လူမဆန်မှုနှင့်ရင်ဆိုင်တိုက်ပွဲသတင်း

တောင်ငူခရိုင်၊ တပ်မဟာ(၂)။

- ထန်းတပင်မြို့နယ်တွင်လှုပ်ရှားသော ခလရ(၇၃)တပ်သည် ၂၇.၇.၂၀၁၀နေ့ ည ၈နာရီ အချိန်တွင် အေးကျော်ကျေးရွာထဲသို့ဝင်ရောက်ပြီး ထိုရွာမှ စိတ်မနှံ့သူ စောမသဲ အသက်(၃၉)နှစ်အားပစ်သတ်ခဲ့ကြောင်းသိရှိရသည်။ ဘာအကြောင်း ကြောင့် ပစ်သတ်ခဲ့ကြောင်းမည်သူမှမသိပါ။
-၃၀.၇၂၀၁၀နေ့၂၀း၃၀အချိန်တွင်လယ်ဒဲအရပ်မှာမိမိတို့၏ပြောက်ကျားတိုက်ခိုက်မှု ကြောင့် ရန်သူ ၁ဦးဒဏ်ရာရ။

ဖားအံ့ခရိုင်၊ တပ်မဟာ(၇)။

- ၁.၈.၂၀၁၀နေ့၀၆း၄၆အချိန်တွင်မောကိုလေးအရပ်မှာမိမိတို့အဖွဲ့၏စောင့်ပစ်မှုကြောင့် ရန်သူခလရ(၆၂)မှ၃ဦးသေပြီး ၄ဦး ဒဏ်ရာရ။
- ၃.၈.၂၀၁၀နေ့၁၂း၀၀အချိန်တွင်စီဖိုးခီးနှင့်မယ်လအားခီးအကြားတွင်မိမိတို့အဖွဲ့၏တိုက်ခိုက်မှုကြောင့် ရန်သူခလရ(၆၂)မှ ၈ဦးသေပြီး ၁၄ဦး ဒဏ်ရာရ ကြောင်းသတင်းရရှိသည်။

0 comments:

Post a Comment