နအဖ ၏ ရာဇသံ ရက်ကျော်လွန် - ၀ နယ်တကျော့ပြန်စည်ပြော

သျှမ်းသံတော်ဆင့် မှ..............

အသွင်ကူးပြောင်းရေး တိုက်တွန်းဖိအားပေးမှု တနှစ်ပြည့်သည့် ဧပြီ ၂၈ ရက် ကျော်လွန်ခဲ့သော်လည်း အချို့အကဲခတ် များ မျှော်လင့်ထားသည့်အတိုင်း ထူးခြားသည့်တင်းမာ ပေါက်ကွဲမှုမရှိဘဲ ၀ နယ်အတွင်းတကျော့ပြန်စည်ကားလာ ကြောင်း ပန်ဆန်းသတင်း အသိုင်းအ၀ိုင်းကပြောပါသည်။

“ကားအသွားအလာကော၊ ဈေးတန်းကော ပြန်စည်လာတယ်။ ဟော်တယ်တွေမှာကောလူပြည့်တယ်၊ စားသောက်ဆိုင် တွေလဲ ပြန်ရောင်းကောင်းလာတယ်။ အရင်ကထက်တောင်ပိုစည်လာသလိုဘဲ” - ဟု ပန်ဆန်းဒေသခံတဦးက ပြောပါ သည်။

လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဧပြီ ၂၈ ရက် ၂၀၁၀ နောက်ဆုံးဟု စစ်အစိုးရ ရာဇာသံပေးထားသော်လည်း အပစ်ရပ် ၀ တပ်ဖွဲ့၊ မိုင်းလား၊ SSA တပ်မဟာအချို့ နှင့် KIA တပ်ဖွဲ့တို့ကောင်းခါ ငြင်းဆန် ကာ ရက်ပေါင်း ၂၀ ကျော်လာသည့်တိုင် ထူးခြားသည့် ဖိအားပေးမှု တစုံတရာမရှိ။ အထူး သဖြင့် ၀ နယ်မြေအတွင်း စစ်ရေးစိုးရိမ်ပူပန်ခြင်းတစုံတရာမရှိဘဲ ပုံမှန်သွားလာမှုထက်ပို၍ပင်စည်ကားလာသည် ဟု တရုတ်နယ်စပ်နေစစ်ရေး လေ့လာသူတဦးကပြောပါသည်။

“လားရှိုး - တန့်ယန်း - ပန်ဆန်း (၀ ဒေသ မြို့တော်)အကြားပြေးဆွဲနေတဲ့ လိုင်းကားတွေ ပုံမှန်ဘဲ၊ ဗမာစစ်တပ်စခန်း/ ဂိတ်တွေကလဲ ဟန့်တားပိတ်ပင်တာမရှိဘူး။ နအဖ ကသဘောထား ပျော့ပြောင်းလာတာလား။ ဘာသဘောလဲတော့ မသိဘူး” - ပန်ဆန်းရောက် သျှမ်းအမျိုးသားတဦးကပြောပါသည်။
ဧပြီလနှောင်းပိုင်းမှစ၍ နအဖ စစ်တိုင်းမှူး ဒု စစ်တိုင်းမှူးများ ၀ နယ်အနောက်ခြမ်းတလျှောက် သံလွင်မြစ်တကျော စစ်ရေးပြင်ဆင်မှုကိုစစ်ဆေးနေသော်လည်း ၀ နယ်အတွင်းပြည်သူများ ခရီးသွားများ ပုံမှန်ထက် စည်ကားနေ ကြောင်း၊ နအဖ ပေးသည့်ရာဇသံလည်း ၀ ပြည်သူများအလေးမထားကြောင်း၊ ၀ နယ်အတွင်းဝင်ရောက်လာ သည့်ဒေသခံဘာသာ စကားမပြောတတ်သော ခရီးသွားများကိုမူ ၀ နယ်လုံခြုံရေးတပ်ဖွဲ့များကအထူးကြပ် မတ်စစ်ဆေးနေသေးကြောင်း၊ နယ်ခြားတလျှောက်စစ်ရေးပြင်ဆင်မှုလည်း ဆက်လက်ပြုလုပ်နေကြောင်း အဆိုပါပုဂ္ဂိုလ်ကဆက် ပြောပြပါသည်။

ဝ နယ်အတွင်း ၀ပ်ရှော့ပ်၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ပန်းရံ နှင့် အခြားကျပန်း ရွေ့ပြောင်း ဗမာအလုပ်သမား လူဦးရေ ရာဂဏန်းကိုမူ ပုံမှန်အတိုင်းဆက်လက်နေခွင့်ုပထားကြောင်း၊ အသစ်ဝင်လာမည့်အလုပ်သမားများ အတွက်တော့ တင်းကြပ်ထားကြောင်း ၀ အရာရှိတဦးကလည်း အတည်ပြုပြောဆိုပါသည်။

အထူးဒေသ ၂ / ၀ မြို့တော် ပန်ဆန်း စည်းကားလာသကဲ့သို့ အထူးဒေသ ၄ ဌာနချုပ်ရုံးစိုက်ရာ မိုင်းလားမြို့ လည်း ထိုနည်းအတိုင်း ဖြစ်နေကြောင်း ပန်ဆန်း - ကျိုင်းတုံ ကားဆရာတဦးကလည်းပြောပါသည်။

0 comments:

Post a Comment