ရင်ဆိုင်တိုက်ပွဲသတင်း

March 2010
တပ်မဟာ(၁) သထုံခရိုင်။
- တပ်ရင်း(၁) ၈.၃.၂၀၁၀ နေ့၊ ၁၉း၄၅နာရီ၊ ဝဲပြန်ကုန်းအရပ်ရှိ နအဖတပ်၏ လမ်းပြင်ကား (2B-634) တစီးကို မိမိ တို့ရဲဘော်များ မီးရှို့ဖျက်ဆီးနိုင်ခဲ့။
- ဘီးလင်းမြို့နယ်၊ ၈.၃.၂၀၁၀နေ့ DKBA ၉၉၉ မှ အောက်ပါတပ်သားများမိခင်KNU ထံသို့ပြန်လည်ခိုလှုံခဲ့၊
(၁) ပိုးလိုးကို ၂၈နှစ်၊ (၂) စောကျော်လေး ၂၆နှစ်၊ ထိုသူတို့နှင့်အတူ အေကေ၂လက်၊ကြယ်အိပ်၂ခု၊ ကျည်ဆံ ၁၀၀တောင့်။
- တပ်ရင်း(၁) ၁၄.၃.၂၀၁၀နေ့ ၂၀း၀၀နာရီ၊ နိုဖိုးမိုကားလမ်းမပေါ်ရှိ နအဖတပ်၏လမ်းကြိတ်စက်ကားတစင်း ကိုမိမိတို့ရဲဘော်များဖျက်ဆီးနိုင်ခဲ့။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- တပ်ရင်း(၉) ၁၀.၃.၂၀၁၀နေ့ ထီးဘယ်ခါပလောတွင် မိမိရဲဘော်များနှင့်ရန်သူတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦး ဒဏ်ရာရ။
- ၁၁.၃.၂၀၁၀နေ့ ပနွယ်ထာအရပ်တွင်ရန်သူနှင့်မိမိတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ရန်သူ၂ဦး ဒဏ်ရာရ။
- ၁၂.၃.၂၀၁၀နေ့ ဒိုဒေါ်ခီးအရပ်တွင်မိမိရဲဘော်များနှင့်ရန်သူရင်ဆိုင်တိုက်ပွဲ၂ကြိမ်ဖြစ်ပွားရာ ရန်သူ၃ဦး ဒဏ် ရာရ။
- ၁၄.၃.၂၀၁၀နေ့ ရန်သူနှင့်မိမိတို့ပြောက်ကျားတပ် ဒိုဒေါခီးအရပ်တွင်တိုက်ပွဲဖြစ်ရာ ရန်သူ၁ဦးဒဏ်ရာရ၊ အဲဒီတရက်ထဲမှာဘဲ ထီးထိုကော့ထာအရပ်တွင်မိမိတို့ရဲဘော်များဆက်လက်တိုက်ခိုက်၊ အဲဒီတညနေထဲ မှာဘဲ ဒိုဒေါခီးတွင်ထပ်ပြီးတိုက်ပွဲဖြစ်ရာ ရန်သူ၂ဦးဒဏ်ရာရ။
- ၁၅.၃.၂၀၁၀နေ့ ဒိုဒေါ်ခီးအရပ်တွင်မိမိတို့နှင့်ရန်သူတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာရန်သူ၁ဦးဒဏ်ရာရ။
- တပ်ရင်း(၈) ၁၃.၃.၂၀၁၀နေ့ ရန်သူနှင့်မိမိတို့ပြောက်ကျားတပ် စောခါဒဲအရပ်တွင်၂ကြိမ်တိုက်ပွဲဖြစ်ရာ ရန်သူ၂ဦးဒဏ်ရာရ။

0 comments:

Post a Comment