အကြမ်းဖက် ဗုံးခွဲမှုသည် မိမိတို့၏ လမ်းစဉ်မဟုတ်ဟု ကေအဲန်ယူဆို

ဇန်နဝါရီလ ၂၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
လာမည့် ရွေးကောက်ပွဲ ပျက်ပြားစေရန်အတွက် အကြမ်းဖက် ဗုံးခွဲမှုလုပ်ငန်းများ ကြံစည်လုပ်ဆောင်နေသည်ဟု စစ်အစိုးရ၏ စွပ်စွဲ ချက်အရ ၎င်းတို့၏ လမ်းစဉ်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၆ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ သိမ်တန်းရပ်ကွက်နှင့် မေတ္တာရပ်ကွက်တို့တွင် ကေအဲန်ယူ တပ် မဟာ(၃) လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း စစ်အစိုးရ၏ သတင်းစာပါ ရေးသားချက်များသည် မဟုတ် မှန်ကြောင်း ကေအဲန်ယူ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ယနေ့တွင် ကေအိုင်စီကို ပြောသည်။

Read More...

ကလေးစစ်သားများ စစ်တပ်က ဆက်လက်စုဆောင်းနေ

ဗြောင်လိမ်ဗြောင်စား ခွေးသားနအဖ။ အသက်မပြည့်တဲ့ ကလေးတွေကို စစ်တပ်ထဲ ဆွဲသွင်းပြီး “ဘူး”ခံပြီးညင်းနေတယ်။ ဒါပေမဲ့ အမှန်တရားဆိုတာ ပုဂံပြားနဲ့ဖုံးထားလို့မရဘူး။ အချိန်တန်တော့ နွားပိန်ကန်ပြီး မှန်ကန်မှုတွေက သူ့ဟာသူပေါ်လာတာပဲ။ စောက်ရှက်လေး နဲနဲရှိပါ နအဖ ရာ။ ဧကန်ဏ ဒီစစ်ချုပ်တွေ မွေးတုန်းက ချက်ကျောနဲ့ အရှက်ကျောကိုမှားများ ဖြတ်ထားလေသလားမသိတော့ပါဘူး။ ဒါကြောင့် မျက်စိမှိတ်ပြီး လိမ်။ လူလိမ်လူညာတွေကတိုင်း ပြည်ကိုလည်းမတရားအုပ်ချုပ်နေတော့ ဘယ်လာပြီးကောင်းတော့မှာလဲ။
ကလေးငယ်တွေရဲ့ ဘဝ အနာဂတ် လှပဖို့အတွက်ဘာမှ မလုပ်ဆောင်ပဲနဲ့ စစ်ထဲအတင်းအဓမ္မဆွဲထဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သင်ပေး၊ ဒီကလေးတွေရဲ့ဘဝကိုဖျက်စီး၊ စစ်ခွေးနအဖတွေရေ ယုတ်မာထား၊ တနေ့ မင်းတို့ ကောင်းကောင်းပြန်လည်ပေးဆပ်ရမယ်။ ဆွေစဉ်မျိုးဆက်များစွာတိုင်အောင်ပေးဆပ်ရမယ် ဆိုတာနှလုံးသွင်း မှတ်ထားပါ။


မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်း မရှိဟု စစ်အစိုးရက ပြောဆိုနေ သော်လည်း ကလေးစစ်သား အဖြစ် အဓမ္မ ခေါ်ဆောင်မှုများ ရှိနေသေးကြောင်း သိရသည်။
မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထွန်းအား ဆင်ပေါင်ဝဲမြို့နယ် မိကျောင်းရဲမြို့ အခြေစိုက် ခလရ ၈၃ တပ်ရင်းမှ ဒုတပ်ကြပ် နိုင်ဝင်းဆိုသူက ဇန်န၀ါ ရီလ ၁၉ ရက်နေ့တွင် ခေါ်ဆောင် သွားကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သို့ ဆက်သွယ် ခိုဝင်လာသော စစ်အစိုးရ စစ်တပ်မှ ကလေးစစ်သား တဦး (ဓာတ်ပုံ - FBR)

Read More...

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့

နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

Read More...

