အကြတ် နေ့ ဗုံး နှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီး နှင့် အင်တာဗျူး(အတို့ အထိ)

ကလန်သံဗျင်
မီဒီယာ၊ ၊ဒီနှစ် ကျမှ မဏ္ဍပ် တွေ ကို ထူးထူးခြားခြား အင်းလျှားလမ်းကနေ ဘာဖြစ်လို့ 
ကန်တော်ကြီးကိုပြောင်းလိုက်ရတာလဲ။

ဗိုလ်ချုပ်မှုးကြီး၊ ၊အော်ဒါ လား ။အဖြေက ရှင်းပါတယ် ၊ကျုပ်က စစ်သားဆိုတော့ အမြဲတမ်း စစ်ရေးအမြင်နဲ့  ပဲကြည့်တယ်လေဗုံးခွဲမယ့် ကား ၀င်လို့ ထွက်လို့ လွယ်အောင်ပါ။
အဲ.. မဟုတ်ပါဘူး။ခင်ဗျားကလဲ ဘာတွေ လျှောက်မေးမှန်းမသိဘူး ။အင်းလျှားကန် ရေ
က PH7 ပဲရှိတယ် ။ကန်တော်ကြီးရေက PH 10 အနည်းဆုံးရှိတယ် ။ပြည်သူတွေ ကျန်းမာရေး နဲ့ ညီညွှတ်
အောင် လို့ လေ။နောက် ကျူပ်က လူငယ်တွေ ဆိုစေတနာထားတယ်လေ ရေမပက်ချင်တဲ့ အတွဲ တွေ ဆို
မျှော်စင်ကျွန်း တို့  ၊ မြေပဒေသာ ထဲ တို့ သွား နှပ် လို့ ရတယ် ။အင်းလျှားမှာ ဆို လူငယ်တွေ ဒါမျိုးအခွင့်အရေး
ဘယ်ရပါ့ မလဲ ။မဏ္ဍပ် အောက် ၀င်တိုးရတာ …ဟိ ဟိ

မီဒီယာ၊ ၊အမျှော်အမြင်ကြီးပါပေ့ ဗိုလ်ချုပ်မှုးကြီးရယ်။ဒါနဲ့ စကားမစပ် ။X2O မဏ္ဍပ် မှာမှ ရွေးပြီးဗုံးပေါက်တာ ဗိုလ်ချုပ်မှုးကြီးရဲ့ ယတြာ အစီရင် လို့ ပြောကြတဲ့ စကားတွေ နဲ့ ပတ်သက်ပြီးတော့ရော။

ဗိုလ်ချုပ်မှုးကြီး၊ ၊ခင်ဗျားကလဲ မီဒီယာ သမားလို့ မပြောရဘူး ကောလ ဟာလ တကယ်ယုံတာပဲ ။အမှန်က
နိုင်ငံရဲ့  စီးပွားရေး ကို ကျုပ်က ကယ်တင်လိုက်တာပါဗျာ။ဒေါက်တာဂျိုးဇက်စတိုင် ဂလု လာတုန်းက က သင်္ကြန် မဏ္ဍပ် တွေ က တိုင်းပြည်ရဲ့  GDP ကို နစ်နာတယ်လို့ အကြံပေးသွားလို့ ကျုပ် က နဲနဲ လှန့်  လိုက်တာပါ။ နောက်နှစ် ဆိုလူငယ်တွေ မဏ္ဍပ်ထိုင်ရဲမှာ မဟုတ်တော့ဘူး ။ဟိုတယ်ပဲ သွားတော့မှာ ။

