အကျဉ်းသားပေါ်တာများကို နအဖ စစ်တပ်က သတ်ဖြတ်မှုများရှိ

KIC သတင်းမှ......

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောသို့ ရောက်ရှိလာသည့် နအဖ စစ်ကြောင်းများက ၎င်းတို့ခေါ်ဆောင် လာသည့် အကျဉ်းသားပေါ်တာများကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများရှိနေသည်ဟု ဇန်န၀ါရီလ ၂၆ရက်က ထွက်ပြေးလွတ် မြောက်လာသူ အကျဉ်းသားပေါ်တာများက ပြောသည်။

ထိုနေ့မနက်နှင့် ညနေဘက်တွင် နအဖ ခမရ(၂၀၈)မှ အကျဉ်းသားပေါ်တာ ၁၃ဦးသည် ကေအဲန်ယူ တပ်မဟာ(၇)သို့ ထွက် ပြေးရောက်ရှိလာခဲ့ပြီး ၎င်းတို့မှာ ပြည်၊ ဖျာပုံ၊ အင်းစိန်၊ လားရှိုးနှင့် ဖားအံထောင်များမှ ဖြစ်ကြသည်။

Read More...

နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး

KIC သတင်းမှ......

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ် လ်အေ) တပ်ရင်း(၂၁)တို့ ယနေ့မနက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအ၀င် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။

“ဖြစ်တာက ဒီမနက် ၆နာရီ ၀၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးနဲ့ ရှမ်းရွာသစ်ကြားက မဲ့တော်ဒေးနေရာမှာ မိနစ် ၂၀ လောက် ကြာတယ်။ နအဖရဲဘော်တွေလည်း တိုက်ပွဲဖြစ်တာနဲ့ ကစဥ့်ကလျားကို ထွက်ပြေးကြတယ်။ ကျနော်တို့လူတွေက ၁၅ ယောက်ပဲ။ သူတို့ဘက်က အယောက် ၃၀လောက်ရှိတာ။ ဒီတိုက်ပွဲမှာ နအဖဘက်က တပ်ကြပ် ၁ဦးနဲ့ တပ်သား ၂ဦးကျတယ်။ ဒဏ်ရာရသူကတော့ ကျနော်တို့ ယူလို့မရဘူး။”ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ တပ်မှူးတဦးက ပြောသည်။

Read More...

တိုက်ပွဲသတင်း(၂၈.၀၁.၂၀၁၁)

ဆုံဆည်းရာ မှ.....

နံနက် (၁၀ နာရီ ၃၅ မိနစ်) ယခုတပတ်အတွင်း ဒီကေဘီအေ စခန်းတွေကို နအဖ ရဲ့ ထိုးစစ်တိုက်ပွဲတွေ အရှိန်အဟုန်မြင့်လာတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့ကနေစပြီး အပြင်းအထန် ထိုးစစ်ဆင်မှုတွေပြုလုပ်နေတဲ့ ယနေ့ ၂၈ ရက်နေ့အထိ နအဖ ဘက်က အရာရှိအရာခံ အကြပ်စစ်သည် ၁၂၀ ကျော်သေဆုံးပြီး ၂၀၀ နီးပါး ဒဏ်ရာရမှုတွေ ရှိပါတယ်။ နအဖ ဘက် ထိခိုက်ဒဏ်ရာ သေဆုံးမှုတွေ များပြားလာတဲ့အတွက်ကြောင့် နယ်စပ်တိုက်ပွဲတွေအသုံးချဖို့ ဖွဲ့စည်းထားတဲ့ သူတို့လက်ကိုင်ဒုတ်ဖြစ်တဲ့ နယ်ခြားစောင့်တပ်အပေါ်လည်း ယုံကြည်မှု ကင်းမဲ့လာတာတွေ့ရပါတယ်။ ဒါ့အပြင် နအဖ တပ်သားတွေနဲ့ နယ်ခြားစောင့်တပ်တွေ စစ်ပြေးတွေ ယခင်တိုက်ပွဲကာလတွေထက် ပိုမိုများပြားလာပါတယ်။

နံနက် (၉ နာရီ ၅၅ မိနစ်) ယမန်နေ့မနက်ပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀ မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦးဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

Read More...

