကို သက်တမ်းတိုးဖို့ အတွက် အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းတင်သွင်းပြီးတော့၊ လာမဲ့ ဇူလိုင် ၂၆ sanction သက်တမ်းမကုန်ခင်မှာ အတည်ပြုနိုင်ဖို့ ကျိုးစားနေကြပြီ။

နောက်လွှတ်တော်နှစ်ရပ်စလုံးကလည်း သမတ အိုဘားမားကို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ စစ်ရာဇ၀တ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်စုတစုလုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေ ဖြစ်နေတဲ့ အတွက်ကြောင့် မို့ ဒီကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ် ကင်တားနား အကြံပြုတဲ့ အတိုင်း ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စမှာ အမေရိကန်အစိုးရက ထောက်ခံဖို့နဲ့ ဦးဆောင် အကောင်ထည် ဖေါ်ဖို့ ဆိုတာကိုလည်း ၀ိုင်းဝန်းတိုက်တွန်းနေကြတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအကြံပြုချက်ကို အခုချိန်မှာ လေးလေးနက်နက် စဉ်းစားနေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဆိုတော့ ကျွန်တော်မြင်တာကတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီဟာ ပိုပြီးတော့ ပြင်းထန်လာမယ်၊ ပြတ်သားလာမယ်၊ ဆက်ပြီး နအဖစစ်အုပ်စုနဲ့ စကားပြောဆွေးနွေးတာတွေ ရှိနေတာတောင်မှပဲ။ အမေရိကန်အစိုးရရဲ့ နအဖ အပေါ်အရေးယူမှုတွေဟာ ပိုပြီးတော့ တင်းကြပ်လာမယ်လို့ မျှော်လင့်ပါတယ်။

အမေရိကန်အစိုးရက စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် မြန်မာစစ်အစိုးရအပေါ် အရေးယူမှုတွေ ချမှတ်ရာမှာ သမတအိမ်ဖြူ အပြင် အမျိုးသာလုံခြုံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနလို ၀န်ကြီးဌာနပေါင်းစုံနဲ့ ဆက်သွယ်ပြီး လုပ်ငန်းအားလုံး အကောင်ထည်ဖေါ်ရတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးတဦးကို ခန့်အပ်ဖို့ ၂၀၀၇ ခုနှစ်ထဲက လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ ဒီပြဌာန်းချက်နဲ့အညီ မကြာခင်မှာခန့်အပ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်

မှုဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးဆိုတာကိုခန့်အပ်ဖို့ သမတအိုဘားမားလက်ထဲကို ဆန်ကာတင်စာရင်းပေါ့နော် အမည်စာရင်းရောက်နေပြီးတော့ အဲဒီကနေ သူတို့ တယောက်ကို ရွေးချယ်ပြီး မကြာခင် အဆိုပြုဖို့ရှိပါတယ်။ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုတဲ့ အတွက်ကြောင့် သမ္မတအိုဘားမားက အဆိုပြုပြီးတဲ့ အခါမှာ အထက်လွှတ်တော်က ဒါကို စုံစမ်းစစ်ဆေးပြီးတော့ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒါကလည်းမကြာခင်မှာ ခန့်အပ်တော့မယ်လို့ ကျွန်တော်တို့ သိရပါတယ်။

Read More...

ပြည်သူ့စစ် မလုပ်လိုသည့်အပစ်ရပ် SSA တပ်သားအချို့ထွက်ပြေး

သျှမ်းသံတော်ဆင့် သတင်းမှ....
ပြည်သူ့စစ်အသွင်ကူးပြောင်းရေးလက်ခံထားသည့် ဦးလွယ်မောဝ်း၏ တပ်ဖွဲ့မှ တပ်သားအချို့ ထွက်ပြေးပြီးအသွင်ပြောင်းရေးလက်မခံသည့်အဖွဲ့နှင့် လက်နက်ကိုင်တော်လှန်ဆဲတပ်ဖွဲ့ထံ ကူးပြောင်းပူးပေါင်းကြသည်ဟု စုံစမ်း သိရှိရပါသည်။
ဧပြီ ၂၄ ရက် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးသို့ ဦးလွယ်မောဝ်ခေါင်းဆောင်သည့် အပစ်ရပှ်SSA ဌာနချုပ်တပ်ဖွဲ့၊ တပ်မဟာ ၃၊ တပ်မဟာ ၇ တပ်ဖွဲ့ဝင်အချို့ မေလဆန်းပိုင်းမှစ၍ ထွက်ပြေး နေကြသည်ဟု အပစ်ရပ် SSA နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။


ပြည်သူ့စစ်ပြောင်းဖို့ တပ်မဟာ ၃ လက်ခံချိန်ကစပြီး မလုပ်ချင်တဲ့တပ်သားတွေ တပ်မဟာ ၁ ဆီကို ကျိုးတို့ ကျဲတဲ သွားပေါင်းကြတယ်၊ စိန်ကျော့ဌာနချုပ်တပ်ဖွဲ့အပါအ၀င်၊ တပ်မဟာ ၃ ၊ ၇ တွေကလဲ တပ်မဟာ ၁ ဆီ သွားပေါင်းတာရှိသလို အဲ့ဘက်လှုပ်ရှားနေတဲ့ စ၀်ယွက်စစ်အဖွဲ့ထံကိုလဲ အင်အား ၃၀ - ၄၀ ကျော်သွားပေါင်း လိုက်ပြီ ပြောတယ်”- ဟု ဦးလွယ်မောဝ်း နှင့် နီးစပ်သည့် လားရှိုးသားတဦးကပြောပါသည်။

ထို့အတူ ခေါင်းဆောင်ဖြစ်သူ ဦးလွယ်မောဝ်းကိုယ်တိုင်ကလည်း လမ်းမှားလျှောက်မိပြီဖြစ်ကြောင်း၊ မိမိအား ပစ်ပယ်မထား သင့်ကြောင်း၊ တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှထံ ကြားလူမှတဆင့်ဆက်သွယ်အကြောင်းကြား မေတ္တာ ရပ်ခံခဲ့သေးသည်ဟု အဆိုပါပုဂ္ဂိုလ် ဤကဲ့သို့ဆက်၍ ပြောပြပါသည်။

“ဦးလွယ်မောဝ်းအပါအ၀င် တပ်ဖွဲ့ဝင်အားလုံးကို ပစ်ပယ်မထားဖို့ရယ်၊ နောက်ပြီး၂၀၀၅ - ၂၀၀၆ တုံးက ဒုဗိုလ်ချုပ်ကြီး ယွက်စစ် နဲ့ လက်နက်ချ ဗိုလ်မှူးကြီးမိုင်းဇင့် (ကွယ်လွန်) တို့လို အချင်းချင်း ကွဲပြဲ တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသလို မဖြစ်ချင်ဘူး - စတာတွေကို တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖှကို ပြောတယ်”