ထိုင်းစစ်တပ်မှ ယာယီဒုက္ခသည်များ ပြန်ထားမည့်နေရာ သွားရောက်ကြည့်ရှုခဲ့

ဇန်န၀ါရီလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ထိုင်းစစ်တပ်မှ တပ်ဗိုလ်တပ် မှူးအချို့သည် မြန်မာဘက်ကမ်းရှိ ဒုက္ခသည်နေရာများကို ယနေ့ သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။
ထိုင်းအာဏာပိုင်များက ဒုက္ခသည်များ ပြန်ထားမည့် မြန်မာပြည်ဘက်ခြမ်းသို့ သွားရောက်ကြည့်ရှုရာတွင် နိုဘိုးကျးရွာတွင် ရှိသည့် စစ်ပြေးဒုက္ခသည် (၅၀)ကျော်ကို ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့သည်ဟု ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒိုစော အောင်မော်အေးက ပြောသည်။

Read More...

ဒုက္ခသည် ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူဟု DKBA ပြော

ကျော်ခ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းရှိ ယာယီ ဒုက္ခသည်စခန်း နှစ်ခုမှ ကရင် ဒုက္ခသည်များကို ပြန်ပို့လျှင် လုံခြုံရေး တာဝန်မယူနိုင်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော် - DKBA က ပြောသည်။
နို့ဘိုးနှင့် အူးသူးထ စခန်းနှစ်ခုရှိ ဒုက္ခသည် ၂ဝဝဝ ကျော်အား ပြန်လက်ခံနိုင်သော်လည်း ပြန်လည် နေရာချထားမည့် နယ်မြေအတွင်း၌ ထောင်ထားသော မြေမြှုပ်မိုင်း အန္တရာယ်မှ အကာအကွယ် မပေးနိုင်ခြင်း ဖြစ်ကြောင်း DKBA မှ တပ်မှူးတဦးက ပြောဆိုခြင်း ဖြစ်သည်။

Read More...

ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား

ရဲရင့်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၃၃) ဦးကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး နေရပ်ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူးက ပြောကြား လိုက်သည်။
စစ်ပြေးဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုးယာယီဒုက္ခသည်စခန်းသို့ ယနေ့ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က ဒေသခံသတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

Read More...

ကျောက်ကြီးဗုံးပေါက်မှု့KNU ၏ထုတ်ပြန်ချက်

Microsoft Word KNU St BBinKyaikkyi

(၆၁)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ သို့ ပေးပို့ သော ကရင်လူငယ်အစည်းအရုံး၏ သ၀ဏ်လွှာ

(၆၁)နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့ သို့ ပေးပို့ သော ကရင်လူငယ်အစည်းအရုံး၏ သ၀ဏ်လွှာ

လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဇန်နဝါရီလ ၂၀၁၀ခုနှစ်။

တပ်မဟာ ၂ တောင်ငူခရိုင်။
- ၂၃.၁.၂၀၁၀ နေ့ ၀၆း၃၀ အချိန် ကလောမီးဒဲအရပ်တွင် KNU၏ ပျောက်ကျားပစ်ခတ်မှု ကြောင့်ရန်သူ၁ ယောက်ဒဏ်ရာရ။
- ၂၄.၁.၂၀၁၀ နေ့ ၁၇း၃၀ အချိန် သအေးထာတိုထအရပ် ပျောက်ကျားပစ်ခတ်မှု ကြောင့်ရန်သူ၁ ယောက်ဒဏ်ရာရ။ တရက်ထဲမှာဘဲ ၂၃း၅၀ အချိန် လီသွိအရပ်တွင် ၂ကြိမ်ပစ်ခတ်ရာ ရန်သူ၂ ယောက်ဒဏ်ရာရပြီး ၁၃း၃၀ အချိန် ကော်သေးဒဲအရပ်တွင် ရန်သူ၁ ယောက်ဒဏ်ရာရ။
- ၂၅.၁.၂၀၁၀ နေ့ ကလော်မီးဒါးရွာရှိ စကခ(၇) ခမရ(၄၂၁) စစ်တပ်သည် ကလော်မီးဒါးရွာ သား များအား အရှည်(၈)တောင်ရှည်တဲ့ ဝါးအရေအတွက်(၇၀)ချောင်းကိုသူတို့၏နေရာများကိုပြန်လည် ပြုပြင်ဖို့အတင်းအကျပ်ခုတ်ပြီးပို့ဆောင်ခိုင်း။ ဒါ့အပြင် အဆိုပါစစ်တပ်သည် ကလော်မီးဒါး၊ ဟူမူဒါး နှင့် လယ်ခလားဒါး ရွာသားများရွာပြင်ထွက်အလုပ်လုပ်ချင်လျှင် ထောက်ခံစာယူပြီး ညနေ တွင်အ ကုန် လုံးရွာသို့ပြန်လာအိပ်ရန် နှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်ကိုမလိုက်နာပါက ပစ်သတ် မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

Read More...