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ တွင် နအဖနှင့် နယ်ခြားစောင့်တပ် များ သေကြေထိခိုက်မှုရှိ

နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ် နယ်စပ်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နအဖ စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်များမှ အရာရှိများ အပါအ၀င် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိကြောင်း ကေအိုင်စီက ယနေ့ စုံစမ်းသိရှိရသည်။

ယနေ့မနက် ၇နာရီဝန်းကျင်တွင် လှိုင်းဘွဲမြို့နယ်၊ ကမားထာ့နှင့် ကျော်သလေးခို့အကြား၌ ကေအဲန်ယူ တပ်ရင်း(၂၁)နှင့် နအဖ ခမရ(၃၄၃)တို့ ၁၀မိနစ်ကြာ ချုံခိုတိုက်ပွဲဖြစ်ပွားရာ ကေအဲန်ယူဘက်မှ ထိခိုက်မှုမရှိသော်လည်း နအဖဘက်မှ ၄ဦး ကျဆုံးကာ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)မှ ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“ဒီမနက်ဖြစ်တာကတော့ ၇နာရီ ၅မိနစ်မှာပဲ။ ကျနော်တို့ဘက်က တပ်ရင်း(၂၁)က အင်အား ၁၂ဦးနဲ့ နအဖ ခမရ(၃၄၃)က စစ် ကြောင်းတကြောင်းနဲ့ဖြစ်တာ။ ချုံခိုစောင့်ပစ်တာဆိုတော့ ကျနော်တို့ဘက်က ထိလေ့မရှိဘူး။ နအဖဘက်ကတော့ ၄ယောက် သေတယ်။ ၃ယောက် ဒဏ်ရာရတယ်။ လက်နက်သိမ်းယူတာတွေတော့ ကျနော်တို့ဘက်က မလုပ်တော့ဘူး။”ဟု ဆိုသည်။

Read More...

ချောင့်ခက်အနီးက ၂၆ ရက်နေ့ တိုက်ပွဲသတင်း နောက်ဆက်တွဲ

နေ့သစ်မှ............

မနေ့က ဒီကေဘီအေ တပ်မဟာ ၅ နဲ့ နအဖတို့ ချောင့်ခက်အနီးနေရာမှာဖြစ်တဲ့ တိုက်ပွဲတွေဟာ ညမိုးချုပ်ချိန်မှ ပစ်တာခတ်တာတွေ ရပ်နားခဲ့ပါတယ်။

နအဖဘက်က တပ်ရင်း ၅ ရင်းနဲ့ လာတိုက်တယ်။ နအဖ ဘက်က ၂၆ ယောက်သေးဆုံး ၃၅ ဒဏ်ရာရတယ်လို့ နောက် ဆုံး သိရပါတယ်။ ဒီကေဘီအေဘက်က ၁ ယောက် ဒဏ်ရာရတယ်။ နအဖ ဘက်က သေဆုံးတဲ့ထဲမှာ ဒုရင်းမှူးတ ယောက်နဲ့ တပ်စုမှူး တယောက်ပါတယ်။ ခု လူနာတွေကို မြဝတီမြို့က အရပ်သားကားတွေ လိုင်းကားတွေကို ချောဆွဲ ပြီးသယ်နေတယ်လို့ ဒီကေဘီကေ တပ်မဟာ ၅ မှ ဗိုလ်မှူး ကျော်သက် က ပြောပြပါတယ်။

Read More...

တိုက်ပွဲသတင်း

ဆုံဆည်းရာ မှ...............

ယနေ့မနက်ပိုင်း ၁၁ နာရီဝင်းကျင်လောက်တွင် ယမန်နေ့တိုက်ပွဲတွင် နအဖ ဘက်မှ သေဆုံးသွားသော အရာရှိအရာခံ အကြပ် စစ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာ ရသူများကို နောက်တန်းသို့ ပြန်လည်ပို့ဆောင်နေပါတယ်။ ထိုသို့ပို့ဆောင်ရာ ခရီးလမ်းတလျှောက် တိုက်ပွဲများ မဖြစ်ပွားစေရန် နအဖ ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ လက်နက်ကြီးအမြောက်တွေနဲ့ ကာပစ်ဆုတ်ခွာ ပို့ဆောင်နေတယ်လို့ သိရှိရပါတယ်။

ယမန်နေ့တိုက်ပွဲမှာ နအဖ စစ်သား တပ်ကြပ် ၁ ယောက်၊ တပ်သား ၁ ယောက်ကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ အန်အေ ၇ (ဆဲဗင်း) နှစ်လက်နှင့်တကွ အဆိုပါ စစ်သုံးပန်း နှစ်ယောက်ကို လက်ရ ဖမ်းမိခဲ့တာပါ။ ယမန်နေ့က တိုက်ပွဲမှာ နအဖ ဘက်က အရပ်ဝတ်တွေ ၀တ်ဆင်ပြီး ထိုင်း ဘက်ကမ်း ချောင့်ခက်ရွာဘက်မှ မြန်မာဘက် ကမ်းကို ကူးဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

Read More...