ဝမ့်ဟိုင်းအခြေစိုက် အပစ်ရပှ်ဗ တပ်မဟာ ၁ တပ်ဖွဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့အသွင်ပြောင်းလာစေရန်နားချ စည်းရုံးဖို့ ဦးလွယ်မောဝ်းနှင့် ဦးကိုင်ဖတို့အား နအဖ က ဆက်လက်ဖိအားပေးလျက်ရှိသည်ဟု ဆို၏။

ထိုကဲ့သို့ တဘက်တွင်တပ်သားများ ထွက်ပြေးနေကြပြီး ကျန်တဘက်တွင်လည်းဖိအားပေးခံနေရသောကြောင့် ဦးလွယ်မောဝ်း အကြပ်ရိုက် ခေါင်းခဲနေသည်ဟုလည်းအဆိုပါအသိုင်းအ၀ိုင်းက ပြောပါသည်။

စိန်ကျော့ဌာနချုပ်၊ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ စုစုပေါင်း အပစ်ရပ် သျှမ်းပြည်တပ်မတော် လူသူ လက်နက် အင်အား ၆၀၀၀ ခန့်ရှိသည်ဟုဆို၏။ အသွင်ပြောင်းရေး လုံးဝလက်မခံသည့် တပ်မဟာ ၁ တွင်အင်အားထက်ဝက်ကျော်ရှိ သည်။ ထို့အပြင် ခေါင်းဆောင်ပိုင်းကြောင့် အသွင်ကူးပြောင်းရေးလက်ခံထားသည့် (ဌာနချုပ် တပ်ဖွဲ့/တပ်မဟာ ၂ ခု) တပ်ဖွဲ့ဝင် ကေဒါတပ်သား အများအပြားကလည်း အသွင်ပြောင်းရန် လုံးဝ ဆန္ဒမရှိကြပေ။

Read More...

နအဖတပ်၏ရမ်းကားမှု

အပြစ်မဲ့ရွာသား၁ဦးသည် နအဖတပ်၏ပစ်ခတ်မှုကြောင့် ညာဘက်ပုခုံးတွင်ဒဏ်ရာပြင်းပြင်းထန် ထန်ရရှိကြောင်းသတင်းရရှိပါတယ်…..
ဖြစ်စဉ်အကျဉ်းချုပ်မှာ….. မတ်လ၁၃ရက်၂၀၁၀ခုနှစ် မနက်၈နာရီအချိန်လောက်တွင် ဖာပွန်ခရိုင်မှ ရွာသား၅၇ယောက်သည် သယူပလော သို့အစားအသောက်များဝယ်ခြမ်းပြီး ထီးမူပွာရွာသို့အပြန် ခရီးတွင် ဘိုနာဒဲအရပ်သို့ရောက်ရှိပြီး ကားလမ်းမကြီးကိုဖြတ်ကူးဖို့စောင့်ဆိုင်းနေစဉ် နအဖခြေ လျင်တပ်၁၀၂ ၏အသလွတ်ပစ်ခတ်မှုကိုခံခဲ့ရသည်။
ထိုပစ်ခတ်မှုကြောင့် ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်ရပြီးသူတို့၏ ပစ္စည်း များ စား သောက်ကုန်များကျန်ရစ်ခဲ့ပြီး ထိုအထဲတွင် ရွာသားစောသောဂေထူး ၁၇နှစ်သည် နအဖ၏ ပစ်ခတ်မှုကြောင့် ညာဘက်ပုခုံးတွင်ပြင်းထန်စွာဒဏ်ရာရရှိကြောင်းသတင်းရရှိသည်။

ကွယ်ကလူသတင်းကိုကညောဖိုးမှအကျဉ်းချုပ်ဘာသာပြန်ဆိုထားသည်

Read More...

နအဖစစ်သားတချို့ အရာရှိကိုပစ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေး တပ်ဖွဲ့သို့ ဘက်ပြောင်းလာ

Kaowao News မှ....

တပ်ကြပ်တစ်ဦးအပါအဝင် နအဖစစ်သား ၆ ဦး ၄င်းတို့အရာရှိကိုပစ်သတ်ပြီး စစ်လက်နက်များနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့သို့ ယခုလ ၁၆ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာကြောင်း ALP ဒုဥက္ကဌခိုင်စိုးနိုင်အောင်က ကောင်းဝါသတင်းဌာနကို ပြောကြားပါသည်။

“တပ်တွင်းအောက်ခြေစစ်သားက သူတို့အရာရှိကိုမကြေနပ်လို့ အခုလိုသူတို့စခန်းမှူးကို အသေပစ်သတ်ပြီး ကုလားတန်အခြေစိုက် ရခိုင် လွတ်မြောက်ရေး တပ်ဖွဲ့ဆီကို လက်နက်တွေနဲ့ ခိုလှုံလာတာဖြစ်တယ်၊ ရခိုင်သုံးယောက်နဲ့ ဗမာသုံးယောက်လို့သိရတယ်” ဟု ခိုင်စိုးနိုင်အောင်က ဖြစ်စဉ်နှင့်တကွရှင်းပြပါသည်။

အသေပစ်သတ်ခံရသည့် အရာရှိမှာ ရခိုင်ပြည်နယ်၊ စစ်တွေ၊ ရေချမ်းပြင်အခြေစိုက် ခလရ ၂၃၂ တပ်ရင်း၊ စစ်ကြောင်း(၁) မြိတ်ဝတပ်စခန်းတွင် တာဝန်ကျနေသူ ဗိုလ်ကြီးထက်အောင်ထွန်း ဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သတင်းနှင့်ပြန်ကြားရေးဌာနထုတ်ပြန်သော သတင်းအရသိရသည်။

၎င်းတို့စစ်ဗိုလ်ကိုပစ်သတ်လိုက်ပြီးနောက် နအဖစစ်သား ၆ ဦးကို တပ်ကြပ်သန်းအေးဦးဆောင်ပြီး MA-11 ၅ လက်၊ MA-12 တစ်လက်၊ MA-3 နှစ်လက်၊ MA-79 တစ်လက်ဗုံးသီး ၁၉ လုံး၊ B-100 (ကွန်မင်ဒိုစိန်ပြောင်း) တစ်လက်အသီး ၁၂ လုံး၊ ၉ မမပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး ၆ လုံး၊ နင်းမိုင်းM-16- ၆ လုံး၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးနှင့် လက်နက်ငယ်ကျည်မျိုးစုံ ၁၃၀၈ တောင့်ကို ALP သို့အပ်နှံခဲခြင်း ဖြစ်သည်။

ယခုကဲ့သို့ မိမိအရာရှိကိုပစ်သတ်ပြီး လက်နက်ကျည်ဆံများနှင့်အတူ နီးစပ်သည့်တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများထံသို့ ဘက်ပြောင်းလာခြင်းမှာ မြန်မာစစ်အစိုးရတပ်ဖွဲ့အတွင်း အထက်အောက်မကြေလည်သည့် ပြဿနာကို မီးမောင်းထိုးပြနေသည်ဟု အကဲခတ်အချို့ ရှုမြင်သုံးသပ်ကြသည်။

၂၀၁၀ ခုနှစ်အစ လပိုင်းများတွင်လည်း တပ်မ ၇၇ လက်အောက်ခံတပ်ရင်းများ တပ်တွင်းပုန်ကန်မှုများရှိခဲ့ကြောင်း ထိုစဉ်က သတင်းဌာန ကြီးများတွင် ဖေါ်ပြခဲ့ကြသည်။

Read More...