နယ်မြေနှင့် ရွေးကောက်ပွဲအတွက် ရွာများ ဖျက်ဆီးခံရဟု KNU ပြော

ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသားတွေကို သတ်ဖြတ်နေခြင်းသည် နယ်မြေ စိုးမိုးလိုခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အာရုံမစိုက်နိုင်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။
ယခုလ ၁၇ ရက်နေ့က ပဲခူးတိုင်းအရှေ့ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်းရှိ ခဲဒဲကျေးရွာတွင် စစ်ကြောင်း ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်း ခမရ ၃၆၇ မှ နေအိမ် ၁၃ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၂ ဦးကို ပစ်သတ်ခဲ့သည့်လုပ်ရပ်ကို KNU က သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

Read More...

အပြောထက်အလုပ်နဲ့သက်သေပြဖို့အချိန်ရောက်နေပြီး

မိတ်ဆွေ တကယ်ပဲကိုယ့်လူမျိုးကိုချစ်တယ်ဆိုရင်အခုအချိန်သည်ဒုက္ခရောက်နေတဲ့ကရင်လူမျိုးများကိုကူညီဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။ ရရှိတဲ့အခွင့်အရေးကိုလက်လွတ်မခံပဲ ပေးလှူကြပါလို့တိုက်တွန်းချင်ပါတယ်။

Doc 1

မိတ်ဆွေတစ်ယောက်ပို့ပေးသော e-mail ကိုဘာသာပြန်ထားသည်

ထိုင်းနယ်စပ်ရှိ ယာယီဒုက္ခသည်များကို နေရပ်ပြန်ထားမည်

ဇန်န၀ါရီလ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြီးခဲ့သောနှစ်က ထိုးစစ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးကရင်ဒုက္ခသည်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်ထားမည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ဆုံးဖြတ်လိုက်သည်ဟု သိရသည်။
အဆိုပါ ဒုက္ခသည်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ အပါအ၀င် UNHCR, TBBC, ကေအဲန်ယူ ဖားအံခရိုင်တာဝန်ရှိသူများနှင့် ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၇) တာဝန်ရှိသူများက ယနေ့တွင် ထိုင်းနိုင်ငံဘက် ခြမ်းရှိ နိုဘိုးကျေးရွာမှာ ၂နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန် ညှိနှိုင်းခဲ့ကြပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု နိုဘိုး ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

Read More...

ဝမ်းစာအတွက် လုပ်ကိုင်သူ ရွာသားများ အသက်အန္တရာယ် ကြုံရ

ဇန်နဝါရီ ၂၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ တောင်ငူဒေသတွင် နအဖ စစ်ကြောင်းများ၏ လှုပ်ရှားမှုကြောင့် ပုန်းအောင်းနေထိုင်ကြရသည့် ဒေသ ခံ ရွာသူရွာများသည် ဝမ်းစာအတွက် အလုပ်လုပ်ကြရပြီး သတ်ဖြတ်ခံရသည်အထိ အသက်အန္တရာယ် ကြုံနေရသည်ဟု သိရသည်။

Read More...

ဝမ်းမြောက်ဝမ်းသာစွာနဲ့ကြိုဆိုပါတယ်

DKBA မှစစ်သား၂ဦး အမြင်မှန်ရပြီးမိခင် KNU နှင့် ပြန်လည်ဝင်ရောက်ပူးပေါင်း ကြောင်း KNU သတင်းဌာနမှဖော်ပြခဲ့ပါသည်။ ဇန်နဝါရီလ ၂၃ရက်နေ့တွင် ထီးဝါဘလောထီးလော်သိ တွင်ရှိသော DKBA မှ ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး တို့သည် စနိုက်ဖာ ၁လက်၊ .၄၅ လက်နက်ငယ် ၁လက်တို့ကိုယူဆောင်ပြီး ပြန်လည်ပူးပေါင်းခဲ့ပါသည်။

အဆိုပါသတင်းထုတ်ပြန်ချက်အရ ပြန်လာပူးပေါင်းသော DKBA မှစစ်သားများသည် နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲတာကိုမကြိုက်မနှစ်သက်သောကြောင့်ပြန်လာခဲ့ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ကရင်ဒုက္ခသည်များ အဓမ္မပြန်ပို့မည့်အရေး စိုးရိမ်နေကြ

