မဲခေါင်မြစ် ထိမ်းသိမ်းရေး လှုပ်ရှား သူများ တရုတ် သံရုံး ရှေ့တွင် ဆန္ဒပြ

ဟံသာဝတီ သတင်းမှ
မဲခေါင် မြစ်ရေ ခမ်းခြောက် မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီမှု များကြောင့် ဒေသတွင်း ပြည်သူများ အခက် အခဲ ကြုံတွေ့ နေခြင်း များကို သိရှိစေရန် နှင့် မဲခေါင်မြစ် အထက် အပိုင်း တွင် ရေကာတာကြီးတွေ တည်ဆောက် ထားသော တရုတ် အစိုးရ အား ကန့်ကွက် စာတစ်စောင် အား မဲခေါင် သဘာဝ ထိမ်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ က ဘန်ကောက်မြို့ရှိ တရုတ် သံမှူး ထံသို့ ပေးအပ် ခဲ့သည်။ ယနေ့ စောစော ပိုင်းက ဘန်ကောက်မြို့ ၊ တရုတ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ တရပ် ကျင်းပခဲ့ ကြပြီး ကန့်ကွက် စာအား သံရုံး တာဝန်ခံမှ တစ်ဆင့် တရုတ် အစိုးရ ထံသို့ ပေးပို့ ခဲ့ခြင်း ဖြစ်သည်။ ထိုင်း ၊ လာအိုနိုင်ငံတို့မှ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လှုပ်ရှား သူများ ယမန် နေ့ က ဘန်ကောက် မြို့ တွင် စည်းဝေးပွဲ တခု ကျင်းပခဲ့ပြီး ယနေ့ ဆန္ဒပြပွဲကို အကောင် အထည် ဖေါ်ခြင်း ဖြစ်သည်။

အနှစ် ၄၀ အတွင်း မဲခေါင်မြစ် ရေမျက်နှာပြင် အနိမ့်ဆုံး ဖြစ်လာကြောင်း လှုပ်ရှား သူများက ဆိုသည်။ ရေစီးနှုန်း အထူး နှေးကွေး လာသဖြင့် မြစ်ရေများ ကောလာပြီး ၊ မြေနု ကျွန်းများ၊ သန္တာ ကျောက်တန်း များမှာ မြေပေါ်တွင် ပေါ်နေပြီး ဖြစ်သည်။ ရေအောက် နေသည့် ငါး ၊ ပုစွန်များ နေစရာ မရှိသဖြင့် ငါးများ အထူး ရှားပါး သဖြင့် ငါးဖမ်း လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုသော တံငါသည် များမှာ ရပ်တည်ရေး အထူး ခက်ခဲ လာသည်ဟု ဆိုသည်။ မြစ်ရေမှာ အထူး နည်းပါး သဖြင့် မိုးခေါင် ခြင်းများကြောင့် မြစ် ပတ်ဝန်းကျင်များ ပျက်စီး လာပြီး စိုက်ပျိုး မရ ဖြစ်လာကြောင်း ပြောသည်။

မဲခေါင်မြစ် အထက်ပိုင်းမှာ နေထိုင်သော တရုတ် နိုင်ငံက ဆည်ကြီးများ တည်ဆောက် ထားသောကြောင့် မြစ်အောက်ပိုင်းမှာ နေသော ထိုင်း နဲ့ လာအိုနိုင်ငံက လယ်သမားများ တံငါ သည်တွေ ဘ၀ ရပ်တည်ရေး ခက်ခဲ ကျပ်တည်း လာကြောင်း လှုပ်ရှား သူတွေက ပြောသည်။ ထိုင်း လယ်သမား တစ်ဦးက “ ကျနော်တို့ စိုက်ခင်းကို မိုးရောနွေပါ ရေမရောက် တော့ဘူး၊ ဟို .. မြစ်အောက်ပိုင်း ကရေကို အဝေးကနေ တင်ရတော့ စက်မောင်းဆီဖို့း မတတ် နိုင်တော့ဘူး ၊ ဒီ အတိုင်း ဆိုရင် ကျနော်တို့ အကုန် ဒုက္ခ ရောက်လာမယ်” ဟုပြောသည်။ ထို့အပြင် ရှားပါး အပင်များ၊ သားငါး မျိုးစိပ်များ၊ အမျိုးပါ ပျောက်ကွယ် သွားပြီး သဘာဝများ ပြောင်းလဲ ကုန်ကြောင်း ပြောသည်။

ဆန္ဒပြ ခေါင်းဆောင် နှင့် တရုတ် သံရုံး တာဝန်ခံတို့  ဘာသာပြန်မှ တဆင့် အပြန် အလှန် ပြောဆို ကြပြီး ဆန္ဒပြသူများ ပေးသော ပေးစာကို တရုတ် အစိုးရ ထံသို့ အမြန်ဆုံး ပေးပို့ မည်ဟု ကတိ ပြုသည်။ ယနေ့ ဆန္ဒပြ သူများက အလို အလျှောက် သေသွားသည့် ၀ါးမြစ် များကို ပိတ်စမျာ နှင့် ပါတ်ပြီး တရုတ် သံရုံး ရှေ့ တွင် ၀ိုင်းဖွဲ့ တီးခတ် ကခုန် ကြသည်။ နဂါးခေါင်း တံဆိပ် ရိုက်ထားသော တီရှပ် အဖြူ များကို ၀တ်ဆင်ထား ကြပြီး မိုးပြာရောင် အလံငယ်များ ကိုယ်စီ ကိုင်ဆောင်ပြီး ဆောင်းဘောက်မျာ ဖွင့်ကာ ကခုန် ဆန္ဒပြ ကြသည်။

မဲခေါင်မြစ်ဝှန်း တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ၊ ထိုင်းနိုင်ငံ နဲ့ ဗီယင်နာမ် နိုင်ငံတို့ မှီတင်း နေထိုင် ကြသည်။ တရုတ် နိုင်ငံသည် ၁၉၉၆ ခုနှစ်မှကစပြီး၂၀၀၈ အထိ မဲခေါင်မြစ် အထက် ပိုင်းတွင် ရေကာတာ ၄ လုံး တည်ဆောက်ပြီး ဖြစ်ကြောင်း ယနေ့ ပေးပို့သော စာတွင် ရေးသား ထားးသည်။ နောက်ထပ်လည်း ရေကာတွေ တည်ဆောက်ရန် ပြင်ဆင် နေခြင်းများအား ရပ်တန့်ရန် တောင်းဆို ခဲ့ကြသည်။ ဆန္ဒပြသူ တစ်ရာ ၀န်းကျင်းခန့်  ရှိပြီး ဆန္ဒပြပွဲကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြပါတယ်။

0 comments:

Post a Comment