မြန်မာစစ်အစိုးရက လျှပ်စစ်ဓာတ်အားလိုင်းများကို နယူကလီးယားစမ်းသပ်စက်ရုံများအတွက် သုံးစွဲနေဟု သတင်းထွက်ပေါ်

မိုးမခ မှကူးယူဖော်ပြထားသည်......

မြန်မာပြည် တ၀ှမ်းလုံးတွင် လျှပ်စစ်ဓာတ်အားများ အကြီးအကျယ်ပြတ်တောက်နေသည့်အပြင် ရန်ကုန်ရှိ စက်မှုဇုံများက ပါဝါမီတာလိုင်းများကိုပါ ယာယီဖြတ်တောက်သည့် ဆောင်ရွက်ချက်များကြောင့် ရန်ကုန်မြို့နေ နည်းပညာပညာရှင်အချို့က သုံးသပ်ရာတွင် ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အားများကို စစ်အစိုးရ၏ လျို့ဝှက် နယူကလီယားစမ်းသပ် စက်ရုံများအတွက် ဆွဲယူ သုံးစွဲနေသည်ဟု ခန့်မှန်းချက် ထွက်ပေါ်လာသည်။

“မြန်မာပြည်မှာ စွမ်းအင်သယံဇာတ အမြောက်အများရှိတယ်။ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို ရောင်းချနိုင်တဲ့အထိ သူတို့ စီမံခန့်ခွဲနိုင်တယ်။ ပြည်တွင်းမှာ ရေအားလျှပ်စစ်သာမက၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်တဲ့ အခြေအနေလည်း ရှိတယ်။ နေပြည်တော်မှာ မီးထိန်ထိန်သာတယ်။ ရန်ကုန်နဲ့ မြို့ကြီးတွေကို မီး မပေးချင်လို့ကို မပေးဘဲ ထားတာ။ သည်လိုမျိုး ပြောချင်တယ်” ဟု မိုးမခသို့ လုပ်ငန်းရှင်တဦးက မှတ်ချက်ပေးသည်။
၂၀၀၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့အနီးတွင် နူကလီယားစီမံကိန်းတခုကို ရုရှားအကူအညီဖြင့် အကောင်အထည်ဖော်နေကြောင်း သတင်းပို့ခဲ့ဖူးသည်။ နယူးကလီးယားစီမံကိန်းဆိုသည်မှာ ယူရေနီယံများကို အသုံးပြုပြီး စွမ်းအင်အဖြစ် အသွင်ပြောင်းခြင်း သို့မဟုတ် ပျက်စီးစေနိုင်သည့် လက်နက်သဖွယ် အသုံးပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံများတွင် လည်ပတ်ရန် စွမ်းအင် အမြောက်အများ လိုအပ်ကြောင်း၊ အင်အားမြင့် လျှပ်စစ်ဓာတ်အားပေးလိုင်းများကို အများအပြား သွယ်တန်း ချိတ်ဆက်နေရကြောင်း၊ ယခုလက်ရှိ အခြေအနေများကို စောင့်ကြည့်ရန်လိုကြောင်း သုံးသပ်သူ တဦးက မှတ်ချက်ပေးသည်။
(http://www.bangkokpost.com/news/investigation/21362/burma-s-nuclear-bomb-alive-and-ticking ) ဘန်ကောက်ပို့စ်သတင်းပါ အကြောင်းအရာ
၎င်းက သူ့အမြင်ကို ပြောကြားရာတွင် -
“တကယ်တမ်းမှာတော့ သူတို့ တည်ဆောက်နေတဲ့ နူကလီးယား ဓာတ်ပေါင်းဖိုတွေက မြိုင်မှာ တခု၊ နောင်လိုင်မှာ တခု ရှိတယ်လို့ အေဂျင်စီသတင်းတွေအရ သိရတယ်။ အဲသည်မှာ မြေအောက်လှိုင်ခေါင်းတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုတယ်။ အနောက်က အစိုးရတွေ သိရင်တောင်မှ ဒါကို သူတို့က ဖွင့်မပြောဘဲ စောင့်ကြည့်နေသလား မပြောတတ်ဘူး။ လျှပ်စစ်မီးတွေကတော့ ပျက်နေတာက ထုံးစံလို ဖြစ်နေပြီ။ လူတွေကို တမင် ဖိနှိပ်တဲ့အနေနဲ့ မီးကို မပေးတာ ဖြစ်နိုင်သလို၊ သူတို့ဖက်မှာ လိုအပ်တဲ့နေရာတွေကို စွမ်းအင်တွေ ဆွဲယူ သုံးစွဲနေသလားတော့ အတိအကျ မပြောနိုင်ဘူး။ သေချာတာကတော့ စစ်အစိုးရက ရုရှားမှာ နည်းပညာတွေ သွားယူတယ်။ မြောက်ကိုရီးယားကနေ လက်နက်တွေ ၀ယ်ယူတယ်။ နူကလီးယားနည်းပညာကို ဖော်ထုတ်နေတာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ လောက်ကတည်းက ဖြစ်တယ်”
ဟု ပြောသည်။
ယခုလက်ရှိအချိန်တွင် သောက်သုံးရေ ခမ်းခြောက်မှုများ၊ မိုးခေါင်မှုများ၊ ရာသီဥတုကပ်ဘေးများ ဆိုးဝါးမှုတို့ ကြောင့် မြန်မာနိုင်ငံသားများ ဒုက္ခများ ရင်ဆိုင်နေရချိန်၊ အသေအပျောက်များ ရှိနေချိန်တွင် လျှပ်စစ်စွမ်းအင်များကို စစ်အစိုးရက ပိုမိုဖြတ်တောက်ထားခြင်းမှာ ရိုးသားမှုမရှိဟု ရန်ကုန်မြို့နေသူတို့က မိုးမခသို့ ပြောကြားကြသည်။

Read More...

နအဖ ၏ ရာဇသံ ရက်ကျော်လွန် - ၀ နယ်တကျော့ပြန်စည်ပြော

သျှမ်းသံတော်ဆင့် မှ..............