ထိုင်း - မြန်မာ နယ်စပ်၊ နို့ဖိုး ဒုက္ခသည် စခန်းတွင် ယာယီ ခိုလှုံခွင့် ပေးထားသော ကရင် ဒုက္ခသည် ၃၀၀၀ ခန့်အား ထိုင်း အာဏာပိုင်များက ဖိအားပေး ပြန်ပို့မည်ကို ကရင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။ ယာယီ ခိုလှုံခွင့် ပေးထားသော ဒုက္ခသည်များက မပြန်ချင် သော်လည်း ထိုင်း အာဏာပိုင်များက အတင်းအကျပ် ပြန်ပို့မည်ကို စိုးရိမ်ရသည်ဟု မယ်လ ဒုက္ခသည် စခန်းကော်မတီ ဒု ဥက္ကဌ ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

Read More...

ညောင်လေးပင်ဒေသမှ စာသင်ကျောင်း (၅)ကျောင်း ပိတ်ထားရ

ဇန်န၀ါရီလ (၂၅)ရက်။ စောခါးစူးညား (ကေအိုင်စီ)။

ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် နအဖ စစ်တပ်များ စစ်ရေးလှည့်လည်လှုပ်ရှားလာသည့် ယခုလဆန်း ပိုင်းမှစ၍ ဒေသခံရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စာသင်ကျောင်း(၅)ကျောင်းကို ပိတ်ထားလိုက်ရသည်ဟု ထိုဒေသ မှ လာသည့်သတင်းအရ သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၇)ရက်နေ့၌ ကျောက်ကြီးမြို့နယ်ရှိ ခဲဒဲရွာကျေးရွာအတွင်း ဝင်ရောက်လာသည့် နအဖ-ခမရ(၃၆၇)က ရွာသားများကို ပစ်သတ်၊ ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်အထိ လုပ်ဆောင်လာသောကြောင့် ထိုဒေသရှိ ရွာသူရွာသားများသည် ထွက်ပြေးပုန်းရှောင်နေရသဖြင့် စာသင်ကျောင်းများကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ကျောက်ကြီးမြို့နယ် ဥက္ကဌ စောနဲထူးဗျိုင်းက ကေအိုင်စီကို ပြောသည်။

Read More...

တိုက်ပွဲသတင်း

ဇန်နဝါရီလ ၂၄ရက် ၂ဝ၁ဝခုနှစ်။

တပ်မဟာ(၅) ဖာပွန် ခရိုင။်
၁၈.၁.၂၀၁၀နေ့ ခလယ်ခိုဒေါ ကော်ထယ်ဒဲအရပ်တွင်KNU၏တိုက်ခိုက် မှုကြောင့် ရန်သူ ၁ယောက်သေ။
၂၀.၁.၂၀၁၀ နေ့ ဒူးအော်ဆောဒေးတွင် ရန်သူ ၃ယောက်ဒဏ်ရာရ။

Read More...

တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော

Monday, 25 January 2010 10:03 ဗထူး
စစ်အစိုးရအနေဖြင့် တပ်တွင်းပြောင်းလဲမှု အကြီးမားဆုံး လုပ်ရတော့မည်ဟု စစ်အရာရှိတဦးက ပြောသည်။

“၂၀၀၈ ပြီးပြီ၊ ကျနော်တို့အနေနဲ့ လေးလပတ်မှာ ဘာဖြစ်လာမလဲတော့ ကြည့်နေတာပါ။ အပြောင်းအလဲ ကြီးမယ်။ နားမှာလားဆိုတဲ့ ကိစ္စတွေပါ၊ ပုံမှန်အားဖြင့် လေးလပတ်မှာ အဖြေထွက်ရမယ်၊ အလယ်အလတ်တွေဆိုတော့ ပြောရတာ ခက်တယ်၊ အရပ်ဖက်ရောက်မလားတော့ မသိသေးဘူး” ဟု ပြောသည်။

Read More...

ကုလားမနိုင်ရခိုင်မဲတဲ့ နအဖတို့၏ယောက်ျားပီသသောလုပ်ရပ်

Document 1

KNU President Saw Tamlabaw on 61st Anniversary of Karen Revolutionary Day

KNU Pre Speech on 61st Karen Revolution Day (Karen)

Read More...

(၆၁) နှစ်မြောက်ကရင့်အမျိုးသားတော်လှန်ရေးနေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘော ၏ ပြောကြားသောမိန့် ခွန်း

KNU Pre Speech on 61st Karen Revolution Day (Bur)

Read More...