ချောင့်ခက်အနီးက ၂၆ ရက်နေ့ တိုက်ပွဲ

နေ့ သစ်မှ............

ဒီကေဘီအေ ကလိုထူးဘောစစ်ဗျူဟာမှ နေရာယူတပ်စွဲထားတဲ့ ချောင့်ခက်အနီးက ဘောပူကျိုးနေရာကို ဒီမနက်မှာ နအဖတပ်တွေ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီမနက်မှာ လက်နက်ကြီး အလုံရေ ၁၀၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မိုးချုပ်ခါနီးအထိ တိုက်နေ တုန်းဖြစ်တယ်။ ပထမပိုင်း လက်နက်ကြီးတွေနဲ့ ဖိပစ်ပြီး မြေပြင်က သူတို့တပ်တွေတက်လာကြတယ်။ နအဖ ဘက်က စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ တပ်ရင်းတွေပေါင်းပြီး လာတိုက်ကြတာ ဖြစ်တယ်။ ခု ညနေပိုင်း ကျနော်တို့ ကြာသိရသလောက်တော့ နအဖ ဘက်က ၂၀ ဦးခန့် ဒါဏ်ရာရပြီး ၁၀ ဦးလောက် သေတယ်လို့ ကြားသိရတယ် လို့ ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။

Read More...

နအဖတပ် ထိုင်းနယ်မြေမှ DKBA ကို ၀င်တိုက်

မအေဘေး ထိုင်းတွေတော့ နအဖနဲ့ ပေါင်းပြီးလုပ်စားနေပြီး....ညီအစ်ကိုDKBA တို့ရေဒီလောက်တောင်ဖြစ်နေမှတော့ ငထုံ ငထိုင်းတွေကိုပါအ လွတ်ပေးမနေနဲ့ တော့ဗျို့ .......

ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ် မြ၀တီခရိုင် ချောင့်ခက် ဒေသတွင် ယနေ့နံနက်က စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နအဖ တပ်ဖွဲ့ဝင်တချို့ထိုင်းနယ်မြေဘက်မှ ၀င်ရောက် တိုက်ခိုက်မှုပြုလုပ်သည်ဟု DKBA ကလိုထူးဘော ဗျူဟာ(၁)မှူး ဗိုလ်မှူးကြီး ကျော်သက်က ဧရာဝတီ သို့ ပြောသည်။

Read More...

နအဖ စစ်သည် ၄ဦး KNDO ထံသို့ လာရောက်ပူးပေါင်း

KIC သတင်းမှ............
စာသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်တွင် အခြေချလှုပ်ရှားသည့် နအဖ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ တပ်ရင်းနှစ်ရင်းမှ စစ်သည် ၄ဦးသည် ပြီးခဲ့သည့်အပတ်က ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

ဇန်န၀ါရီလ ၂၂ရက်နေ့က ရတခ လက်အောက်ခံ ခမရ(၃၄၀)မှ တပ်ကြပ်ကြီးအောင်ထွေး ၂၉နှစ်၊ တပ်သား တင်မိုးအောင် ၂၄ နှစ်နှင့် ခမရ(၃၄၁)မှ တပ်သားမောင်ဇင်မိုး ၂၈နှစ်၊ တပ်သားနိုင်းအောင်ကို ၂၁နှစ်တို့သည် လက်နက်ခဲယမ်းအချို့နှင့်အတူ သံလွင်ကမ်းနား၊ အူသူးထာ့နေရာရှိ KNDO တပ်ရင်း(၁)ထံသို့ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း ၎င်းတပ်ရင်းမှူး ဒုဗိုလ်မှူး ကြီးစောကျော်မူးက ပြောသည်။

Read More...

62 Years Karen Revolution Day

62 Years Karen Revolution Day Burmese Language

ဘုရားသုံးဆူတွင် စစ်အစိုးရတပ်က ကားချောဆွဲနေ

သတင်းနှင့်မီဒီယာကွန်ယက် မှ....