အသွင်ကူးပြောင်းရေး တိုက်တွန်းဖိအားပေးမှု တနှစ်ပြည့်သည့် ဧပြီ ၂၈ ရက် ကျော်လွန်ခဲ့သော်လည်း အချို့အကဲခတ် များ မျှော်လင့်ထားသည့်အတိုင်း ထူးခြားသည့်တင်းမာ ပေါက်ကွဲမှုမရှိဘဲ ၀ နယ်အတွင်းတကျော့ပြန်စည်ကားလာ ကြောင်း ပန်ဆန်းသတင်း အသိုင်းအ၀ိုင်းကပြောပါသည်။

“ကားအသွားအလာကော၊ ဈေးတန်းကော ပြန်စည်လာတယ်။ ဟော်တယ်တွေမှာကောလူပြည့်တယ်၊ စားသောက်ဆိုင် တွေလဲ ပြန်ရောင်းကောင်းလာတယ်။ အရင်ကထက်တောင်ပိုစည်လာသလိုဘဲ” - ဟု ပန်ဆန်းဒေသခံတဦးက ပြောပါ သည်။

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဧပြီ ၂၈ ရက် ၂၀၁၀ နောက်ဆုံးဟု စစ်အစိုးရ ရာဇာသံပေးထားသော်လည်း အပစ်ရပ် ၀ တပ်ဖွဲ့၊ မိုင်းလား၊ SSA တပ်မဟာအချို့ နှင့် KIA တပ်ဖွဲ့တို့ကောင်းခါ ငြင်းဆန် ကာ ရက်ပေါင်း ၂၀ ကျော်လာသည့်တိုင် ထူးခြားသည့် ဖိအားပေးမှု တစုံတရာမရှိ။ အထူး သဖြင့် ၀ နယ်မြေအတွင်း စစ်ရေးစိုးရိမ်ပူပန်ခြင်းတစုံတရာမရှိဘဲ ပုံမှန်သွားလာမှုထက်ပို၍ပင်စည်ကားလာသည် ဟု တရုတ်နယ်စပ်နေစစ်ရေး လေ့လာသူတဦးကပြောပါသည်။

“လားရှိုး - တန့်ယန်း - ပန်ဆန်း (၀ ဒေသ မြို့တော်)အကြားပြေးဆွဲနေတဲ့ လိုင်းကားတွေ ပုံမှန်ဘဲ၊ ဗမာစစ်တပ်စခန်း/ ဂိတ်တွေကလဲ ဟန့်တားပိတ်ပင်တာမရှိဘူး။ နအဖ ကသဘောထား ပျော့ပြောင်းလာတာလား။ ဘာသဘောလဲတော့ မသိဘူး” - ပန်ဆန်းရောက် သျှမ်းအမျိုးသားတဦးကပြောပါသည်။
ဧပြီလနှောင်းပိုင်းမှစ၍ နအဖ စစ်တိုင်းမှူး ဒု စစ်တိုင်းမှူးများ ၀ နယ်အနောက်ခြမ်းတလျှောက် သံလွင်မြစ်တကျော စစ်ရေးပြင်ဆင်မှုကိုစစ်ဆေးနေသော်လည်း ၀ နယ်အတွင်းပြည်သူများ ခရီးသွားများ ပုံမှန်ထက် စည်ကားနေ ကြောင်း၊ နအဖ ပေးသည့်ရာဇသံလည်း ၀ ပြည်သူများအလေးမထားကြောင်း၊ ၀ နယ်အတွင်းဝင်ရောက်လာ သည့်ဒေသခံဘာသာ စကားမပြောတတ်သော ခရီးသွားများကိုမူ ၀ နယ်လုံခြုံရေးတပ်ဖွဲ့များကအထူးကြပ် မတ်စစ်ဆေးနေသေးကြောင်း၊ နယ်ခြားတလျှောက်စစ်ရေးပြင်ဆင်မှုလည်း ဆက်လက်ပြုလုပ်နေကြောင်း အဆိုပါပုဂ္ဂိုလ်ကဆက် ပြောပြပါသည်။

ဝ နယ်အတွင်း ၀ပ်ရှော့ပ်၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ပန်းရံ နှင့် အခြားကျပန်း ရွေ့ပြောင်း ဗမာအလုပ်သမား လူဦးရေ ရာဂဏန်းကိုမူ ပုံမှန်အတိုင်းဆက်လက်နေခွင့်ုပထားကြောင်း၊ အသစ်ဝင်လာမည့်အလုပ်သမားများ အတွက်တော့ တင်းကြပ်ထားကြောင်း ၀ အရာရှိတဦးကလည်း အတည်ပြုပြောဆိုပါသည်။

အထူးဒေသ ၂ / ၀ မြို့တော် ပန်ဆန်း စည်းကားလာသကဲ့သို့ အထူးဒေသ ၄ ဌာနချုပ်ရုံးစိုက်ရာ မိုင်းလားမြို့ လည်း ထိုနည်းအတိုင်း ဖြစ်နေကြောင်း ပန်ဆန်း - ကျိုင်းတုံ ကားဆရာတဦးကလည်းပြောပါသည်။

Read More...

နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ တောင်းဆိုချက် တပ်မဟာ(၁) ငြင်းဆို

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။

ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ ၏ တောင်းဆိုချက်ကို တပ်မဟာ(၁) ခေါင်းဆောင်များက ငြင်းဆိုခဲ့သည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA ဥက္ကဌအပါအ၀င် ရှမ်းခေါင်းဆောင်တချို့က ဌာနေပြည်သူ့စစ်အသွင် ပြောင်းရေးကို လွန်ခဲ့သည့်လက လက်ခံခဲ့ပြီးနောက်ပိုင်း ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ(၁)တပ်ဖွဲ့က လက်မခံဘဲ ငြင်းဆန်နေခဲ့သည်။

ယင်းကိစ္စ ဆက်လက်ဆွေးနွေးနိုင်ရန် တောင်ကြီးမှ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးနှင့် ကွန်ဟိန်းဗျူဟာမှူးတို့က မိန်းနောင်ရှိ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်သို့ ယခုလ ၁၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ရှမ်းခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ သော်လည်း ဗိုလ်ချုပ်ပန်ဖက လက်မခံငြင်းဆိုခဲ့သည်ဟု ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“သူတို့နှစ်ယောက်တွေ့ချင်တာက စောဝ်ပန်ဖနဲ့ စောဝ်ခေးတိုင်းပေါ့။ ဗိုလ်မှူးကြီးခေးတိုင်း ဒု-တပ်မ ဟာမှူး။ အဲတာ သူတို့မသွားဘူး။ သူတို့က ကိုယ်စားလှယ်လွတ်လိုက်တယ်။ သူတို့လွတ်လိုက်တဲ့ တပ်မ ဟာ(၁) ကိုယ်စားလှယ်က ဗိုလ်မှူးခေးမောင်း။ ဥက္ကလွယ်မောဝ်း ရဲ့ညီ။ သူနဲ့အတူ ဗိုလ်ကြီးတွန်းခမ်း၊ ဒုဗိုလ်အောင်ပတဲ့ သုံးယောက် လွတ်လိုက်တယ်။”

စစ်အစိုးရနှင့် ရှမ်းငြိမ်းနှစ်ဖွဲ့အကြား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ကိုယ်စားလှယ်အဖွဲ့အား ဗိုလ် မှူးကြီးချစ်ဦးက ပြောသည်ဟု ၎င်းကဆက်ပြောသည်။