ပြောကောင်းကောင်းနဲ့ လျှောက်ပြောနေ လိုက်တာ နိုင်ငံရဲ့ စီးပွားရေး တို့ စတိုင်း ဂလု တို့ …………အမှန်တော့ဘယ် သူမှ မသေပါဘူး။ကျုပ်လူ လို ဖြစ်နေတဲ့ နိုင်ငံခြား သတင်းဌာန က တစ်ယောက် နှစ်ယောက်နဲ့ ဘလောက်ဂါ လေး တစ်ယောက် နှစ် ယောက် လို ခေါ်ပြီး ရုပ်ရှင်တွေ ထဲ က လို သွေးတုတွေ ၊ဘာတွေ နဲ့ လုပ်လိုက်တာပေါ့ ။ထွက်လာတဲ့ ဓာတ်ပုံတွေ ပဲ ကြည့်ပါလား။ဘယ်မှာ သေတဲ့ လူတွေ တွေ့ ရ လို့ တုန်း အော်စကာဆုရ တဲ့ The Hurt Locker ထဲကဇာတ်ဝင်ခန်းတွေ နဲမတူဘူးလား။မီဒီယာသမားဖြစ်ပြီးဒါလေးတောင်မရိပ်မိဘူးလား။ဘယ်မှာ သေနေတဲ့ လူတွေ တွေ့ ရလို့ တုန်း
သေတဲ့လူတွေကပြည်သူတွေ ဆို ခင်ဗျားတို့  ပြည်ပ မီဒီယာတွေက လျှောက်ပြီး ဖုန်းတွေ လျှောက်ဆက် လျှောက်မေးလုပ်ကြအုံးမှာ လေ အခုသေတာ စပ်တပ် နဲ့ ရဲ အရာရှိတွေ ဆိုတော့ ဘယ်သူမှ မမေးတော့ ဘူးလေ။တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။ကိုးယောက်သေတယ် ဆိုတာ ကတော့ ကျုပ်က ကိုးဂဏန်း ကို ခရဇီဖြစ် လို့ ဘိုလို ပြောရင် Crazy in Number Nine ပေါ့ဗျာ။

အနောက်က ဇီးတော်ဖီ ဆရာကြီး.အဲ ..စီးပွားရေး ဆရာကြီးရဲ့ အကြံဥာဏ် ကို ကျုပ်က ဦးလည်မသုန် အကောင်အထည်ဖော်လို့ ပီဂျေ ထော်လီ လား ပီဂျေ ဂေါ်လီ ဆိုလားပဲ စောစော စီးစီး စာနာတယ်လို့ ဝမ်း နည်းတယ်လို့ ထုတ်ပြောတာပေါ့။ ကိုလ့် လူက လဲ ဂျာနယ်လစ်ဖြစ်ပြီး အုံး မသုံးဘူး။

မီဒီယာ၊ ၊ဗိုလ်ချုပ်မှုးကြီးက ဗုံးတွေ ပေါက်ပြီးရင် ဘာဖြစ် လို့ ပြည်ပ က အဖွဲ့ အစည်းတွေရဲ့ လက်ချက် လို့ စွပ်ဆွဲ ရတာလဲ ။

ဗိုလ်ချုပ်မှုးကြီး၊ ၊ဒါက ဘာရယ် မဟုတ်ပါဘူး၊အရင် မောင်ခင်ညွှန့် လုပ်ခဲ့တာလေ။ကျုပ်လဲ
ဒီအတိုင်းပဲလိုက်လုပ်ရတာပေါ့ ။ပြည်တွင်းကျတော့ မျက်နှာတွေ က မြင်နေတွေ့ နေရတာ ဆိုတော့ အားနာဖို့ ကောင်းတယ်လေ ။ ပြည်ပကတော့ ကျုပ်က စွပ်ဆွဲ လိုက်ရင် အရမ်းပျော်ပြီး ဒင်နာတွေပေး ပါတီတွေ ပေး နဲ့  ကလေးကင်ပွန်းတပ်တွေ တောင်ပေးကြတယ်ဆိုပဲ ။ကျုပ်က မစွပ်ဆွဲ တဲ့ အဖွဲ့ ဆို ခင်ဗျားတို့ ဆီမှာအိပ်လို့ တောင် မပျော်ဘူးဆို ။အခုတောင် ကျုပ်က နာမည်နဲ့ တကွထုတ် မပြောသေးလို့  မကျေနပ်ကြဘူး၏ဖြစ်နေတယ် ဆိုပဲ။ ကျုပ်ကို စွပ်ဆွဲတာ ကြန့် ကြာမှု နဲ့  နိုင်ငံတကာ တရားရုံးမှာ တောင် တရားစွဲ ဖို့  ခင်ဗျားတို့ ဆီက အတိုက်အခံတွေ ဒီနေ့ ညဈေး မှာ အစည်းအဝေးထိုင်မယ် ဆိုလားပဲ…….

