လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

ဇန်နဝါရီလ ၂၀၁၀ခုနှစ်။

တပ်မဟာ ၂ တောင်ငူခရိုင်။
- ၂၃.၁.၂၀၁၀ နေ့ ၀၆း၃၀ အချိန် ကလောမီးဒဲအရပ်တွင် KNU၏ ပျောက်ကျားပစ်ခတ်မှု ကြောင့်ရန်သူ၁ ယောက်ဒဏ်ရာရ။
- ၂၄.၁.၂၀၁၀ နေ့ ၁၇း၃၀ အချိန် သအေးထာတိုထအရပ် ပျောက်ကျားပစ်ခတ်မှု ကြောင့်ရန်သူ၁ ယောက်ဒဏ်ရာရ။ တရက်ထဲမှာဘဲ ၂၃း၅၀ အချိန် လီသွိအရပ်တွင် ၂ကြိမ်ပစ်ခတ်ရာ ရန်သူ၂ ယောက်ဒဏ်ရာရပြီး ၁၃း၃၀ အချိန် ကော်သေးဒဲအရပ်တွင် ရန်သူ၁ ယောက်ဒဏ်ရာရ။
- ၂၅.၁.၂၀၁၀ နေ့ ကလော်မီးဒါးရွာရှိ စကခ(၇) ခမရ(၄၂၁) စစ်တပ်သည် ကလော်မီးဒါးရွာ သား များအား အရှည်(၈)တောင်ရှည်တဲ့ ဝါးအရေအတွက်(၇၀)ချောင်းကိုသူတို့၏နေရာများကိုပြန်လည် ပြုပြင်ဖို့အတင်းအကျပ်ခုတ်ပြီးပို့ဆောင်ခိုင်း။ ဒါ့အပြင် အဆိုပါစစ်တပ်သည် ကလော်မီးဒါး၊ ဟူမူဒါး နှင့် လယ်ခလားဒါး ရွာသားများရွာပြင်ထွက်အလုပ်လုပ်ချင်လျှင် ထောက်ခံစာယူပြီး ညနေ တွင်အ ကုန် လုံးရွာသို့ပြန်လာအိပ်ရန် နှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်ကိုမလိုက်နာပါက ပစ်သတ် မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၂၊ ၀၁၊ ၂၀၁၀ ရက်နေ့ စကခ(၂၁) ခမရ (၂၃၇) မှ တပ်သား ဆန်းလင်းကို(ကိုယ်ပိုင်အမှတ်- တ/၄၁၉၃၈၄) သည် ကေအဲန်အယ်အေ တပ်မဟာ(၅)တပ်ဖွဲ့ များထံသို့  MA-1 တစ်လက်၊ ကျည်ထောင့် ၁၃၈ ထောင့်၊ ခွင်းဗုံးတလုံး ဖြင့် လက်နက်ချ ၀င်ရောက်လာ ကြောင်းသတင်းရရှိ။
- ၂၀.၁.၂၀၁၀ နေ့ ဒူးအော်ဆောဒေးအရပ်တွင် ပျောက်ကျားတိုက်ခိုက်မှုကြောင့်ရန်သူ၁ ယောက် ဒဏ်ရာရ။ အဲဒီတရက်ထဲမှာဘဲ ဖောနာကျိုးအရပ်တွင် ရန်သူ၂ယောက်ဒဏ်ရာထပ်ရ။ အဆိုပါတ ရက်မှာဘဲ ဒိုခိုဝါးနှင့်ကျော်တကော် အရပ်ကြားတွင် DKBA နှင့်တိုက်ပွဲဖြစ်ရာ DKBA ၂ဦးသေပြီး မျိုးချစ်ရဲဘော်များ AR ၂ လက်သိမ်းစည်းရမိ။ အဲဒီတရက်ထဲမှာဘဲကွီးနော်ထအရပ်တွင်ထပ်မံပစ် ခတ်ရာ ရန်သူ ၁ ယောက်ဒဏ်ရာရ။
- ၂၃.၁.၂၀၁၀ နေ့ ကော်ထယ်ဒဲရွာအနီးတွင် ပျောက်ကျားပစ်ခတ်မှုကြောင့် ရန်သူ၁ယောက်ဒဏ် ရာရ။ အဲဒီတရက်ထဲမှာဘဲ ဒူးအော်ဆောဒေးအရပ်တွင် ရန်သူ၃ယောက်နှင့်မြင်း၁ကောင်ဒဏ်ရာရ။
တပ်မဟာ(၆) ဒူးပလာယားခရိုင်။
- ၂၂.၁.၂၀၁၀ နေ့ နအဖ စစ်တပ် ခမရ (၄၀၇) တပ်ခွဲ ၃ မျိုးကျော်သူ ဦးစီးတပ်မှ တပ်သား အောင်ဝင်းနိုင်(ကိုယ်ပိုင်အမှတ်-တ/၂၈၈၃၃၂) သည် MA2 တစ်လက်၊ ကျည်ထောင့် ၁၀၂ ထောင့်၊ ကျည်ကပ် ၃ချပ်၊ ခွင်းဗုံးတလုံး ဖြင့် တပ်မဟာ ၆ ထံသို့ လက်နက်ချဝင်ရောက် ကြောင်းသိရှိရ။
- ၂၄.၁.၂၀၁၀ နေ့တွင် ကေအဲန်အယ်အေ တပ်မဟာ(၆) တပ်ရင်း(၁၈)တပ်ဖွဲ့ များနှင့် နအဖ ခမရ ၄၀၄ တပ်များ ထောနောခီးလေးဒေးတွင် တိုက်ပွဲဖြစ်ပွားရာ နအဖ တပ်မှ ၂ ဦးကျဆုံးပြီး ပြင်းထန် စွာတစ်ဦးဒဏ်ရာရကာ သေဆုံးသူ နှစ်ဦးထဲမှာ တဦးသည် စစ်ကြောင်းမှူး တစ်ဦးဖြစ်ကြောင်း သ တင်းရရှိပါသည်။

0 comments:

Post a Comment