“ကျနော်တို့နှစ်ဖက် ဆက်ဆံရေးက မပျက်ပြားစေနဲ့ အရင်ကပုံစံအတိုင်း ဆက်စခန်း သွားကြရအောင် ပေါ့။ အဓိက အကျဆုံးကတော့ နှစ်ဖက်အကြားမှာ ပြဿနာတွေ မတက်ဖို့၊ သေနတ်သံမထွက်ဖို့၊ ပစ် ခတ်တာတွေမရှိဖို့၊ အထူးအောင့်အီးသီးခံပြီးတော့ ရှောင်ရှားကြဖို့ပေါ့။ နောက်ပြီးတော့ ဗိုလ်ချုပ် ပန်ဖ ကို သွားပြီးတော့ အကြောင်းကြားပေးပါ၊ တင်ပြပါ၊ တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်ပေါ့။”

စစ်အစိုးရ၏ ဖိတ်ခေါ်မှုအား ငြင်းဆန်ရခြင်းနှင့်ပတ်သက်၍ ယခင်ရှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထျဲန် အား စစ်အစိုးရက တောင်ကြီးမြို့သို့ဆင့်ခေါ်ခဲ့စဉ်က ဖမ်းဆီး ကာ ထောင်ဒဏ် ၁၀၆ နှစ်ချမှတ်ခဲ့သည့်အချက်ကို မိမိတို့ အနေနှင့်သင်္ခန်းစာယူရမည်ဟု ဗိုလ်ချုပ်ပန်ဖက အကြောင်းပြန်ကြားခဲ့ကြောင်းသိရသည်။

SSA-N အနေနှင့် အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ နောင်တက်လာမည့်အစိုးရ လက်ထက်၌သာ ဆွေးနွေးလို ကြောင်း ယခုလ ၁၁ ရက်နေ့က စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အိတ်ဖွင့်ပေးစာပေးခဲ့ပြီး နောက်ပိုင်း ယခုလိုတွေ့ဆုံဆွေးနွေးရန် စစ်အစိုးရဖက်မှ ထပ်မံတောင်းဆိုလာခြင်း ဖြစ်သည်။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ စစ်အစိုးရအနေနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အစည်းများအပေါ် ဆက်ဆံ ရေးပျော့ပြောင်းလာသည်ဟု ရှမ်းပြည်အရေးလေ့လာသူများက သုံးသပ်နေကြသည်။

Read More...

ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြတိုက်မှု ရွာသား (၂) ဦး ပွဲချင်းပြီး သေဆုံး

ဒမြတွေလည်း ခေတ်မီလာပြီး....သတိသာထားကြဗျာ....Machine Gunတွေဘာတွေနဲ့တောင်မကဘူး လက်ပစ်ဗုံးနဲ့ပါ ထုနေကြပြီး.......စာဖတ်သူတို့သာစဉ်းစားကြတော့....ဘယ်လိုဒမြလည်းဆိုတာ..................

အောင်ထက် (ခေတ်ပြိုင် မှ.....)
ကွမ်းခြံကုန်းမြို့မှ (၈) မိုင်ခန့်အကွာ ဒရယ်လူးကျေးရွာတွင် မေ (၁၆) ရက် ည (၉) နာရီခန့်က ဓားပြတိုက်မှု ဖြစ်ပွားပြီး သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား (၂) ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဓားပြတိုက်သည့်နေအိမ်မှာ ဒရယ်လူးကျေးရွာ၏ သူဌေးစာရင်းဝင် ဒေါ်သိန်းမြင့် ခေါ် ဒေါ်ကြွက်မဆိုသူ၏ နေအိမ်ဖြစ်သည်။

“ဓားပြတွေက (၅) ဦး၊ မရှင်းဂန်းသေနတ်ကိုယ်စီ ကိုင်ဆောင်ထားတယ်။ ရွာသားတွေက သိသိချင်း အဲဒီအိမ်ကို ၀ိုင်းလိုက်ကြတယ်။ ဒါနဲ့ ဓားပြတွေလည်း ကမန်းကတန်းနဲ့ ယူသွားတာ ငွေ (၁) သိန်း (၃) သောင်းလောက်နဲ့ လက်စွပ်တကွင်းပဲ ရသွားတယ်” ဟု ဒေါ်ကြွက်မနှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ဒေါ်ကြွက်မမှာ သေနတ်ဒင်နှင့် ထုရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ ရရှိသွားပြီး ဓားပြများက ရွာသားများအား သေနတ်များဖြင့် ပစ်ခတ် ထွက်ပြေးကြကာ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင့် ရွာသား (၂) ဦး သေဆုံးပြီး ရန်ကုန်ဆေးရုံကြီးသို့ ရွာသား (၆) ဦး အရေးပေါ်လူနာအဖြစ် တင်ပို့လိုက်ရသည်ဟု သိရသည်။

မေ (၁၇) ရက်တွင် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသထားသူ ရွာသား (၁) ဦး သေဆုံးသွားသည်ဟု သိရပြီး ကွမ်းခြံကုန်းဆေးရုံ၌ ရွာသား (၇) ဦး သေနတ်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက်ရှိသည်။

ရန်ကုန်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွမ်းခြံကုန်းဆေးရုံသို့ သွားရောက်ကာ လိုအပ်သော ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့သည်ဟု ကွမ်းခြံကုန်း မြို့ခံတဦးဖြစ်သည့် အခင်းဖြစ်ပွားနေရာအနီး နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဓားပြ (၅) ဦးစလုံး မျက်နှာတွေ ဖုံးထားတယ်။ ထူးခြားတာက အဲဒီထဲမှာ စစ်တပ် ယူနီဖောင်းဝတ် (၂) ဦး ပါနေတယ်။ နောက်ပြီး ဒီလိုကျေးရွာမျိုးမှာ ဒီလို လက်နက်မျိုး ဘယ်သူမှမကိုင်နိုင်ဘူး။ ဒီလက်နက်တွေက စစ်တပ်မှာပဲ ရှိနိုင်တယ်။ ဒါကြောင့် ဒီဓားပြမှုမှာ နယ်မြေခံစစ်တပ် စခန်းခွဲက စစ်သားတချို့ ပါဝင်နိုင်တယ်” ဟု ပြောဆိုသည်။

ဓားပြ (၅) ဦးမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ရန်ကုန် တောင်ပိုင်းခရိုင် စစ်ဒေသမှ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးမှ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူများဖြင့် လုံခြုံရေး တင်းကြပ်လျက်ရှိသည်။

ဒလကားလမ်းမနှင့် လှိုင်သာယာတံတားအဆင်း လမ်းဆုံမှလည်းကောင်း၊ ကွမ်းခြံကုန်းမြို့အ၀င် နေရာမှလည်းကောင်း အ၀င်အထွက် စစ်ဆေးလျက်ရှိပြီး ဒရယ်လူးကျေးရွာသို့ သောက်သုံးရေပေးဝေရန် သွားရောက်သည့် ကားများလည်း လုံခြုံရေးစစ်ဆေးမှုများ ခံနေကြရသည်။

ဒရယ်လူးကျေးရွာသည် အိမ်ခြေ (၃၀၀) ခန့်ရှိပြီး နယ်မြေခံ ကြည်းတပ်၊ ရေတပ် စခန်းခွဲငယ်များ၊ ရဲကင်းများ ထားရှိသော ကျေးရွာကြီးဖြစ်သည်။

အနီရောင်စာသားသည်ကျွန်တော်ကညောဖိုး၏အာဘော်ဖြစ်သည်။

Read More...