မီဒီယာ ၊ ၊ကားမောင်းသင်တန်းနားမှာ ဗုံးပေါက်တော့ ပြည်သူတွေက ထိတ်လန့် ကြပေမယ့်ဗိုလ်ချုပ်မှုးကြီး ရဲ့ မြေး ဖိုးလပြွှတ် ဆိုလား ဖိုးလပြည့် ဆိုတာ ရေကစားတောင် မပျက်ဘူးဆို။

ဗိုလ်ချုပ်မှုးကြီး၊ ၊သြော်ဒါက ကျုပ်ကြိုပြောထားလို့ ……..မဟုတ်ပါဘူး။ကဲဟာ……ဒီပါးစပ်ကလဲ ယောင်ပြန်ပြီ
ဒီလို လေ သူက တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် ရမယ့် လူဆိုတော့ ရာဇအိနြေ္ဒ ရှိတယ့် သဘောပေါ့ ။

မီဒီယာ၊ ၊ဒါဆို ဗိုလ်ချုပ်မှုးကြီးက ရွေးကောက်ပွဲ ပြီးရင် အောင်လင်းသိန်းတို့ ဦးဝေသု တို သိမ်းမင်းဖြိုးဒေါ်ချွတ်ခြုံကျ ငြိမ်းကျော် တို့ ကို အာဏာ လွှဲပေးမှာ မဟုတ်ဘူးလား။

ဗိုလ်ချုပ်မှုးကြီး၊ ၊ဘယ်ကလာ ဒီလူတွေ အလုပ်မရှိဘူးဆိုတာနဲ့ ကျုပ်က နေ့ တွက်ကလေး နဲနဲပါးပါးပေးပြီး
လူစည်အောင် လုပ်ခိုင်းထားတာပါ။

မီဒီယာ၊ ၊ဗုံးကွဲ လို့ သေသွားတဲ့သူတွေ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှုးကြီးက ၀မ်းနည်းစကားတွေပြောမိတာ မကြားဘူးနော်။

ဗိုလ်ချုပ်မှုးကြီး၊ ၊မကြားဆို ..သေမှ မသေ ဘဲ ဟာ ကျုပ်က ဘယ်လို ပြောရမှာတုန်း။အတက်နေ့ က ရေဝေး
ကခေါင်းတွေ ကိုသွားကြည့်ပါလား အလွတ်တွေချဉ်းပဲ။ ဘန်ကောက် မှာ ရှပ်နီ တွေ ခေါင်းထမ်းပြီး တိုင်းခန်းလှည့်လည်တာတီဗွီမှာ တွေ့ ရ လို့ ကျုပ်လဲ အားကျပြီး လုပ်မိတာ ပါဗျာ။ ပြည်ပ သတင်းဌာနတွေက သင်္ကြန် ဆို အမြဲနား ပြီး ချင်းမိုင် မှာ သွားသွား လန်း နေကြလို့ ကျုပ်က အလုပ်ရှုပ်အောင် လုပ်လိုက်တာ။ ကျုပ်အကြံ
မပိုင်ဘူးလား …………..ခင်ဗျားတို့ လည်း သတင်းရ ၊ပြည်သူတွေ လဲ အပျော်အပါးတွေ လျှော့ ၊ကျုပ်လဲဝါ သနာပါရင် လုံခြုံရေး အကြောင်းပြပြီး ရွေးကောက်ပွဲတောင် မလုပ်လို့ ရသေး။အခု ဆိုကြည့် လေ ဒေါက်တာ ချိန်ဝင်း တို့  ၊ လွတ်ပြောင် နယ်မြေ တို့ ဦးညောင်ညောင် တို့ ကို ဗုံးခွဲဖို့ ထောက်ပံ့ထားတယ်လေသံပစ်
ထားတော့ အထဲ က မ၀င်ဘူး၊၀င်မယ်ဆိုတာ တွေ ဆွဲထိန်း လို့ ရတာပေါ့ ။မဟတ်ဘူးလား ..(ကျော်ဟိန်း စင်တင်ပေးသည့် မင်းသမီး များ အိုင်တင်ဖြင့်)