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ စစ်အစိုးရတပ်ဖွဲ့များအတွက် ရိက္ခာသယ်ယူရန် ဘုရားသုံးဆူမြို့ပေါ်ရှိ ဖိုးဝီးကားများ ချောဆွဲခံနေရသည်ဟု သိရသည်။

“ခြောက်ဘီးကားက ဒီကိုတက်လို့မရဘူး။ တက်လို့မရတော့ ဒီကနေ ပြီးတော့မှ ဖိုးဝီးနဲ့ သွားသယ်မှ ရမှာကိုး။ အနည်းဆုံး ဖိုးဝီးအစီး(၃၀)လောက် သူတို့လိုတာကိုး။ အခုလောလောဆယ်က ဆယ်စီး လောက်ပဲရသေးတယ်တဲ့။” ဟု ဘုရားသုံးဆူမြို့ခံ တဦးကပြောသည်။

ရန်ကုန်မှ ခြောက်ဘီးကား (၂၇) စီးဖြင့် တင်ဆောင်လာသည့် တပ်ရိက္ခာများအား ဘုရားသုံးဆူနှင့် ကီလိုမီတာ (၄၀) ခန့်ဝေးကွာသည့် တောင်စွန်းရွာတွင် ယခုလ (၂၃)ရက်နေ့က ရောက်ရှိနေပြီး ယင်းရိက္ခာများအား ဘုရားသုံးဆူမြို့သို့ သယ်ယူနိုင်ရန် ချောဆွဲခြင်းဖြစ်သည်ဟု သိရသည်။

Read More...

ဒုကာကွယ် ရေး ဦးစီးချုပ် တာဝန်မှ အနားယူ

Freedom News Group မှ.......

ဒုတိယ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှုးကြီး မောင်အေး ဟာ ဇန်န၀ါရီလ ၂၄ ရက်နေ့ မှာ လက်ရှိ ရာထူးတာဝန် ဖြစ်တဲ့ နိုင်ငံတော် အေးချမ်းသာ ယာ ရေး နဲ့ ဖွံ့ ဖြိုးရေးကောင်စီ ဒုဥက္ကဌ အဖြစ်က ၎င်း၊ ဒု ကာကွယ်ရေး ဦးစီးချုပ် နေရာ ကနေ ၎င်း နှုတ် ထွက်လိုက်ပြီး အသစ် ပေါ်ထွက် လာမယ့် အစိုးရ အဖွဲ့ မှာ လည်း ဘာတာဝန် မှ မယူတော့ ဘူးလို့ သတင်းရရှိ ပါတယ်။
Freedom News အနေ နဲ့ ဒီသတင်း ကို အတည် ပြု ဖို့ ခက်ခဲပေမယ့် နေပြည်တော်ကာကွယ်ရေး ၀န်ကြီးဌာန က အကြီးတန်း အရာ ရှိ တစ်ဦးက တော့ ” ဒီသတင်း ကိုမနေ့ ညက စကြားတယ် ၊ နှစ် ရက် လောက် ဆိုရင် တော့ သဲသဲ ကွဲကွဲ သိရပြီ ၊ လွတ်လပ်ရေး နေ့ ညစာ စား ပွဲ မှာ ကတည်း က သူက မတ် လ ၂၇ ရက်နေ့ ကျွန်တော့် ရဲ့ 
နောက်ဆုံး ညစာစား ပွဲ ပဲ လို့ ပြောသွားတယ်” ဟု အဆိုပါ ဗိုလ်မှုးကြီးက ပြောသည်။

Read More...

DKBA နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ KNU နှင့် ပူးပေါင်း

ဧရာဝတီ သတင်းမှ............

ကရင်ပြည်နယ် မြ၀တီခရိုင် တောင်အုပ်ရွာ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) မှ တပ်ခွဲမှူးတဦး အပါအ၀င် တပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) သို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့သည်။
KNU နှင့် လာရောက် ပူးပေါင်းသည့် DKBA နယ်ခြားစောင့် တပ်ခွဲမှူး စောနေဘလူးထူးက “DKBA ခေါင်းဆောင်တွေက သူတို့ကိုယ်ကျိုး အတွက် ကျနော်တို့ကို နအဖဆီ တဖက်လှည့်နဲ့ ရောင်းလိုက်ပြီး နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်။ သူတို့သာ ကြီးပွား ချမ်းသာသွားပြီး အောက်ခြေ ရဲဘော်တွေကတော့ နအဖ ကျွန်ဖြစ်နေတာပဲ အဖတ်တင်တယ်။ ကိုယ့်အမျိုးသားရေး အတွက် ဘာမှ လုပ်ပိုင်ခွင့် မရှိတော့တဲ့အပြင် အခု ကရင်အချင်းချင်း ပြန်တိုက် နေရတယ်။ ဒါ့ကြောင့် KNU နဲ့ ပြန်လာပေါင်းတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

Read More...