မူစယ်တွင် ယာဉ်ထိန်းရဲများ ငွေညှစ် အနိုင်ကျင့်စော်ကား

သျှမ်းသံတော်ဆင့် သတင်းမှ............

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ဆိုင်ကယ်မောင်းသူများထံမှ ငွေတောင်းခြင်း သာမက အနိုင်ကျင့် စော်ကားမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

မူစယ်မြို့ ရှောင်တခင် ယာဉ်စစ်ဆေးချိန် အတွင်း ဆိုင်ကယ်စီး ဦးထုတ် မဆောင်းသူများအား ကျပ် ၅၀၀၀ ဒဏ်ရိုက်သည့် အပြင် ယာဉ်အရှိန် ချက်ခြင်း မလျှော့ပါက ခြေထောက်ဖြင့် ကန်ကျောက်ခြင်း ဖိုင်ဘာဦးထုတ်ဖြင့် ရိုက်ခြင်းများကြောင့် ဒေသခံဆိုင်ကယ်သမားများနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။


ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ရှောင်တခင်စစ်ဆေးလျှက်ရှိရာ မေလ ၁၆ ရက်က မူစယ်မြို့ ရွှေသမင်ကုန်း အဆင်းတွင် ပြုလုပ်ခဲ့သေးကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စစ်ဆင်ရေးကြီးတစ်ခုလို လုပ်နေတာဗျ။ ဟိုဘက်လမ်းထိပ် ဒီဘက်လမ်းထိပ် ၂ ယောက်စီ အနည်းဆုံး ၃ ယောက် လောက်စောင့်နေသေးတယ်၊ လမ်းပိတ်ပြီးတားတယ် ”
ဆိုင်ကယ်အရှိန်မထိန်းနိုင်လို့ ရှိရင် ပိတ်ကန်ပစ်တာတို့ သူတို့ဆောင်းတဲ့ ဟဲလ်မက် ဦးထုတ်နဲ့ရိုက်တာတို့ ကောင်မလေး တွေ ဆိုရင် ဆိုင်ကယ်လက်ကိုင်ဖမ်းဆွဲတယ်၊ ချက်ခြင်း သော့ဖြုတ်ယူတယ်။ ဥပဒေအရ လုပ်တာမဟုတ်တော့ဘူး ကိုယ်ထိလက် ရောက်လုပ်နေတော့ နေ့တိုင်းပြဿနာဖြစ်နေတယ် ” ဟု သူက ဆိုသည်။

ထိုသို့ ရိုက်နှက်မှုကြောင့် ခိုက်ရန်ဖြစ်ပွားပါက ဒေသခံများအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် အရေးယူပြီး မူဆယ်ရဲအချုပ်တွင် ဖမ်းဆီးချုပ်နှောင်လေ့ရှိကြောင်းလည်းသိရသည်။

ဒေသခံများ ဆိုင်ကယ်စီးဦးထုတ်မပါ လျှင် ကျပ်ငွေ ၅၀၀၀ ဒဏ်ရိုက်သော်လည်း ရဲမိသားစုများ ဋ္ဌာနဆိုင်ရာဝန် ထမ်းများနှင့် ပိုင်ရာဆိုင်ရာများ ယာဉ်စည်းကမ်းချိုးဖေါက်မှုကိုမူ အရေးယူခြင်းမရှိကြောင်း သိရသည်။
အဲလိုလုပ်တော့ ရွာကနေတက်လာတဲ့သူတွေ ဈေးလာရောင်းတဲ့သူတွေ အများဆုံးခံရတယ်ဗျ ဥပဒေအရဖမ်းမယ်ဆိုရင် ဆိုင်ကယ်ကယ်ရီတို့ အိတ်ဇောဖွင့်မောင်းတာတို့ ထော်လာဂျီကယ်ရီတို့ အဲဒါမျိုးကျတော့ ၀ါးလုံးနှစ်လုံးတားပြီး ပိုက်ဆံ ရတယ် အဲဒါမျိုးတော့မဖမ်းဘူးဗျ၊ ယာဉ်ထိန်းရဲကို မူစယ်တစ်မြို့လုံး အော့နှလုံးနာတယ် ” ဟု ဆိုသည်။

မူစယ်မြို့လျှပ်တပြက် surprise check လုပ်လေ့ရှိသည့် နေရာများမှာ ရွှေသမင်ကုန်အဆင်း၊ နာရီစဉ်၊ ကမ္ဘောဇဘဏ် လမ်းကြား နှင့် မြို့အထွက် အေးရှားဝေါလ်တိုးဂိတ် တစ်ဝိုက်ဖြစ်ပြီး တစ်ရက်ဝင်ငွေ ကျပ် ၁၀ သိန်းကျော်ရှိပြီး ယာဉ်ထိန်းရဲ တစ်ယောက် တစ်လ၀င်ငွေ ကျပ်သိန်း ၃၀ အထက် ရှိကြောင်း ရဲနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၀၄ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးသည့် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဖျက်သိမ်းခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့သည် အာဏာပါဝါအရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာသော်လည်း ဗုံးကွဲမှုကဲ့သို့သော အန္တရာယ်များတွင်မူ ပြည်သူလူထုအတွက် တာ ၀န် မယူနိုင်ပဲ လမ်းပေါ်ထွက်ငွေတောင်းစားသည့် ပြည်တော်ချက်မေတ္တာခဲအဖြစ် ရှုမြင်ခြင်း ခံနေရသည်။

Read More...

မေ့မှာစိုးလို့ပါဗျာ...........

စစ်ခွေးနအဖများ၏ရက်စက်ယုတ်မာရိုင်းစိုင်းပက်စက်မှုတွေကို ချစ်တဲ့ညီအစ်ကိုများမေ့မှာစိုးလို့ပါ.........အချိန်တွေကြာညောင်း ရက်လတွေ ကုန် လွန်သွားခဲ့ပေမဲ့လည်းတို့များရဲ့ညီအစ်ကိုမောင်နှမဘိုးဘွားဦးလေးအဒေါ် တွေကိုလူမဆန်စွာအနိုင်ကျင့်ခဲ့တဲ့စစ်ခွေးများ၏လုပ်ရပ်တွေကိုရာသက် ပန်အစဉ်သတိရပြီး ညီညွတ်စွာနဲ့ဆက်လက်တွန်းလှန်ကြစို့ဗျာ................