မီဒီယာ ၊ ၊ဗိုလ်ချုပ်မှုးကြီး ဒီလို အိုင်ဒီယာမျိုးတွေ ဘယ်ကနေ ဘယ်လိုရတာလဲ ။
ဗိုလ်ချုပ်မှုးကြီး၊ ၊ဒီလို အိုင်ဒီယာမျိုး ရဖို့ က လွယ်ပါတယ်။ ဒေါက်တာ ဇော်ဂနီ တို့ ၊ဒေါက်တာ နေ၀န်းပြောင်ပြောင် တို့ ဆိုရင် တပင်တပန်းသောမတ် ကြက်ဥ ဟဖ် ရိုက် တို့  ဖရန်ဆစ် ဖူဂျီယာမ တို့ အယ်(လ)ဗင် တော်ဖီ တို့ ရဲ့ စာအုပ် တွေ လျှောက်ဖတ် ဆံပင်တွေအဖြူခံပြီး နိုင်ငံခြားက ဘွဲ့ တွေ ရအောင် ယူကြရသေးတယ်။ကျုပ်က သိုင်းဝတ္ထု တွေ၊တရုတ် သိုင်းကား တွေ ထဲက ယူလိုက်တာပဲ။
တစ်ချက်ခုတ် တာ ဆယ်ချက်လောက်တောင်ပြတ် တဲ့ သိုင်းဝတ္ထုတွေ ဖတ်ထားတယ်လေ။
တယ်။ကျုပ် က အဲလို မျိုးတွေ ကနေ အိုင်ဒီယာ ယူထား………တာ…….။(ထိုစကား အရောက်တွင် ထက်ထက်မိုးဦး ဇီးထုပ်ကြော်ငြာသည့် အိုင်တင်ဖြင့်လက်ချောင်း ကလေးများ ကို နောက်ပြန် ချိန်ဆက်ပြီး ကနွဲ့ ကလျှ ဝှေ့ လျှက်)

မီဒီယာ၊ ၊ဒါနဲ့ စကားမစပ် ၊ဗုံးကွဲတော့ ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင် ဒေါက်တာ သင်္ဘောကျင်း ရဲ့  CBOXမှာ
မစ္စစ္စပီ သတင်းဌာနက အယ်ချုပ်ကြီး အမည်ခံပြီး မဟုတ်က ဟုတ်က တွေ ရှောက်ရေးတယ်
ဆို။


ဗိုလ်ချုပ်မှုးကြီး၊ ၊ရာရာစစဗျာ….ကျုပ်လို နေ့ မအားည မအားတိုင်းပြည် တာဝန် ထမ်းဆောင် သူက CBOX
မှာဘယ်ရေး ချိန်ရပါ့ မတုန်း ။ မော်စကို က ကလေးတွေ ထင်ပါတယ်။သူတို့ လဲ သင်္ကြန်
တွင်း ဆိုတော့ ပျင်းတာ နဲ့ လျှောက်ရေးကြတာနေ မှာပေါ့။ဒီကလေးတွေ လဲ ကျုပ် ကိုယ်
တိုင် ဆိုင်ကော်လောဂျီကယ် ၀ဲဖဲ တွေ ၀ယ်ထရိန်း (သတင်းထောက် ၏ မျက်နှာ သို့ ဗိုလ်
ချုပ်မှုးကြီး ၏ တံတွေး အနည်းငယ် စင်သွားသည်) လုပ်ထားတော့ လက်သွေးကြည့်တာနေ
မှာပေါ့ ။ကျုပ် ရဲ့ အယူအဆ က တိုင်းပြည် ရဲ့ စတ္ထု မဏ္ဍိုင် မယိမ်းယိမ် အောင် CBOX မှ တစ်ဆင့်
တည်ဆောက် မည် လို့ ခံယူထားတာကို ။

ဤ စာစု သည် သိုးဆောင်းစကားအရ (Satire) ခေါ် သရော်စာအမျိုးအစားဖြစ်ပါသည်။အချက်အလက်အမှန် ၊
သတင်းမှန်များ ၊ဖြစ်ရပ်မှန်များ နှင့် အပေါ် အခြေခံထားခြင်းမရှိ သလို မည်သူကို မျှ လည်းသာစေ နာစေလို စိတ် မရှိသည်. စိတ်ကူးချယ်မှုန်းမှု တစ်ခု သက်သက် မျှ သာဖြစ်ပါသည်။

မြန်မာ နှစ်သစ်မှာ ကလန် သံဗျင် ရဲ့ မိတ်ဟောင်း မိတ်သစ် အားလုံး ပျော်ရွှင် နိုင်ကြပါစေ။

ကျွန်တော် ကလန် သံဗျင်ပါ။

Freedom News Group မှ

0 comments:

Post a Comment