နအဖ တပ်သားငယ် ၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ

KIC သတင်းမှ..........
စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU တပ်မဟာ(၆)သို့ နအဖ စကခ(၅)လက်အောက်ခံတပ်ရင်း ခမရ(၅၄၃)မှ တပ်သားနှစ်ဦးဖြစ်သူ မောင်ဝဏ္ဏ ၁၈နှစ်နှင့် မောင်ဝင်းဘို ၂၀နှစ်တို့သည် ဇန်န၀ါရီ ၂၃ရက်နေ့က နယ်မြေခံ KNLA တပ်ရင်း (၁၇)ထံ ထွက်ပြေးရောက်ရှိလာသည်ဟု သိရှိရသည်။

ထွက်ပြေးရောက်ရှိလာသည့် မောင်ဝင်းဘိုက “ကျနော်က စစ်သားမလုပ်ချင်ဘဲ အတင်းအဓမ္မ စစ်တပ်အတွင်း အသွင်းခံရ တာပါ။ လက်ဖက်ရည်ဆိုင်မှာ အဆွဲခံရပြီး မေမြို့ စစ်သင်တန်းကျောင်းက ဆင်းလာတာနဲ့ ဒီကို အပို့ခံရတယ်။ ဒီရှေ့တန်းနယ် မြေကို ရောက်လာတာ ၇ရက်ပဲ ရှိပါသေးတယ်။ စစ်သားမလုပ်ချင်တော့လို့ အသက်စွန့်ပြီး ထွက်ပြေးလာတာပဲ။”ဟု ကေအိုင်စီ ကို ပြောသည်။

Read More...

စစ်တပ်မှားယွင်းပစ်ခတ်သဖြင့် တပ်သား ၆ ဦး ဒဏ်ရာရ

ဧရာဝတီ သတင်းမှ......

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို စစ်အစိုးရက ယနေ့နံနက်၌ လက်နက်ကြီးများဖြင့် တိုက်ခိုက်စဉ် လက်နက်ကြီးများ နေရာမှားယွင်း ကျရောက် ပေါက်ကွဲသဖြင့် စစ်အစိုးရ တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူးဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က စစ်အစိုးရ တပ်များသည် ၁၂၀ မမ အမြောက်များကို ၂၀၁၀ နိုဝင်ဘာ ၇ ရက် နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားစဉ် ကတည်းကပင် စတင်အသုံးပြုခဲ့သည်ဟု ပြောသည်။

Read More...

ဖလူးဒေသတွင်း တိုက်ပွဲ နအဖ တပ်သား ၃၀ကျော် ထိခိုက်သေဆုံး

KIC သတင်းမှ.......
စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ် ဝေါ်လေဂွင်၊ ဖလူးကျေးနယ်၊ ကျောက်ခက်ဒေသအတွင်း ယမန်နေ့ မနက်က နအဖနှင့် ကရင်တပ်ဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဖွဲ့ဝင် ၃၀ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ တိုက်ပွဲတွင် ကရင်တပ်ဖွဲ့မှ ကိုက် ၃၀၀ခန့် နောက်ဆုတ်ပေးခဲ့ရသော်လည်း စကခ (၁၂) လက်အောက်ခံတပ် ရင်းများဘက်မှ တပ်သား ၂၀ကျော်သေဆုံးခဲ့ပြီး ၁၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု DKBA တပ်မဟာ(၅)မှ စစ်ဆင်ရေးမှူး ဗိုလ်မှူး စောဆန်းအောင်က ကေအိုင်စီကို ယခုလို ပြောသည်။

Read More...

ဖလူး နဲ့ ဝေါ်လေဒေသ ဇန်နဝါရီ ၂၃ ရက် အခြေအနေ

နေ့ သစ်မှ...........

ချောင့်ခက်ရွာအနီးက သရက်ပင်စခန်းတိုက်ပွဲမှာ ဇန်နဝါရီလ ၁၇ နေ့က ဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ တိုက်ပွဲ မှာ နအဖ ခမရ ၃၅၇ မှ တပ်သား ၁၃ ယောက်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တဲ့ တိုက်ပွဲပြီးတဲ့နောက် နယ်စပ်မှာ ပတ်ခတ် သံတွေ လေးငါးရက်ညိမ်သက်သွားခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ မနက်စောစောကစလို့ တိုက်ပွဲသံတွေ ဖလူးနဲ့ ဝေါ်လေ တ ရှောက်မှာ ပြန်လည်ထွက်ပေါ်လာပါတယ်။

Read More...