ဒီ ဗီဒီယိုကလစ်ကိုuploadedလုပ်ခဲ့တဲ့ပိုင်ရှင်ကိုဘယ်လိုဆက်သွယ်ပြီးခွင့်ပြုချက်ယူရမယ်မှန်းမသိဘဲ တင်လိုက်မိတဲ့အ တွက်နားလည်ပေးပါလို့ကညောဖိုးမှတောင်းပန်ပါတယ်.............

Read More...

မြစ်ဆုံဒေသ ကျေးရွာများ ပြောင်းရွှေ့ရေး လုပ်အားပေး ဆင့်ခေါ်

ခိုင်လင်း (ခေတ်ပြိုင်)........
ဧရာဝတီ မြစ်ဆုံရေကာစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများ ယခုလအတွင်း ပြောင်းရွှေ့နိုင်ရေးအတွက် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့မှ ဒေသခံများအား လုပ်အားပေးရန် အာဏာပိုင်များက ဆင့်ခေါ်ထားသည်။
မြစ်ကြီးနားမြို့ပေါ် (၈) ရပ်ကွက်အပါအဝင် ကျေးရွာများ၊ ဝိုင်းမော်မြို့မှ ရပ်ကွက် (၁ဝ) ရပ်ကွက်တို့မှ ရပ်ကွက်၊ ကျေးရွာ တခုလျှင် (၁ဝ) ဦးနှုန်းကျ လုပ်အားပေးထည့်နိုင်ရန် အတွက် သက်ဆိုင်ရာ ရပ်ကွက် (ရကယ) ရုံးများကို ယခုလ မကုန်ခင် အသင့်ပြင်ထားရန် မြို့နယ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ရယကရုံးနှင့်နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “ဘယ်ရက်၊ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဒီလ မကုန်ခင်သွားရမယ်၊ အဲဒါ လူစီစစ်နေတယ်။ တရပ်ကွက် (၁ဝ) ယောက်နှုန်းပေါ့။ အိမ်တွေ၊ ကျေးရွာတွေက အများကြီးဆိုတော့ အလှည့်ကျနဲ့ သွားရဖို့ ရှိတယ်လို့ ပြောနေတယ်” ဟု ရှင်းပြသည်။

ယခုလအစောပိုင်းက တန်ဖရဲကျေးရွာမှ ရပ်ကွက် (၂) ခုကို အရင်ပြောင်းရွှေ့ပေးရမည်ဟု အမိန့်ထုတ်ထားသော်လည်း ယခုအခါ တန်ဖဲကျေးရွာတခုလုံးနှင့် လုံဂါဇွပ်၊ ဒွန်ဂမ် စသည့် အနီးနားကျေးရွာများသာမကဘဲ မေခမြစ်နှင့် မလိခမြစ် ဝဲ၊ ယာရှိ ကျေးရွာများပါ ယခုလအတွင်း ရွှေ့ပြောင်းရန် ရှိနေသည်ဟု ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ကိုအောင်ဝါက ပြောသည်။

၎င်းက “ရေကာတာတွေက မလိခမြစ်ဘက်မှာလည်း ဆောက်မှာ။ မေခမြစ် ချီဗွေမှာလည်း ရှိတယ်။ အဲဒီမှာရှိတဲ့ ရွာတွေအားလုံး ပြောင်းရမှာ။ မချမ်းဘောမြို့နယ်ထဲမှာရှိတဲ့ မလိခမြစ် အရှေ့နဲ့အနောက်က ကျေးရွာ (၈) ရွာလည်း ပြောင်းဖို့ ပြီးခဲ့တဲ့ လကတည်းက ပြောထားတယ်။ ဗုံးကွဲပြီးတဲ့နောက်ပိုင်းမှာ ဒေသခံတွေကို နအဖဘက်က စစ်လားဆေးလားလုပ်တော့ လူထုတွေက အရမ်းကို ကြောက်နေကြပြီ။ တချို့ဆို အဲဒီမှာ မနေရဲတော့ဘဲ တခြားကို ရှောင်သွားကြပြီ” ဟု ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကျေးရွာ (၆ဝ) မှ လူဦးရေ (၁ဝ,ဝဝဝ) ကျော် ရွှေ့ပြောင်းရန်ရှိနေပြီး အာဏာပိုင်များက ယမန်နှစ်ကတည်းကစ၍ ရွှေ့ပြောင်းရန် ဖိအားပေးနေသော်လည်း ဒေသခံတို့က မပြောင်းရွှေ့ရန် အထက်အာဏာပိုင်များထံ လက်မှတ်ထိုး စာရေးတောင်းဆိုခြင်း၊ ရေကာတာဆန့်ကျင်ရေး စာကပ်ခြင်း၊ မပြောင်းရွှေ့ရရေး ဝတ်ပြုဆုတောင်းခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။

ဧပြီ (၁၇) ရက် နံနက်ပိုင်းတွင် မြစ်ဆုံဧရိယာအတွင်း (၄) နေရာ၌ ဗုံးများ ဆက်တိုက်ပေါ်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဒေသအတွင်းသို့ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်ကျော် ဦးဆောင်ကာ တပ်ရင်း (၃) ရင်းဖြင့် ဝင်ရောက်ခဲ့ပြီး တပြိုင်တည်း၌ ဒေသခံများ ပြောင်းရွှေ့ရေးအတွက် တာဝန်ယူဆောင်ရွက်နေကြောင်း မပခနှင့် နီးစပ်သူတဦးက ပြောသည်။

Read More...

ဘန်ကောက် တွင် ညမထွက် ရ အမိန့် ထုတ်ပြန်

Freedom News Group မှ......

လုံမဏီပန်းခြံတွင်းရှိ UDD သပိတ်စခန်း ကို ထိုင်းစစ်တပ်က လေးဘက်လေးတန် ပိတ် ဆို့ မှု စတင်..........
ပြည်တွင်း စစ်ထိ ဦးတည် နေသော ထိုင်းနိုင်ငံ ဘန်ကောက် ဆန္ဒပြမှု များတွင် ဆန္ဒပြသူ ၆၀ နီးပါးသေဆုံး
ပြီးနောက် ထိုင်းအစိုးက ယနေ့ တနင်္ဂနွေ နေ့ ညနေ တွင် ကာဖျူးမိန့် ထုတ်ပြန်လိုက်သည် ဟု ထိုင်းရုပ်သံ
အစီအစဉ်များမှ ကြေညာသွားသည်။