စကခ(၇) ခမရ (၄၂၇) မှ ကရင်ရွာသားတစ်ဦးကိုရက်ရက်စက်စက်ခေါင်းဖြတ်သတ်

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့ နယ်ရှိ နအဖ ဗမာ့တပ် စကခ(၇) ခမရ (၂၁၆) ဖလေးဆာလိုအခြေစိုက် စစ်စခန်းမှ တပ်များသည် ဖလေးဆာလို ရွာသားများ ကျား(၂၄ ဦး) မ (၁၁ ဦး)၊ ယာလိုရွာ ကျား (၅ ဦး)၊ မ (၂ ဦး)၊ ဘလောမူဒါးရွာ ကျား ၅ ဦး မ ၄ ဦးအား ပေါ်ထာအဖြစ် အတင်းခိုင်းစေပြီး ယူလို နယ်မြေမှ ဖလေးဆာလို စစ်စခန်းစီသို့ ၁၅၊ ၀၁၊ ၂၀၁၀ ရက်နေ့ တွင် စစ်တပ်ရိတ္ခာများကို သယ်ပို့  ခိုင်းကြောင်း သတင်းရရှိပါသည်။
ယခုလ ၁၉ ရက်နေ့ တွင်လည်း စကခ(၇) ခမရ (၄၂၇) နောစိုး အခြေစိုက်စစ်စခန်း မှ ဗမာ့တပ်များသည် ခေါတူရွာကို ၀င်ရောက်ပစ်ခတ်ပြီး ရွာသားဖြစ်သော စောထူးနေ၀ါး(၃၀နှစ်) အဘမည် စောမောင်ရွှေခင်အား အကြောင်းမဲပစ်သတ်ပြီး ဦးခေါင်းကိုဖြတ်ပစ်ကာ ထိုဦးခေါင်းကို သူတို့ စစ်စခန်းသို့ ယူသွားသည်ဟု ၂၃၊၀၁၊ ၂၀၁၀ ရက်နေ့ ထုတ်ပြန်သော ကေအဲန်ယူ ကြေးနန်းသတင်းထုတ်ပြန်ချက် တွင်ဖေါ်ပြထားပါသည်။ သည့်ပြင် ၄င်းတပ်သည် ရွာသားတစ်ဦးဖြစ်သော နော်လေးကေး ၏ စပါး (၁၀)တင်းကိုမီးရှို့ ဖျက်ဆီးလိုက်သည်ဟု သတင်းရရှိပါသည်။

Read More...

ကရင်ဖြစ်ပြီးတော့ သိသင့်သိထိုက်သော(သိကိုသိရမဲ့) ကရင်တစ်မျိုးသားလုံးအလံတော်၏အနက်အဓိပ္ပါယ်

ညီညွတ်ခြင်း ပုံဆောင်သည့် ကရင်အမျိုးသားအလံတော်
အလံဆိုသည်မှာ အဖွဲ့အစည်းတခုကို ကိုယ်စားပြုသည်သာမက အမျိုးသားတခုလုံးကို ကိုယ်စားပြုသည့် သမိုင်းဝင် သင်္ကေတအမှတ်အသား တစ်ခုပင် ဖြစ်သည်။ ကရင်အမျိုးသားတခုလုံးကို ကိုယ်စားပြုသည့် အမျိုးသား အလံတော်သည် လူမျိုးစု အတွက် မရှိမဖြစ် အလွန်အရေးပါသည့် ကဏ္ဍတခုအဖြစ် ရပ်တည်နေသည်သာမက၊ သမိုင်းအစဉ်အလာကြီးသည့် ထိုအလံတော်အတွက် ကရင်အမျိုးသားထု ဂုဏ်ယူစရာပင် ဖြစ်ပေသည်။

၁၈၈၁ ခုနှစ်မှစတင်ကာ ကရင်အမျိုးသားဆိုင်ရာ အဖွဲ့အစည်းတခုကို ဒေါက်တာ တီသံပြာ ဦးဆောင် ဖွဲ့စည်းခဲ့ပြီးနောက် ဆရာစံဘော်အပါအ၀င် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသားအလံ၊ ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေးနှင့် ကရင်အမျိုးသား သီချင်း ဖြစ်ပေါ်လာရေးအတွက် ဦးဆောင် လှုပ်ရှားခဲ့ကြသည်။

Read More...