လိင်တူခြင်းဆက်ဆံသော စစ်ခွေးနအဖ၏ ဗိုလ်လောင်းများအကြောင်းသိကောင်းစရာ

Brokeback ဗိုလ်လောင်း(နောက်ကျောကို___နဲ့ထိုးခြင်း)

မောင်ဒိုင်းBlogမှကူးယူဖော်ပြသည်။

”….မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် (၅၀)တွင် တက်ရောက်နေသော ဗိုလ်လောင်း (၂)ဦးသည် ၂၀၀၇ ဒီဇင်ဘာလတွင် လိင်တူချင်း ဆက်ဆံခဲ့ကြကြောင်း…”
”ထိုဗိုလ်လောင်းနှစ်ဦး၏ အမည်မှာ ဗိုလ်လောင်း သက်နိုင်ဦးး (တတိယနှစ်)နှင့် ဗိုလ်လောင်း ရဲရင့်ဇော် (ပထမနှစ်) တို့ဖြစ်ကြသည်။ …ဗိုလ်လောင်း သက်နိုင်ဦးသည် မေမြို့ စစ်တက္ကသိုလ် အနီးရှိ မိုးကြိုးပစ်ရွာသို့ သွား၍ အရက်ခိုးသောက်ပြီး အဆောင်သို့ ပြန်ရောက်ချိန်တွင် ပထမနှစ် ဗိုလ်လောင်းတက်နေသူ ဗိုလ်လောင်း ရဲရင့်ဇော်အား ရွေချည်ထိုး ဦးထုပ်တံဆိပ် ပေးမည်ဟု လိမ်ညာသွေးဆောင် ဖျားယောင်း၍ မနက် သုံးနာရီခန့်တွင် ခေါ်ယူပြီး ဗိုလ်လောင်းသက်နိုင်ဦး၏ အိပ်ရာပေါ်တွင် ဗိုလ်လောင်း ရဲရင့်ဇော်အား ယောက်ျားခြင်း မဖွယ်မရာ စတင်ပြုလုပ်ခဲ့….”

”…… ယောက်ျားခြင်း မဖွယ်မရာ ပြုလုပ်နေစဉ် သေးပေါက် အပေါ့သွားရန် နိုးထလာသော ဗိုလ်လောင်း တဦးမှ တွေ့ရှိသွားကာ ထိုကိစ္စအား သူတို့၏ တပ်ခွဲမှူးအား သွားရောက် တိုင်ကြားခဲ့သည်။ ….. နောက်ဆုံး ထိုကိစ္စသည် ကျောင်းအုပ်ကြီးထံသို့ရောက်ရှိသွားကာ ကျောင်းအုပ်ကြီးမှ ညအိပ် စည်းကမ်းထိမ်းသိမ်းရေး အရာရှိ ဗိုလ်ကြီး ရဲလင်းမောင် ကိုခေါ်ယူ သတိပေးဆုံးမ ကြိမ်းမောင်း ပြစ်တင်ဆူပူခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဗိုလ်လောင်း (၂)ဦးအား စစ်စည်းကမ်းအရ အနည်းငယ်သာ အပြစ်ပေး၍ ဗိုလ်လောင်း သင်တန်းအား ဆက်လက်တက်ရောက် သင်ကြားစေခဲ့ကြောင်း….”

“….အထက်ပါ ကိစ္စများကဲ့သို့ ကျူးလွန်ခဲ့သော ဗိုလ်လောင်း (၂)ဦးကို လက်နက်တတ်ဆင်ပေး၍ တိုင်းရင်းသားလူမျိုးစု ဒေသများသို့စစ်ဆင်ရေး ပြုလုပ်ခိုင်းလိုက်မည်ဆိုပါက ခွေးကို ဂျိုတတ်ပေးသကဲ့သို့ ဖြစ်ချေတော့မည်။”

Source: ဥတ္တရ (http://ottara2008.blogspot.com/)

0 comments:

Post a Comment