သေနတ်ဖြင့် တရပ်စပ် ပစ်ခတ်နေသော်လည်း အလံမလှဲစတမ်း နိုင်ငံရေး အံတုနေသူ တစ်ဦး

သောကြောနေ့ မှ စတင်ကာ စစ်မြေပြင် သဖွယ် ဖြစ်နေသည့် ဘန်ကောက်မြို့ လည်တွင် အပြန်အလှန်ပစ်
ခတ်သံများမှာ လည်းဆူညံနေပြီး စစ်မြေပြင် သဖွယ်ဖြစ်နေသည်။ ဘန်ကောက်မြို့ တွင်း နှင့် UDD အင်
အားစု များ စခန်းချရာ လုံမဏီ ပန်းခြံတစ်ဝိုက်တွင် လမ်းများ ပိတ်ဆို့ ထားပြီး ဘန်ကောက် မြို့ တွင်း ပြေး
ဆွဲ နေသည့် သယ်ယူပို့ ဆောင်ရေး ခရီးစဉ်များ လည်း စနေ နေ့ က စတင်ပြီး ရပ်နားထားသည်။

ဘန်ကောက် မြို့ လည် တွင် ထိုင်းစစ်တပ် က ပစ်ခတ်မှု များ နေ သော ဇုန် ဟု ဆိုင်းဘုတ်များ ချိတ် ဆွဲ
ထားပြီး ညွှန်ပေါင်း အစိုးရ အဖွဲ့ ၏ ၀န်ကြီးချုပ် ဖြစ်သူ အဘီဆစ်က ဆန္ဒပြသူ များ ကို ဘန်ကောက်မြို့ 
တော် မှ အပြီးတိုင် ရှင်းလင်း ပစ်မည် ဟု ဆိုသည်။
တနင်္ဂနွေ နေ့ တွင် ထိုင်းစစ်တပ် မှ ပစ်ခတ် မှု ကြောင့် ဆန္ဒပြသူ အမျိုး သမီး တစ်ဦး နေရာတွင် သေဆုံး
သွားသည်။
အရေးပေါ် အခြေအနေဖြေရှင်းရေးဌာန မှ ပြောခွင့်ရ ဗိုလ်မှုးကြီး တစ်ဦး ဖြစ်သူ ကာဖျူးမိန့် စတင်ချိန်က
စလို့ လမ်းပေါ် မှာ ရှိနေတဲ့ သူတွေ အကုန် ပစ်လို့ ရတယ် ဟု ပြောသည်။
ထိုင်းအစိုးရ မှ ကာဖျူးမိန့် ထုတ်ပြန်ပြီး ဘန်ကောက် မြို့ လည် တစ်နေရာ
ထိုင်း ဘုရင် နှင့် စစ်တပ်မှ ကျောထောက် နောက်ခံပေးထားသည့် အဘီဆစ် အစိုးရ မှ ၎င်းတို့ အာ
ဏာတည်မြဲရေး အတွက် ဆန္ဒပြသူ များ ကို ရက်ရက် စက်စက် သတ်ဖြတ် နေခြင်းသည် မြန်မာ
နိုင်ငံမှ စစ်အာဏာရှင်များ နှင့် ပင် တူလှသည် ဟု UDD အဖွဲ့ ဝင် တစ်ဦးက Freedom News Group
သို့ ပြောသည်။

ဘန်ကောက် တွင် သတင်းရယူနေသည့် နိုင်ငံခြား သတင်းထောက်များမှာ လည်း ကျဉ်ကာ အင်္ကျီများ
ဝတ်ကာ သတင်းယူကြသည် ဟု CNN သတင်းဌာန ၏ ဘန်ကောက် သတင်းထောက် ဖြစ်သူ Dans
River မှ ပြောသည်။၎င်းသည် မြန်မာ နိုင်ငံသို့ သတင်း သွား ရောက် ယူရာ တွင် နိုင်ငံ တွင်း မှ နှစ်
ခါ နှင် ထုတ်ခံရသည်။

စနေ နေ့ က နေရှင်း သတင်းစာ၏ ၀ါရင့် သတင်းထောက် ဖြစ်သူ ကျဉ်ဆန် ထိမှန်ပြီး နောက်
နိုင်ငံခြား သတင်းထောက် သုံးဦး လည်း သေနတ် ကျဉ်ဆန်များ ထိမှန်ခဲ့သည်။
ထိုင်းစပ်တပ် က နိုင်ငံ မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှု များကို လည်း အင်အားသုံး
ဖြေရှင်းသွားမည် ဟု ဆိုသည်။

ထိုင်း အစိုးရ က ဆန္ဒပြပွဲ အား နှိမ်နှင်းရန် စစ်တပ်အား ဘတ်သန်း ၄၀ နီးပါးပေးခဲ့သည် ဟူ
သော သတင်းများ လည်း ပေါ်ထွက်နေသည်။
ထိုင်းလုံခြုံရေး အဖွဲ့ ဝင်များက သပိတ်စခန်း အတွင်းရှိ မိန်းမ နှင့် ကလေးများကို ညနေ ၃နာရီ
နောက်ဆုံးထား၍ ထွက်ခွာပေးရန် ညွှန်ကြားထားသည်။

Read More...

စစ်အစိုးရလုပ်ရပ်တွေ အမေရိကန် မျက်ခြေမပြတ် စောင့်ကြည့်

VOA မှ
သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မြန်မာစစ်အစိုးရအပေါ် အမေရိကန်အစိုးရက အရေးပေါ်ကြေညာချက် စတင်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လုပ်ကိုင်နေတဲ့ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွက်နေတာကြောင့် အမေရိကန်က ရင်နှီးမြုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ပိတ်ပင်တဲ့ ဥပဒေတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ်တက်လာတဲ့ သမ္မတ George W. Bush လက်ထက်မှာလည်း ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အမိန့်ပြန်တမ်းတွေ ထုတ်ပြန်ပြီး စစ်အစိုးရနဲ့ အပေါင်းပါတွေကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်တာနဲ့တကွ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ သမ္မတ ဘာရက် အိုဘားမားလက်ထက် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံမူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ (၇) လကြာ သုံးသပ်မှုတွေနောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ဖို့အပြင် တိုက်ရိုက်ဆက်ဆံရေးမူနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့ အာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell က နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၁၀ နှစ်ဆန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့လူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် မေလ (၉) ရက်နေ့က မြန်မာစစ်အစိုးရ သဘောထားအမှန်ကို သိရဖို့အတွက် Mr. Kurt Campbell မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

Mr. Campbell အပြန်ခရီးမှာတော့ မြန်မာစစ်အစိုးရကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်းနဲ့ ဒီရွေးကောက်ပွဲအတွက် အဖွဲ့အစည်းအားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ မေလ (၁၄) ရက်နေ့မှာတော့ သမ္မတ Obama ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး မြန်မာစစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုကို တနှစ်သက်တမ်းတိုးခဲ့ပါတယ်။ အခုလို အရေးယူဒဏ်ခတ်မှုကို သက်တမ်းတိုးလိုက်တာ အမေရိကန်အစိုးရမူဝါဒ ဆက်လျှက်ကိုင်စွဲထားတဲ့သဘောကို ထင်ရှားအောင် ပြသလိုက်တာလို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ Indiana တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ Andrew က ပြောဆိုလိုက်ပါတယ်။

Read More...